Zawgyi Version
ေရႊအျမဳေတမဂၢဇင္း။ ေဖေဖာ္ဝါရီ ၂၀၁၆
:)
"အလဲအလွယ္”
“……Restaurant and KTV”
ထိုကဲ႔သို႔ေသာဆိုင္မ်ိဳးႏွင့္ လုံးဝမသက္ဆိုင္ဟု ေတြးထင္ထားခဲ႔ေပမဲ႔ သူုငယ္ခ်ားမ်ား၏ အဓမၼေခၚေဆာင္မွုေၾကာင့္ တစ္ၾကိမ္ေတာ့ ေရာက္ဖူးခဲ႔သည္။ အဲဒီေနာက္ အမွတ္မထင္ သိကြ်မ္းဝင္ခဲ႔ေသာ မိန္းကေလးတစ္ေယာက္၏ ေဖာ္ေရြမွုေၾကာင့္ တစ္ဦးတည္းေရာက္ခဲ႔သည့္ အၾကိမ္အေရအတြက္က မနည္း ေတာ့။ သို႔ေသာ္ ကုိယ့္ဘဝ၊ ကိုယ့္အေျခေနကို စားေသာက္ဆိုင္က မိန္းကေလးတစ္ေယာက္၏ လန္ၾကဳတ္ ဇာတ္လမ္းမ်ားထဲ၌ နစ္မြန္းခံ၍မျဖစ္။ ရသမွ်ေငြကို KTV၊ မာဆတ္တို႔၌ ျဖဳန္းေလ့ရွိေသာ ရရစားစား၊ ဝါးဝါးမ်ိဳ မ်ိဳ သူငယ္ခ်င္းမ်ား၏ ေနာက္ဆုံးပိတ္ ဇာတ္သိမ္းသြားၾကေသာ ဘဝမ်ားကိုလည္း ျမင္ခဲ႔ဖူးျပီ။ ဘယ္မိန္းက ေလးက ခ်ဴလိုက္လို႔ ဘယ္ေဘာစိတစ္ေယာက္ေတာ့ ဘယ္ဘဝေရာက္သြားျပီ စေသာ၊ စေသာ ေလလိွဳင္း ဂယက္မ်ားကလည္း ရပ္ကြက္ထဲ၌ မၾကားခ်င္မွအဆုံး။ ရုပ္ကေလးဗန္းျပ၊ လွ်ပ္ေပၚေလာ္လည္ `အဘ၊ ဦးေလး၊ အစ္ကို` အရြယ္သုံးပါးစလုံးကို မေရွာင္မရွား ဝင္ႏႊာတတ္ေသာ မိန္းကေလးမ်ိဳးကိုလည္း ကြ်န္ေတာ္ မႏွစ္ျမိဳ႕။ သို႔ေသာ္…။
ကုမုျဒာ…။ သူေကာ ဒီပုတ္ထဲက ဒီပဲမ်ိဳးပဲလား။ ျဖစ္ေတာ့မျဖစ္ႏုိင္။ သူ႔မ်က္ႏွာ၌ ရိုးသားမွဳမ်ားကို ကြ်န္ေတာ္ ေတြ႔ျမင္ေနရသည္။ ဒါလည္း သူတို႔မိန္းကေလးအမ်ားစု၏ လုပ္နည္းလုပ္ဟန္မ်ားလည္း ျဖစ္ႏုိင္ ပါေသးသည္။ ဘာပဲျဖစ္ျဖစ္ပါ၊ ကေလး ငါးဆယ္၊ တစ္ရာေလာက္ကို အကဲခတ္လာေသာ ကြ်န္ေတာ့္အဖို႔ ဒါေလာက္ေတာ့ ခန္႔မွန္းႏိုင္မည္ဟု ထင္သည္။ ပကတိရွင္းသန္႔ေနေသာ သူ႔မ်က္ႏွာေလးႏွင့္ ရိုးသားေသာ မ်က္ဝန္းေလးမ်ားက တစ္ဆင့္ ကြ်န္ေတာ့္ထံသို႔ မေဖာ္က်ဴးႏိုင္သည့္ သံေယာဇဥ္အမွ်င္ၾကိဳးေလး ေရာက္ရွိ လာသည္ကေတာ့ အမွန္ပင္။
“ သား ေနာက္က်လွခ်ည့္လားကြယ္”
ရုတ္တရက္ အေနာက္မွ ထြက္ေပၚလာေသာ အေမ႔အသံေၾကာင့္ ျပန္႔က်ဲေနေသာ အေတြး စမ်ား ျပန္လည္ စုေဝးလာသည္။
“ တပည့္ေလးတစ္ေယာက္ ေနမေကာင္းျဖစ္ေနလို႔ သတင္းသြားေမးရင္း ၾကာသြားတာအေမ”
“ ေအးေအး အရမ္းလည္း ညဥ့္မနက္ေစနဲ႔သားေရ။ အခ်ိန္မေတာ္ၾကီး တစ္ေယာက္တည္းဆိုေတာ့ အႏၱရာယ္မ်ားပါတယ္ကြယ္”
“ ဟုတ္ကဲ႔ အေမ”
အသက္သုံးဆယ္ကို တစ္ပုိင္းေက်ာ္ေက်ာ္စြန္းေနေသာ ကြ်န္ေတာ့္အား ကေလးတစ္ေယာက္ပမာ တတြတ္ တြတ္ အမွာတမ္းေျခြေနေသာအေမ့ကို မလုံမလဲ ၾကည့္ေနမိသည္။
“ ေၾသာ္ ဒါနဲ႔ ရြာက ကုိသံလုံး မနက္က အိမ္ေရာက္လာေသးတယ္။ မအုန္းၾကည္တို႔ေတာင္ ရန္ကုန္ ေျပာင္းလာၾကတာ ၾကာျပီတဲ႔။ မႏွစ္က သားဦးေလး ဆုံးျပီးကတည္းက ဒီကိုတက္လာၾကာတာလို႔ ေျပာတာ ပဲ။ ကေလးေတြ တျမံဳတစ္မၾကီးနဲ႔ အဆင္မေျပဘူးလို႔ၾကားတယ္ သား။ နည္းနည္းပါးပါး သြားေတြ႔လိုက္ပါဦး လားကြယ္။ ေရာ႔ ဒီမွာ အေမ လိပ္စာေတာင္းထားတယ္”
“ ထားလိုက္အေမ၊ သူတို႔အေၾကာင္းေတြ မသိခ်င္ပါဘူးဗ်ာ။ သူတို႔ဘာသာ အဆင္ေျပေျပ၊ မေျပေျပ သားတို႔နဲ႔မွ မဆိုင္ေတာ့တာ။ သူတို႔နဲ႔ ပတ္သက္ျပီး သားကို ဘာမွ လာမေျပာပါန႔ဲေနာ္။ သား ေတာင္းပန္ပါ တယ္”
ကြ်န္ေတာ္၏ ေတာင္းပန္တိုးလွ်ိဳးေနေသာ အၾကည့္ေအာက္မွာ မ်က္ႏွာမေကာင္းစြာႏွင့္ ပင့္သက္ခ် ေနေသာ အေမ႔ကို စိတ္မေကာင္းစြာ ေတြ႔ျမင္လိုက္ရသည္။ သို႔ေပမဲ႔ ကြ်န္ေတာ့္ႏွင့္ အေမ ၾကံဳေတြ႔ခဲ႔ရေသာ ခံစားခ်က္ အတိမ္အနက္ကို ကြ်န္ေတာ္တို႔ပဲ သိသည္။ အလြယ္တကူ ျပည္ဖုံးကားခ်ပစ္လိုက္ႏိုင္ေသာ အေမ႔ကို အျပစ္မတင္ခ်င္ေတာ့။ ကြ်န္ေတာ့္အဖို႔ေတာ့ သင္း ( ဒင္း ) တို႔ကို ကမၻာေၾကေသာ္လည္း ဥဒါန္း မေက်ႏိုင္ေသးပါ။
*********
“ မသိန္းျမင့္ ညည္းေယာက္်ားကို အခု လာေခၚစမ္း။ ပုဆိုးမပါ ဘာမပါနဲ႔ ျမင္လို႔မေကာင္းဘူး။ ငါ့ျဖင့္ ရွက္လြန္းလို႔ ေသသာေသလိုက္ခ်င္ေတာ့တယ္”
အရက္ေက်းကြ်န္ဘဝေရာက္သြားေသာ အေဖ႔လုပ္ရပ္မ်ားေၾကာင့္ မၾကာခဏဆိုသလို ေဒၚေလး တို႔၏ ျပစ္တင္ဆဲေရး တိုင္းထြာမွဳ အမ်ိဳးမ်ိဳးကို ၾကားၾကားေနရသည္။ တစ္ခါတစ္ရံ သူမ်ားစားေနေသာ မုန္႔ကို အတင္းလုစား၊ ဗြက္အိုင္ထဲက ေရဆိုးမ်ားကို ခပ္ေသာက္သည္အထိ ျဖစ္လာေသာ အေဖ႔အေျခ အေနက တစ္ေန႔တျခား ပိုပိုဆိုးလာသည္။ ရြာလူတခ်ိဳ႕၏ အၾကံေပးခ်က္အရ ျမိဳ႕တက္ကုသရန္ ေဒၚေလး တို႔အိမ္ အကူအညီဝင္ေတာင္းေသာ အေမ႔စကားမ်ားဟာ ေသာင္ျပင္စပ္က ေျခရာမ်ားပမာ။
“ မအုန္းၾကည္ ငါေတာ့ ကိုအုန္းေဖကို ျမိဳ႕တက္ျပီးသာ ကုေပးခ်င္ေတာ့တယ္။ ရြာက ေဆးျမွီးတို ေတြနဲ႔ကုေပမဲ႔ သူ႔အေျခအေနက ပိုပိုဆိုးလာတာ နင္တို႔ေတြ႔တဲ႔ အတိုင္းပဲ မဟုတ္လား။ အဲဒါေၾကာင့္ သူ အေမြရထားတဲ့အထဲက ႏြားေလးတစ္ရွဥ္းနဲ႔ လယ္တခ်ိဳ႕တေလကို ထုခြဲေရာင္းခ်ခ်င္တယ္ဟယ္”
“ အဲတာေတာ့ မျဖစ္ဘူး၊ မျဖစ္ဘူး။ အေမတို႔ ထားခဲ႔တဲ႔ အေမြေတြကို လြယ္လြယ္ကူကူ အဆုံးရွံဳး မခံႏိုင္ပါဘူး။ ညည္းေယာက္်ားအရူးကို ျမိဳ႕တက္ကုလုိ႔ေကာ ဘာထူးမွာ မုိ႔လုိ႔လဲ။ အဲအရည္ေတြ ေသာက္ေန သ၍ ျမိဳ႕တင္မဟုတ္ဘူး၊ ႏုိင္ငံျခားသြားကုလည္း ထူးမေနပါဘူးေအ လုပ္မေနပါနဲ႔။ ဘာလဲ ညည္းတို႔ လယ္နဲ႔ ႏြားကို က်ဳပ္တို႔ ယူသုံးေနတာ မေက်နပ္လို႔လား”
“ အို…အဲလို မဟုတ္ရပါဘူး မအုန္းၾကည္ရယ္။ ကိုအုန္းေဖအေျခအေနကိုလည္း ငါ မၾကည့္ရက္ ေတာ့လို႔ပါ။ ေနာက္ျပီးေတာ့ သားေလးေက်ာင္းကိစၥ။ သားေလးက ဒီႏွစ္ ဆယ္တန္းတက္မွာဆိုေတာ့…”
“ ေက်ာင္းကိစၥကေတာ့ ထားလိုက္ပါ။ ညည္း ေယာက္်ားကိစၥကေတာ့ လုပ္မေနနဲ႔ အပိုပဲ”
ယတိျပတ္ေျပာလႊတ္လိုက္ေသာ ေဒၚေလးတုိ႔မိသားစု၏ စကားကို အေမ ေစာဒကမတက္ႏိုင္မွန္း ကြ်န္ေတာ္ နားလည္ပါသည္။ တစ္ေကာင္ၾကြက္အေမ႔ကို နားခိုစရာအရိပ္အာဝါသ ေပးခဲ႔ေသာ အဘြားတို႔၏ မ်က္ႏွာႏွင့္ အေမဟာ သူတို႔လက္ခုပ္ထဲက ေရပါပဲ။ ေငြႏွင့္ ပတ္သက္လာလွ်င္ ေမာင္ႏွမပင္ျဖစ္ေသာ္ျငား အေျပာင္းအလဲျမန္သည့္ လူ႔မေနာကိုလည္း ရွင္းရွင္းလင္းလင္း ေတြ႕ျမင္ခဲ႔ရသည္။ မုန္တိုင္းခက္ထန္တာ ထက္ ေလာဘေဇာခက္ထန္ေနေသာ လူတို႔၏ မ်က္ႏွာမ်ားကို ကြ်န္ေတာ္ ပို၍ေၾကာက္မိေတာ့သည္။
အဲဒီေန႔က ဒူးသာသာေလာက္ရွိသည့္ ရြာေခ်ာင္းစပ္ေလးမွာ ေမွာက္လ်က္သား ေသဆုံးေနေသာ အေဖ႔သတင္းကို လူတစ္ေယာက္လာေျပာမွ ေခ်ာက္ခ်ားစြာ ၾကားသိခဲ႔ရသည္။ ကြ်န္ေတာ့္တို႔သားအမိ ႏွစ္ေယာက္စလုံး အားကိုးရာမဲ႔သြားသလို ခံစားခဲ႔ရေပမဲ႔ ‘ ေကာင္းပါတယ္၊ ဝဋ္ကြ်တ္သြားတာေပါ့’ ဟု ခံစားခ်က္မရွိေျပာလာေသာ ေဒၚေလး၏ စာနာမွဳမဲ႔ မ်က္ႏွာဖုံးကို ဆြဲခြာပစ္ခ်င္မိခ႔ဲသည္။
အေဖဆုံးသည့္ႏွစ္မွာပဲ ဆယ္တန္းကို ဂုဏ္ထူးႏွစ္ဘာသာျဖင့္ ေအာင္ေသာကြ်န္ေတာ္သည္ ရြာခံ ဦးေလးတစ္ေယာက္၏ အကူအညီေၾကာင့္ ျမိဳ႕၌ေက်ာင္းတက္ရင္း အလုပ္လုပ္ခြင့္ ရခဲ႔သည္။ အေဝးသင္ တက္၊ က်ဴရွင္ဂိုက္ျပရင္း အိမ္ေလးတစ္လုံးငွားႏုိင္သည္ႏွင့္ တျပိဳင္နက္ အေမ႔ကိုေခၚျပီး ရြာႏွင့္ အဆက္ အသြယ္ ျဖတ္ခဲ႔သည္။ အေဖ႔အေမြအားလုံးကို အဓမၼသိမ္းပိုက္ခဲ႔သည့္ ေဒၚေလးတုိ႔မိသားစုႏွင့္ ပတ္သက္ျပီး အမုန္းစကားတစ္ခြန္းမွ ခပ္ဟဟ မေျပာခဲ႔ေသာ အေမ့ကို ယေန႔ထိတိုင္ ၾသခ်မိေနတုန္းပင္။
ႏွစ္ေပါင္းႏွစ္ဆယ္နီးပါး ဘဝခ်ိဳးေကြ႔အေျပာင္းအလဲမွာ ဆယ္ေပေျမေလးတစ္ကြက္ႏွင့္ ပရိေဘာဂ တခ်ိဳ႕ကို ကြ်န္ေတာ္တို႔ ပိုင္ဆိုင္ခြင့္ ရခဲ႔သည္။ ေရစီးတစ္ခါ ေရသာတစ္လွည့္ဘဝကို ကြ်န္ေတာ္တို႔ ၾကံဳေတြ႔ ခဲ႔ရသလို ယခုေတာ့ သင္းတို႔လည္း ၾကံဳေတြ႔ေနရျပီမဟုတ္လား။ ကြ်န္ေတာ္ကေတာ့ သူတို႔ႏွင့္ပတ္သက္ လာလွ်င္ ခံစားခ်က္မဲဲ႔ မ်က္ႏွာဖုံးကိုသာ ယေန႔ထိတိုင္ေအာင္ ဝတ္ဆင္ထားႏိုင္ခဲ႔ပါျပီ။
*********
ေျခလွမ္းမ်ား အနည္းငယ္ ေႏွးေကြးသြားသည္။
“ ကိုကို ကယ္ရင္ လြတ္ေျမာက္ခြင့္ရမဲ႔ အျဖစ္ပါကြယ္….”
ဆိုင္ထဲမွ လြင့္ပ်ံလာေသာ ကုမုျဒာအသံေလးကိုၾကားရေတာ့ အမည္မသိ ေဝဒနာတစ္ခုက ရင္ဘတ္ထဲ၌ ကိန္းေအာင္လာသည္။
အေမွာင္ရိပ္ခိုျပီး လြတ္ေနေသာ ေထာင့္က်က်စားပြဲခုံတစ္ခုံ၌ ေနရာယူရင္း ၾကည့္မိေတာ့ မီးေရာင္စုံ မ်ားေအာက္တြင္ ကုမုျဒာပန္းေလး ယိမ္းထိုးလွဳတ္ရွားေနသည္ကို ၾကည္ႏူးဖြယ္ ေတြ႔ျမင္ရသည္။ ျပည့္ႏွက္ ေနေသာ ပန္းကုံးမ်ားက ခႏၶာကုိယ္အေပၚပိုင္းတစ္ခုလုံးကို ဖုံးလႊမ္းထားေသာ္လည္း သူ႔မ်က္ႏွာေလး အနည္းငယ္ ညွိဳးႏႊမ္းေနသေယာင္ေယာင္ ထင္ရ၏။
“ ကိုၾကီး ခဏေလး ေစာင့္ေနာ္”
အနားကပ္ တီးတိုးေျပာရင္း ေယာက္်ားသားသုံးေယာက္ထိုင္ေနေသာ စားပြဲဝိုင္းတစ္ခုဆီသို႔ ႏြဲ႔ႏြဲ႔ေႏွာင္း ေႏွာင္း လမ္းေလွ်ာက္သြားေသာ သူ႔ကိုလိုက္ၾကည့္ရင္း သက္ျပင္းခ်မိသည္။ ‘ ဘယ္ေလာက္ပဲ အေရွာင္ အတိန္း ပါးနပ္တယ္ဆိုေပဦးေတာ့ မာန္စြယ္ဝင့္ေနတဲ႔ ေျမြဆိုးေတြရဲ႕ အဆက္မျပတ္ ေပါက္ခ်က္မ်ား ေအာက္မွာ အျမဲတမ္းေတာ့ လြတ္ေျမာက္ႏိုင္မတဲ႔လား ညီမေလးရယ္။ တစ္ဆယ့္ကိုးႏွစ္ဆိုတဲ႔ အရြယ္နဲ႔ မလိုက္ေအာင္ မိသားစုတာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္ေနရတာဆိုေတာ့လည္း အကိုၾကီး မေျပာ သာျပန္ဘူးကြယ္’
“ စကားေျပာတာ နည္းနည္းၾကာသြားတဲ႔အတြက္ ေတာင္းပန္ပါတယ္ေနာ္ ကိုၾကီး”
ဘီယာတန္ခိုးေၾကာင့္ အရွိန္ရေနေသာ ေခါင္း ေထာင္မတ္လာသည္။
“ ကိုၾကီး ဘီယာေတြ အမ်ားၾကီး မေသာက္နဲ႔ဦး။ ကိုၾကီးက တစ္ခါမွ အမ်ားၾကီး မေသာက္ဖူးတာ မဟုတ္ေတာ့ အိမ္မျပန္ဘဲ ျဖစ္ေနဦးမယ္”
“ ရပါတယ္ကြာ။ ကိုၾကီး ကိုယ့္ဘာသာကိုယ္ ခ်ိန္ဆတတ္ပါတယ္။ ဒါနဲ႔ ညီမေလးနဲ႔ စကားေျပာေန တဲ႔ လူေတြက ဘယ္သူေတြလဲ”
“ ဒီလိုပဲေပါ့ ကုိၾကီးရယ္”
အားတက္သေရာမရွိသည့္ ညီမေလး၏ မျပည့္စုံေသာအေျဖကို စိတ္တိုင္းမက်ေသာ္လည္း အျခားေမးခြန္း တစ္ခုႏွင့္ အစားထိုးလိုက္သည္။
“ ညီမေလး အားရဲ႕လား။ ကိုၾကီး ပန္းကုံးစြပ္မယ္ေလ”
“ မလုပ္ပါနဲ႔ ကိုၾကီးရယ္၊ ခဏတျဖဳတ္ စကားေျပာတာေလာက္ကေတာ့ ရပါတယ္”
“ ညီ္မေလးၾကည့္ရတာ မ်က္ႏွာမေကာင္းပါလား၊ မွန္းစမ္း ေနေကာေကာင္းရဲ႕လား”
ကြ်န္ေတာ္ သူ႔ႏွဖူးေလးကို စမ္းျပီး စိုးရိမ္စြာေမးေတာ့ မ်က္ေတာင္မ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း တရွဳပ္ရွဳပ္ ငိုပါေတာ့သည္။
“ ဟာ ဘာျဖစ္လို႔လဲ ညီမေလး၊ ကိုၾကီးကို ေျပာပါ၊ ဘာျဖစ္တာလဲ”
ဘီယာအရွိန္ေၾကာင့္ အခိုးေဝေနေသာ အရသာမ်ား လုံးဝကြယ္ေပ်ာက္သြားသည္။ တသိမ့္သိမ့္ ငိုေနေသာ သူ႔ကို ၾကည့္ျ႔ပီး ရင္ထဲတြင္ ဗေလာင္ဆူေနသည္။ စိတ္ထဲ၌ ေဆာက္တည္ရာမရျဖစ္ေနတုန္း မ်က္ရည္မ်ား ျဖင့္ ျပည့္လွ်ံေနေသာ သူ႔မ်က္ဝန္းမ်ားက ကြ်န္ေတာ့္ကို အားကိုးတၾကီး ေမာ့ၾကည့္လာသည္။ သူ႔အၾကည့္ ေတြဟာ ကြ်န္ေတာ့္ႏွလုံးသားကို တဆစ္ဆစ္ နာက်င္ေစသည္။ ေသခ်ာတာကေတာ့ ကြ်န္ေတာ့္တို႔ ႏွစ္ေယာက္စလုံးကို အျဖဴေရာင္ ေႏွာင္ၾကိဳးေလးတစ္မွ်င္က ရစ္ပတ္ထားလိုက္ျပီဆိုတာ ကြ်န္ေတာ္ သိလိုက္သလို သူလည္း သိေလာက္ပါမည္။
“ညီမေလးရဲ႕အေမ..အေမေလ ကင္ဆာျဖစ္ေနျပီတဲ႔”
“ ဘယ္လို”
ကြ်န္ေတာ္ အံ႔ၾသတုန္လွဳပ္သြားသည္။ ကံဆိုးမသြားရာ မိုးလိုက္လို႔ုရြာဆိုေသာ စကားပုံဟာ
ညီမေလးအတြက္မ်ား ျဖစ္ေနေလေရာ့သလား။ ညီမေလးအတြက္ အားေပးႏွစ္သိမ့္ဖုိ႔ စကားလုံးမ်ားက ရင္ထဲ၌ ျပည့္ႏွက္ေနေသာ္လည္း တင္းတင္းေစ႔ထားေသာ ကြ်န္ေတာ့္ႏွဳတ္ခမ္းအလႊာက ဘာေၾကာင့္မွန္း မသိ တားဆီးပိတ္ပင္ထားမိသည္။ ရင္တြင္းေသာကမီးေၾကာင့္ တသိမ့္သိမ့္တုန္ခါေနေသာ ခႏၶာကုိယ္ေလး ႏွင့္အျပိဳင္ တဆတ္ဆတ္တုန္ယင္ေနေသာ ညီမေလး၏ လက္ကေလးတစ္စုံကိုသာ တင္းတင္း ဆုပ္ကိုင္ ထားရင္း ႏွုတ္ဆိတ္ေနမိေတာ့သည္။
*********
“ အာ မလုိက္ခ်င္ဘူး၊ အေမ႔ဘာသာ သြားပါဗ်ာ”
နဂိုဓါတ္ခံေၾကာင့္ စိတ္ညစ္ေနေသာ ကြ်န္ေတာ့္အသံဟာ အနည္းငယ္မာသြားတာ သတိထားမိသည္။ မေန႔ ညက ညီမေလးေျပာခဲ႔ေသာ စကားအသြားအလာကို ခ်င့္ခ်ိန္ရင္း ဘုရားတ၊ ဆုေတာင္းေနရုံမွတပါး ဘာမွ် လုပ္မေပးႏုိင္ေသာ ကိုယ့္အျဖစ္ကိုသာ ေဒါသထြက္ေနရသည္။ တစ္ညလုံး စိတ္ႏွင့္လူ မကပ္ခ်င္ေလာက္ ေအာင္ ကုတင္ထက္တြင္ လူးလိမ့္ရင္း လန္းဆန္းပြင့္ဖူးေနေသာ ကုမုျဒာပန္းေလးတစ္ပြင့္ ေျမခေၾကလြင့္ရ ေတာ့မည့္အျဖစ္ကို ယူက်ံဳးမရျဖစ္ေနမိသည္။ ေလာကမွာ စိတ္မပါသည့္ အလုပ္ကို လုပ္ရာတာေလာက္ စိတ္ဆင္းရဲစရာ မရွိဟု ကြ်န္ေတာ္ထင္သည္။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို လုပ္ဆိုေပမဲ႔ လည္း ထိုျဖစ္ သင့္ေသာအရာက မျဖစ္သင့္ေသာအရာျဖစ္ေနၾကေသာ ကုမုျဒာကဲ႔သို႔ အျဖဴေရာင္ ပန္းကေလးမ်ား ကြ်န္ေတာ္မသိေသာ ရွဳေထာင့္မ်ိဳးစုံ၊ ေနရာမ်ိဳးစုံတို႔၌ ရွိေနေပဦးမည္။ ကိုယ္တတ္စြမ္းသေလာက္ အုတ္တစ္ ခ်ပ္၊ သဲတစ္ပြင့္ ကူညီႏိုင္ေပမဲ႔ ထိုမွ်မကလိုအပ္ေနေသာ သူတို႔ဘဝေတြအတြက္ ဘယ္က အကူအညီ ရႏိုင္ မွာတဲ႔လဲ။
‘ ညီမေလးရယ္ မင္းတို႔ဘဝေတြက ေတာ္ေတာ္အျဖစ္ဆိုးပါးလားကြာ’
“ သူရေအာင္ နင္ ေတာ္ေတာ္အသည္းမာတဲ႔ေကာင္ပဲ။ အေျခအေန ေတာ္ေတာ္ဆိုးပါတယ္လို႔ ေျပာတာေတာင္ နင္မို႔လို႔ ေနႏိုင္တယ္။ ငါေတာ့ သြားျပီ။ နင္မလိုက္ခ်င္လဲ ေနခဲ႔ေတာ့။ ညွာတာမွဳ မရွိတဲ႔ အေကာင္”
အေမ့အသံဟာာ ငိုသံေရာယွက္ျပီး တုန္ယင္ေနတာသိေသာ္လည္း ေစာင္ကို ေခါးျမွီးျခံဳရင္း မ်က္ကြယ္ ျပဳလိုက္သည္။ အခုအခ်ိန္၌ ညီမေလးကိစၥကလြဲ၍ မည္သည့္အရာကိုမွ် ေခါင္းထဲ ထည့္မထား ႏိုင္ပါ။ အာရုံထဲတြင္ မာန္စြယ္ဝင့္ေနေသာ က်ားတို႔၏အလယ္၌ ဒဏ္ရာရေနေသာ ယုန္ျဖဴေလးတစ္ေကာင္ ကိုသာ ျမင္ေယာင္ရင္း သနားေနမိေတာ့သည္။
*********
မေခၚခ်င္၍ရေပမဲ႔ မေတာ္ခ်င္၍မရေသာ ေဆြမ်ိဳးမ်ားကို စိတ္နာမိေသာ္လည္း ဝဋ္တရားအရ သြားရ ျပန္သည္။
ခပ္ဟဟဖြင့္ထားေသာ တံခါးေပါက္မွ ဝင္မလိုျပင္ျပီးမွ ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ေျခလွမ္း မ်ား တုံ႔ဆိုင္းသြားသည္။ ‘ ကု ကုမုျဒာ’
“ သမီးရယ္ အစကတည္းက ၾကိဳေျပာထားခဲ႔ရင္ ေဒၚၾကီးတို႔ လာေစာင့္ေပးမွာေပါ့ကြယ္။ အခုေတာ့ ခြဲစိတ္ခန္းဝင္ေနတဲ႔အခ်ိန္မွာ ဒီကေလး ႏွစ္ေယာက္ပဲ ရွိတာဆို”
“ ဟုတ္ကဲ႔ ေဒၚၾကီး၊ ဒီရက္ပိုင္းမွာ သမီးတို႔ အထည္ခ်ဳပ္ စက္ရုံကလည္း ညစိုင္းပါ ဝင္ေနရလို႔ လုံးဝ ခြင့္မရလုိ႔ပါ”
“ ေအးကြယ္၊ ဘာပဲျဖစ္ျဖစ္ ကိုယ့္အေမရဲ႕ ေနာက္ဆုံးလက္က်န္ အခ်ိန္ေလးမွာေတာ့ အစြမ္းကုန္ ျပဳစုေပးၾကေပါ့ကြယ္”
ေဖ်ာ့ေတာ့ေနေသာ ညီမေလးမ်က္မွာျပင္ထက္တြင္ မ်က္ရည္စက္တခ်ိဳ႕ တြယ္ကပ္ေနသည္။
“ ေရာ့ သမီး၊ ဒါေလးယူထားလိုက္။ အမ်ားၾကီးေတာ့မဟုတ္ေပမဲ႔ ေဆးဖိုးေလးေတာ့ ရတာေပါ့
ကြယ္”
“ မဟုတ္တာ ေဒၚၾကီးရယ္။ ေဒၚၾကီးတို႔ မိသားစုကို ဒုကၡေတြေပးခဲ႔တာ မ်ားေနပါျပီ။ သမီးတို႔ကို အဲဒီအေၾကာင္းေတြ ျပန္ေျပာျပတိုင္း အေမငိုငိုေနတတ္တယ္ ေဒၚၾကီး။ ေနာင္တလည္း ရေနပါျပီ။ အဲဒါေၾကာင့္လည္း အခုကိစၥမွာ ေဒၚၾကီးတို႔ကို အပူမကပ္ခ်င္ေတာ့ဘူး။ ေနာက္ျပီးေတာ့ အေမ႔ရဲ႕ ေဆးဖိုးဝါးခ အကုန္လုံးကို သမီးတို႔ စက္ရုံသူေဌးက တာဝန္ယူထားလို႔ပါ”
“ ဟုတ္လားသမီး၊ သာဓု သာဓု သာဓုပါကြယ္။ စိတ္ထားေကာင္းတဲ႔ သူေ႒းတို႕မိသားစုလည္း က်န္းမာခ်မ္းသာ ၾကပါေစကြယ္”
‘ ဘုရား ဘုရား’
ကြ်န္ေတာ့္ ခႏၶာကိုယ္တစ္ခုလုံး ေအးစက္ေတာင့္တင္းသြားသလိုပါ။ ရင္ထဲမွ ခံစားမွဳ ေဝဒနာက မ်က္ဝန္းအိမ္မွတစ္ဆင့္ ယိုစိမ့္က်လာသည္။ လြတ္က်သြားေသာ သစ္သီးတခ်ိဳ႕တေလက ေၾကြျပားခင္းေပၚ၌ အလိမ့္လိမ့္ ျပန္႔က်ဲေနလ်က္။ ကြ်န္ေတာ့္ အသိဥာဏ္ေတြက ေဆးရုံဝန္ထမ္း ေကာက္ယူ ေပးေသာ အထုပ္ကို ျပန္ယူဖို႔ သတိမရႏိုင္ဘဲ ေခါင္းကိုခါရင္း အခန္းဝမွ ခ်ာခနဲ ေျပးထြက္လာခဲ႔ေတာ့သည္။
လြင့္စင္ဖိတ္က်လာေသာ မ်က္ရည္စက္မ်ားကို ဖယ္ရွားျခင္းမျပဳဘဲ ေျခလွမ္းေတြက ေဝဝါးေနေသာ ျမင္ကြင္းမ်ားကို တရိပ္ရိပ္ ျဖတ္ေက်ာ္လာခဲ႔သည္။ ကုိယ္မစြမ္းေဆာင္ႏိုင္သည့္အျဖစ္ေၾကာင့္ အခ်ိန္မတိုင္ခင္ ေၾကြလြင့္ခဲ႔ရသည့္ ပန္းကေလးတစ္ပြင့္အတြက္ ေျဖဆည္၍မရႏိုင္ပါ။ အာရုံထဲ၌ သတိလစ္ ေမ႔ေျမာေနေသာ ေဒၚေလး၏ ပုံသ႑ာန္ႏွင့္ ကြ်န္ေတာ့္အား အားကိုးတၾကီး ၾကည့္ေနေသာ ညီမေလး၏ စြတ္စိုေနသည့္ မ်က္ဝန္းတစ္စုံတို႔ကိုသာ ျမင္ေယာင္ရင္း ဦးတည္ခ်က္မဲ႔ေသာ ေျခလွမ္းေတြက ေဆးရံုၾကီးႏွင့္ ေဝးသည္ထက္ေဝးရာဆီသို႔……။
ေမာင္သုတ ( ျမန္မာ )
Unicode Version
ရွှေအမြုတေမဂ္ဂဇင်း။ ဖေဖော်ဝါရီ ၂၀၁၆ :)
"အလဲအလှယ်”
“……Restaurant and KTV”
ထိုကဲ့သို့သောဆိုင်မျိုးနှင့် လုံးဝမသက်ဆိုင်ဟု တွေးထင်ထားခဲ့ပေမဲ့ သူုငယ်ချားများ၏ အဓမ္မခေါ်ဆောင်မှုကြောင့် တစ်ကြိမ်တော့ ရောက်ဖူးခဲ့သည်။ အဲဒီနောက် အမှတ်မထင် သိကျွမ်းဝင်ခဲ့သော မိန်းကလေးတစ်ယောက်၏ ဖော်ရွေမှုကြောင့် တစ်ဦးတည်းရောက်ခဲ့သည့် အကြိမ်အရေအတွက်က မနည်း တော့။ သို့သော် ကိုယ့်ဘဝ၊ ကိုယ့်အခြေနေကို စားသောက်ဆိုင်က မိန်းကလေးတစ်ယောက်၏ လန်ကြုတ် ဇာတ်လမ်းများထဲ၌ နစ်မွန်းခံ၍မဖြစ်။ ရသမျှငွေကို KTV၊ မာဆတ်တို့၌ ဖြုန်းလေ့ရှိသော ရရစားစား၊ ဝါးဝါးမျို မျို သူငယ်ချင်းများ၏ နောက်ဆုံးပိတ် ဇာတ်သိမ်းသွားကြသော ဘဝများကိုလည်း မြင်ခဲ့ဖူးပြီ။ ဘယ်မိန်းက လေးက ချူလိုက်လို့ ဘယ်ဘောစိတစ်ယောက်တော့ ဘယ်ဘဝရောက်သွားပြီ စသော၊ စသော လေလှိုင်း ဂယက်များကလည်း ရပ်ကွက်ထဲ၌ မကြားချင်မှအဆုံး။ ရုပ်ကလေးဗန်းပြ၊ လျှပ်ပေါ်လော်လည် `အဘ၊ ဦးလေး၊ အစ်ကို` အရွယ်သုံးပါးစလုံးကို မရှောင်မရှား ဝင်နွှာတတ်သော မိန်းကလေးမျိုးကိုလည်း ကျွန်တော် မနှစ်မြို့။ သို့သော်…။
ကုမုဒြာ…။ သူကော ဒီပုတ်ထဲက ဒီပဲမျိုးပဲလား။ ဖြစ်တော့မဖြစ်နိုင်။ သူ့မျက်နှာ၌ ရိုးသားမှုများကို ကျွန်တော် တွေ့မြင်နေရသည်။ ဒါလည်း သူတို့မိန်းကလေးအများစု၏ လုပ်နည်းလုပ်ဟန်များလည်း ဖြစ်နိုင် ပါသေးသည်။ ဘာပဲဖြစ်ဖြစ်ပါ၊ ကလေး ငါးဆယ်၊ တစ်ရာလောက်ကို အကဲခတ်လာသော ကျွန်တော့်အဖို့ ဒါလောက်တော့ ခန့်မှန်းနိုင်မည်ဟု ထင်သည်။ ပကတိရှင်းသန့်နေသော သူ့မျက်နှာလေးနှင့် ရိုးသားသော မျက်ဝန်းလေးများက တစ်ဆင့် ကျွန်တော့်ထံသို့ မဖော်ကျူးနိုင်သည့် သံယောဇဉ်အမျှင်ကြိုးလေး ရောက်ရှိ လာသည်ကတော့ အမှန်ပင်။
“ သား နောက်ကျလှချည့်လားကွယ်”
ရုတ်တရက် အနောက်မှ ထွက်ပေါ်လာသော အမေ့အသံကြောင့် ပြန့်ကျဲနေသော အတွေး စများ ပြန်လည် စုဝေးလာသည်။
“ တပည့်လေးတစ်ယောက် နေမကောင်းဖြစ်နေလို့ သတင်းသွားမေးရင်း ကြာသွားတာအမေ”
“ အေးအေး အရမ်းလည်း ညဉ့်မနက်စေနဲ့သားရေ။ အချိန်မတော်ကြီး တစ်ယောက်တည်းဆိုတော့ အန္တရာယ်များပါတယ်ကွယ်”
“ ဟုတ်ကဲ့ အမေ”
အသက်သုံးဆယ်ကို တစ်ပိုင်းကျော်ကျော်စွန်းနေသော ကျွန်တော့်အား ကလေးတစ်ယောက်ပမာ တတွတ် တွတ် အမှာတမ်းခြွေနေသောအမေ့ကို မလုံမလဲ ကြည့်နေမိသည်။
“ သြော် ဒါနဲ့ ရွာက ကိုသံလုံး မနက်က အိမ်ရောက်လာသေးတယ်။ မအုန်းကြည်တို့တောင် ရန်ကုန် ပြောင်းလာကြတာ ကြာပြီတဲ့။ မနှစ်က သားဦးလေး ဆုံးပြီးကတည်းက ဒီကိုတက်လာကြာတာလို့ ပြောတာ ပဲ။ ကလေးတွေ တမြုံတစ်မကြီးနဲ့ အဆင်မပြေဘူးလို့ကြားတယ် သား။ နည်းနည်းပါးပါး သွားတွေ့လိုက်ပါဦး လားကွယ်။ ရော့ ဒီမှာ အမေ လိပ်စာတောင်းထားတယ်”
“ ထားလိုက်အမေ၊ သူတို့အကြောင်းတွေ မသိချင်ပါဘူးဗျာ။ သူတို့ဘာသာ အဆင်ပြေပြေ၊ မပြေပြေ သားတို့နဲ့မှ မဆိုင်တော့တာ။ သူတို့နဲ့ ပတ်သက်ပြီး သားကို ဘာမှ လာမပြောပါနဲ့နော်။ သား တောင်းပန်ပါ တယ်”
ကျွန်တော်၏ တောင်းပန်တိုးလျှိုးနေသော အကြည့်အောက်မှာ မျက်နှာမကောင်းစွာနှင့် ပင့်သက်ချ နေသော အမေ့ကို စိတ်မကောင်းစွာ တွေ့မြင်လိုက်ရသည်။ သို့ပေမဲ့ ကျွန်တော့်နှင့် အမေ ကြုံတွေ့ခဲ့ရသော ခံစားချက် အတိမ်အနက်ကို ကျွန်တော်တို့ပဲ သိသည်။ အလွယ်တကူ ပြည်ဖုံးကားချပစ်လိုက်နိုင်သော အမေ့ကို အပြစ်မတင်ချင်တော့။ ကျွန်တော့်အဖို့တော့ သင်း ( ဒင်း ) တို့ကို ကမ္ဘာကြေသော်လည်း ဥဒါန်း မကျေနိုင်သေးပါ။
*********
“ မသိန်းမြင့် ညည်းယောက်ျားကို အခု လာခေါ်စမ်း။ ပုဆိုးမပါ ဘာမပါနဲ့ မြင်လို့မကောင်းဘူး။ ငါ့ဖြင့် ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့တယ်”
အရက်ကျေးကျွန်ဘဝရောက်သွားသော အဖေ့လုပ်ရပ်များကြောင့် မကြာခဏဆိုသလို ဒေါ်လေး တို့၏ ပြစ်တင်ဆဲရေး တိုင်းထွာမှု အမျိုးမျိုးကို ကြားကြားနေရသည်။ တစ်ခါတစ်ရံ သူများစားနေသော မုန့်ကို အတင်းလုစား၊ ဗွက်အိုင်ထဲက ရေဆိုးများကို ခပ်သောက်သည်အထိ ဖြစ်လာသော အဖေ့အခြေ အနေက တစ်နေ့တခြား ပိုပိုဆိုးလာသည်။ ရွာလူတချို့၏ အကြံပေးချက်အရ မြို့တက်ကုသရန် ဒေါ်လေး တို့အိမ် အကူအညီဝင်တောင်းသော အမေ့စကားများဟာ သောင်ပြင်စပ်က ခြေရာများပမာ။
“ မအုန်းကြည် ငါတော့ ကိုအုန်းဖေကို မြို့တက်ပြီးသာ ကုပေးချင်တော့တယ်။ ရွာက ဆေးမြှီးတို တွေနဲ့ကုပေမဲ့ သူ့အခြေအနေက ပိုပိုဆိုးလာတာ နင်တို့တွေ့တဲ့ အတိုင်းပဲ မဟုတ်လား။ အဲဒါကြောင့် သူ အမွေရထားတဲ့အထဲက နွားလေးတစ်ရှဉ်းနဲ့ လယ်တချို့တလေကို ထုခွဲရောင်းချချင်တယ်ဟယ်”
“ အဲတာတော့ မဖြစ်ဘူး၊ မဖြစ်ဘူး။ အမေတို့ ထားခဲ့တဲ့ အမွေတွေကို လွယ်လွယ်ကူကူ အဆုံးရှုံး မခံနိုင်ပါဘူး။ ညည်းယောက်ျားအရူးကို မြို့တက်ကုလို့ကော ဘာထူးမှာ မို့လို့လဲ။ အဲအရည်တွေ သောက်နေ သ၍ မြို့တင်မဟုတ်ဘူး၊ နိုင်ငံခြားသွားကုလည်း ထူးမနေပါဘူးအေ လုပ်မနေပါနဲ့။ ဘာလဲ ညည်းတို့ လယ်နဲ့ နွားကို ကျုပ်တို့ ယူသုံးနေတာ မကျေနပ်လို့လား”
“ အို…အဲလို မဟုတ်ရပါဘူး မအုန်းကြည်ရယ်။ ကိုအုန်းဖေအခြေအနေကိုလည်း ငါ မကြည့်ရက် တော့လို့ပါ။ နောက်ပြီးတော့ သားလေးကျောင်းကိစ္စ။ သားလေးက ဒီနှစ် ဆယ်တန်းတက်မှာဆိုတော့…”
“ ကျောင်းကိစ္စကတော့ ထားလိုက်ပါ။ ညည်း ယောက်ျားကိစ္စကတော့ လုပ်မနေနဲ့ အပိုပဲ”
ယတိပြတ်ပြောလွှတ်လိုက်သော ဒေါ်လေးတို့မိသားစု၏ စကားကို အမေ စောဒကမတက်နိုင်မှန်း ကျွန်တော် နားလည်ပါသည်။ တစ်ကောင်ကြွက်အမေ့ကို နားခိုစရာအရိပ်အာဝါသ ပေးခဲ့သော အဘွားတို့၏ မျက်နှာနှင့် အမေဟာ သူတို့လက်ခုပ်ထဲက ရေပါပဲ။ ငွေနှင့် ပတ်သက်လာလျှင် မောင်နှမပင်ဖြစ်သော်ငြား အပြောင်းအလဲမြန်သည့် လူ့မနောကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။ မုန်တိုင်းခက်ထန်တာ ထက် လောဘဇောခက်ထန်နေသော လူတို့၏ မျက်နှာများကို ကျွန်တော် ပို၍ကြောက်မိတော့သည်။
အဲဒီနေ့က ဒူးသာသာလောက်ရှိသည့် ရွာချောင်းစပ်လေးမှာ မှောက်လျက်သား သေဆုံးနေသော အဖေ့သတင်းကို လူတစ်ယောက်လာပြောမှ ချောက်ချားစွာ ကြားသိခဲ့ရသည်။ ကျွန်တော့်တို့သားအမိ နှစ်ယောက်စလုံး အားကိုးရာမဲ့သွားသလို ခံစားခဲ့ရပေမဲ့ ‘ ကောင်းပါတယ်၊ ဝဋ်ကျွတ်သွားတာပေါ့’ ဟု ခံစားချက်မရှိပြောလာသော ဒေါ်လေး၏ စာနာမှုမဲ့ မျက်နှာဖုံးကို ဆွဲခွာပစ်ချင်မိခဲ့သည်။
အဖေဆုံးသည့်နှစ်မှာပဲ ဆယ်တန်းကို ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်သောကျွန်တော်သည် ရွာခံ ဦးလေးတစ်ယောက်၏ အကူအညီကြောင့် မြို့၌ကျောင်းတက်ရင်း အလုပ်လုပ်ခွင့် ရခဲ့သည်။ အဝေးသင် တက်၊ ကျူရှင်ဂိုက်ပြရင်း အိမ်လေးတစ်လုံးငှားနိုင်သည်နှင့် တပြိုင်နက် အမေ့ကိုခေါ်ပြီး ရွာနှင့် အဆက် အသွယ် ဖြတ်ခဲ့သည်။ အဖေ့အမွေအားလုံးကို အဓမ္မသိမ်းပိုက်ခဲ့သည့် ဒေါ်လေးတို့မိသားစုနှင့် ပတ်သက်ပြီး အမုန်းစကားတစ်ခွန်းမှ ခပ်ဟဟ မပြောခဲ့သော အမေ့ကို ယနေ့ထိတိုင် သြချမိနေတုန်းပင်။
နှစ်ပေါင်းနှစ်ဆယ်နီးပါး ဘဝချိုးကွေ့အပြောင်းအလဲမှာ ဆယ်ပေမြေလေးတစ်ကွက်နှင့် ပရိဘောဂ တချို့ကို ကျွန်တော်တို့ ပိုင်ဆိုင်ခွင့် ရခဲ့သည်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ဘဝကို ကျွန်တော်တို့ ကြုံတွေ့ ခဲ့ရသလို ယခုတော့ သင်းတို့လည်း ကြုံတွေ့နေရပြီမဟုတ်လား။ ကျွန်တော်ကတော့ သူတို့နှင့်ပတ်သက် လာလျှင် ခံစားချက်မဲ့ မျက်နှာဖုံးကိုသာ ယနေ့ထိတိုင်အောင် ဝတ်ဆင်ထားနိုင်ခဲ့ပါပြီ။
*********
ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားသည်။
“ ကိုကို ကယ်ရင် လွတ်မြောက်ခွင့်ရမဲ့ အဖြစ်ပါကွယ်….”
ဆိုင်ထဲမှ လွင့်ပျံလာသော ကုမုဒြာအသံလေးကိုကြားရတော့ အမည်မသိ ဝေဒနာတစ်ခုက ရင်ဘတ်ထဲ၌ ကိန်းအောင်လာသည်။
အမှောင်ရိပ်ခိုပြီး လွတ်နေသော ထောင့်ကျကျစားပွဲခုံတစ်ခုံ၌ နေရာယူရင်း ကြည့်မိတော့ မီးရောင်စုံ များအောက်တွင် ကုမုဒြာပန်းလေး ယိမ်းထိုးလှုတ်ရှားနေသည်ကို ကြည်နူးဖွယ် တွေ့မြင်ရသည်။ ပြည့်နှက် နေသော ပန်းကုံးများက ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသော်လည်း သူ့မျက်နှာလေး အနည်းငယ် ညှိုးနွှမ်းနေသယောင်ယောင် ထင်ရ၏။
“ ကိုကြီး ခဏလေး စောင့်နော်”
အနားကပ် တီးတိုးပြောရင်း ယောက်ျားသားသုံးယောက်ထိုင်နေသော စားပွဲဝိုင်းတစ်ခုဆီသို့ နွဲ့နွဲ့နှောင်း နှောင်း လမ်းလျှောက်သွားသော သူ့ကိုလိုက်ကြည့်ရင်း သက်ပြင်းချမိသည်။ ‘ ဘယ်လောက်ပဲ အရှောင် အတိန်း ပါးနပ်တယ်ဆိုပေဦးတော့ မာန်စွယ်ဝင့်နေတဲ့ မြွေဆိုးတွေရဲ့ အဆက်မပြတ် ပေါက်ချက်များ အောက်မှာ အမြဲတမ်းတော့ လွတ်မြောက်နိုင်မတဲ့လား ညီမလေးရယ်။ တစ်ဆယ့်ကိုးနှစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် မိသားစုတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေရတာဆိုတော့လည်း အကိုကြီး မပြော သာပြန်ဘူးကွယ်’
“ စကားပြောတာ နည်းနည်းကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော် ကိုကြီး”
ဘီယာတန်ခိုးကြောင့် အရှိန်ရနေသော ခေါင်း ထောင်မတ်လာသည်။
“ ကိုကြီး ဘီယာတွေ အများကြီး မသောက်နဲ့ဦး။ ကိုကြီးက တစ်ခါမှ အများကြီး မသောက်ဖူးတာ မဟုတ်တော့ အိမ်မပြန်ဘဲ ဖြစ်နေဦးမယ်”
“ ရပါတယ်ကွာ။ ကိုကြီး ကိုယ့်ဘာသာကိုယ် ချိန်ဆတတ်ပါတယ်။ ဒါနဲ့ ညီမလေးနဲ့ စကားပြောနေ တဲ့ လူတွေက ဘယ်သူတွေလဲ”
“ ဒီလိုပဲပေါ့ ကိုကြီးရယ်”
အားတက်သရောမရှိသည့် ညီမလေး၏ မပြည့်စုံသောအဖြေကို စိတ်တိုင်းမကျသော်လည်း အခြားမေးခွန်း တစ်ခုနှင့် အစားထိုးလိုက်သည်။
“ ညီမလေး အားရဲ့လား။ ကိုကြီး ပန်းကုံးစွပ်မယ်လေ”
“ မလုပ်ပါနဲ့ ကိုကြီးရယ်၊ ခဏတဖြုတ် စကားပြောတာလောက်ကတော့ ရပါတယ်”
“ ညီ်မလေးကြည့်ရတာ မျက်နှာမကောင်းပါလား၊ မှန်းစမ်း နေကောကောင်းရဲ့လား”
ကျွန်တော် သူ့နှဖူးလေးကို စမ်းပြီး စိုးရိမ်စွာမေးတော့ မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တရှုပ်ရှုပ် ငိုပါတော့သည်။
“ ဟာ ဘာဖြစ်လို့လဲ ညီမလေး၊ ကိုကြီးကို ပြောပါ၊ ဘာဖြစ်တာလဲ”
ဘီယာအရှိန်ကြောင့် အခိုးဝေနေသော အရသာများ လုံးဝကွယ်ပျောက်သွားသည်။ တသိမ့်သိမ့် ငိုနေသော သူ့ကို ကြည့်ြ့ပီး ရင်ထဲတွင် ဗလောင်ဆူနေသည်။ စိတ်ထဲ၌ ဆောက်တည်ရာမရဖြစ်နေတုန်း မျက်ရည်များ ဖြင့် ပြည့်လျှံနေသော သူ့မျက်ဝန်းများက ကျွန်တော့်ကို အားကိုးတကြီး မော့ကြည့်လာသည်။ သူ့အကြည့် တွေဟာ ကျွန်တော့်နှလုံးသားကို တဆစ်ဆစ် နာကျင်စေသည်။ သေချာတာကတော့ ကျွန်တော့်တို့ နှစ်ယောက်စလုံးကို အဖြူရောင် နှောင်ကြိုးလေးတစ်မျှင်က ရစ်ပတ်ထားလိုက်ပြီဆိုတာ ကျွန်တော် သိလိုက်သလို သူလည်း သိလောက်ပါမည်။
“ညီမလေးရဲ့အမေ..အမေလေ ကင်ဆာဖြစ်နေပြီတဲ့”
“ ဘယ်လို”
ကျွန်တော် အံ့သြတုန်လှုပ်သွားသည်။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသော စကားပုံဟာ
ညီမလေးအတွက်များ ဖြစ်နေလေရော့သလား။ ညီမလေးအတွက် အားပေးနှစ်သိမ့်ဖို့ စကားလုံးများက ရင်ထဲ၌ ပြည့်နှက်နေသော်လည်း တင်းတင်းစေ့ထားသော ကျွန်တော့်နှုတ်ခမ်းအလွှာက ဘာကြောင့်မှန်း မသိ တားဆီးပိတ်ပင်ထားမိသည်။ ရင်တွင်းသောကမီးကြောင့် တသိမ့်သိမ့်တုန်ခါနေသော ခန္ဓာကိုယ်လေး နှင့်အပြိုင် တဆတ်ဆတ်တုန်ယင်နေသော ညီမလေး၏ လက်ကလေးတစ်စုံကိုသာ တင်းတင်း ဆုပ်ကိုင် ထားရင်း နှုတ်ဆိတ်နေမိတော့သည်။
*********
“ အာ မလိုက်ချင်ဘူး၊ အမေ့ဘာသာ သွားပါဗျာ”
နဂိုဓါတ်ခံကြောင့် စိတ်ညစ်နေသော ကျွန်တော့်အသံဟာ အနည်းငယ်မာသွားတာ သတိထားမိသည်။ မနေ့ ညက ညီမလေးပြောခဲ့သော စကားအသွားအလာကို ချင့်ချိန်ရင်း ဘုရားတ၊ ဆုတောင်းနေရုံမှတပါး ဘာမျှ လုပ်မပေးနိုင်သော ကိုယ့်အဖြစ်ကိုသာ ဒေါသထွက်နေရသည်။ တစ်ညလုံး စိတ်နှင့်လူ မကပ်ချင်လောက် အောင် ကုတင်ထက်တွင် လူးလိမ့်ရင်း လန်းဆန်းပွင့်ဖူးနေသော ကုမုဒြာပန်းလေးတစ်ပွင့် မြေခကြေလွင့်ရ တော့မည့်အဖြစ်ကို ယူကျုံးမရဖြစ်နေမိသည်။ လောကမှာ စိတ်မပါသည့် အလုပ်ကို လုပ်ရာတာလောက် စိတ်ဆင်းရဲစရာ မရှိဟု ကျွန်တော်ထင်သည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်ဆိုပေမဲ့ လည်း ထိုဖြစ် သင့်သောအရာက မဖြစ်သင့်သောအရာဖြစ်နေကြသော ကုမုဒြာကဲ့သို့ အဖြူရောင် ပန်းကလေးများ ကျွန်တော်မသိသော ရှုထောင့်မျိုးစုံ၊ နေရာမျိုးစုံတို့၌ ရှိနေပေဦးမည်။ ကိုယ်တတ်စွမ်းသလောက် အုတ်တစ် ချပ်၊ သဲတစ်ပွင့် ကူညီနိုင်ပေမဲ့ ထိုမျှမကလိုအပ်နေသော သူတို့ဘဝတွေအတွက် ဘယ်က အကူအညီ ရနိုင် မှာတဲ့လဲ။
‘ ညီမလေးရယ် မင်းတို့ဘဝတွေက တော်တော်အဖြစ်ဆိုးပါးလားကွာ’
“ သူရအောင် နင် တော်တော်အသည်းမာတဲ့ကောင်ပဲ။ အခြေအနေ တော်တော်ဆိုးပါတယ်လို့ ပြောတာတောင် နင်မို့လို့ နေနိုင်တယ်။ ငါတော့ သွားပြီ။ နင်မလိုက်ချင်လဲ နေခဲ့တော့။ ညှာတာမှု မရှိတဲ့ အကောင်”
အမေ့အသံဟာာ ငိုသံရောယှက်ပြီး တုန်ယင်နေတာသိသော်လည်း စောင်ကို ခေါးမြှီးခြုံရင်း မျက်ကွယ် ပြုလိုက်သည်။ အခုအချိန်၌ ညီမလေးကိစ္စကလွဲ၍ မည်သည့်အရာကိုမျှ ခေါင်းထဲ ထည့်မထား နိုင်ပါ။ အာရုံထဲတွင် မာန်စွယ်ဝင့်နေသော ကျားတို့၏အလယ်၌ ဒဏ်ရာရနေသော ယုန်ဖြူလေးတစ်ကောင် ကိုသာ မြင်ယောင်ရင်း သနားနေမိတော့သည်။
*********
မခေါ်ချင်၍ရပေမဲ့ မတော်ချင်၍မရသော ဆွေမျိုးများကို စိတ်နာမိသော်လည်း ဝဋ်တရားအရ သွားရ ပြန်သည်။
ခပ်ဟဟဖွင့်ထားသော တံခါးပေါက်မှ ဝင်မလိုပြင်ပြီးမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေလှမ်း များ တုံ့ဆိုင်းသွားသည်။ ‘ ကု ကုမုဒြာ’
“ သမီးရယ် အစကတည်းက ကြိုပြောထားခဲ့ရင် ဒေါ်ကြီးတို့ လာစောင့်ပေးမှာပေါ့ကွယ်။ အခုတော့ ခွဲစိတ်ခန်းဝင်နေတဲ့အချိန်မှာ ဒီကလေး နှစ်ယောက်ပဲ ရှိတာဆို”
“ ဟုတ်ကဲ့ ဒေါ်ကြီး၊ ဒီရက်ပိုင်းမှာ သမီးတို့ အထည်ချုပ် စက်ရုံကလည်း ညစိုင်းပါ ဝင်နေရလို့ လုံးဝ ခွင့်မရလို့ပါ”
“ အေးကွယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်အမေရဲ့ နောက်ဆုံးလက်ကျန် အချိန်လေးမှာတော့ အစွမ်းကုန် ပြုစုပေးကြပေါ့ကွယ်”
ဖျော့တော့နေသော ညီမလေးမျက်မှာပြင်ထက်တွင် မျက်ရည်စက်တချို့ တွယ်ကပ်နေသည်။
“ ရော့ သမီး၊ ဒါလေးယူထားလိုက်။ အများကြီးတော့မဟုတ်ပေမဲ့ ဆေးဖိုးလေးတော့ ရတာပေါ့
ကွယ်”
“ မဟုတ်တာ ဒေါ်ကြီးရယ်။ ဒေါ်ကြီးတို့ မိသားစုကို ဒုက္ခတွေပေးခဲ့တာ များနေပါပြီ။ သမီးတို့ကို အဲဒီအကြောင်းတွေ ပြန်ပြောပြတိုင်း အမေငိုငိုနေတတ်တယ် ဒေါ်ကြီး။ နောင်တလည်း ရနေပါပြီ။ အဲဒါကြောင့်လည်း အခုကိစ္စမှာ ဒေါ်ကြီးတို့ကို အပူမကပ်ချင်တော့ဘူး။ နောက်ပြီးတော့ အမေ့ရဲ့ ဆေးဖိုးဝါးခ အကုန်လုံးကို သမီးတို့ စက်ရုံသူဌေးက တာဝန်ယူထားလို့ပါ”
“ ဟုတ်လားသမီး၊ သာဓု သာဓု သာဓုပါကွယ်။ စိတ်ထားကောင်းတဲ့ သူေဋ္ဌးတို့မိသားစုလည်း ကျန်းမာချမ်းသာ ကြပါစေကွယ်”
‘ ဘုရား ဘုရား’
ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းသွားသလိုပါ။ ရင်ထဲမှ ခံစားမှု ဝေဒနာက မျက်ဝန်းအိမ်မှတစ်ဆင့် ယိုစိမ့်ကျလာသည်။ လွတ်ကျသွားသော သစ်သီးတချို့တလေက ကြွေပြားခင်းပေါ်၌ အလိမ့်လိမ့် ပြန့်ကျဲနေလျက်။ ကျွန်တော့် အသိဉာဏ်တွေက ဆေးရုံဝန်ထမ်း ကောက်ယူ ပေးသော အထုပ်ကို ပြန်ယူဖို့ သတိမရနိုင်ဘဲ ခေါင်းကိုခါရင်း အခန်းဝမှ ချာခနဲ ပြေးထွက်လာခဲ့တော့သည်။
လွင့်စင်ဖိတ်ကျလာသော မျက်ရည်စက်များကို ဖယ်ရှားခြင်းမပြုဘဲ ခြေလှမ်းတွေက ဝေဝါးနေသော မြင်ကွင်းများကို တရိပ်ရိပ် ဖြတ်ကျော်လာခဲ့သည်။ ကိုယ်မစွမ်းဆောင်နိုင်သည့်အဖြစ်ကြောင့် အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရသည့် ပန်းကလေးတစ်ပွင့်အတွက် ဖြေဆည်၍မရနိုင်ပါ။ အာရုံထဲ၌ သတိလစ် မေ့မြောနေသော ဒေါ်လေး၏ ပုံသဏ္ဍာန်နှင့် ကျွန်တော့်အား အားကိုးတကြီး ကြည့်နေသော ညီမလေး၏ စွတ်စိုနေသည့် မျက်ဝန်းတစ်စုံတို့ကိုသာ မြင်ယောင်ရင်း ဦးတည်ချက်မဲ့သော ခြေလှမ်းတွေက ဆေးရုံကြီးနှင့် ဝေးသည်ထက်ဝေးရာဆီသို့……။
မောင်သုတ ( မြန်မာ )

No comments:
Post a Comment