ခမ်းပတ် ခေါ် ရွှေပုတီးမြို့ဟောင်း
=======အပိုင်း-၃========
ခမ်းပတ်မြို့သည် ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မြို့ဝန်မြိ့စားအုပ်ချုပ်သော မြို့ဖြစ်လာခဲ့သည်။ ထင်ရှား သော ခမ်းပတ်မင်းကြီးများမှာ သတိုးသီရိမဟာဥဇနာ ဘွဲ့ခံ ဦးရွှေမောင်နှင့် မဟာမင်းထင်ကျော်ခေါင်ဘွဲ့ခံ ဦးအောင်ကျော်တို့ဖြစ်ကြ၏။သီပေါမင်းလက်ထက်တွင် ခမ်းပတ်မြို့ဝန်သည် သတ္တမချင်းတွင်းကြောင်းခရိုင်ကို အုပ် ချုပ်ရသဖြင့် ခရိုင်မြိ့ကြီးအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။ ခမ်းပတ်မြို့ဝန်သည် မြန်မာနိုင်ငံအနောက် မြောက်ဒေသ၏ ကင်းတပ်မှူးတာဝန်ကိုလည်း ယူခဲ့ရ သည်ကိုတွေ့ရသည်။ စစ်ကဲတော်ကြီးရာထူးဖြစ်သည်။ ခမ်းပတ်တွင် ၀န်ကြီး၊ စစ်ကဲတော်ကြီးခန့်ထားလျက် အုပ်ချုပ်စေခဲ့သည်။ စစ်ကဲတော်ကြီးများထားသော ဒေသများမှာ ခမ်းပတ်၊သိန္နီ၊မိုးနဲ စသည့် ဗျူဟာမြောက်အချက်အချာကျသော ဒေသဖြစ်၏။ ထိုစစ်ကဲတော်ကြီးများက နယ်မြေဒေသ၏ စစ်ရေး၊ လုံခြုံရေးကို တာဝန်ယူကြရသည်။ ကဘော်ချိုင့်ဝှမ်းဒေသ(မောရိယတိုင်းတွင်) ခမ်းပတ်သည် စစ်ဌာနချုပ်ဖြစ်ခဲ့ သည်။
ရှေးမြန်မာဘုရင်များလက်ထက်တွင်လည်း ဘိန်း၊ဘင်း၊ကဇော်၊လှော်စာ၊အရက် စသည်ဖြင့် မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ခဲ့သည်။ ဘိုးတော်ဘုရားလက်ထက်တွင် ထုတ်ပြန်ခဲ့ သော အမိန့်ပြန်တမ်းတစ်စောင်၌ ဟံသာဝတီ၊ဓည၀တီ၊ ရမ္မာဝတီ၊ဒွာရ၀တီ၊မေယ၀တီစသည့် သင်္ဘောဆိပ် ကမ်းမြို့ များနှင့် မြန်မာ-မဏိပူရနယ်စပ်ဒေသ ခမ်းပတ်မြို့ဝန်တို့ကို ထုတ်ပြန်သောအမိန့်ပြန်တမ်း ဖြစ်သည်။ အမိန့်ပြန်တမ်း မှာ-
``နန်းစံ ၃၇ နှစ်၊ ပြာသိုလပြည့်ကျေ် ၈ ရက်နေ့၊ နာခံစမြောင်ကြီးတွင်ပြန်-
ဟံသာဝတီ၊ဓည၀တီ၊ရမ္မာဝတီ၊ဒွာရ၀တီ၊မေယ၀တီမြို့ဆိပ်များကို သင်္ဘောဆိုက်ရောက်သည်များ တွင် ဘိန်းဘင်းယူဆောင်လာသည်များကို မ၀ယ်မ၀ခြမ်း မသုံးဆောင်ကြစေနှင့်။ ဘိန်းရှူဘိန်းသောက်သူ တို့ကိုလည်း စစ်၍အကျဉ်းချထားစေ။ အသီးသီးမြို့ဝန်စစ်ကဲတို့မှာ ခမ်းပတ်မြို့သို့ ကသည်းတို့ကရောင်း သည့် ဘိန်းများကိုလည်း မ၀ယ်မခြမ်း၊ မသုံးဆောင်နှင့် ခမ်းပတ်မြို့ဝန်က စစ်ကြောစေ´´ ဟူ၍ ဖြစ်သည်။
ယင်းအမိန့်ပြန်တမ်းကိုလေ့လာလျှင် မြန်မာ-မဏိပူရ နယ်စပ်ဒေသသည်လည်း မူးယစ်ဆေးဝါး ဘိန်းအ၀င် အထွက်များ တားဆီးနှိမ်နှင်းရာလမ်းကြောင်းဖြစ်၍ ကသည်းပြည်မှရောက်လာသည့်ဘိန်းများကို တားဆီးရန် ခမ်းပတ်မြို့ဝန်အား တာဝန်ပေးထားသည် ကို တွေ့ရပါသည်။
အချုပ်အားဖြင့်ဆိုသော ခမ်းပတ်ခေါ် ရွှေပုတီး မြို့ဟောင်းသည် အလွန်ရှေးကျသော မြို့တစ်မြို့ဖြစ် ပြီး မြန်မာနိုင်ငံအနောက်ဖျားဒေသ၏ အချက်အချာ စစ်ဌာနချုပ်ဖြစ်ခဲ့သည့်အပြင် စော်ဘွားအဆက်ဆက်တို့ အုပ်ချုပ် ခဲ့ကာ ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် လွှတ်တော်ဝန်ကြီးများစားရသော ခရိုင်မြို့ကြီးအဖြစ် ထင်ရှားအရေးပါခဲ့ပါသည်။
----------------------------------------
၂၀၀၆-ခုနှစ်၊စာပေဗိမ္မာန်စာမူဆု၊ သုတပဒေသာ(၀ိဇ္ဖာ)ဘာသာရပ်၊ တတိယဆုရ
အလံဦးကင်းဝ(သို့)အနောက်မြောက်တံခါးဝသမိုင်း၊ မောင်နွယ်သန်း(ပြန်/ဆက်)
#TMA
No comments:
Post a Comment