ကမ္ဘာ
====
တာရာမင်းဝေ
====
တာရာမင်းဝေ
ငါနေထိုင်တဲ့ ဒီကမ္ဘာ
ပင်လယ်အိုင်ကြီးပါ
ခုန်ကာပေါက်ကာ ဆော့ကစား
ငါဟဲ့ ကိုရွှေဖား ။ ။
ပင်လယ်အိုင်ကြီးပါ
ခုန်ကာပေါက်ကာ ဆော့ကစား
ငါဟဲ့ ကိုရွှေဖား ။ ။
တစ်နေ့မှာ မြွှေတစ်ကောင်ဟာ အောင်မြင်ခန့်ညားလှတဲ့ အဲ့ဒီကဗျာရွတ်သံကြီးကို ကြားလိုက်ရသတဲ့ ။
"ဖား"ဆိုလို့ စိတ်ဝင်စားပြီး အသံကြားရာဆီကို လိုက်ကြည့်တော့ ရေတွင်းပျက်တစ်ခုထဲက ဖြစ်နေတယ် ။
ကဗျာရွတ်ဆိုသူကတော့ ရေတွင်းပျက်ထဲက ရေစပ်စပ်မှာ နေထိုင်သူ ဆူဖြိုးလှတဲ့ ဖားကြီးပေါ့ ။
"ဖား"ဆိုလို့ စိတ်ဝင်စားပြီး အသံကြားရာဆီကို လိုက်ကြည့်တော့ ရေတွင်းပျက်တစ်ခုထဲက ဖြစ်နေတယ် ။
ကဗျာရွတ်ဆိုသူကတော့ ရေတွင်းပျက်ထဲက ရေစပ်စပ်မှာ နေထိုင်သူ ဆူဖြိုးလှတဲ့ ဖားကြီးပေါ့ ။
အဲ့ဒီဖားကြီးကို မြွေက အတော်သွားရည်ကျမိတယ်။ ဒါပေမဲ့ ရေတွင်းပျက်ထဲကို သူ မဆင်းရဲဘူး။ ပြန်တက်ဖို့
မလွယ်တဲ့ ရေတွင်းဖြစ်နေတယ်။ အဲ့ဒီတော့ ဖားကိုပဲ စိတ်ဆင်းရဲအောင် သူ လုပ်လိုက်တယ်။
မလွယ်တဲ့ ရေတွင်းဖြစ်နေတယ်။ အဲ့ဒီတော့ ဖားကိုပဲ စိတ်ဆင်းရဲအောင် သူ လုပ်လိုက်တယ်။
"တော်စမ်းပါ ကိုရွှေဖားရယ် . . . ခင်ဗျားရဲ့ ကမ္ဘာဆိုတာက ကျဉ်းကျဉ်းကလေးပါ။ ဒါလောက်လေးကို ကမ္ဘာလို့
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက မြေတွင်းတွေ၊ ရေကန်တွေ၊ သစ်ပင်တွေ၊ ကြွက်တွေ၊ အများကြီးရှိတယ်။"
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက မြေတွင်းတွေ၊ ရေကန်တွေ၊ သစ်ပင်တွေ၊ ကြွက်တွေ၊ အများကြီးရှိတယ်။"
ဖားက သူပြောတာကို ဂရုမစိုက်ပါဘူး။ ဘာမှလည်းပြန်မပြောဘူး။ သူ့ကဗျာနဲ့သူပဲ ခုန်ပေါက်ဆော့ကစားနေတယ်။
မြွေလည်း စိတ်လျှော့ပြီး လှည့်ပြန်သွားတယ်။
မြွေလည်း စိတ်လျှော့ပြီး လှည့်ပြန်သွားတယ်။
သိန်းငှက်တစ်ကောင်ကလည်း အဲဒီလိုပဲ ကဗျာရွတ်သံကြားလို့ လာကြည့်တယ်။ ဖားတစ်ကောင် ရေတွင်းထဲက
ရွတ်ဆိုနေတာမို့ တခစ်ခစ် ရယ်ရင်းပြောတယ်။
ရွတ်ဆိုနေတာမို့ တခစ်ခစ် ရယ်ရင်းပြောတယ်။
"တော်စမ်းပါ ကိုရွှေဖားရယ် . . . ခင်ဗျားရဲ့ ကမ္ဘာဆိုတာက ကျဉ်းကျဉ်းကလေးပါ။ ဒါလောက်လေးကို ကမ္ဘာလို့
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက တောင်တန်းတွေ၊ တိမ်တိုက်တွေ၊ အသိုက်တွေ အများကြီးရှိတယ်။"
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက တောင်တန်းတွေ၊ တိမ်တိုက်တွေ၊ အသိုက်တွေ အများကြီးရှိတယ်။"
သူ့ထုံးစံထင်ပါရဲ့။ ဖားက ဂရုမစိုက်ဘူး။ ဘာမှလည်း ပြန်မပြောဘူး။ သူ့ကဗျာနဲ့သူပဲ ခုန်ပေါက်ဆော့ကစားနေတယ်။
သိန်းငှက်လည်း စိတ်လျှော့ပြီး လှည့်ပြန်သွားတယ်။
သိန်းငှက်လည်း စိတ်လျှော့ပြီး လှည့်ပြန်သွားတယ်။
တောလည်ထွက်ရင်း ခဏ အမောဖြေနေတဲ့ မုဆိုးတစ်ယောက်ခမျာလည်း မနေသာဘူး။ ရေတွင်းထဲကို ငုံ့ကြည့်ပြီး
ဖားကို နားချယူတယ်။
ဖားကို နားချယူတယ်။
"တော်စမ်းပါ ကိုရွှေဖားရယ် . . . ခင်ဗျားရဲ့ ကမ္ဘာဆိုတာက ကျဉ်းကျဉ်းကလေးပါ။ ဒါလောက်လေးကို ကမ္ဘာလို့
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက တောတွေ၊ ရွာတွေ၊ မြို့တွေ၊ ဈေးတွေ၊ သားကောင်တွေ အများကြီးရှိတယ်။
မခေါ်ပါဘူး။ ကမ္ဘာဆိုတာက တောတွေ၊ ရွာတွေ၊ မြို့တွေ၊ ဈေးတွေ၊ သားကောင်တွေ အများကြီးရှိတယ်။
ဖားကတော့ မကြားသလိုပါပဲ။ သူ့ကဗျာနဲ့သူ ကျွမ်းထိုးဆော့ကစားနေတယ်။ မုဆိုးလည်း စိတ်လျှော့ပြီး လှည့်ပြန်
သွားတယ်။
သွားတယ်။
တစ်ခုတော့ရှိတယ်။ သူတို့စိတ်လျှော့တယ်ဆိုတာက လုံးလုံးလျားလျား စိတ်လျှော့တာမျိုး မဟုတ်ဘူး။ ကြုံရင်ကြုံ
သလိုတော့ အဲ့ဒီစကားတွေကို ဖားကို ဝင်ဝင်ပြောနေကြတာပေါ့။ သူတို့ချင်း မဆုံမိကြတာပဲရှိတယ်။
သလိုတော့ အဲ့ဒီစကားတွေကို ဖားကို ဝင်ဝင်ပြောနေကြတာပေါ့။ သူတို့ချင်း မဆုံမိကြတာပဲရှိတယ်။
တစ်နေ့. . .
မြွေက ဖားကို အဲ့ဒီစကားတွေကို လာပြောနေတုန်း . . . ဗြုန်းခနဲ သိန်းငှက်က သူ့ကို ချီသွားတယ်။ ချက်ချင်းဆိုသလိုပဲ
မုဆိုးက သိန်းငှက်ကို လေးနဲ့ခွင်းတယ်။ မြွေအသေနဲ့ သိန်းငှက်အသေကို ဝမ်းသာအားရ ပွေ့ပိုက်ပြီး ပြန်လှည့်အလာမှာ
မုဆိုးဟာ အမှတ်တမဲ့ဖြစ်ပြီး သူဆင်ထားတဲ့ ထောင်ချောက်ကို သူ ပြန်နင်းမိတယ်။ မုဆိုးလည်း သေသွားတယ်။
မုဆိုးက သိန်းငှက်ကို လေးနဲ့ခွင်းတယ်။ မြွေအသေနဲ့ သိန်းငှက်အသေကို ဝမ်းသာအားရ ပွေ့ပိုက်ပြီး ပြန်လှည့်အလာမှာ
မုဆိုးဟာ အမှတ်တမဲ့ဖြစ်ပြီး သူဆင်ထားတဲ့ ထောင်ချောက်ကို သူ ပြန်နင်းမိတယ်။ မုဆိုးလည်း သေသွားတယ်။
ရေတွင်းထဲမှာ ရှိနေတဲ့ဖားက တီးတိုးပြောတယ်။
"ခင်ဗျားတို့ မသိလို့ပါဗျာ။ တကယ်တော့ ငြိမ်းချမ်းလွတ်လပ်စွာ စွမ်းနိုင်တဲ့နေရာကိုသာ "ကမ္ဘာ"လို့ခေါ်တယ်"
စကားအဆုံးမှာ ကဗျာတစ်ပုဒ်ကို သူ ရွတ်ဆိုလေရဲ့။
ငြိမ်းချမ်းလွတ်လပ် ရှင်သန်ပါ
အဲ့ဒါမှ ကမ္ဘာ ။ ။
ထိုအရာတွေ ပျောက်ဆုံးတော့
ကမ္ဘာ လက်မဲ့ပေါ့ . . . ။
အဲ့ဒါမှ ကမ္ဘာ ။ ။
ထိုအရာတွေ ပျောက်ဆုံးတော့
ကမ္ဘာ လက်မဲ့ပေါ့ . . . ။
တာရာမင်းဝေ
Posted by Linsetpaing
Posted by Linsetpaing
No comments:
Post a Comment