Jun 1, 2017

စေတန်​လက်​ညှိုး

" စေတန်​လက်​ညှိုး "
===============

                                           #ဒေါ်အိမ်မွန်

"Sex Chat ချင်​တယ်​"

တောင်​န်​ခနဲမြည်​လာပြီး​ရောက်​လာတဲ့အ၀ိုင်း​လေးကို ရုတ်​တရက်​လှမ်းကြည့်​ပြီး ​ဘေးက ဘယ်​သူမှမမြင်​ခင်​ သူခပ်​မြန်​မြန်​ပိတ်​လို​က်​တယ်​။ အ​ဆောင်​မှာ​နေရတာဆို​တော့ တခုခုများဆို သတင်းက​ပေါက်​ကြားလွယ်​​သေး။

ဒီစကားလုံး​တွေကို မြင်​ရတာ သူ့အတွက်​​တော့ရိုး​နေပါပြီ။ လွန်​ခဲ့တဲ့ တစ်​နှစ်​​လောက်​က ဒီစကားကို ပထမဆုံးစ​ပြောခဲ့တဲ့ သူ့ရဲ့ရည်းစားကို တခါတခါသတိရမိတယ်​။ အဲဒီတုန်းက သူ ​တော်​​တော်​ ပူထူသွားတာ။ Sex Chat တယ်​ဆိုတာဘာလဲ သူမသိဘူး။ ဘယ်​လိုလူမျိုး​တွေ ဒါလုပ်​ကြမှန်းလဲမသိဘူး။ သူသိတာက သူအဲ့ဒီတုန်းက သူ့ရည်းစားကို သိပ်​ချစ်​တာပဲ။

အစပိုင်း​တော့ သူ့ရည်းစား​ပြောတာကို သူလိုက်​လုပ်​တယ်​။ ​နောက်​​တော့ သူပါ​ပြောတတ်​လာတယ်​။ အဲဒီနည်းလမ်းက သိပ်​အဆိုးကြီး​တော့ မဟုတ်​ပါဘူး။ စိတ်​ထဲမှာလည်း ဘာမှ သိပ်​ရှိမ​နေဘူး။နောက်​​တော့ အဲ့ဒီ​ကောင်​နဲ့ သူပြတ်​သွားတယ်​။
ပြတ်​တယ်​ဆိုတာ အဆက်​အသွယ်​ပြတ်​တာ သံ​ယောဇဉ်​ပြတ်​တာ။ ဒါ​ပေမဲ့ ဒင်း​မွှေးခဲ့တဲ့ မီး​တွေက မပြတ်​ဘူး။

" အဲ့​စော်​နဲ့ sex chat လို့ရတယ်" ဆိုတဲ့စကားက တခြား​သော ဗဟုသုတ​တွေထက်​ မှတ်​သားစရာ​ကောင်းသလိုမျိုး ​ယောက်ျား​တော်​​တော်​များများ သိမှတ်​ဖွယ်​ရာ စာရင်းဝင်​ဖြစ်​ခဲ့တယ်​။

အစပိုင်း​တော့ သူ​တော်​​တော်​စိတ်​ဆိုးတယ်​။ လာ​ပြောတဲ့သူ​တွေကို Block လိုက်​ Report ထုလိုက်​နဲ့ ကြာ​တော့ သူ ဒီ လူမှုကွန်​ယက်​​ပေါ်က Virtual life အတွက်​ စိတ်​ကျချင်​သလိုလို​တောင်​ဖြစ်​လာတယ်​။ ဒါ​ပေမဲ့.... သူကအမာသမား။ ​တော်​ရုံပြိုလဲတတ်​တဲ့သူမျိုးမဟုတ်​ဘူး။ သူ့အတွက်​ အသုံးကျမဲ့အရာတစ်​ခုကိုသွား​တွေ့တယ်​။

*Hanna Cherry *ဆိုပြီး အ​ကောင့်​တစ်​ခုဖွင့်​တယ်​။ အ​ပေးအယူလုပ်​ငန်းတစ်​ခုဖန်​တီးလိုက်​တယ်​။ မျက်​နှာကလွဲရင်​ အားလုံးပြတယ်​။ သူရဲ့ sex chat ၀န်​​ဆောင်​မှုလုပ်​ငန်း​လေးက တနာရီကို ​သောင်းနဲ့ချီပြီးရတာ။ ​ငွေရှာရတာ သိပ်​လွယ်​ပါလား။ အရင်​လို အိမ်​ကိုပိုက်​ဆံပို့​ပေးပါဦးလို့​တောင်းတိုင်း အ​ဖေကကြိမ်း​မောင်းတာ အ​မေကဆူ​ငေါက်​တာ မခံရ​တော့ဘူး။

တကယ်​​တော့ sex chat တဲ့ကိစ္စကို ဘယ်​သူထွင်လဲသူမသိဘူး။ သူ့အတွက်​​တော့အ​တော်​အကျိုးရှိတယ်​။ ကိုယ့်​အသားလည်းပဲ့မပါဘူး။ ​ရောဂါလည်း ကူးစရာမရှိဘူး။ ဗိုက်​လည်းကြီးလာစရာမရှိဘူး။ လက်​ညိုး​လေးတစ်​​ချောင်းနဲ့ ​တောက်​​တောက်​​တောက်​ လုပ်​ရုံက စိတ်​​ကျေနပ်​မှု​တွေရ​​စေတယ်​။သူ့ဘဝနဲ့သူ​​တော့​တော်​​တော်​​နေ​ပျော်​တယ်​။

အခုတ​လော​တော့ စာ​မေးပွဲရှိလို့ သူနည်းနည်းငြိမ်​​နေတယ်​။ အ​ဆောင်​မှာလည်း လူပြန်​စုံ​နေတာကို ။ ဒါကို မရမက မက်​​စေ့ခ်ျ​ ထိုင်​ထိုင်​ပို့​နေတဲ့လူတစ်​​ယောက်​ရှိတယ်​။ သူလည်း အစက လွှတ်​ထားတာ ။ ဒါ​ပေမဲ့ ဒီလူက ​တော်​​တော်​ဇွဲ​ကောင်းတယ်​။ သူ့ဘက်​ကပြန်​မ​ပြောမချင်း ပို့​နေတာ။ ​နောက်​ဆုံး​တော့ သူအ​ပေးအယူကို msg ပြန်​​ပေးလိုက်​တယ်​။

ဟိုဘက်​ကချက်​ချင်းသ​ဘောတူ​ကြောင်းပြန်​လာတယ်​။ ပြီး​တော့ သူ​တောင်းတဲ့​ငွေပမာဏ ဖုန်း​ဘေလ်​​ရောက်​လာတယ်​။ဒါနဲ့ အဲဒီညဘက်​ကိုပဲချိန်းလိုက်​တယ်​။ ညကျ အခန်း​ဖော်​က သူ့အ​​ဒေါ်အိမ်​ပြန်​မှာ​လေ။

"ချိန်းလိုက်​ရတာ"

"​ပြော​လေ"

သူက အချိန်​တွေသိပ်​ဆွဲမ​နေချင်​ဘူး။ ကိစ္စပြတ်​သွားရင်​ သူစာကျက်​ရမယ်​။ ဟိုဘက်​ကလည်း သူ​လောလိုက်​တယ်​ဆိုရင်​ပဲ စပါတယ်​။ ​သူက​အလုပ်​သ​ဘောအရ ကျွမ်းကျင်​​နေပြီမို့ ငါးမိနစ်​​လောက်​ဆိုရင်​ပဲ ဟိုဘက်​မှာ ​သေလု​မျောပါးဖြစ်​​နေရပြီ​လေ... ဒါကို ဟိုဘက်​က၀န်​ခံပြီး သူ့အ​ခြေအ​နေကို ဓာတ်​ပုံရိုက်​ပို့တယ်​။

အသက်​ကြီးကြီးလူတစ်​​ယောက်​ဆိုတာ သူချက်​ချင်းခန့်​မှန်းမိတယ်​။ဖီးလ်​​တော့ နည်းနည်းကျဲသွားတယ်​။

"မျက်​နှာ​လေးပါမြင်​ရရင်​ ပိုအဆင်​​ပြေမှာပဲ။ မင်းဘယ်​​​လောက်​လှမယ်​ဆိုတာ ကိုယ်​သိ​နေတယ်​"

ဒီလို​သွေးတိုးစမ်းလာတာမျိုးက​တော့ သူ့အတွက်​ရိုးလွန်းတာ​ပေါ့။ video call မှာ​တောင်​ သူ့မျက်​နှာကို မမြင်​ရ​အောင်​သူ​နေနိုင်​တယ်​။

"Video နဲ့ chat မယ်​​​လေ "

တဆင့်​တိုးလာ​တော့ သူက သူသတ်​မှတ်​ထားတဲ့​ကြေးကို​ပြောလိုက်​တယ်​။ ခဏငြိမ်​သွားပြီး အို​ခေလို့ပြန်​လာတယ်​။ သူ့ ဆီကို ပိုက်​ဆံ၂​သောင်းဝင်​လာတယ်​။

အတွင်းခံဘရာစီယာကို ကို ခပ်​​လျော့​လျော့ချပြီး ဖုန်းကင်​မရာကို ရင်​နှစ်​မြွှာအလယ်​ချ​ပေးထားပြီး ဟိုဘက်​က အ​ခေါ်ကို လက်​ခံ​ပေးလိုက်​တယ်​။

ကျေနပ်​စွာ​ရေရွတ်​လိုက်​တဲ့ ဟိုဘက်​က အာ​မေဋိတ်​သံကိုကြားကြားချင်း သူ့စိတ်​​တွေ​လေးလံသွားတယ်​။ ဒါ​ပေမဲ့ချက်​ချင်း ကင်​မရာကို ​ငုံ့ကြည့်​လိုက်​ရင်​ သူဂွမ်းပြီ။ စိတ်​ကိုထိန်းရင်း ​အောက်​ပိုင်း​တွေကိုပဲ စီးဆင်းလိုက်​တယ်​။

ပိုပိုပြီးအရှိန်​တက်​လာတဲ့ တစ်​ဖက်​က အသံကိုကြားရတယ်​။ မကြားဝံ့မနာသာ​တွေ ဒင်းတရစပ်​စ​ပြော​နေပြီ။ အံကိုကြိတ်​ရင်း အလိုက်​တသင့်​ညည်းညူ​နေရ​ပေမဲ့ သူ့စိတ်​​တွေပိုပိုမွန်းကြပ်​လာတယ်​။ ​နောက်​ဆုံး ဟိုဘက်​က အဆုံးညည်းညူတယ်​။နားစည်​ထဲမှာ အဲဒီအသံဟာ​တော်​​တော်​ခါးသီး​နေတယ်​လို့ သူခံစားလိုက်​ရတယ်​။ သူ့ရဲ့ ခံနိုင်​ရည်​​တွေပြိုလဲကျသွားတယ်​။ သူတစ်​သက်​လုံးထိန်းလာတဲ့ စည်းကမ်းကိုဖျက်​မိသလို ဖြစ်​သွားတယ်​။ သူအ​နေနဲ့ အခုချက်​ချင်း ဖုန်းမျက်​နှာပြင်​ကိုကြည့်​ရမှဖြစ်​​တော့မှာ......

ရုတ်​တရက်​ သူ့မျက်​နှာ​ပေါ်လာ​တော့ ဟိုဘက်​က​လည်း​တော်​​တော်​မင်​သက်​သွားတယ်​။ သူလည်း ..... ခပ်​တိုးတိုးပဲ​ရေရွတ်​ပြီး ဖုန်းကို နံရံဘက်​ဆီပိတ်​​ပေါက်​လိုက်​တယ်​။

သူ​ရေရွတ်​လို​က်​မိတယ်​ " အ​ဖေ.... " လို့။

စာအုပ်​ဖိုး​ပေးဖို့ တွန့်​တို​နေတတ်​တဲ့အ​ဖေ...
ပိုက်​ဆံရှာရခက်​တယ်​လို့ ညည်းညူတတ်​တဲ့အ​ဖေ ...
အ​မေနဲ့ မကြာခဏစကားများတတ်​လာတဲ့အ​ဖေ ...
သားသမီး​တွေကို အချိန်​မ​ပေးနိုင်​တဲ့အ​ဖေ....

ခုတင်​​ခြေရင်းက အတွင်းခံပင်​တီ​လေးကို သူပြန်​မကြည့်​ရဲဘူး။

Sex chat ရတာ လူပဲ့မပါဘူး
Sex chat ရတာ ​ရောဂါမကူးဘူး
Sex chat ရတာ ဗိုက်​မကြီးဘူး
ဒါ​ပေမဲ့.....

မျက်​ခုံး​မွှေးဆွဲတံ ချွန်​တဲ့ ဘရိတ်​ဓား​လေးက တုံးချင်​​နေ​ပေမဲ့ သူ့လည်​တိုင်​က ​သွေး​ကြောမြမြ​တွေကို​တော့ ပြတ်​​တောက်​​စေဦးမှာပါ။  ။

@Dor

---------------------------------------။ -----------------------------------

(Acc name သည်​ အလျဉ်းသင့်​သလို​ပေးလိုက်​ခြင်းသာဖြစ်​သည်​။ )

                                               ဒေါ်အိမ်မွန်

                                            Dor Eain Mon

#ဒီစာလေးကိုပြန်တင်ခွင့်ပြန်မျှဝေခွင့်ပေးခဲ့သောDorEainMonကိုကျေးဇူးတင်ပါတယ်။
#ဖတ်မိသူတွေလည်းတစ်ခုခုရလိမ့်မယ်လိုမျှော်လင့်မိပါတယ်။

No comments:

Post a Comment