Apr 2, 2017

႐ိုစီ

Zawgyi version

ရိုစီ
*********

တစ္ခါမွ
မိန္းမေကာင္းဟန္မေဆာင္ခဲ့သူ ရိုစီ
ေတြ ့ဘူးသမွ်ထဲက အေကာင္းဆံုးမိန္းမ

သတၱိဆိုတာ
အမွန္ကိုရင္ဆိုင္ျခင္းပဲဆိုတဲ့ မင္းစကား
ငါ့ပါးကို ျဖတ္ရိုက္ခဲ့

ဘယ္အခ်ိန္ေတြ ့ေတြ ့
ဘယ္သူနဲ ့ ေတြ ့ေတြ ့
ဟုတ္ကဲ့ ကြ်န္မ ရိုစီပါ
သိပ္သစၥာၾကီးတယ္

ကြ်န္မလား
ဘယ္ေတာ့မွအလုပ္ကိုဝတ္ေက်တန္းေက် မလုပ္ဖူး
မတန္ဘူးထင္ရင္
ရွင့္ပိုက္ဆံရဲ့ႏွစ္ဆျပန္ယူသြားလို ့ ရတယ္
တစ္ခုပဲ
နည္းနည္းေလးမွ အႏိုင္မက်င့္နဲ ့
ခဲတံနဲ ့ လည္း ေလျပြန္ေဖာက္ပစ္လိုက္လို ့ ရတယ္
စီးကရက္အစီခံမီးတို ့ျပီး ျပားလိုက္ရင္
လည္ပင္းကအသားကိုလွီးလို ့ ရတယ္
တစ္ေယာက္တည္းရပ္တည္ေနတာ
ရွင့္ဘက္ကသာ ယဥ္ေက်းလိုက္
အသည္းခိုက္သြားေစရမယ္
ခ်စ္တတ္ေအာင္သင္ေပးႏိုင္တဲ့ နတ္ဘုရားမ
ယဥ္ယဥ္ေလး လွသူ
အာရွဂုဏ္ေဆာင္ လိင္အလုပ္သမ
ငါ့ညီမအရင္းသာျဖစ္လိုက္ပါေတာ့ေလ

ငါ့စီးကရက္ ဆြဲယူဖြာရွိဳက္
အသက္တိုမွာမေၾကာက္ဖူးလားတဲ့
မီးခိုးေရာယွက္ စကားဆို
ငါ မင္းကို
ကိေလသာထက္ပိုေအာင္ခ်စ္မိခဲ့ပါေပါ့

ရွင့္ပိုက္ဆံေတြ မႏွေမ်ာဘူးလား
ငါမင္းကို စကားေျပာခ်င္ယံုပါပဲ
တသိမ့္သိမ့္လွဳပ္လို ့ ရီုစီရယ္ေတာ့တယ္
မ်က္ႏွာလႊဲျပီး ေျပာတဲ့ စကား
သနားစရာပဲ

ဟုတ္ပါရဲ့
အဲဒီပိုက္ဆံ ငါးေသာင္းကို
သံုးလတိတိစုခဲ့ရပါတယ္
ငါ့စကားကို နားေထာင္ဖို ့
ငါ့ကိုစကားျပန္ေျပာဖို ့ အတြက္
ရက္ရက္စက္စက္တန္ပါတယ္
ရိုစီတည္ျငိမ္သြား
မ်က္လံုးအေရာင္ေျပာင္းသြား
ခါးဝင္းဝါဆြဲဖံုး
အပၚထည္ေကာက္ဝတ္
ငါ့ကိုညင္သာ ဆြဲယူေပြ ့ဖက္ ေတာ့
မိခင္လိုေမာ့ၾကည့္ ငါငိုတယ္
သူ ့ ရင္တခို ရႊဲရႊဲစိုသြားတဲ့အထိ
ႏွစ္ရွည္မိုးေခါင္ကုန္းရိုးတေလ်ာက္
အျငိဳးနဲ ့ျဖိိဳးျဖိဳးေျဖာက္ မိုးရြာသလို 
ငါ့အေမ ေသရြာကျပန္လာသလို
ေရေတြ ့ တဲ့ ဖားလို
သံုးဆယ့္ငါးႏွစ္စာ ငါငိုတယ္ 

သူ ့ မ်က္လံုးကို ေမာ့ၾကည့္ေတာ့
ေသြ ့ေျခာက္ၾကည္လင္ ပကတိေမတၱာရွင္
ရိုစီဘာလို ့ မငိုတာပါလိမ့္
မေမးပဲနဲ ့ ရိုစီက ေျဖတယ္
တစ္ဘဝလံုးစာ ကြ်န္မ ငိုျပီးသြားပါျပီ
ျပီးေတာ့
ရွင့္မ်က္ရည္ေတြရဲ့ ျမစ္ဖ်ားခံရာအထိ
ကြ်န္မ သိတယ္
ေမ့ပစ္လိုက္ပါ
ကြ်န္မအခု ရယ္စရာေတြ ေျပာျပမယ္

ကြ်န္မဟာ
အာရွရဲ့ တန္ဘိုး
တိုင္းျပည္ရဲ့ စံ
အားလံုးရဲ့ ဂ်ီဒီပီ
က်ဴးေက်ာ္တို ့ ရဲ့ ဘုရင္မ
ႏ်ဳ ့ ေမာ္ဒယ္
အျမင့္မားဆံုးဝယ္လိုအား
အခ်ိန္ကိုက္ေဖာက္ကားမွဳ
သမနိရွည္စီးပြားေရး
သမၼာအာဇီဝရဲ့ က်က္သေရ
ရီုးသားမွဳရဲ့ ျပယုဂ္
သန့္ရွင္းေသာအေမြအႏွစ္
ရာဇဝတ္မွဳေလ်ာ့ခ်ေရး 
ယဥ္ေက်းေစသူ မိခင္
ဆုေတာင္းျပည့္ေစသူ ကေဝမ
ႏွမခ်င္းစာနာစိတ္တို ့ အရင္းခံ
စားသံုးသူအျမဲမွန္ စြန္ ့ ဦးရွင္
ေတာ္ပါေတာ့ကြယ္ ရိုစီရယ္ 

ငါ ေပါ့ပါးသြားခဲ့ရ
ေကာ္ဖီေသာက္ၾကစို ့ ရိုစီ
မင္းအတိတ္ေတြပါ ထည့္ေဖ်ာ္ခဲ့ဆိုေတာ့
ျမားတစ္စင္းလိုဒိုင္းကနဲၾကည့္တယ္ ရိုစီက
ႏွဳတ္ခမ္းေလးတြန့္ရံုျပံဳးရဲ့
လြမ္းေအာင္ေျပာရမလား
နာေအာင္ေျပာရမလား
ရွင္ၾကားဖူးျပီးသားဇာတ္လမ္းေတြ
တစ္ရာမွာရွစ္ဆယ္ေလာက္က
ေခါင္းစဥ္တူေတြခ်ည္းပါပဲ
ျပီးေတာ့
ရွင္ေပးထားတဲ့အထဲမွာအဲဒီအတြက္မပါဘူးေလ
ခဏစဥ္းစားျပီးမွ စိတ္ေျပာင္းသြားရွာတယ္
ေကာင္းျပီေလ
ရွင္က ဆင္းရဲသားဆိုေတာ့
အမွန္တရားနဲ ့ ထိုက္တန္ပါေပတယ္  

တရားခံက ကြ်န္မပါ
ရုပ္ရွင္ထဲကလို ပေထြးလည္းမရွိပါဘူး
အေမကလည္းဘြဲ ့ ရ ပါပဲ
ပညာတတ္လို ့ မေျပာဘူးေနာ္ 
ဒါေပမယ့္
ေက်ာင္းမွာမသင္တဲ့ဘာသာရပ္ကိုပဲ
ရိုစီအသည္းအသန္ျဖစ္ခဲ့တယ္
ဝမ္းကြဲေတြရဲ့အိပ္ခန္းဟာ
ကြ်န္မရဲ့ လက္ေတြ ့ခန္းေတြပဲ
ဆယ့္သံုးႏွစ္ကေန ဆယ့္ရွစ္ႏွစ္အထိ
အေဖ ဘုန္းၾကီးဝတ္သြားတဲ့အထိ
အေမဘိုင္းခနဲ လဲေသသြားတဲ့အထိ
ကိုယ္ဝန္ပ်က္က် ေဆးရံုတက္ရတဲ့အထိ
မိဘမဲ့ေဂဟာေရာက္သြားတဲ့အထိ
အဲဒီကထြက္ေျပးတဲ့အထိ
ကယ္တင္ရွင္အတုေတြ ေတြ ့ တဲ့အထိ
ေခါင္းပံုျဖတ္ခံရတဲ့အထိ
ေတာ္လွန္တတ္လာတဲ့အထိ
ဖ်ားနာေနတဲ့အထိ
က်န္းမာေရးျပန္လိုက္စားတဲ့အထိ
အခုရွင္နဲ့ ေတြ ့ ေနတဲ့အထိ
ေနာက္ထပ္ဘာသိခ်င္ေသးလဲအထိ

စႏိုက္ပါတစ္ေယာက္ရဲ့က်ည္ဆံေတြလို
ေမ်ွာ္လင့္မထားတဲ့ေမးခြန္းေတြ
ပညာေရးစနစ္ကိုရွင္ဘယ္လိုျမင္သလဲ
လူမွဳအသိုင္းအဝန္းကိုဘယ္လိုထင္သလဲ
ဘြဲ ့ ရ နဲ ့ ပညာတတ္ သဲကြဲသလား
အပ်ိဳေဖာ္လူပ်ိဳေဖာ္ဝင္စ
ေသြးသားဆႏၵ ျဖတ္ေက်ာ္ပံုနည္းလမ္းမ်ား 
မထိေရာက္တဲ့ပန္းဖလက္မ်ား
ရပ္ကြက္ဗြီဒီယိုရံုကအသံမ်ား
အလင္းေရာင္မလံုေလာက္မွဳမ်ား
ဝင္းျခံမလံုေလာက္မွဳမ်ား
အိမ္ရွိလူကုန္အလုပ္ထြက္လုပ္ရျခင္းမ်ား
ရိုစီရဲ့ အတြင္းသားေတြ
အရိုးသားဆံုးရီုစီရဲ့ အတြင္းသားေတြ
ဟား   
ငါ့ကိုခဏ နားခြင့္ေပးပါဦး ရိုစီ

ရိုစီရဲ့ စကားေတြနဲ ့
ငါ တရားထူး ရ ခဲ့
ရိုစီရဲ့ ေမးခြန္းမ်ားနဲ ့ ေသြးစြန္းသြားခဲ့တဲ့ ငါ 
မင္းလက္ႏွစ္ဖက္ေလးခဏကိုင္ထားပါရေစ 
မင္းမ်က္ဝန္းေတြခဏျပန္ၾကည့္ပါရေစ 
အဲသလိုမ်ိဳးလင္းလက္မွဳေတြ ငါငတ္ေနတာပါ 

ခဏၾကာေတာ့
ရိုစီထသြားျပီး မ်က္ႏွာသစ္တယ္ 
သူ ့ စိတ္ကို ေလ်ာ္ဖြတ္နည္းတစ္မ်ိဳးထင္ရဲ့ 
သူ ့ ဆံပင္ေတြ ျဖီးသင္ေနျပန္တယ္ 
ငါတို ့ အသံမဲ့ေလေလ
နားလည္မွဳေရခ်ိန္ျမင့္ေလေလလား
သြားေပၚတဲ့အထိျပံဳးျပလိုက္ျပန္တယ္
ျဖဴစင္လွခ်ည့္
ၾကီးျမတ္လွခ်ည့္
သူ ့ ေပါင္သားထက္သူ ့ သြားေတြကပိုျဖဴစင္
သူ ့ ရင္သားထက္သူ ့ မ်က္လံုးေတြပိုၾကီးျမတ္
အေတြ ့အထိထက္ အေတြးအျမင္ပိုျပင္းထန္တဲ့
ရိုစီရဲ့ ည
တစ္ေခတ္လံုးရဲ့ျဖတ္ပိုင္းမ်ဥ္းကိုငါရခဲ့
ငါ့အေရျပားကိုဆြဲလွန္ပစ္ခဲ့သူ
ရိုစီ့ခႏၶာရွိဳက္ဖိုထက္
ရိုစီ့ဘဝကြန္တိုဟာ
ဘယ္ႏွေယာက္ကို ကိုယ္စားျပဳေနပါသလဲ 

ငါဘယ္လိုအိပ္ရမလဲရိုစီရယ္
ကြ်န္မတစ္ေရးအိပ္လိုက္ဦးမယ္ဆိုတာကို
ေခါင္းညိတ္ျပရံုေလာက္ပဲတတ္ႏိုင္တယ္

ႏွစ္ျခိဳက္စြာအိပ္ေမာက်ေနေသာ အို ရိုစီ
အလွဘုရားမေလးေရ
တိုင္းျပည္ရဲ့ေက်ာက္မ်က္ရတနာေလးေရ
သန္းေျခာက္ဆယ္ရဲ့ဂုဏ္ထူးေဆာင္ေလးေရ
ေအာက္ဆံုးအလႊာရဲ့ေအာင္လက္မွတ္ေလးေရ
အိပ္မက္ထဲမွာေက်ာင္းျပန္တက္ေနျပီလားကြယ္
ေကာင္းမြန္တဲ့မိဘ
သန့္ရွင္းတဲ့ပတ္ဝန္းက်င္
ထိေရာက္အသံုးဝင္တဲ့ပညာေရးနဲ ့
မင္းရဲ့အပ်ိဳေဖာ္ဝင္စ ကို 
လွလွပပျဖတ္ေက်ာ္ေနေရာ့ေပါ့
အၾကာၾကီးအိပ္ပါကြဲ ့ ငါ့ ရိုစီ
ျပည့္စံုကုံလံုတဲ့
အိပ္မက္ထဲမွာ အၾကာၾကီးေနပါဦး
မင္းႏိုးသြားမွာစိုးလို ့
ငါအံမၾကိတ္ဘူး
တက္မေခါက္ဘူး
မီးေတာက္ေနတဲ့မ်က္လံုးမ်ားနဲ ့
ဘယ္ယႏၲရားကိုမွ ငါမၾကည့္ပါဘူး
တန္တဲ့ဘဝကိုပဲငါတို ့ ရ ခဲ့ၾကပါတယ္

အိပ္ေနရင္းနဲ့
ခစ္ခနဲတစ္ခ်က္ ရိုစီရယ္ျပန္တယ္ 
မင္းေပ်ာ္ေနတာ ေသခ်ာေတာ့
ငါ့မွာနာက်င္ခံစားရျပန္တယ္
ရိုစီေရ 
ရိုစီေရ 
ငါ့မ်က္လံုးေတြ မွိတ္
တိတ္တိတ္ေလးတိုးတိုးေလး ငါေခၚေန 
ရိုစီေရ
ရိုစီေရ 
ဘုရားဘုရား 
ရိုစီေတြက အမ်ားၾကီးပါလား
ေျခာက္ျခားလွခ်ည္ရဲ့ 

ေနာက္ဆံုးေျခာက္ျခားျခင္းပဲျဖစ္မွာပါေလ

ရိုစီမႏိုးေအာင္အသာအယာ ထ
မ်က္ႏွာတဝၾကီး သစ္ပစ္လိုက္ရတယ္ 

ေမ်ာ္လင့္သလိုမျဖစ္တာဟာေခတ္ရဲ့ေပတံလား
ရိုစီႏိုးသြားခဲ့ပါျပီ

ကေလးေလးတစ္ေယာက္လိုဇေဝဇဝါနဲ ့
ေဘးဘယ္ညာၾကည့္ေန႐ွာတယ္
သေဘာေပါက္လြယ္တဲ့ရိုစီဟာ
ငါ့ကိုျပံဳးျပဖို ့ လိုက္ရွာေနပံုပါ
အခန္းေထာင့္အေမွာင္ထဲ
ခံုတစ္လံုးဆြဲထိုင္ေနတဲ့ငါ့ကိုေတြ ့မွ 
သက္ျပင္းဖြဖြခ်ႏိုင္တယ္
ဘယ္အသက္အရြယ္အထိမင္းလွမွာမို့လဲရိုစီ
ငါ့အေတြးကိုမ်က္လံုးဝင့္ၾကည့္တယ္
ျပီးေတာ့တစ္ခြန္းခ်င္းေျပာတယ္
ကြ်န္မဘဏ္မွာပိုက္ဆံစုထားတယ္
အိုး ရိုစီ
မင္းဟာငါ့ကိုေပ်ာ္ရႊင္ေစသူပဲ
ငါ့ေသာကကိုေခ်ဖ်က္ႏိုင္သူပဲ
မ်က္လံုးကိုဖတ္ႏိုင္တဲ့စုန္းမပဲ
ငါ့ကိုယ္ငါသာမုန္းခြင့္ျပဳပါကြယ္ 

ရိုစီေရ
မိုးလင္းေတာ့မယ္
မဲေမွာင္တဲ့မင္းအခန္းေလးဆီမင္းျပန္ဖို ့ သင့္ျပီ
တစ္ခုတည္းေသာမင္းျပဴတင္းေပါက္ကို
ဖြင့္ထားျပီးမွ နားပါေလ
တျခားလူေတြလိုလိုက္မပို ့ ႏိုင္တာခြင့္လႊတ္ပါ
ငါအျပင္မထြက္တာႏွစ္မ်ားစြာ ၾကာျပီ

အဲဒီႏွစ္မ်ားအတြင္း
မင္းဟာ
ပထမဆံုးနဲ ့ ေနာက္ဆံုးမိတ္ေဆြပါ

ဘာ
အျပစ္ဝန္ခံရမယ္ ဟုတ္လား
မင္းကသင္းအုပ္ဆရာလားကြ
ရွင္အမွားတစ္ခုခုက်ဴးလြန္မထားပဲ
အခန္းထဲမွာဒီေလာက္အၾကာၾကီးမေနဘူး
သြားစမ္းပါ အပ်က္မ ရိုစီရယ္
ငါ့ကိုေဒါသထြက္ေအာင္မလုပ္ပါနဲ ့
ဒါဆိုကြ်န္မလည္း မျပန္ေတာ့ဘူး
ရိုစီ ထိုင္ခ်လိုက္ေလရဲ့
အရုဏ္မလာခင္အေမွာင္ဆံုးအခိုက္အတန္ ့ မွာ
ေၾကာက္မက္ဖြယ္ရာ တိတ္ဆိတ္ျငိမ္သက္
ရိုစီနဲ ့ ငါ
အေတာ္ၾကာၾကာအထိ
အသံမဲ့အားျပိဳင္ေနမိၾက
ၿဗဳန္း ဆို
ျပတင္းေပါက္ကိုရိုစီေျပးဖြင့္တယ္
အား   
ရိုစီမလုပ္နဲ့  မလုပ္နဲ့  အခုခ်က္ခ်င္းျပန္ပိတ္္ 
ရိုစီေရ
ငါအရွံဳးေပးပါျပီကြယ္
ငါေျပာျပပါ့မယ္ 
အဲဒီျပတင္းတံခါးကိုပိတ္ျပီး
ငါ့အနားမွာလာထိုင္ပါ

ငါဟာ 
အလင္းေရာင္ကိုမၾကည့္ႏိုင္ေတာ့တဲ့ မ်က္လံုးပိုင္ရွင္ပါ
ငါ့မ်က္လံုးေတြဟာ
အလင္းဒဏ္ကိုမခံႏိုင္ေတာ့ပါဘူး
အေမွာင္ထဲမွာလည္းမေနခ်င္ေတာ့ပါဘူး ရိုစီရယ္
ဘယ္မွာျဖစ္ခဲ့တယ္
ဘယ္သူေတြလုပ္ခဲ့တယ္ဆိုတာလည္း
မင္းမသိခ်င္ပါနဲ ့ ေတာ့
မျပန္ ့ ပြားသင့္တဲ့အထဲမွာ
အမုန္းတရားလည္းေရွ ့ဆံုးက ပါတယ္
မထြန္းကားသင့္တဲ့စနစ္ထဲမွာ
သည္ေလာေအာ့ ဖွစ္ရွ္ လည္းေရွ ့ဆံုးက ပါတယ္
ငါဘယ္သူ ့ ကိုမွ မနာက်ည္းပါဘူး
ဘယ္သူ ့ ကိုမွလည္း
ငါ့အတြက္မနာက်ည္းေစခ်င္ပါဘူး
ငါ့သမိုင္းကို ငါ ေရးျပီးပါျပီ

ငါဟာ
ေနာက္ဘဝမွာ
အလင္းေရာင္ထဲမွာေနႏိုင္မွာ ေသခ်ာရဲ့
ငါေက်ာင္းျပီးေအာင္တက္ႏိုင္မွာလည္းေသခ်ာရဲ့ 
ငါ့မိဘေတြကို
စိတ္မဆင္းရဲေစမွာလည္း ေသခ်ာရဲ့
စနစ္ေျပာင္းျပီးေခတ္ေကာင္းေနမွာလည္းေသခ်ာရဲ့     
ျပီးေတာ့
မင္းနဲ ့ ျပန္ေတြ ့ မွာလည္း ေသခ်ာရဲ့
သန့္စင္တဲ့ႏွင္းဆီပန္းေလးအျဖစ္နဲ ့ ေပါ့
အိုး ရိုစီေရ
မင္းဟာ
ငါေတြ ့ ဖူးသမ်ွထဲမွာ
အညင္သာဆံုးတစ္ေယာက္ပါ
ငါ့ကိုေက်နပ္ေစသူ
ငါ့ဘဝရဲ့ ဥာဏ္အလင္း
ေခတ္ရဲ့ေၾကးမံုျပင္
တိုင္းျပည့္လည္ဆြဲေလးရိုစီေရ
မင္းျပန္လို ့ ရျပီ မဟုတ္လားကြယ္

ရိုစီဟာ
အသာအယာထိုင္ျပီး
ငါ့ကိုကန္ေတာ့ေနေလရဲ့
အသာအယာျပန္ ထ ျပီး
ေျခညီညီရပ္
ခါးမတ္မတ္နဲ ့
ေျဖာင္းခနဲငါ့ကိုအေလးျပဳလိုက္  ပါေလေရာ
အၾကာၾကီး
သူ ့ မ်က္ခံုးေမႊးနားက သူ ့ လက္ဖဝါး
တဆတ္ဆတ္ တုန္ လို ့

ငါလည္းေျဖာင္းခနဲျပန္အေလးျပဳလိုက္တယ္

ငါ့ႏွဳတ္ခမ္းကိုတင္းတင္းေစ့
အံၾကိတ္ထားတယ္
မငိုဘူး
ငါ မငိုေတာ့ဘူး
ငိုစရာလည္းမလိုေတာ့ဘူးေလ  
ေခတ္ၾကီးတစ္ခုလံုးကို ကိုယ္စားျပဳထားတဲ့
တိုင္းျပည့္မ်က္ရြဲ ရင္ခြင္ထဲမွာ
ညဦးပိုင္းကတည္းက
ဝေအာင္ငိုခဲ့ရျပီးျပီ
ငါ့လက္ကိုေအာက္ျပန္ခ်တယ္
သက္ျပင္းခ်တယ္
ရိုစီ့ကိုေနာက္ဆံုးအေနနဲ ့ ျပံဳးျပတယ္
ကုတင္ေပၚမွာ
အသာအယာလွဲေနလိုက္ေတာ့တယ္

စလင္းဘက္ကိုလြယ္လိုက္တဲ့ရိုစီဟာ
အခန္းတံခါးကိုျပန္ပိတ္ေပး
တေဒါက္ေဒါက္နဲ ့ ေျပးဆင္းသြားေလရဲ့
ငါတစ္ေယာက္တည္းျပံဳးလိုက္တယ္

ေနာက္တစ္ေန ့ ညေနမွာ
ေျခသံတေဒါက္ေဒါက္ေပးျပီး
ရိုစီေျပးတက္လာဦးမွာ ငါသိတာေပါ့
ကုတင္ေပၚကငါ့ရုပ္အေလာင္းရဲ့
အသုဘရွင္အျဖစ္နဲ ့ ေလ

သူ ့ အစ္ကိုပါ လို ့ သူေျပာမယ္
တစ္ေခတ္ထဲေမြးတဲ့
ေမာင္ႏွမအရင္းေတြပါလို ့ သူ ေျပာမယ္
တစ္ေခတ္လံုးကိုယ္စား
ငါ့အေလာင္းကိုေကာင္းေကာင္းသျဂၤိဳဟ္ပါလိမ့္မယ္
သူ ငိုမွာမဟုတ္ဘူး
ေက်းဇူးအထူးတင္ပါတယ္ ရိုစီ ။               ။

ကိုေဇာ္(ကေလးျမိဳ ့ )
25.1.2016.

Unicode version

ရိုစီ
*********

တစ်ခါမှ
မိန်းမကောင်းဟန်မဆောင်ခဲ့သူ ရိုစီ
တွေ့ဘူးသမျှထဲက အကောင်းဆုံးမိန်းမ

သတ္တိဆိုတာ
အမှန်ကိုရင်ဆိုင်ခြင်းပဲဆိုတဲ့ မင်းစကား
ငါ့ပါးကို ဖြတ်ရိုက်ခဲ့

ဘယ်အချိန်တွေ့တွေ့
ဘယ်သူနဲ့ တွေ့တွေ့
ဟုတ်ကဲ့ ကျွန်မ ရိုစီပါ
သိပ်သစ္စာကြီးတယ်

ကျွန်မလား
ဘယ်တော့မှအလုပ်ကိုဝတ်ကျေတန်းကျေ မလုပ်ဖူး
မတန်ဘူးထင်ရင်
ရှင့်ပိုက်ဆံရဲ့နှစ်ဆပြန်ယူသွားလို့ ရတယ်
တစ်ခုပဲ
နည်းနည်းလေးမှ အနိုင်မကျင့်နဲ့
ခဲတံနဲ့ လည်း လေပြွန်ဖောက်ပစ်လိုက်လို့ ရတယ်
စီးကရက်အစီခံမီးတို့ပြီး ပြားလိုက်ရင်
လည်ပင်းကအသားကိုလှီးလို့ ရတယ်
တစ်ယောက်တည်းရပ်တည်နေတာ
ရှင့်ဘက်ကသာ ယဉ်ကျေးလိုက်
အသည်းခိုက်သွားစေရမယ်
ချစ်တတ်အောင်သင်ပေးနိုင်တဲ့ နတ်ဘုရားမ
ယဉ်ယဉ်လေး လှသူ
အာရှဂုဏ်ဆောင် လိင်အလုပ်သမ
ငါ့ညီမအရင်းသာဖြစ်လိုက်ပါတော့လေ

ငါ့စီးကရက် ဆွဲယူဖွာရှိုက်
အသက်တိုမှာမကြောက်ဖူးလားတဲ့
မီးခိုးရောယှက် စကားဆို
ငါ မင်းကို
ကိလေသာထက်ပိုအောင်ချစ်မိခဲ့ပါပေါ့

ရှင့်ပိုက်ဆံတွေ မနှမျောဘူးလား
ငါမင်းကို စကားပြောချင်ယုံပါပဲ
တသိမ့်သိမ့်လှုပ်လို့ ရီုစီရယ်တော့တယ်
မျက်နှာလွှဲပြီး ပြောတဲ့ စကား
သနားစရာပဲ

ဟုတ်ပါရဲ့
အဲဒီပိုက်ဆံ ငါးသောင်းကို
သုံးလတိတိစုခဲ့ရပါတယ်
ငါ့စကားကို နားထောင်ဖို့
ငါ့ကိုစကားပြန်ပြောဖို့ အတွက်
ရက်ရက်စက်စက်တန်ပါတယ်
ရိုစီတည်ငြိမ်သွား
မျက်လုံးအရောင်ပြောင်းသွား
ခါးဝင်းဝါဆွဲဖုံး
အပါ်ထည်ကောက်ဝတ်
ငါ့ကိုညင်သာ ဆွဲယူပွေ့ဖက် တော့
မိခင်လိုမော့ကြည့် ငါငိုတယ်
သူ့ ရင်တခို ရွှဲရွှဲစိုသွားတဲ့အထိ
နှစ်ရှည်မိုးခေါင်ကုန်းရိုးတလျောက်
အငြိုးနဲ့ဖြိုးဖြိုးဖြောက် မိုးရွာသလို 
ငါ့အမေ သေရွာကပြန်လာသလို
ရေတွေ့ တဲ့ ဖားလို
သုံးဆယ့်ငါးနှစ်စာ ငါငိုတယ် 

သူ့ မျက်လုံးကို မော့ကြည့်တော့
သွေ့ခြောက်ကြည်လင် ပကတိမေတ္တာရှင်
ရိုစီဘာလို့ မငိုတာပါလိမ့်
မမေးပဲနဲ့ ရိုစီက ဖြေတယ်
တစ်ဘဝလုံးစာ ကျွန်မ ငိုပြီးသွားပါပြီ
ပြီးတော့
ရှင့်မျက်ရည်တွေရဲ့ မြစ်ဖျားခံရာအထိ
ကျွန်မ သိတယ်
မေ့ပစ်လိုက်ပါ
ကျွန်မအခု ရယ်စရာတွေ ပြောပြမယ်

ကျွန်မဟာ
အာရှရဲ့ တန်ဘိုး
တိုင်းပြည်ရဲ့ စံ
အားလုံးရဲ့ ဂျီဒီပီ
ကျူးကျော်တို့ ရဲ့ ဘုရင်မ
နျု့ မော်ဒယ်
အမြင့်မားဆုံးဝယ်လိုအား
အချိန်ကိုက်ဖောက်ကားမှု
သမနိရှည်စီးပွားရေး
သမ္မာအာဇီဝရဲ့ ကျက်သရေ
ရီုးသားမှုရဲ့ ပြယုဂ်
သန့်ရှင်းသောအမွေအနှစ်
ရာဇဝတ်မှုလျော့ချရေး 
ယဉ်ကျေးစေသူ မိခင်
ဆုတောင်းပြည့်စေသူ ကဝေမ
နှမချင်းစာနာစိတ်တို့ အရင်းခံ
စားသုံးသူအမြဲမှန် စွန့် ဦးရှင်
တော်ပါတော့ကွယ် ရိုစီရယ် 

ငါ ပေါ့ပါးသွားခဲ့ရ
ကော်ဖီသောက်ကြစို့ ရိုစီ
မင်းအတိတ်တွေပါ ထည့်ဖျော်ခဲ့ဆိုတော့
မြားတစ်စင်းလိုဒိုင်းကနဲကြည့်တယ် ရိုစီက
နှုတ်ခမ်းလေးတွန့်ရုံပြုံးရဲ့
လွမ်းအောင်ပြောရမလား
နာအောင်ပြောရမလား
ရှင်ကြားဖူးပြီးသားဇာတ်လမ်းတွေ
တစ်ရာမှာရှစ်ဆယ်လောက်က
ခေါင်းစဉ်တူတွေချည်းပါပဲ
ပြီးတော့
ရှင်ပေးထားတဲ့အထဲမှာအဲဒီအတွက်မပါဘူးလေ
ခဏစဉ်းစားပြီးမှ စိတ်ပြောင်းသွားရှာတယ်
ကောင်းပြီလေ
ရှင်က ဆင်းရဲသားဆိုတော့
အမှန်တရားနဲ့ ထိုက်တန်ပါပေတယ်  

တရားခံက ကျွန်မပါ
ရုပ်ရှင်ထဲကလို ပထွေးလည်းမရှိပါဘူး
အမေကလည်းဘွဲ့ ရ ပါပဲ
ပညာတတ်လို့ မပြောဘူးနော် 
ဒါပေမယ့်
ကျောင်းမှာမသင်တဲ့ဘာသာရပ်ကိုပဲ
ရိုစီအသည်းအသန်ဖြစ်ခဲ့တယ်
ဝမ်းကွဲတွေရဲ့အိပ်ခန်းဟာ
ကျွန်မရဲ့ လက်တွေ့ခန်းတွေပဲ
ဆယ့်သုံးနှစ်ကနေ ဆယ့်ရှစ်နှစ်အထိ
အဖေ ဘုန်းကြီးဝတ်သွားတဲ့အထိ
အမေဘိုင်းခနဲ လဲသေသွားတဲ့အထိ
ကိုယ်ဝန်ပျက်ကျ ဆေးရုံတက်ရတဲ့အထိ
မိဘမဲ့ဂေဟာရောက်သွားတဲ့အထိ
အဲဒီကထွက်ပြေးတဲ့အထိ
ကယ်တင်ရှင်အတုတွေ တွေ့ တဲ့အထိ
ခေါင်းပုံဖြတ်ခံရတဲ့အထိ
တော်လှန်တတ်လာတဲ့အထိ
ဖျားနာနေတဲ့အထိ
ကျန်းမာရေးပြန်လိုက်စားတဲ့အထိ
အခုရှင်နဲ့ တွေ့ နေတဲ့အထိ
နောက်ထပ်ဘာသိချင်သေးလဲအထိ

စနိုက်ပါတစ်ယောက်ရဲ့ကျည်ဆံတွေလို
မျှော်လင့်မထားတဲ့မေးခွန်းတွေ
ပညာရေးစနစ်ကိုရှင်ဘယ်လိုမြင်သလဲ
လူမှုအသိုင်းအဝန်းကိုဘယ်လိုထင်သလဲ
ဘွဲ့ ရ နဲ့ ပညာတတ် သဲကွဲသလား
အပျိုဖော်လူပျိုဖော်ဝင်စ
သွေးသားဆန္ဒ ဖြတ်ကျော်ပုံနည်းလမ်းများ 
မထိရောက်တဲ့ပန်းဖလက်များ
ရပ်ကွက်ဗွီဒီယိုရုံကအသံများ
အလင်းရောင်မလုံလောက်မှုများ
ဝင်းခြံမလုံလောက်မှုများ
အိမ်ရှိလူကုန်အလုပ်ထွက်လုပ်ရခြင်းများ
ရိုစီရဲ့ အတွင်းသားတွေ
အရိုးသားဆုံးရီုစီရဲ့ အတွင်းသားတွေ
ဟား   
ငါ့ကိုခဏ နားခွင့်ပေးပါဦး ရိုစီ

ရိုစီရဲ့ စကားတွေနဲ့
ငါ တရားထူး ရ ခဲ့
ရိုစီရဲ့ မေးခွန်းများနဲ့ သွေးစွန်းသွားခဲ့တဲ့ ငါ 
မင်းလက်နှစ်ဖက်လေးခဏကိုင်ထားပါရစေ 
မင်းမျက်ဝန်းတွေခဏပြန်ကြည့်ပါရစေ 
အဲသလိုမျိုးလင်းလက်မှုတွေ ငါငတ်နေတာပါ 

ခဏကြာတော့
ရိုစီထသွားပြီး မျက်နှာသစ်တယ် 
သူ့ စိတ်ကို လျော်ဖွတ်နည်းတစ်မျိုးထင်ရဲ့ 
သူ့ ဆံပင်တွေ ဖြီးသင်နေပြန်တယ် 
ငါတို့ အသံမဲ့လေလေ
နားလည်မှုရေချိန်မြင့်လေလေလား
သွားပေါ်တဲ့အထိပြုံးပြလိုက်ပြန်တယ်
ဖြူစင်လှချည့်
ကြီးမြတ်လှချည့်
သူ့ ပေါင်သားထက်သူ့ သွားတွေကပိုဖြူစင်
သူ့ ရင်သားထက်သူ့ မျက်လုံးတွေပိုကြီးမြတ်
အတွေ့အထိထက် အတွေးအမြင်ပိုပြင်းထန်တဲ့
ရိုစီရဲ့ ည
တစ်ခေတ်လုံးရဲ့ဖြတ်ပိုင်းမျဉ်းကိုငါရခဲ့
ငါ့အရေပြားကိုဆွဲလှန်ပစ်ခဲ့သူ
ရိုစီ့ခန္ဓာရှိုက်ဖိုထက်
ရိုစီ့ဘဝကွန်တိုဟာ
ဘယ်နှယောက်ကို ကိုယ်စားပြုနေပါသလဲ 

ငါဘယ်လိုအိပ်ရမလဲရိုစီရယ်
ကျွန်မတစ်ရေးအိပ်လိုက်ဦးမယ်ဆိုတာကို
ခေါင်းညိတ်ပြရုံလောက်ပဲတတ်နိုင်တယ်

နှစ်ခြိုက်စွာအိပ်မောကျနေသော အို ရိုစီ
အလှဘုရားမလေးရေ
တိုင်းပြည်ရဲ့ကျောက်မျက်ရတနာလေးရေ
သန်းခြောက်ဆယ်ရဲ့ဂုဏ်ထူးဆောင်လေးရေ
အောက်ဆုံးအလွှာရဲ့အောင်လက်မှတ်လေးရေ
အိပ်မက်ထဲမှာကျောင်းပြန်တက်နေပြီလားကွယ်
ကောင်းမွန်တဲ့မိဘ
သန့်ရှင်းတဲ့ပတ်ဝန်းကျင်
ထိရောက်အသုံးဝင်တဲ့ပညာရေးနဲ့
မင်းရဲ့အပျိုဖော်ဝင်စ ကို 
လှလှပပဖြတ်ကျော်နေရော့ပေါ့
အကြာကြီးအိပ်ပါကွဲ့ ငါ့ ရိုစီ
ပြည့်စုံကုံလုံတဲ့
အိပ်မက်ထဲမှာ အကြာကြီးနေပါဦး
မင်းနိုးသွားမှာစိုးလို့
ငါအံမကြိတ်ဘူး
တက်မခေါက်ဘူး
မီးတောက်နေတဲ့မျက်လုံးများနဲ့
ဘယ်ယန္တရားကိုမှ ငါမကြည့်ပါဘူး
တန်တဲ့ဘဝကိုပဲငါတို့ ရ ခဲ့ကြပါတယ်

အိပ်နေရင်းနဲ့
ခစ်ခနဲတစ်ချက် ရိုစီရယ်ပြန်တယ် 
မင်းပျော်နေတာ သေချာတော့
ငါ့မှာနာကျင်ခံစားရပြန်တယ်
ရိုစီရေ 
ရိုစီရေ 
ငါ့မျက်လုံးတွေ မှိတ်
တိတ်တိတ်လေးတိုးတိုးလေး ငါခေါ်နေ 
ရိုစီရေ
ရိုစီရေ 
ဘုရားဘုရား 
ရိုစီတွေက အများကြီးပါလား
ခြောက်ခြားလှချည်ရဲ့ 

နောက်ဆုံးခြောက်ခြားခြင်းပဲဖြစ်မှာပါလေ

ရိုစီမနိုးအောင်အသာအယာ ထ
မျက်နှာတဝကြီး သစ်ပစ်လိုက်ရတယ် 

မျော်လင့်သလိုမဖြစ်တာဟာခေတ်ရဲ့ပေတံလား
ရိုစီနိုးသွားခဲ့ပါပြီ

ကလေးလေးတစ်ယောက်လိုဇဝေဇဝါနဲ့
ဘေးဘယ်ညာကြည့်နေရှာတယ်
သဘောပေါက်လွယ်တဲ့ရိုစီဟာ
ငါ့ကိုပြုံးပြဖို့ လိုက်ရှာနေပုံပါ
အခန်းထောင့်အမှောင်ထဲ
ခုံတစ်လုံးဆွဲထိုင်နေတဲ့ငါ့ကိုတွေ့မှ 
သက်ပြင်းဖွဖွချနိုင်တယ်
ဘယ်အသက်အရွယ်အထိမင်းလှမှာမို့လဲရိုစီ
ငါ့အတွေးကိုမျက်လုံးဝင့်ကြည့်တယ်
ပြီးတော့တစ်ခွန်းချင်းပြောတယ်
ကျွန်မဘဏ်မှာပိုက်ဆံစုထားတယ်
အိုး ရိုစီ
မင်းဟာငါ့ကိုပျော်ရွှင်စေသူပဲ
ငါ့သောကကိုချေဖျက်နိုင်သူပဲ
မျက်လုံးကိုဖတ်နိုင်တဲ့စုန်းမပဲ
ငါ့ကိုယ်ငါသာမုန်းခွင့်ပြုပါကွယ် 

ရိုစီရေ
မိုးလင်းတော့မယ်
မဲမှောင်တဲ့မင်းအခန်းလေးဆီမင်းပြန်ဖို့ သင့်ပြီ
တစ်ခုတည်းသောမင်းပြူတင်းပေါက်ကို
ဖွင့်ထားပြီးမှ နားပါလေ
တခြားလူတွေလိုလိုက်မပို့ နိုင်တာခွင့်လွှတ်ပါ
ငါအပြင်မထွက်တာနှစ်များစွာ ကြာပြီ

အဲဒီနှစ်များအတွင်း
မင်းဟာ
ပထမဆုံးနဲ့ နောက်ဆုံးမိတ်ဆွေပါ

ဘာ
အပြစ်ဝန်ခံရမယ် ဟုတ်လား
မင်းကသင်းအုပ်ဆရာလားကွ
ရှင်အမှားတစ်ခုခုကျူးလွန်မထားပဲ
အခန်းထဲမှာဒီလောက်အကြာကြီးမနေဘူး
သွားစမ်းပါ အပျက်မ ရိုစီရယ်
ငါ့ကိုဒေါသထွက်အောင်မလုပ်ပါနဲ့
ဒါဆိုကျွန်မလည်း မပြန်တော့ဘူး
ရိုစီ ထိုင်ချလိုက်လေရဲ့
အရုဏ်မလာခင်အမှောင်ဆုံးအခိုက်အတန့် မှာ
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်
ရိုစီနဲ့ ငါ
အတော်ကြာကြာအထိ
အသံမဲ့အားပြိုင်နေမိကြ
ဗြုန်း ဆို
ပြတင်းပေါက်ကိုရိုစီပြေးဖွင့်တယ်
အား   
ရိုစီမလုပ်နဲ့  မလုပ်နဲ့  အခုချက်ချင်းပြန်ပိတ် 
ရိုစီရေ
ငါအရှုံးပေးပါပြီကွယ်
ငါပြောပြပါ့မယ် 
အဲဒီပြတင်းတံခါးကိုပိတ်ပြီး
ငါ့အနားမှာလာထိုင်ပါ

ငါဟာ 
အလင်းရောင်ကိုမကြည့်နိုင်တော့တဲ့ မျက်လုံးပိုင်ရှင်ပါ
ငါ့မျက်လုံးတွေဟာ
အလင်းဒဏ်ကိုမခံနိုင်တော့ပါဘူး
အမှောင်ထဲမှာလည်းမနေချင်တော့ပါဘူး ရိုစီရယ်
ဘယ်မှာဖြစ်ခဲ့တယ်
ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာလည်း
မင်းမသိချင်ပါနဲ့ တော့
မပြန့် ပွားသင့်တဲ့အထဲမှာ
အမုန်းတရားလည်းရှေ့ဆုံးက ပါတယ်
မထွန်းကားသင့်တဲ့စနစ်ထဲမှာ
သည်လောအော့ ဖှစ်ရှ် လည်းရှေ့ဆုံးက ပါတယ်
ငါဘယ်သူ့ ကိုမှ မနာကျည်းပါဘူး
ဘယ်သူ့ ကိုမှလည်း
ငါ့အတွက်မနာကျည်းစေချင်ပါဘူး
ငါ့သမိုင်းကို ငါ ရေးပြီးပါပြီ

ငါဟာ
နောက်ဘဝမှာ
အလင်းရောင်ထဲမှာနေနိုင်မှာ သေချာရဲ့
ငါကျောင်းပြီးအောင်တက်နိုင်မှာလည်းသေချာရဲ့ 
ငါ့မိဘတွေကို
စိတ်မဆင်းရဲစေမှာလည်း သေချာရဲ့
စနစ်ပြောင်းပြီးခေတ်ကောင်းနေမှာလည်းသေချာရဲ့     
ပြီးတော့
မင်းနဲ့ ပြန်တွေ့ မှာလည်း သေချာရဲ့
သန့်စင်တဲ့နှင်းဆီပန်းလေးအဖြစ်နဲ့ ပေါ့
အိုး ရိုစီရေ
မင်းဟာ
ငါတွေ့ ဖူးသမျှထဲမှာ
အညင်သာဆုံးတစ်ယောက်ပါ
ငါ့ကိုကျေနပ်စေသူ
ငါ့ဘဝရဲ့ ဉာဏ်အလင်း
ခေတ်ရဲ့ကြေးမုံပြင်
တိုင်းပြည့်လည်ဆွဲလေးရိုစီရေ
မင်းပြန်လို့ ရပြီ မဟုတ်လားကွယ်

ရိုစီဟာ
အသာအယာထိုင်ပြီး
ငါ့ကိုကန်တော့နေလေရဲ့
အသာအယာပြန် ထ ပြီး
ခြေညီညီရပ်
ခါးမတ်မတ်နဲ့
ဖြောင်းခနဲငါ့ကိုအလေးပြုလိုက်  ပါလေရော
အကြာကြီး
သူ့ မျက်ခုံးမွှေးနားက သူ့ လက်ဖဝါး
တဆတ်ဆတ် တုန် လို့

ငါလည်းဖြောင်းခနဲပြန်အလေးပြုလိုက်တယ်

ငါ့နှုတ်ခမ်းကိုတင်းတင်းစေ့
အံကြိတ်ထားတယ်
မငိုဘူး
ငါ မငိုတော့ဘူး
ငိုစရာလည်းမလိုတော့ဘူးလေ  
ခေတ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုထားတဲ့
တိုင်းပြည့်မျက်ရွဲ ရင်ခွင်ထဲမှာ
ညဦးပိုင်းကတည်းက
ဝအောင်ငိုခဲ့ရပြီးပြီ
ငါ့လက်ကိုအောက်ပြန်ချတယ်
သက်ပြင်းချတယ်
ရိုစီ့ကိုနောက်ဆုံးအနေနဲ့ ပြုံးပြတယ်
ကုတင်ပေါ်မှာ
အသာအယာလှဲနေလိုက်တော့တယ်

စလင်းဘက်ကိုလွယ်လိုက်တဲ့ရိုစီဟာ
အခန်းတံခါးကိုပြန်ပိတ်ပေး
တဒေါက်ဒေါက်နဲ့ ပြေးဆင်းသွားလေရဲ့
ငါတစ်ယောက်တည်းပြုံးလိုက်တယ်

နောက်တစ်နေ့ ညနေမှာ
ခြေသံတဒေါက်ဒေါက်ပေးပြီး
ရိုစီပြေးတက်လာဦးမှာ ငါသိတာပေါ့
ကုတင်ပေါ်ကငါ့ရုပ်အလောင်းရဲ့
အသုဘရှင်အဖြစ်နဲ့ လေ

သူ့ အစ်ကိုပါ လို့ သူပြောမယ်
တစ်ခေတ်ထဲမွေးတဲ့
မောင်နှမအရင်းတွေပါလို့ သူ ပြောမယ်
တစ်ခေတ်လုံးကိုယ်စား
ငါ့အလောင်းကိုကောင်းကောင်းသင်္ဂြိုဟ်ပါလိမ့်မယ်
သူ ငိုမှာမဟုတ်ဘူး
ကျေးဇူးအထူးတင်ပါတယ် ရိုစီ ။               ။

ကိုဇော်(ကလေးမြို့ )
25.1.2016.

No comments:

Post a Comment