" ခေါင်းတွဲပြုတ်သွားတဲ့ လူမီးရထားလေး "
မနက် ကျောင်းသွားချိန်ရောက်ပြီဆိုလျှင် ပိုက်ကျုံးကွေ့ကို "လူမီးရထားလေး” ခုတ်လာပြီ။ အိမ်မှ ကျောင်းသို့။ ညနေကျောင်းဆင်း ရောက်လာပြန်လျှင်လည်း “လူမီးရထားလေး” ဒီနေရာကို ဖြတ်ပြီးခုတ်လာပြန်ရော။ ဒီတစ်ခါတော့ ကျောင်းမှ အိမ်သို့။ ဒါပေမယ့်အစုန်မရှိ။ အဆန်ချည့်ပါပဲ။
လူမီးရထားလေးဆိုတာ သီချင်းရေးဆရာ အဉ္ဇလီမောင်မောင်ရဲ့ ကျောင်းပို့ကျောင်းကြို စက်ဘီးကလေးကို ပြောတာပါ။ သီချင်းဆရာသည် ကလေးနှစ်ယောက်၏ ပြည့်တင်းနေသော ကျောင်းလွယ်အိတ်နှစ်လုံးလွယ်ထားပြီး ကလေး၏နှစ်ယောက်ကိုတော့ ကယ်ရီယာခုံပေါ်ပူးတွဲ၍ တင်လာတတ်၏။ စက်ဘီးကလည်း မိန်းမစီးကိုး။
ကလေးနှစ်ယောက်အနက် တစ်ယောက်က ကိုမောင့်ခါးကို ဖက်ထားသည်။ နောက်မှထိုင်သော ကျန်ကလေးက ရှေ့ကကလေးရဲ့ ခါးကိုဖက်ထား၏။ ဤသို့အဆင့်ဆင့်ဖက်ထားကြ၍ ကိုမောင့်စက်ဘီးကလေးမှာ “စက်ဘီးနှင့်ပင်မတူတော့။ လူမီးရထားလေးလို”ပါပဲ။
ကိုမောင်တို့နေသော ကျောက်ကွေ့လမ်းကိုဖြတ်၍ ပိုက်ကျုံး ဈေးချိုသို့ ခရီးဆက်သော မြို့ပတ်ရထားလေး ယခင်ကရှိခဲ့ဖူး၏။ ကိုမောင်၏ လူမီးရထားလေးကို သံလမ်းပေါ်က မြို့ပတ်ရထားနှင့် ယှဉ်တွဲ၍ သူအကြိမ်ကြိမ်မြင်ဖူးခဲ့၏။ သူက ပိုက်ကျုံးကွေ့မှ လိုင်းကားများ ခေတ္တရပ်နားရာစခန်းကလေးတွင် အလုပ်လုပ်သူဖြစ်၍ ကိုမောင်၏ လူမီးရထားလေးနှင့် နေ့စဉ်လောက်နီးနီးပင် ဆုံဖြစ်နေ၏။
သူက....
“ကိုမောင် ခင်ဗျားမီးရထားက မြို့ပတ်ထက်တောင် အချိန်မှန်ပါလားဗျ”ဟု ပြောလျှင် ကိုမောင်သည် နှုတ်ခမ်းစေ့ပြုံးရင်း ခေါင်းညိတ်ပြသွားတတ်သည်။ ယခုတော့ မြို့ပတ်ရထားလည်း မရှိတော့ပြီ။ သို့သော်ကိုမောင်၏ လူမီးရထားလေးသည် ခုတ်မြဲခုတ်နေ၏။
“ကိုမောင် ခင်ဗျားမီးရထားက မြို့ပတ်ထက်တောင် အချိန်မှန်ပါလားဗျ”ဟု ပြောလျှင် ကိုမောင်သည် နှုတ်ခမ်းစေ့ပြုံးရင်း ခေါင်းညိတ်ပြသွားတတ်သည်။ ယခုတော့ မြို့ပတ်ရထားလည်း မရှိတော့ပြီ။ သို့သော်ကိုမောင်၏ လူမီးရထားလေးသည် ခုတ်မြဲခုတ်နေ၏။
ကိုမောင်က ဘယ်တော့ဖြစ်ဖြစ် စက်ဘီးကို နှေးနှေးလေးလေး ဖြေးဖြေးစီး၏။ ဘေးပတ်ဝန်းကျင်ကို ကြည့်တတ်သူလည်းမဟုတ်။ အမြဲတမ်း စိတ်ကူးနှင့်ပင်။ ပါးစပ်မှာလည်း မီးမပါသော ဆေးပေါ့လိပ်ကြီးက အမြဲတပ်ထားလိုက်သေး။ သူရှိသော ပိုက်ကျုံးကွေ့က “စမ်းမြရောင်ခြည်ခန်းမ” ရှေ့မှာ နှစ်ပတ်လည်အောင် ကျောင်းပို့ကျောင်းကြို ဖြတ်သွားနေသော်လည်း သူနှင့် မျက်လုံးချင်းသိပ်မဆုံမိကြချေ။ သူကလည်း စိတ်ကူးနှင့် ကားလွှတ်သူ၊ ကိုမောင်ကလည်း စိတ်ကူးနှင့် စက်ဘီးစီးသူ။ ဒီလိုသူနှင့် ကိုမောင်တို့ မျက်လုံးချင်း မဆုံတစ်ချက် ဆုံတစ်ချက်၊ မပြုံးတစ်ချက် ပြုံးတစ်ချက်နှင့် လူမီးရထားလေး ခုတ်မောင်းမပျက် ရှိနေရင်းကပင် ......
(၂၂-၃-၉၅) ဗုဒ္ဓဟူးနေ့ နံနက် ၉း၂၀နာရီတွင် လူမီးရထားလေး၏ စက်ခေါင်းလုံးဝ ပျက်စီးသွားကြောင်း သတင်းစာတွင် ဖတ်လိုက်ရ၏။
သတင်းစာ၌
ဦးမောင်မောင် (အဉ္ဇလီ)
အသက် (၄၇)နှစ်
မဇ္ဈိမလှိုင်း တဲ့။
ဦးမောင်မောင် (အဉ္ဇလီ)
အသက် (၄၇)နှစ်
မဇ္ဈိမလှိုင်း တဲ့။
ဘယ်လိုမှ မှားစရာမရှိမှန်း သူသိသော်လည်း သူကမှားလိုက်ချင်နေ၏။ သူအလုပ်လုပ်သော ပိုက်ကျုံးနှင့် ကိုမောင်နေသော နေရာမှာဝေးလှသည် မဟုတ်။ သူ ကိုမောင့်အိမ်ဖက် ထွက်လာခဲ့၏။ အိမ်ရောက်တော့ မှားလို့မရမှန်း သူသိသွား၏။ ကိုမောင်၏ ရှည်လျားလှသောကိုယ်ပေါ်တွင် ဇာပုဝါ အဝါခံအဝါပွင့်။ အနီး၌ အနက်ရောင်ဖဲပြားပန်းခြင်း။၊ ပန်းပွင့်တွေကတော့ အားမနာဘဲ ဖြူလို့။
၂၃-၁-၉၅ နေ့ တစ်နာရီမှ ထွက်ခွာမှာဆိုတော့ အချိန်က စောလွန်းနေ၏။ ဧည့်သည်ကျဲပါး နေသေးသည်။ သူရောက်သည်က နံနက် ၁၀ နာရီဆိုတော့။
သူသည် တစ်နေရာသို့ ထွက်လာခဲ့၏။ သူထွက်လာသောနေရာကိုမှ “ဟိုဆိုင်" က လာရှိနေပြန်သေး၏။ ဘယ်တတ်နိုင်မတုံး။
ဝေသီသော မျက်လုံးများရှေ့၌ ဧရာဝတီသည် ကြေကြေကွဲကွဲ စီးနေသည်ဟု သူခံစားမိ၏။ သူထိုင်နေသော နေရာမှ လှမ်းကြည့်လိုက်လျှင်လည်း ကိုမောင်တို့ အိမ်ကို မြင်ရမည်။ သို့သော် သူမကြည့်မိ။
ဧရာဝတီကိုသာ ကြည့်မိ၏။ မြစ်ရေကို ကြည့်ရင်းကပင် ကိုမောင်၏ “နွေအိမ်မက်”သီချင်းကလေးကို သူအမှတ်ရနေမိ၏။
ဧရာဝတီကိုသာ ကြည့်မိ၏။ မြစ်ရေကို ကြည့်ရင်းကပင် ကိုမောင်၏ “နွေအိမ်မက်”သီချင်းကလေးကို သူအမှတ်ရနေမိ၏။
" ရေစီးရဲ့ သဘောကိုလည်း စောကြောသေချာစွာ
ငါမသိ”တဲ့။
“လှိုင်းဝဲဂယက်အထာကိုလည်း မကျွမ်း...
သက်လုံကလည်း မစေ့နဲ့.....
သို့သော်လည်းလေ....”တဲ့။
ငါမသိ”တဲ့။
“လှိုင်းဝဲဂယက်အထာကိုလည်း မကျွမ်း...
သက်လုံကလည်း မစေ့နဲ့.....
သို့သော်လည်းလေ....”တဲ့။
သူသည် အမှတ်ရနေသော ကိုမောင့်သီချင်းလေးကို ပြန်၍ အမှတ် မရအောင် လုပ်ချင်လှ၏။ သီချင်းစာသား “သို့သော်လည်းလေ " ၏နောက်က “မြစ်ထဲကို ငါခုန်ချခဲ့ ...”ဆိုသော စကားလုံးကို သူအမှတ်မရချင်ဆုံး၊
ကြေကွဲလို့ဝသော ဧရာဝတီသည် သင်္ဘောများကို ခေါင်းနှင့်ရွက်ကာ ထမင်းအတောင်းသွားကြပြီ။ နောက်ထပ် ဧရာဝတီအသစ်တို့ ရောက်လာ၏။ အနောက်ဖက်ကို ရှည်မျောထွက်နေသော သစ်ရိပ်တို့ပင် သစ်ပင်အသီးသီး အောက်သို့ ပြန်ရောက်လာကြ၏။ အခုတော့ အပင်နှင့် အရိပ်ထပ်လို့။
ကိုမောင့်အိမ်ရှေ့မှာ လူတွေအများအပြား ရောက်နေပြီ။ မဇ္ဈိမလှိုင်းမှ လှိုင်းများပြုလုပ်သူတွေပင် ရောက်လာကြပြီကိုး။ သူသည် လူအုပ်ထဲသို့ တိုးဝင်လိုက်၏။ လူအုပ်တစ်နေရာ၌ သူ၏မိတ်ဆွေဖြစ်သော ဗီဒီယိုထုတ်လုပ်သူ ဆရာဝန်(ဦး)ခင်မောင်ကြည်နှင့် တွေ့၏။
ဆရာဝန်က
“တစ်ယောက်ထဲလား ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား ကိုတွတ်တစ်ယောက်ထဲပါတယ်ဗျ...”
ကိုတွတ်မှာ ဒါရိုက်တာလုပ်နေသော သူ့မိတ်ဆွေ တွတ်တွတ်ဖြစ်နေမှန်း သူသိ၏။ တစ်ချိန်တုန်းက ကာတွန်းဆရာတွတ်တွတ်မှာ ယခုဒါရိုက်တာ “ကဲသာ”။ ဒီလိုနဲ့ ဆရာဝန်၏ ကားဖြူကလေးရှေ့ခန်းမှာ သူလိုက်ဖြစ်ခဲ့၏။
“တစ်ယောက်ထဲလား ကျွန်တော့်ကားနဲ့ လိုက်ခဲ့ပါလား ကိုတွတ်တစ်ယောက်ထဲပါတယ်ဗျ...”
ကိုတွတ်မှာ ဒါရိုက်တာလုပ်နေသော သူ့မိတ်ဆွေ တွတ်တွတ်ဖြစ်နေမှန်း သူသိ၏။ တစ်ချိန်တုန်းက ကာတွန်းဆရာတွတ်တွတ်မှာ ယခုဒါရိုက်တာ “ကဲသာ”။ ဒီလိုနဲ့ ဆရာဝန်၏ ကားဖြူကလေးရှေ့ခန်းမှာ သူလိုက်ဖြစ်ခဲ့၏။
ရေအိုးခွဲ၍ သဝအသစ်တစ်ခုအတွက် တာလွှတ်လိုက်သောအခါ
“အဉ္စလီသည် စတင်စီးဆင်းတော့၏။ "
“အဉ္စလီသည် စတင်စီးဆင်းတော့၏။ "
ကားများသည် ကိုမောင့်အိမ်မှ ၃၅လမ်းအတိုင်း မျဉ်းဖြောင့်ပုံစံဖြင့် ထွက်ခွာခဲ့ကြ၏။ သူကတော့ ကိုမောင်၏ “လူမီးရထားလေး” လမ်းကြောအတိုင်း ပိုက်ကျုံးမှပတ်၍ မျဉ်းကွေးဆန်ဆန် သွားမည်ထင်ခဲ့၏။ သို့သော် “အယူအမျိုးမျိုး” ထွန်းကားသော လူ့အဖွဲ့အစည်း၌ သူမသိတာတွေက အပုံအပင်ရှိနိုင်သည် မဟုတ်လား။
ကားကလေးသည် ဖြေးဖြေးသွားရာမှမြန်လာ၏။ ဆရာဝန်က ကိုမောင့်သီချင်းများနှင့် ပတ်သက်ပြီး တလွမ်းတဆွေး ပြောနေသည်။ ဆရာဝန် ခံစားပြသော သီချင်းများကို ဒါရိုက်တာက ဓာတ်ရှင်ရိုက်နေပြန်သည်။ သည်လိုနှင့် တစ်လမ်းလုံးမှာ ရှေ့ခန်းက ဆရာဝန်နှင့် နောက်ခန်းက ဒါရိုက်တာတို့သည် အဉ္စလီတူးဖော်မှုကို နှုတ်များဖြင့် ဘက်စုံကြိုးပမ်းနေတော့သည်။ သူကတော့ ပါးစပ်ပျောက်နေ၏။
ကားကလေး၏ ခေါင်းခန်းထဲမှ ကာဗာသေတ္တာမပါ သောတိပ်ခွေများကို သူတွေ့နေရ၏။ ဘယ်သူ့သီချင်းခွေဆိုတာတော့ မဖွင့်ကြည့်ဘဲ သိနိုင်မည်မဟုတ်။ သူသည် တိပ်ခွေကလေးတစ်ခုကို ယူကြည့်၏။ တိပ်ကြိုးများက သူ့လက်ဝါးအတွင်းမှာ “လည်”နေသည်။
“ခံနိုင်ရည် ဟန်နိုင်စွမ်းကျဆင်းခြင်းကြောင့်
အားငယ်စွာ စိတ်ထဲဝင်ရောက်ပျံ့နှံ့ကာ
ညဥ့်ဦးယံထက် မှေးစက်စဉ်
အာရုံလွင်ပြင် ရောင်ပြန်ပဲ့တင်သံအဆုံး
နှိုးလှုပ်သူ ချစ်သူ့ခေါ်သံ
အော်ခေါ်နေသံတွေရယ် မိုးချုန်းသည့်နှယ်”
အားငယ်စွာ စိတ်ထဲဝင်ရောက်ပျံ့နှံ့ကာ
ညဥ့်ဦးယံထက် မှေးစက်စဉ်
အာရုံလွင်ပြင် ရောင်ပြန်ပဲ့တင်သံအဆုံး
နှိုးလှုပ်သူ ချစ်သူ့ခေါ်သံ
အော်ခေါ်နေသံတွေရယ် မိုးချုန်းသည့်နှယ်”
သူသည် တိပ်ခွေကလေးကို မူလနေရာပြန်ထားလိုက်၏။ ကိုမောင်၏ “ခန္ဓာဝန်”သီချင်းကလေးကို တိတ်ကြိုးများက လိပ်ချေယူသွားသလို.....
သူသည် နောက်ထပ်တိပ်ခွေတစ်ခွေကို ယူကြည့်လိုက်သည်။
သူသည် နောက်ထပ်တိပ်ခွေတစ်ခွေကို ယူကြည့်လိုက်သည်။
“အတွေးတွေနဲ့ ပက်လက်မျောစဉ်
အမေ့အိမ်တံခါး ဖွင့်တဲ့အသံ
နားထဲကြားယောင်တယ်
ချစ်သူက လွမ်းလက်စနဲ့ စောင့်ချိန်မို့
စိတ်ထင့်မိပြန် မမျှော်စကောင်းပါတယ်.... "
အမေ့အိမ်တံခါး ဖွင့်တဲ့အသံ
နားထဲကြားယောင်တယ်
ချစ်သူက လွမ်းလက်စနဲ့ စောင့်ချိန်မို့
စိတ်ထင့်မိပြန် မမျှော်စကောင်းပါတယ်.... "
သူသည်နောက်ထပ် တိပ်ခွေတစ်ထပ်ကြီးကို ဆွဲယူလိုက်ပြန်၏။ တိပ်ကြိုးများကား လည်ပတ်ချင်တိုင်း လည်ပတ်နေကြတော့၏။
“နာကျင်နေတဲ့ ရွက်ကြွေတွေနဲ့အတူ
မြေပြင်ဆီ လှိုင်းလေဟုန်စီးလို့
ဝဲလွင့်ကာတမင်
မင်းလေးရှိရာ တို့လိုက်ခဲ့ပြီ
တို့လိုက်ခဲ့ပြီ တို့လိုက်ခဲ့ပြီလေ...."
မြေပြင်ဆီ လှိုင်းလေဟုန်စီးလို့
ဝဲလွင့်ကာတမင်
မင်းလေးရှိရာ တို့လိုက်ခဲ့ပြီ
တို့လိုက်ခဲ့ပြီ တို့လိုက်ခဲ့ပြီလေ...."
“မျှော်ကာလွမ်းမိတဲ့ ညဘက်ဆို
တေးရေးချင်ရေး ဆိုချင်ဆို ဒါပေမယ့်
စပ်ခဲ့တဲ့ တေးသွားပိုဒ်တွေ မချို..."
“ကြယ်တာရာတွေ ဂြိုလ်ကြီးကိုးလုံးနဲ့
နက္ခတ်ပွဲသဘင် ဆင်ယင်မှာမို့
ဒီတစ်ညတော့လမင်းရေ နင်မလာနဲ့ဦး”
တေးရေးချင်ရေး ဆိုချင်ဆို ဒါပေမယ့်
စပ်ခဲ့တဲ့ တေးသွားပိုဒ်တွေ မချို..."
“ကြယ်တာရာတွေ ဂြိုလ်ကြီးကိုးလုံးနဲ့
နက္ခတ်ပွဲသဘင် ဆင်ယင်မှာမို့
ဒီတစ်ညတော့လမင်းရေ နင်မလာနဲ့ဦး”
“မိုးဦး ဝင်ရောက်လာတဲ့အခါ ရိုးမပေါ်ဖြတ်ပျံရင်း
မြောက်ဘက်ကိုဦးတည်လှည့်ကာ
သားဖောက်ရာအရပ်ဆီ
မိုင်ထောင်ချီပြန်လေပြီ။ "
မြောက်ဘက်ကိုဦးတည်လှည့်ကာ
သားဖောက်ရာအရပ်ဆီ
မိုင်ထောင်ချီပြန်လေပြီ။ "
“မြေနီလမ်း တို့လျှောက်ခဲ့တဲ့လမ်းလေးဆီ
နေခြည်လွှမ်းလို့ ခြောက်သွေ့မှာ စိုးလှတယ်
နေရောင်ခြည်ရယ်
လမ်းကလေးကို ခြောက်သွေ့အောင်
မလုပ်လိုက်နဲ့ "
နေခြည်လွှမ်းလို့ ခြောက်သွေ့မှာ စိုးလှတယ်
နေရောင်ခြည်ရယ်
လမ်းကလေးကို ခြောက်သွေ့အောင်
မလုပ်လိုက်နဲ့ "
သူသည် ကိုမောင်၏ တိပ်ကြိုးများစွာဖြင့် ရစ်ပတ်ခံရင်း လိုက်ပါလာရာမှ ကားသည် တစ်နေရာအရောက်တွင် ရပ်သွား၏။ ကြာနီကန်။ သူသည် မီးစက်ရှေ့အထိလိုက်သွား၏။ ကိုမောင့်ဇနီးနှင့် သားသမီး
များ ထိုင်၍ ကန်တော့ကြသည်။ နောက်ဆုံးကြည့်ရန်အတွက်မူ အခေါင်းကိုတော့ ဖွင့်ထား၏။
များ ထိုင်၍ ကန်တော့ကြသည်။ နောက်ဆုံးကြည့်ရန်အတွက်မူ အခေါင်းကိုတော့ ဖွင့်ထား၏။
သူက ကိုမောင်၏ သွယ်လျသော လက်ချောင်းများကို အသေအချာ ကြည့်မိသည်။ ထိုလက်ချောင်းများသည် မဇ္ဈိမအတွက်လှိုင်းများကို ဖန်တီးခဲ့သော လက်ချောင်းများပင်။ မဂ္ဂဇင်းတစ်စောင်အတွက် ကိုမောင့်ကို အင်တာဗျူးလုပ်စဉ်က သူတို့ကို ဂန္တဝင်တီးကွက်တစ်ကွက် တီးပြဖူးသည်မှာလည်း ဤလက်ချောင်းများပင်။ အခုလက်ချောင်းကလေးတွေ အနားယူသွားပြီ။ လက်နဲ့တီးစရာမလိုတော့။ ဂစ်တာတွေအလိုလို မည်နေမှာကို သူသိ၏။ သစ်ပင်တွေနာကျင်မယ်ဆိုရင် ပန်းခူးမှာမဟုတ်တဲ့ ကိုမောင်ကတော့ လောကဓမ္မကို သိမြင်သွားလို့ လားမသိ။
အတိုင်းမသိ။ ငြိမ်သက်စွာ။
အတိုင်းမသိ။ ငြိမ်သက်စွာ။
ဪ လူမီးရထားရဲ့ တွဲကလေးတွေ၊ ကျေးဇူးရှင်စက်ခေါင်းကြီးကို ကန်တော့လို့ပြီးသွားပြီပဲ ။
နောက်တစ်နေ့တွေမှာတော့ လူမီးရထားလေး အနာဂတ်ကို ချေးငှားဖို့ ခုတ်မောင်းလာနိုင်တော့မှာ မဟုတ်။
ကိုငြိမ်း (မန္တလေး)
ရွှေအမြူတေ၊ ၁၉၉၅၊ မေ
ရွှေအမြူတေ၊ ၁၉၉၅၊ မေ
No comments:
Post a Comment