Apr 5, 2017

မိုနာလီဇာ_ပန္ခ်ီကားမွ_လ်ိဳ႕၀ွက္ခ်က္မ်ား

Zawgyi version

#MYSTERY_OF_THE_MONA_LISA'
#မိုနာလီဇာ_ပန္ခ်ီကားမွ_လ်ိဳ႕၀ွက္ခ်က္မ်ား
*********************************
လြန္ခဲ႔တဲ႔ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ခန္႔က လီယိုနာဒို ဒါဗင္ခ်ီသည္ ပန္ခ်ီကားတစ္ခ်ပ္ကို ဖန္တီးေရးဆြဲခဲ႔ပါသည္။ ထိုပန္ခ်ီကားသည္ Oil on poplar အမ်ိဳးအစားျဖစ္ၿပီး အမ်ိဳးသမီးတစ္ေယာက္၏ ကိုယ္တစ္ပိုင္းပံုကို ေရးျခယ္ခဲ႔ျခင္းျဖစ္သည္။ ထိုပန္ခ်ီကားသည္ ယခုလက္ရွိအခ်ိန္တြင္မူ ကမ႓ာ႔ၻလူသိအမ်ားဆံုး, လည္ပတ္ၾကည့္ရႈခံရဆံုး, စာေပကဗ်ာမ်ားတြင္ ထည့္အသြင္းခံရဆံုး, သီခ်င္းေရးစပ္သူမ်ား အသံုးအျပဳဆံုးႏွင့္ ျပန္လည္တုပေရးဆြဲျခင္း ခံရဆံုးေသာ ပန္ခ်ီကားခ်ပ္အျဖစ္ တည္ရွိေနခဲ႔တာပါ။ ထိုအရာကေတာ့ ျပင္သစ္မ်ားက La Joconde (သို႔) အီတာလီလူမ်ိဳး မ်ားက La Gioconda လို႔သိထားၾကၿပီး အမ်ားစုကေတာ့ 'Mona Lisa' ဆိုၿပီး သိထားၾကေသာ ပန္ခ်ီကားခ်ပ္ပဲျဖစ္ပါတယ္။

လီယိုနာဒို ဒါဗင္ခ်ီသည္ Mona Lisa ပန္ခ်ီကားကို အီတလီႏိူင္ငံ ဖေလာရင့္စ္ၿမိဳ႕တြင္ ၁၅၀၃ ႏွင့္ ၁၅၀၆ ခုႏွစ္ၾကားမွာ စတင္ေရးဆြဲခဲ႔တယ္လို႔ ခန္႔မွန္းရၿပီး ၁၄ ႏွစ္အၾကာ ၁၅၁၇ ခုႏွစ္ေႏွာင္းပိုင္း ျပင္သစ္ႏိူင္ငံေျပာင္းေရြ႕အၿပီးမွ လက္စသတ္ႏိူင္ခဲ႔တယ္လို႔ သိရပါတယ္။ ဒါဗင္ခ်ီက ထိုပန္ခ်ီကားကို ဘာေၾကာင့္အဲ႔ဒီေလာက္အခ်ိန္ၾကာေအာင္ ေရးဆြဲခဲ႔ရတာလဲ ? ေတြးေတာစရာေတြ အမ်ားႀကီးရွိေနခဲ႔တာပါ။ ဒါဗင္ခ်ီဟာ Cipher လုပ္ရာမွာ အလြန္ဝါသနာထံုသူတစ္ေယာက္ပါ။ သူ႕ရဲ႕ စာတမ္းေတာ္ေတာ္မ်ားမ်ားကိုလည္း 'mirror writing' ေခၚ လ်ိဳ႕ဝွက္စာေရးနည္းနဲ႔ မွတ္တမ္းတင္ထားေလ့ရွိၿပီး Cryptex လို႔ေခၚတဲ႔ လ်ိဳ႕ဝွက္စာထည့္သြင္းထားတဲ႔ စက္တစ္မ်ိဳးကိုလည္း ဖန္တီးခဲ႔တယ္လို႔ လူအမ်ားစုက ယံုၾကည္ခဲ႔ၾကတာပါ။ အလြန္ထက္ျမက္ၿပီး လ်ိဳ႕ဝွက္တတ္သူအျဖစ္ သူ႕ေခတ္သူ႕အခါက သတ္မွတ္ခံခဲ႔ရသူတစ္ေယာက္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း သူ႕လိုပညာရွင္မ်ိဳး ထပ္မံေပၚထြက္မလာေသးပါဘူး။ ဒါ့အျပင္ လက္ရွိအခ်ိန္အထိ ပေဟဌိမ်ားစြာက်န္ရွိေနခဲ႔တဲ႔ သမိုင္းဝင္ 'ေနာက္ဆံုးညစာ' ပန္ခ်ီကားကိုလည္း လီယိုနာဒို ဒါဗင္ခ်ီကပဲ ဖန္တီးခဲ႔တာပါ။

ဒီေတာ့ ဒါဗင္ခ်ီ ၁၄ ႏွစ္ၾကာေရးဆြဲခဲ႔တဲ႔ Mona Lisa ပန္ခ်ီကားခ်ပ္ႀကီးထဲမွာ ဘယ္လိုလ်ိဳ႕ဝွက္ခ်က္ေတြရွိေနမလဲဆိုတာ ဆက္လက္ေလ့လာၾကည့္ရေအာင္လားဗ်ာ။

ေလ့လာသူေတြအမ်ားစုေတြးထင္ထားသလို ဒီပန္ခ်ီကားဟာ မ်က္စိလွည့္စားမႈတစ္ခုေလလားလို႔ ေတြးထင္စရာပါ။ ဒီပန္ခ်ီကားထဲမွာ ပန္ခ်ီကားေနာက္တစ္ခု ရွိေနတယ္လို႔ ပညာရွင္ေတြက ေျပာဆိုေနၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ပညာရွင္ေတြကေတာ့ Mona Lisa ရဲ႕ မ်က္လံုးေတြထဲမွာ Cipher လုပ္ထားတဲ႔ နံပါတ္ေတြအမ်ားႀကီးပါတယ္လို႔ တထစ္ခ်ယံုၾကည္ေနၾကၿပီး ထိုနံပါတ္ေတြကပဲ ဒါဗင္ခ်ီလ်ိဳ႕ဝွက္ထားတဲ႔ ေနရာတစ္ခုခုကို ညႊန္းဆိုျပသႏိူင္မယ္လို႔ ေျပာဆိုခဲ႔ၾကတာပါ။ ဒါဆို လီယိုနာဒို ဒါဗင္ခ်ီက ဒီပန္ခ်ီကားထဲမွာ ဘာကိုလ်ိဳ႕ဝွက္ေဖာ္ျပခဲ႔တာလဲ?

အခ်ိဳ႕ကလည္း ဒီကားခ်ပ္ရဲ႕ လ်ိဳ႕ဝွက္ခ်က္ဟာ မိုနာလီဇာရဲ႕ အၿပံဳးထဲမွာရွိတယ္လို႔ ေျပာဆိုၾကျပန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပန္ခ်ီကားထဲရွိ သူမ၏ အၿပံဳးသည္ တစ္ခါတစ္ရံ ေပ်ာ္ရႊင္စြာၿပံဳးေနတတ္ၿပီး တစ္ခါတစ္ရံတြင္မူ အနည္းငယ္ဝမ္းနည္းေနသေယာင္ ျဖစ္ေနသည္ဟု ေလ့လာသူမ်ားက ေတြ႕ရွိခဲ႔ၾကပါတယ္။ ဘာလိုအေၾကာင္းေၾကာင့္ သက္မဲ႔ပန္ခ်ီကားခ်ပ္တစ္ခ်ပ္က ေပ်ာ္ရႊင္မႈ ဝမ္းနည္းမႈကို ေဖာ္ျပႏိူင္မွာလဲ? ဒါကလည္း ပန္ခ်ီကားၾကည့္ရႈ သူတစ္ဦးခ်င္းစီရဲ႕ စိတ္အေျခအေနေပၚ မူတည္ေနသလို ပန္ခ်ီကားကို ရပ္ၾကည့္တဲ႔တည္ေနရာ အေနအထားအလိုက္ ေျပာင္းလဲတတ္ေၾကာင္း ပညာရွင္ေတြက ေျဖရွင္းခဲ႔ၾကပါတယ္။

ေလ့လာသူ အခ်ိဳ႕ကလည္း ပန္ခ်ီကားခ်ပ္ထဲက လူသည္ အမ်ားသူငါေတြ႕ျမင္သလို အမ်ိဳးသမီးမဟုတ္ပဲ လီယိုနာဒို ဒါဗင္ခ်ီရဲ႕ ကိုယ္တိုင္ေရးပံုတူ ျဖစ္သည္ဟု ေျပာၾကျပန္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ဒါဗင္ခ်ီ၏ ကိုယ္တိုင္ေရးပံုတူထဲမွ မ်က္ႏွာတစ္ျခမ္းကို ျဖတ္ယူ၍ Mona Lisa ၏ မ်က္ႏွာတစ္ျခမ္းတြင္ ထပ္လိုက္ပါက ထပ္တူညီေသာ မ်က္ႏွာတစ္ခုထြက္လာသည္ကို ေတြ႕ရျခင္းေၾကာင့္ပင္ ျဖစ္ေပသည္။ သို႔ေသာ္ ထိုအျခင္းကလည္း ပံုေရးဆြဲသူတစ္ဦးတစ္ေယာက္တည္း၏ ေရးဆြဲနည္းေရးဆြဲဟန္ျဖစ္ေနျခင္း ေၾကာင့္ေလာဟု ေတြးေတာႏိူင္ပါသည္။ ထို႔ေၾကာင့္ စိတ္အာရံုလွည့္စားမႈမ်ားကို ေမ႔ေဖ်ာက္ထားၿပီး မိုနာလီဇာပန္ခ်ီကားခ်ပ္မွ လက္ေတြ႕က်ေသာ အေျခခံအခ်က္မ်ားကို ဆက္လက္ Decypher လုပ္ၾကည့္ရေအာင္ဗ်ာ။.......
________________________________________________
#Mona_Lisa_ကားခ်ပ္မွ_လ်ိဳ႕ဝွက္ခ်က္ႏွင့္ #အျငင္းပြားဖြယ္ရာမ်ား!
________________________________________________
နံပါတ္ ၁ - မိုနာလီဇာသည္ ပန္ခ်ီအဆြဲခံေနစဥ္ ကိုယ္ေလးလက္ဝန္ ရွိေနသေလာ?

လြန္ခဲ႔ေသာ ႏွစ္အနည္းငယ္အတြင္းတြင္မွ စတင္လက္ခံလာၾကေသာ ေလ့လာေတြ႕ရွိခ်က္အရ မိုနာလီဇာ၏ အမည္ရင္းမွာ 'Lisa Gherardini' ျဖစ္ၿပီး ဖေလာရင့္စ္မွ လူႀကီးမင္းတစ္ဦး၏ ဇနီးသည္ဟု သိရွိရပါသည္။ ပံုတြင္ မိုနာလီဇာသည္ အနည္းငယ္မို႔ေမာက္ေနေသာ ဝမ္းဗိုက္အေပၚ လက္ ၂ ဖက္ကိုယွက္လ်က္တင္ထားျခင္းက ကိုယ္ဝန္ရွိေနျခင္းျဖစ္သည္ဟု ေကာက္ခ်က္ခ်ႏိူင္ပါသည္။ ထို႔အျပင္ ၂၀၀၆ ခုႏွစ္တြင္ ကေနဒါမွ ပညာရွင္မ်ားက ကားခ်ပ္ကို ေလဆာျဖတ္ေစ၍ မိုနာလီဇာကို 3D ရုပ္လံုးေပၚေစခဲ႔ရာတြင္ ဦးေခါင္းႏွင့္ ပုခံုးအနားမွ အလြန္ပါးလႊာေသာ ေခါင္းစြပ္ပုဝါအစကို ေတြ႕ရွိခဲ႔ပါသည္။ ထိုအရာသည္ ၁၆ ရာစုတစ္ဝိုက္ အီတလီတြင္ မီးဖြားခါနီးအမ်ိဳးသမီးမ်ားသာ ဝတ္ဆင္ေလ့ရွိေၾကာင္း ေတြ႕ရွိရသည့္ အခ်က္ကလည္း ပထမအခ်က္ကို ေထာက္ခံေပးသေယာင္ ရွိေနခဲ႔ပါသည္။

နံပါတ္ ၂ - သူမသည္ မိန္းမပ်က္မဟုတ္ေၾကာင္း ေထာက္ခံေပးႏိူင္ျခင္း။

ပညာရွင္မ်ားသည္ သူမအား မည္သူမည္ဝါမွန္း အတိအက် မသိရွိခင္အခ်ိန္မ်ားက မိုနာလီဇာသည္ ဒါဗင္ခ်ီ၏ မိခင္ဟုလည္းေကာင္း, ဒါဗင္ခ်ီ ကိုယ္တိုင္၏ ပံုတူျဖစ္သည္ဟု တစ္ဖံု, မိန္းမပ်က္တစ္ေယာက္ပံု သာျဖစ္သည္ဟုတစ္မ်ိဳး မ်ိဳးစံုေကာက္ခ်က္ခ်ၾကပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၁၆ ရာစုအတြင္းက အီတလီမွ မိန္းမရႊင္မ်ားသည္ ပန္ခ်ီကားခ်ပ္ထဲမွ မိုနာလီဇာကဲ႔သို႔ မ်က္ႏွာတြင္ အေမႊးအမ်င္လံုးဝမရွိပဲ ဆံပင္ကိုလည္း လံုးဝမစည္းေႏွာင္ပဲ ခ်ထားေလ့ရွိျခင္းေၾကာင့္ ျဖစ္ပါသည္။ သို႔ေသာ္ အနီေအာက္ေရာင္ျခည္ေလ့လာခ်က္မ်ားမွ သူမ၏ဆံပင္ကို ေနာက္တြဲဆံထံုးျဖင့္ စည္းေႏွာင္ထားေၾကာင္း ေကာက္ခ်က္ခ်ႏိူင္ေသာေၾကာင့္ ထိုစြပ္စြဲခ်က္ကိုလည္း ပယ္ထုတ္ႏိူင္ခဲ႔ၿပီျဖစ္သည္။

နံပါတ္ ၃ - ခ်မ္းသာၾကြယ္ဝေသာ မိသားစုမွ ဆင္းသက္လာသည္ဟု သိရွိႏိူင္ျခင္း။

အီတလီမွ ပညာရွင္မ်ား၏ ေလ့လာခ်က္အရ သူမ၏ အနက္နဲဆံုး လ်ိဳ႕ဝွက္ခ်က္ျဖစ္ေသာ အၿပံဳးသည္ ထိုေခတ္ထိုအခါက ပန္ခ်ီကားခ်ပ္မ်ားျဖစ္ေသာ ဟင္နရီ ၈ ကဲ႔သို႔ေသာ ခ်မ္းသာၾကြယ္ဝ အာဏာရွိသူမ်ားသည္ အဆီအစိမ့္မ်ားစားေသာက္ ယစ္မႈးၿပီး ေသြးတြင္းကိုလက္စေရာ ျမင့္တက္ခ်ိန္တြင္ ပံုတူအဆြဲခံရာ၌ ျပဳေလ့ရွိေသာ အၿပံဳးမ်ိဳးျဖစ္ေၾကာင္း ေတြ႕ရွိခဲ႔ရပါသည္။ ထို႔ေၾကာင့္ သူမသည္ ၾကြယ္ဝခ်မ္းသာေၾကာင္း ေကာက္ခ်က္ဆြဲႏိူင္ျပန္ပါသည္။

နံပါတ္ ၄ - မ်က္ခံုး မ်က္ေတာင္မ်ား ရွိခဲ႔သည္ဟု သက္ေသျပႏိူင္ျခင္း။

ျပင္သစ္ပညာရွင္ ပါစကယ္၏ ေလ့လာသက္ေသျပခ်က္အရ မိုနာလီဇာ၏ မ်က္ခံုးမ်က္ေတာင္မ်ားသည္ ဒါဗင္ခ်ီေရးသားခဲ႔စဥ္ကတည္းက မပါဝင္ခဲ႔သည္မဟုတ္ပဲ အႀကိမ္ႀကိမ္သန္႔စင္မႈႏွင့္ ႏွစ္ၾကာေညာင္းမႈတို႔ေၾကာင့္ ေမွးမွိန္ေပ်ာက္ကြယ္ခဲ႔ရျခင္း ျဖစ္သည္ဟု ကင္မရာျဖင့္ သူမ၏မ်က္ႏွာကို ၂၄ ဆခန္႔ခ်ဲ႕ၿပီး ေဖာ္ထုတ္ႏိူင္ခဲ႔ပါသည္။

နံပါတ္ ၅ - ေရႊအခ်ိဳး ဗိသုကာပညာ အယူအဆကို အသံုးျပဳေရးဆြဲထားျခင္း။

လီယိုနာဒို ဒါဗင္ခ်ီသည္ သခ်ၤာနည္းအရ ပန္ခ်ီကားတစ္ခ်ပ္လံုးကို တိုင္းတာအခ်ိဳးခ် ေရးဆြဲထားျခင္းျဖစ္ၿပီး မ်က္ႏွာဟန္အေနအထားသည္ ေရႊအခ်ိဳးအတိုင္းရွိေနျခင္းက ပန္ခ်ီကားရႈသူကို မ်က္စိမလႊဲေစေအာင္ ဖမ္းစားထားေသာ အဓိကအခ်က္တစ္ခ်က္ျဖစ္သည္ဟု ေလ့လာေတြ႕ရွိခဲ႔ရပါသည္။

နံပါတ္ ၆ - မိုနာလီဇာ ၿပံဳးေနသလား? မဲ႔ေနသလား?

မိုနာလီဇာ ၿပံဳးေနလား မဲ႔ေနလားဆိုတဲ႔ အျငင္းပြားမႈဟာ ႏွစ္ေပါင္း ၅၀၀ နီးပါးရွိခဲ႔ပါၿပီ။ ၾကည့္ရႈသူရဲ႕ စိတ္အေျခအေန တည္ေနရာေတြအလိုက္ ေျပာင္းလဲတယ္လို႔ ေျပာခဲ႔ၾကေပမယ့္ ၂၀၀၅ ခုႏွစ္မွာ ဒက္ခ်္လူမ်ိဳး ေလ့လာသူတစ္ဦးက 'Emotion Recognition' ကြန္ျပဴတာေဆာ့ဖ္ဝဲကို အသံုးျပဳၿပီး မိုနာလီဇာရဲ႕ စိတ္အေျခအေန အတိအက်ကို ေဖာ္ထုတ္ေပးႏိူင္ခဲ႔ပါၿပီ။ အဲ႔ဒါေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္ ;

smile, 83%
happy, 9%
disgusted, 6%
fearful, 2%
angry, less than 1% neutral, and
0% surprised

နံပါတ္ ၇ - မ်က္လံုးထဲမွ Cipher မ်ား။

သာမာန္မ်က္လံုးမ်ားျဖင့္ မျမင္ေတြ႕ႏိူင္ေသာ္လည္း အဆေပါင္းမ်ားစြာခ်ဲ႕၍ ၾကည့္ရႈပါက မိုနာလီဇာ၏ မ်က္လံုးထဲတြင္ လ်ိဳ႕ဝွက္နံပါတ္ (သို႕) စာလံုးမ်ားကို ေတြ႕ျမင္ရမည္ ျဖစ္သည္။ သူမ၏ ညာဘက္မ်က္လံုးထဲတြင္ 'LV' ဟူေသာစကားဝွက္ ႏွင့္ ဘယ္ဘက္တြင္မူ 'CE သို႔ B' ဟူေသာ အမွတ္အသားကို ေတြ႕ျမင္ရမည္ျဖစ္သည္။ ပန္ခ်ီကားေနာက္ခံျဖစ္ေသာ တံတားေလး၏ အေကြးနားတြင္လည္း '72' ဟူေသာ စာလံုးမ်ားကို အံ႕ဖြယ္ေတြ႕ရမည္ျဖစ္ပါသည္။ ထိုအကၡရာ စာလံုးမ်ားသည္ မည္သည္ကို ရည္ညႊန္းမွန္း လက္ရွိအခ်ိန္ထိ မေဖာ္ထုတ္ႏိူင္ေသးေသာ္လည္း ထိုစာလံုးမ်ားကို ဒါဗင္ခ်ီမွ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ခန္႔ ကြယ္ဝွက္ျပထားသည္မွာ အံ႔ဖြယ္ေကာင္းလွေပသည္။

နံပါတ္ ၈ - ပန္ခ်ီကားခ်ပ္ထဲမွ ပုန္းကြယ္ေနေသာ သတၱဝါမ်ား။

မိုနာလီဇာ ပန္ခ်ီကားသည္ အမွန္တစ္ကယ္ ပန္ခ်ီကားခ်ပ္ထဲမွ ပန္ခ်ီကားျဖစ္ပါသည္။ ပန္ခ်ီကားခ်ပ္ကို ေဘးဘယ္ညာ အထက္ေအာက္လွန္ၾကည့္ပါက ျခေသၤ႔, လူဝံ, ကြ်ဲ ေခါင္းႏွင့္ ျမည္းပုတို႔အား ေတြ႕ရမည္ျဖစ္သည္။ ထိုသတၱဝါ ေလးမ်ိဳးစလံုးကြယ္ဝွက္ေရးဆြဲထားပံုကို ဒါဗင္ခ်ီ၏ 'The Last Supper' တြင္လည္းေတြ႕ရေသာေၾကာင့္ ေလ့လာသူမ်ားအတြက္ ေတြးေတာစရာမ်ားစြာ ေပၚေပါက္လာေစပါသည္။ ထို႔အျပင္ မိုနာလီဇာပန္ခ်ီကားကို ဘယ္ဘက္ခပ္ေစာင္းေစာင္း အေနအထားမွၾကည့္ပါက သူမရင္ဘတ္နားတြင္ မိေခ်ာင္းပါးစပ္ပံုကိုလည္း ေတြ႕ရမည္ျဖစ္ပါသည္။

အထူးျခားဆံုးအေနျဖင့္ ထိုအေနအထားတြင္ သူမ၏မ်က္ႏွာကိုၾကည့္လိုက္ပါက အေျဖကို ရွာေဖြေဖာ္ထုတ္ႏိူင္ရန္ အလြန္နီးကပ္ေနသည့္အတြက္ အားေပးသည့္အလား အစြမ္းကုန္ၿပံဳးျပေနေသာ မိုနာလီဇာအား ေတြ႕ျမင္ရမည္ျဖစ္ပါေၾကာင္း.......

#အခ်ဳပ္အားျဖင့္ Louvre Museum ထဲက
Mona Lisa ႏွင့္ The Last Supper ပန္ခ်ီကားၾကားမွာ ဘယ္လိုဆက္စပ္မႈေတြရွိေနတာလဲ?

#သူမမ်က္လံုးထဲက နံပါတ္ေတြ စာလံုးေတြဟာ ဘယ္လိုအဓိပၸာယ္ေဆာင္ေန သလဲ?

#ပန္းခ်ီကားထဲက ပန္ခ်ီေတြျဖစ္တဲ႔ ေနာက္ခံရႈေမ်ာ္ခင္း တည္ေနရာေတြနဲ႔ သတၱဝါေတြကေကာ ဘယ္လိုအေၾကာင္းေၾကာင့္ ထည့္သြင္းေရးဆြဲခဲ႔တာလဲ?

ဆိုတာေတြကေတာ့ ေနာက္ႏွစ္ရာေပါင္းမ်ားစြာအထိ ပေဟဌိတစ္ခုအျဖစ္ က်န္ရွိေနဦးမွာျဖစ္ၿပီး Leonardo di ser Piero da Vinci မွလြဲ၍ ေနာင္လာေနာက္သားမ်ားအတြက္ မေျဖရွင္းႏိူင္ေသာ Da Vinci Code တစ္ခုအေနနဲ႔ ဆက္လက္က်န္ရွိေနဦးမွာ ျဖစ္ပါေၾကာင္း.......

#လႊမ္းမိုးေအာင္
     5.4.17

#Translated_by_DrAung
#Blue_Tree's Art

Unicode version

#MYSTERY_OF_THE_MONA_LISA'
#မိုနာလီဇာ_ပန်ချီကားမှ_လျို့ဝှက်ချက်များ
*********************************
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်ခန့်က လီယိုနာဒို ဒါဗင်ချီသည် ပန်ချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲခဲ့ပါသည်။ ထိုပန်ချီကားသည် Oil on poplar အမျိုးအစားဖြစ်ပြီး အမျိုးသမီးတစ်ယောက်၏ ကိုယ်တစ်ပိုင်းပုံကို ရေးခြယ်ခဲ့ခြင်းဖြစ်သည်။ ထိုပန်ချီကားသည် ယခုလက်ရှိအချိန်တွင်မူ ကမ္ဘာ့္ဘလူသိအများဆုံး, လည်ပတ်ကြည့်ရှုခံရဆုံး, စာပေကဗျာများတွင် ထည့်အသွင်းခံရဆုံး, သီချင်းရေးစပ်သူများ အသုံးအပြုဆုံးနှင့် ပြန်လည်တုပရေးဆွဲခြင်း ခံရဆုံးသော ပန်ချီကားချပ်အဖြစ် တည်ရှိနေခဲ့တာပါ။ ထိုအရာကတော့ ပြင်သစ်များက La Joconde (သို့) အီတာလီလူမျိုး များက La Gioconda လို့သိထားကြပြီး အများစုကတော့ 'Mona Lisa' ဆိုပြီး သိထားကြသော ပန်ချီကားချပ်ပဲဖြစ်ပါတယ်။

လီယိုနာဒို ဒါဗင်ချီသည် Mona Lisa ပန်ချီကားကို အီတလီနိူင်ငံ ဖလောရင့်စ်မြို့တွင် ၁၅၀၃ နှင့် ၁၅၀၆ ခုနှစ်ကြားမှာ စတင်ရေးဆွဲခဲ့တယ်လို့ ခန့်မှန်းရပြီး ၁၄ နှစ်အကြာ ၁၅၁၇ ခုနှစ်နှောင်းပိုင်း ပြင်သစ်နိူင်ငံပြောင်းရွေ့အပြီးမှ လက်စသတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဗင်ချီက ထိုပန်ချီကားကို ဘာကြောင့်အဲ့ဒီလောက်အချိန်ကြာအောင် ရေးဆွဲခဲ့ရတာလဲ ? တွေးတောစရာတွေ အများကြီးရှိနေခဲ့တာပါ။ ဒါဗင်ချီဟာ Cipher လုပ်ရာမှာ အလွန်ဝါသနာထုံသူတစ်ယောက်ပါ။ သူ့ရဲ့ စာတမ်းတော်တော်များများကိုလည်း 'mirror writing' ခေါ် လျို့ဝှက်စာရေးနည်းနဲ့ မှတ်တမ်းတင်ထားလေ့ရှိပြီး Cryptex လို့ခေါ်တဲ့ လျို့ဝှက်စာထည့်သွင်းထားတဲ့ စက်တစ်မျိုးကိုလည်း ဖန်တီးခဲ့တယ်လို့ လူအများစုက ယုံကြည်ခဲ့ကြတာပါ။ အလွန်ထက်မြက်ပြီး လျို့ဝှက်တတ်သူအဖြစ် သူ့ခေတ်သူ့အခါက သတ်မှတ်ခံခဲ့ရသူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူ့လိုပညာရှင်မျိုး ထပ်မံပေါ်ထွက်မလာသေးပါဘူး။ ဒါ့အပြင် လက်ရှိအချိန်အထိ ပဟေဌိများစွာကျန်ရှိနေခဲ့တဲ့ သမိုင်းဝင် 'နောက်ဆုံးညစာ' ပန်ချီကားကိုလည်း လီယိုနာဒို ဒါဗင်ချီကပဲ ဖန်တီးခဲ့တာပါ။

ဒီတော့ ဒါဗင်ချီ ၁၄ နှစ်ကြာရေးဆွဲခဲ့တဲ့ Mona Lisa ပန်ချီကားချပ်ကြီးထဲမှာ ဘယ်လိုလျို့ဝှက်ချက်တွေရှိနေမလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်လားဗျာ။

လေ့လာသူတွေအများစုတွေးထင်ထားသလို ဒီပန်ချီကားဟာ မျက်စိလှည့်စားမှုတစ်ခုလေလားလို့ တွေးထင်စရာပါ။ ဒီပန်ချီကားထဲမှာ ပန်ချီကားနောက်တစ်ခု ရှိနေတယ်လို့ ပညာရှင်တွေက ပြောဆိုနေကြပါတယ်။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ Mona Lisa ရဲ့ မျက်လုံးတွေထဲမှာ Cipher လုပ်ထားတဲ့ နံပါတ်တွေအများကြီးပါတယ်လို့ တထစ်ချယုံကြည်နေကြပြီး ထိုနံပါတ်တွေကပဲ ဒါဗင်ချီလျို့ဝှက်ထားတဲ့ နေရာတစ်ခုခုကို ညွှန်းဆိုပြသနိူင်မယ်လို့ ပြောဆိုခဲ့ကြတာပါ။ ဒါဆို လီယိုနာဒို ဒါဗင်ချီက ဒီပန်ချီကားထဲမှာ ဘာကိုလျို့ဝှက်ဖော်ပြခဲ့တာလဲ?

အချို့ကလည်း ဒီကားချပ်ရဲ့ လျို့ဝှက်ချက်ဟာ မိုနာလီဇာရဲ့ အပြုံးထဲမှာရှိတယ်လို့ ပြောဆိုကြပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်ချီကားထဲရှိ သူမ၏ အပြုံးသည် တစ်ခါတစ်ရံ ပျော်ရွှင်စွာပြုံးနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ အနည်းငယ်ဝမ်းနည်းနေသယောင် ဖြစ်နေသည်ဟု လေ့လာသူများက တွေ့ရှိခဲ့ကြပါတယ်။ ဘာလိုအကြောင်းကြောင့် သက်မဲ့ပန်ချီကားချပ်တစ်ချပ်က ပျော်ရွှင်မှု ဝမ်းနည်းမှုကို ဖော်ပြနိူင်မှာလဲ? ဒါကလည်း ပန်ချီကားကြည့်ရှု သူတစ်ဦးချင်းစီရဲ့ စိတ်အခြေအနေပေါ် မူတည်နေသလို ပန်ချီကားကို ရပ်ကြည့်တဲ့တည်နေရာ အနေအထားအလိုက် ပြောင်းလဲတတ်ကြောင်း ပညာရှင်တွေက ဖြေရှင်းခဲ့ကြပါတယ်။

လေ့လာသူ အချို့ကလည်း ပန်ချီကားချပ်ထဲက လူသည် အများသူငါတွေ့မြင်သလို အမျိုးသမီးမဟုတ်ပဲ လီယိုနာဒို ဒါဗင်ချီရဲ့ ကိုယ်တိုင်ရေးပုံတူ ဖြစ်သည်ဟု ပြောကြပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဒါဗင်ချီ၏ ကိုယ်တိုင်ရေးပုံတူထဲမှ မျက်နှာတစ်ခြမ်းကို ဖြတ်ယူ၍ Mona Lisa ၏ မျက်နှာတစ်ခြမ်းတွင် ထပ်လိုက်ပါက ထပ်တူညီသော မျက်နှာတစ်ခုထွက်လာသည်ကို တွေ့ရခြင်းကြောင့်ပင် ဖြစ်ပေသည်။ သို့သော် ထိုအခြင်းကလည်း ပုံရေးဆွဲသူတစ်ဦးတစ်ယောက်တည်း၏ ရေးဆွဲနည်းရေးဆွဲဟန်ဖြစ်နေခြင်း ကြောင့်လောဟု တွေးတောနိူင်ပါသည်။ ထို့ကြောင့် စိတ်အာရုံလှည့်စားမှုများကို မေ့ဖျောက်ထားပြီး မိုနာလီဇာပန်ချီကားချပ်မှ လက်တွေ့ကျသော အခြေခံအချက်များကို ဆက်လက် Decypher လုပ်ကြည့်ရအောင်ဗျာ။.......
________________________________________________
#Mona_Lisa_ကားချပ်မှ_လျို့ဝှက်ချက်နှင့် #အငြင်းပွားဖွယ်ရာများ!
________________________________________________
နံပါတ် ၁ - မိုနာလီဇာသည် ပန်ချီအဆွဲခံနေစဉ် ကိုယ်လေးလက်ဝန် ရှိနေသလော?

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင်မှ စတင်လက်ခံလာကြသော လေ့လာတွေ့ရှိချက်အရ မိုနာလီဇာ၏ အမည်ရင်းမှာ 'Lisa Gherardini' ဖြစ်ပြီး ဖလောရင့်စ်မှ လူကြီးမင်းတစ်ဦး၏ ဇနီးသည်ဟု သိရှိရပါသည်။ ပုံတွင် မိုနာလီဇာသည် အနည်းငယ်မို့မောက်နေသော ဝမ်းဗိုက်အပေါ် လက် ၂ ဖက်ကိုယှက်လျက်တင်ထားခြင်းက ကိုယ်ဝန်ရှိနေခြင်းဖြစ်သည်ဟု ကောက်ချက်ချနိူင်ပါသည်။ ထို့အပြင် ၂၀၀၆ ခုနှစ်တွင် ကနေဒါမှ ပညာရှင်များက ကားချပ်ကို လေဆာဖြတ်စေ၍ မိုနာလီဇာကို 3D ရုပ်လုံးပေါ်စေခဲ့ရာတွင် ဦးခေါင်းနှင့် ပုခုံးအနားမှ အလွန်ပါးလွှာသော ခေါင်းစွပ်ပုဝါအစကို တွေ့ရှိခဲ့ပါသည်။ ထိုအရာသည် ၁၆ ရာစုတစ်ဝိုက် အီတလီတွင် မီးဖွားခါနီးအမျိုးသမီးများသာ ဝတ်ဆင်လေ့ရှိကြောင်း တွေ့ရှိရသည့် အချက်ကလည်း ပထမအချက်ကို ထောက်ခံပေးသယောင် ရှိနေခဲ့ပါသည်။

နံပါတ် ၂ - သူမသည် မိန်းမပျက်မဟုတ်ကြောင်း ထောက်ခံပေးနိူင်ခြင်း။

ပညာရှင်များသည် သူမအား မည်သူမည်ဝါမှန်း အတိအကျ မသိရှိခင်အချိန်များက မိုနာလီဇာသည် ဒါဗင်ချီ၏ မိခင်ဟုလည်းကောင်း, ဒါဗင်ချီ ကိုယ်တိုင်၏ ပုံတူဖြစ်သည်ဟု တစ်ဖုံ, မိန်းမပျက်တစ်ယောက်ပုံ သာဖြစ်သည်ဟုတစ်မျိုး မျိုးစုံကောက်ချက်ချကြပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၆ ရာစုအတွင်းက အီတလီမှ မိန်းမရွှင်များသည် ပန်ချီကားချပ်ထဲမှ မိုနာလီဇာကဲ့သို့ မျက်နှာတွင် အမွှေးအမျင်လုံးဝမရှိပဲ ဆံပင်ကိုလည်း လုံးဝမစည်းနှောင်ပဲ ချထားလေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။ သို့သော် အနီအောက်ရောင်ခြည်လေ့လာချက်များမှ သူမ၏ဆံပင်ကို နောက်တွဲဆံထုံးဖြင့် စည်းနှောင်ထားကြောင်း ကောက်ချက်ချနိူင်သောကြောင့် ထိုစွပ်စွဲချက်ကိုလည်း ပယ်ထုတ်နိူင်ခဲ့ပြီဖြစ်သည်။

နံပါတ် ၃ - ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသည်ဟု သိရှိနိူင်ခြင်း။

အီတလီမှ ပညာရှင်များ၏ လေ့လာချက်အရ သူမ၏ အနက်နဲဆုံး လျို့ဝှက်ချက်ဖြစ်သော အပြုံးသည် ထိုခေတ်ထိုအခါက ပန်ချီကားချပ်များဖြစ်သော ဟင်နရီ ၈ ကဲ့သို့သော ချမ်းသာကြွယ်ဝ အာဏာရှိသူများသည် အဆီအစိမ့်များစားသောက် ယစ်မှုးပြီး သွေးတွင်းကိုလက်စရော မြင့်တက်ချိန်တွင် ပုံတူအဆွဲခံရာ၌ ပြုလေ့ရှိသော အပြုံးမျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် သူမသည် ကြွယ်ဝချမ်းသာကြောင်း ကောက်ချက်ဆွဲနိူင်ပြန်ပါသည်။

နံပါတ် ၄ - မျက်ခုံး မျက်တောင်များ ရှိခဲ့သည်ဟု သက်သေပြနိူင်ခြင်း။

ပြင်သစ်ပညာရှင် ပါစကယ်၏ လေ့လာသက်သေပြချက်အရ မိုနာလီဇာ၏ မျက်ခုံးမျက်တောင်များသည် ဒါဗင်ချီရေးသားခဲ့စဉ်ကတည်းက မပါဝင်ခဲ့သည်မဟုတ်ပဲ အကြိမ်ကြိမ်သန့်စင်မှုနှင့် နှစ်ကြာညောင်းမှုတို့ကြောင့် မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်သည်ဟု ကင်မရာဖြင့် သူမ၏မျက်နှာကို ၂၄ ဆခန့်ချဲ့ပြီး ဖော်ထုတ်နိူင်ခဲ့ပါသည်။

နံပါတ် ၅ - ရွှေအချိုး ဗိသုကာပညာ အယူအဆကို အသုံးပြုရေးဆွဲထားခြင်း။

လီယိုနာဒို ဒါဗင်ချီသည် သချၤာနည်းအရ ပန်ချီကားတစ်ချပ်လုံးကို တိုင်းတာအချိုးချ ရေးဆွဲထားခြင်းဖြစ်ပြီး မျက်နှာဟန်အနေအထားသည် ရွှေအချိုးအတိုင်းရှိနေခြင်းက ပန်ချီကားရှုသူကို မျက်စိမလွှဲစေအောင် ဖမ်းစားထားသော အဓိကအချက်တစ်ချက်ဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့ရပါသည်။

နံပါတ် ၆ - မိုနာလီဇာ ပြုံးနေသလား? မဲ့နေသလား?

မိုနာလီဇာ ပြုံးနေလား မဲ့နေလားဆိုတဲ့ အငြင်းပွားမှုဟာ နှစ်ပေါင်း ၅၀၀ နီးပါးရှိခဲ့ပါပြီ။ ကြည့်ရှုသူရဲ့ စိတ်အခြေအနေ တည်နေရာတွေအလိုက် ပြောင်းလဲတယ်လို့ ပြောခဲ့ကြပေမယ့် ၂၀၀၅ ခုနှစ်မှာ ဒက်ချ်လူမျိုး လေ့လာသူတစ်ဦးက 'Emotion Recognition' ကွန်ပြူတာဆော့ဖ်ဝဲကို အသုံးပြုပြီး မိုနာလီဇာရဲ့ စိတ်အခြေအနေ အတိအကျကို ဖော်ထုတ်ပေးနိူင်ခဲ့ပါပြီ။ အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ;

smile, 83%
happy, 9%
disgusted, 6%
fearful, 2%
angry, less than 1% neutral, and
0% surprised

နံပါတ် ၇ - မျက်လုံးထဲမှ Cipher များ။

သာမာန်မျက်လုံးများဖြင့် မမြင်တွေ့နိူင်သော်လည်း အဆပေါင်းများစွာချဲ့၍ ကြည့်ရှုပါက မိုနာလီဇာ၏ မျက်လုံးထဲတွင် လျို့ဝှက်နံပါတ် (သို့) စာလုံးများကို တွေ့မြင်ရမည် ဖြစ်သည်။ သူမ၏ ညာဘက်မျက်လုံးထဲတွင် 'LV' ဟူသောစကားဝှက် နှင့် ဘယ်ဘက်တွင်မူ 'CE သို့ B' ဟူသော အမှတ်အသားကို တွေ့မြင်ရမည်ဖြစ်သည်။ ပန်ချီကားနောက်ခံဖြစ်သော တံတားလေး၏ အကွေးနားတွင်လည်း '72' ဟူသော စာလုံးများကို အံ့ဖွယ်တွေ့ရမည်ဖြစ်ပါသည်။ ထိုအက္ခရာ စာလုံးများသည် မည်သည်ကို ရည်ညွှန်းမှန်း လက်ရှိအချိန်ထိ မဖော်ထုတ်နိူင်သေးသော်လည်း ထိုစာလုံးများကို ဒါဗင်ချီမှ နှစ်ပေါင်း ၅၀၀ ကျော်ခန့် ကွယ်ဝှက်ပြထားသည်မှာ အံ့ဖွယ်ကောင်းလှပေသည်။

နံပါတ် ၈ - ပန်ချီကားချပ်ထဲမှ ပုန်းကွယ်နေသော သတ္တဝါများ။

မိုနာလီဇာ ပန်ချီကားသည် အမှန်တစ်ကယ် ပန်ချီကားချပ်ထဲမှ ပန်ချီကားဖြစ်ပါသည်။ ပန်ချီကားချပ်ကို ဘေးဘယ်ညာ အထက်အောက်လှန်ကြည့်ပါက ခြငေ်္သ့, လူဝံ, ကျွဲ ခေါင်းနှင့် မြည်းပုတို့အား တွေ့ရမည်ဖြစ်သည်။ ထိုသတ္တဝါ လေးမျိုးစလုံးကွယ်ဝှက်ရေးဆွဲထားပုံကို ဒါဗင်ချီ၏ 'The Last Supper' တွင်လည်းတွေ့ရသောကြောင့် လေ့လာသူများအတွက် တွေးတောစရာများစွာ ပေါ်ပေါက်လာစေပါသည်။ ထို့အပြင် မိုနာလီဇာပန်ချီကားကို ဘယ်ဘက်ခပ်စောင်းစောင်း အနေအထားမှကြည့်ပါက သူမရင်ဘတ်နားတွင် မိချောင်းပါးစပ်ပုံကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

အထူးခြားဆုံးအနေဖြင့် ထိုအနေအထားတွင် သူမ၏မျက်နှာကိုကြည့်လိုက်ပါက အဖြေကို ရှာဖွေဖော်ထုတ်နိူင်ရန် အလွန်နီးကပ်နေသည့်အတွက် အားပေးသည့်အလား အစွမ်းကုန်ပြုံးပြနေသော မိုနာလီဇာအား တွေ့မြင်ရမည်ဖြစ်ပါကြောင်း.......

#အချုပ်အားဖြင့် Louvre Museum ထဲက
Mona Lisa နှင့် The Last Supper ပန်ချီကားကြားမှာ ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ?

#သူမမျက်လုံးထဲက နံပါတ်တွေ စာလုံးတွေဟာ ဘယ်လိုအဓိပ္ပာယ်ဆောင်နေ သလဲ?

#ပန်းချီကားထဲက ပန်ချီတွေဖြစ်တဲ့ နောက်ခံရှုမျော်ခင်း တည်နေရာတွေနဲ့ သတ္တဝါတွေကကော ဘယ်လိုအကြောင်းကြောင့် ထည့်သွင်းရေးဆွဲခဲ့တာလဲ?

ဆိုတာတွေကတော့ နောက်နှစ်ရာပေါင်းများစွာအထိ ပဟေဌိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာဖြစ်ပြီး Leonardo di ser Piero da Vinci မှလွဲ၍ နောင်လာနောက်သားများအတွက် မဖြေရှင်းနိူင်သော Da Vinci Code တစ်ခုအနေနဲ့ ဆက်လက်ကျန်ရှိနေဦးမှာ ဖြစ်ပါကြောင်း.......

#လွှမ်းမိုးအောင်
     5.4.17

#Translated_by_DrAung
#Blue_Tree's Art

No comments:

Post a Comment