ရတု အဆက်ဆက်
ရိုးရာလေးပရိသတ်တို့ရေ... နှစ်ပတ်လည်နေ့တွေ ကျင်းပတဲ့နေရာမှာ ဘာရတု ညာရတု စသဖြင့် ကျင်းပကြတာကို သိကြမှာပါ။ နှစ်တွေကြာလာလေလေ ပိုတန်ဖိုးရှိလာလေလေပါပဲ။
aငွရတု ရွှေရတုမှသည် စိန်ရတုဆီသို့ အစရှိသဖြင့် နှစ်ကာလတွေကို အတူဖြတ်သန်းရတာ ကြည်နူးစရာပါပဲ။ ရိုးရာလေးပရိသတ်တွေ ဗဟုသုတရစေဖို့အလို့ငှာ နှစ်ကာလတွေနဲ့ သက်ဆိုင်ရာ ရတုအသီးသီးရဲ့အမည်တွေကို ဖော်ပြပေးလိုက်ပါတယ်...
၁။ ၁ နှစ်မြောက် - စက္ကူရတု
၂။ ၂ နှစ်မြောက် - ဂွမ်းရတု
၃။ ၃ နှစ်မြောက် - သားရေရတု
၎။ ၄ နှစ်မြောက် - ပိုးရတု
၅။ ၅ နှစ်မြောက် - သစ်သားရတု
၆။ ၆ နှစ်မြောက် - သကြားရတု
၇။ ၇ နှစ်မြောက် - သက္ကလပ်ရတု
၈။ ၈ နှစ်မြောက် - ကြေးရတု
၉။ ၉ နှစ်မြောက် - ဥဿဖရားရတု
၁၀။ ၁၀ နှစ်မြောက် - သံဖြူရတု
၁၁။ ၁၁ နှစ်မြောက် - သံမဏိရတု
၁၂။ ၁၂ နှစ်မြောက် -ချည်ရတု
၁၃။ ၁၃ နှစ်မြောက် - ဇာပန်းရတု
၁၄။ ၁၄ နှစ်မြောက် - ဆင်စွယ်ရတု
၁၅။ ၁၅ နှစ်မြောက် - သလင်းရတု
၁၆။ ၂၀ နှစ်မြောက် - ကြွေရတု
၁၇။ ၂၅ နှစ်မြောက် - ငွေရတု
၁၈။ ၃၀ နှစ်မြောက် - ပုလဲရတု
၁၉။ ၃၅ နှစ်မြောက် - ကျောက်စိမ်းရတု
၂၀။ ၄၀ နှစ်မြောက် - ပတ္တမြားရတု
၂၁။ ၄၅ နှစ်မြောက် - နီလာရတု
၂၂။ ၅၀ နှစ်မြောက် - ရွှေရတု
၂၃။ ၅၅ နှစ်မြောက် - မြရတု
၂၄။ ၆၀ နှစ်မြောက် - စိန်ရတု
၂၅။ ၇၅ နှစ်မြောက် - ဒုတိယစိန်ရတု
၂၆။ ၉၀ နှစ်မြောက် - နဝရတ်ရတု
၂၇။နှစ် ၁၀၀မြောက် - ရာပြည့်ရတု
Sophia (ရိုးရာလေး)
www.yoyarlay.com
#Sophia_yyl #Knowledge_yyl
No comments:
Post a Comment