Zawgyi Version
"အေရခြံႏွစ္ထပ္၊ ခ်စ္ျခင္းေမတၱာ၊ စံလြဲႏွလံုးသားႏွင့္လူ"
=============================
#ပန္ဆယ္လို
ထိုတစ္ေန႔ကို ႀကိဳတင္ေမွ်ာ္လင့္ခဲ႔ျပီးျဖစ္ေသာ္လည္း အမွန္တကယ္ႀကံဳလာရသည့္အခ်ိန္တြင္ ကြ်န္မအဆင္သင့္မျဖစ္ျပန္။ တစ္ေန႔ေန႔ ေနခဲ႔ရမည္ကို ႀကိဳသိႏွင့္ခဲ႔လည္း သူတကယ္တမ္းထားခဲ႔ခ်ိန္တြင္ မ်က္ရည္က မခိုင္ခ်င္။
"ကိုယ္တို႔လို ဘဝေတြကို ဘယ္သူက တစ္သက္လံုးလက္တြဲခ်င္မွာလဲအသိမ့္ရယ္။ ခဏတာခ်စ္ခြင့္ရတာကိုကပဲ တစ္သက္လံုးသိမ္းထုတ္ထားခ်င္တဲ႔ ဒဏ္ရာပါပဲ"
ဘဝတူ၊ ခံစားခ်က္တူ အထြန္းရဲ႕စကားကမွန္ေနသည္မို႔ မိမိသိမ့္တစ္ေယာက္ က်လုဆဲဆဲမ်က္ရည္ကို ပုတ္ခါထုတ္လိုက္ရသည္။
"ငိုမေနပါနဲ႔ေတာ့ အသိမ္႔ရယ္။ ကိုယ္တို႔ရင္ခြင္မွာ ခိုနားျပီး ထြက္သြားႀကတဲ႔လူေတြ ဘယ္ေလာက္မ်ားျပီလဲ။ အစာဝေတာ့ ဌာနျပန္ႀကတာေပါ့ေလ။ ကိုယ္ေတြသာ ကိုင္းဖ်ားေလးလို တဆတ္ဆတ္ခါနာျပီး က်န္ရစ္ခဲ႔ရတာ။ အသိမ့္မ်က္ရည္ေတြကို အထြန္းလို ေကာင္မကပဲ နားလည္မွာ။ အျခားသူေတြျမင္ႀကည့္။ သူငယ္ထားခဲ႔လို႔ ငိုေနတဲ႔ အေျခာက္မႀကီးလို႔ပဲ ျမင္ႀကမွာ"
ဟုတ္တယ္။ လူေတြက ရုပ္ရွင္ေတြ ဗီဒီယိုေတြထဲကလို မိတ္ကပ္ဗရဗ်စ္ ခါးေအာက္ပိုင္းစကားေတြသာ ေျပာတတ္ေသာ ေယာက်္ားျမင္ရင္ ဟိုႏႈိက္ ဒီကိုင္နဲ႔ လင္ဆာေနေသာ ဇာတ္ေကာင္ေတြထက္ ဘာမ်ားပိုျမင္ႏိုင္ႀကမွာလဲ။ ကြ်န္မတို႔ဟာ ေယာက်္ားခႏၶာကိုယ္ထဲ ပိတ္မိေနတဲ႔ မိန္းမေတြဆိုတာ တစ္အိမ္တက္ဆင္း လိုက္ေျပာျပမေနခ်င္။ မိန္းမေတြလို လွခ်င္ပခ်င္တယ္။ မိန္းမေတြလို ဝတ္ခ်င္စားခ်င္တယ္။ မိန္းမေတြလို ခ်စ္ခင္ႀကင္နာခ်င္တယ္။ မိန္းမေတြလို မိခင္စိတ္အျပည့္အဝ ရွိတယ္။ မိန္းမေတြလို ရွင္သန္ခ်င္တယ္။
ငယ္ငယ္တုန္းက မိန္းကေလးေတြနဲ႔ အေနနီးစပ္လို႔၊ မိန္းကေလးေတြႀကား အေနမ်ားလို႔ ႏြဲ႔တဲ႔တဲ႔ျဖစ္သြားတာတဲ႔။ ဟင့္အင္း. . .ေမြးရာပါ လိင္စံလြဲစိတ္ဆိုတာ ဘယ္တြန္းအားနဲ႔မွ မသက္ဆိုင္ဘူး။ ရုပ္ရွင္ေတြထဲကလို မင္းသားက ခပ္ႏြဲ႔ႏြဲ႔၊ မင္းသမီးနဲ႔အေတြ႔မွာ ေယာက်္ားစိတ္ျပန္ေပါက္သြားတာတို႔ ၊ ခပ္ႀကမ္းႀကမ္းေနရာမ်ိဳးေတြ ပို႔လိုက္ျပီး ေယာက်္ားစိတ္ျပန္ျဖစ္သြားတာတို႔ေတြဟာ ျပင္ပေလာကမွာ သိပ္ရာခိုင္ႏႈန္း နည္းပါးလြန္းလွတယ္။
ကိုယ္ေရြးခ်ယ္ခြင့္မရဘဲ ရလာတဲ့ လူ႔ေလာကထဲ စိတ္တလြဲႀကီးနဲ႔ ေရာက္လာရျခင္းဟာ ဘယ္ေလာက္ဆိုးဝါးလြန္းတဲ႔ ကိစၥရပ္လဲလို႔။ မိသားစုအလယ္မွာ အျပစ္သားလို၊ ဂုဏ္သိကၡာညွိဳးႏြမ္းေစသူလို ဆက္ဆံခံရတယ္။အထူးသျဖင့္အေဖ၊ စိတ္ကိုေပးတဲ႔ဒဏ္ရာေတြ၊ ခပ္ႀကမ္းႀကမ္းကိုင္တြယ္လိုက္ရင္ က်ားက်ားလ်ားလ်ား ျပန္ျဖစ္လာမယ္ဆိုတဲ႔အေတြးနဲ႔ ရိုက္ႏွက္ခဲ႕တဲ႔အျပဳအမူေတြ။
ႏႈတ္ခမ္းကြဲ အာေခါင္ကြဲကေလးေတြဟာ အေဖတို႔သားသမီးျဖစ္လာရင္ အေဖတို႔ခ်စ္ႀကမွာပဲ မဟုတ္ဘူးလား။
ေျခလက္အဂၤါမစံုတဲ႔ ကေလးေတြသာ အေဖတို႔သားသမီးျဖစ္လာခဲ႔ရင္ အေဖတို႔ ခ်စ္ႀကမွာပဲမဟုတ္ဘူးလား။
ခ်ိဳ႕ယြင္းခ်က္ပါလာတဲ႔ သားသမီးကို သနားခ်စ္နဲ႔ ပိုျပီးခ်စ္ႀကတာပဲဆိုရင္ ကြ်န္မတို႔က ဘာလို႔ျခြင္းခ်က္ထဲ ပါသြားရတာလဲ။
ေျခေတြလက္ေတြမပါတဲ႔ ကေလးငယ္တစ္ေယာက္ကို
လက္ေလးေတြ မေပါက္လာရေကာင္းလားဆိုျပီး ရိုက္ႏွက္ႀကေလ့ရွိလို႔လား။
ေမြးရာပါ လိင္စံလြဲေနသူတစ္ေယာက္ရဲ႕ စိတ္ကိုက် ဘာလို႔ အထပ္ထပ္ ရိုက္ႏွက္ေနရတာလဲ။
---------------------------
"ငါေမြးထားတာ ေယာက်္ားေလးကြာ။ မင္းက်မွ. . ."
ဟင့္အင္း ျဖည့္ေျပာပါအေဖ။
ငါေမြးထားတာ ေယာက်္ားေလးပါ။ မိန္းမစိတ္နဲ႔ ေယာက်္ားေလးဆိုတာ။
"အရင္ဘဝက သူမ်ားသားပ်ိဳသမီးပ်ိဳကို ျပစ္မွားေစာ္ကားလို႔ အခုလိုျဖစ္တာ" တဲ႔။ ေရွ႕ဘဝေတြ ေနာက္ဘဝေတြ ဘာသာေရးေတြ ကြ်န္မေမးခြန္းထုတ္ေလ့ မရွိပါဘူး။ ဒါေပမယ့္ ကြ်န္မတို႔ သက္ေသမျပႏိုင္ မျငင္းဆန္ႏိုင္တဲ႔ ေရွ႕ဘဝဆိုတာႀကီးကို ဆြဲထည့္ျပီး ကြ်န္မတို႔က ရာဇဝတ္သားေတြလို၊ အျပစ္သားေတြလို၊ လူယုတ္မာေတြလို သတ္မွတ္ခံရတာက် . . .
ကြ်န္မတို႔ ေႀကကြဲရတယ္။
ကြ်န္မ မိတ္ကပ္သင္တန္းတက္မယ္ဆိုတဲ႔ေန႔က အိမ္မွာ အိမ္ေခါင္မီးေလာင္သလို ပြက္ပြက္ဆူခဲ႔ႀကတာေပါ့။ ကြ်န္မေႀကာင့္ပဲ ေဆြမ်ိဳးအသိုင္းအဝိုင္းအလယ္မွာ မ်က္ႏွာမျပရဲေတာ့ေအာင္ အရွက္ရေနသလို စကားမ်ိဳးေတြနဲ႔ ကြ်န္မလမ္းေတြကို ရိုက္ခ်ိဳးဖို႔ ႀကိဳးစားႀကတယ္။ ငယ္ငယ္တည္းက ဖိအားေတြနဲ႔ အသားက်ေနတဲ႔ ကြ်န္မပဲေလ။ အားလံုးကို ပုန္ကန္ေတာ္လွန္ျပီး ကြ်န္မလမ္း ကြ်န္မေလွ်ာက္ခဲ့တယ္။
စီနီယာ မိတ္ကပ္ပညာရွင္ေတြဆီမွာ ထဘီကအစေလွ်ာ္ျပီး က်ိဳးက်ိဳးႏြံႏြံပညာသင္တယ္။ လုပ္ငန္းခြင္မွာ ေစတနာပါပါ စိတ္ပါလက္ပါ အလုပ္လုပ္တယ္။ ေမြးရာပါတစ္ပန္းရွံဳးေနတဲ႔ဘဝမွာ သူမ်ားကေျခတစ္လွမ္း လွမ္းရင္ ကြ်န္မကေျခႏွစ္လွမ္း လွမ္းႏိုင္ကာမွ ေတာ္ကာက်မယ္ဆိုတာ ကြ်န္မသိတယ္။ ကြ်န္မထပ္ရွံဳးလို႔မျဖစ္ဘူးဆိုတဲ႔အသိက ကြ်န္မကို တြန္းအားျဖစ္ေစခဲ႔တယ္။ အေျခာက္ေလာကမွာ မိမိသိမ့္ဆိုတဲ႔ နာမည္တစ္လံုးရဖို႔ ကြ်န္မရင္းႏွီးခဲ႔ရတဲ႔ ပင္ပန္းမႈေတြ ေခြ်းစက္ေတြဟာ အျမဲတန္တယ္လို႔ ကြ်န္မႏွလံုးသြင္းခဲ႔တယ္။ ဘဝတူ သမီးအေျမာက္အမ်ားကိုလည္း ေမြးထုတ္ႏိုင္ခဲ႕ျပီ။
မိန္းမတစ္ေယာက္လို လွခ်င္တယ္။ မိန္းမတစ္ေယာက္လို ရွင္သန္ရပ္တည္ခ်င္တယ္။ မ်က္ေတာင္အတုေတြ၊ ခႏၶာကိုယ္အတုေတြ၊ အလွအပအတုေတြ. . .
မိန္းမအစစ္နဲ႔တူဖို႔ ေဆးေတြအမ်ားႀကီး ေသာက္ရတယ္။
ဟိုမုန္းဓါတ္အေျပာင္းအလဲ လိမ့္ေနေအာင္ ခံရတယ္။ ႏႈတ္ခမ္းေမႊးေတြ၊ ေျခသလံုးေမႊးေတြ အနာခံႏႈတ္ရတယ္။
"သဘာဝအတိုင္းမွမဟုတ္တာ။ အတုက အတုပဲ" ဆိုတဲ႕စကားေတြေအာက္ စိတ္ဓါတ္ေတြ အႀကိမ္ႀကိမ္ေသခဲ႔ရတယ္။
ဟုတ္ပါတယ္။ ကြ်န္မတို႔က အတုပါ။ ေဟာ့ဒီ႔မ်က္ေတာင္ေတြကလည္း အတု၊ ေဟာ့ဒီ႔ရင္သားေတြကလည္း အတု၊ ေဟာ့ဒီ႔တင္ပါးေတြကလည္း အတု၊ ဒါေပမယ့္ ႏွလံုးသားကေတာ့ အစစ္ပဲ။ ကြ်န္မတို႔က ခ်စ္တတ္တယ္။ ႀကင္နာတတ္တယ္။ ဒါေပမယ့္ မိန္းမလ်ာတစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာဆိုတာ လိင္မႈကိစၥဆိုတာကလြဲရင္ ဘာမွ မေတြးတတ္ေတာ့ေအာင္ လူ႔အဖြဲ႔အစည္းဟာ ပံုသြင္းခံလိုက္ရျပီ။
ကြ်န္မတို႔ဟာ အျခားေယာက်္ားေတြလို အျခားမိန္းမေတြလို ေအာင္ျမင္ခြင့္ မရွိေတာ့ဘူးလား။ ရည္ရြယ္ခ်က္ေတြ မရွိရေတာ့ဘူးတဲ႔လား။ မနက္မိုးလင္းလာတဲ႔အခါ သူ႔ႏွဖူးေလးကို နမ္းရင္း "ေယာက်္ားေရ. . ထေတာ့ေနာ္"ဆိုတဲ႔ အိပ္မက္ေလးကို ကြ်န္မတို႔မက္ခြင့္ မရွိဘူးလား။ ကြ်န္မျပင္ဆင္ေပးတဲ႔ Breakfast ေလးကို အတူတူစားရင္း မ်က္လံုးခ်င္ဆံု ရယ္ေမာခြင့္ကို ကြ်န္မမွာ စိတ္ကူးယဥ္ခြင့္ မရွိေတာ့ဘူးတဲ႔လား။
ရယ္ရတယ္။
ကြ်န္မတို႔က ခႏၶာကိုယ္အတု၊ ႏွလံုးသား အစစ္ေတြနဲ႔
ကြ်န္မတို႔ျပန္ရလိုက္တာက ခႏၶာကိုယ္အစစ္၊ ႏွလံုးသား အတုေတြနဲ႔။
သိပ္နာက်ည္းစရာ ေကာင္းလြန္းလွတယ္။
"မိန္းမလ်ာဘဝ သိန္းတစ္ရာမက တန္တယ္ရွင့္" ဆိုတဲ႔ အျဖစ္ညစ္က်ယ္စကားေလးကို ႀကည့္ျပီး ဒီဘဝမွာ ကြ်န္မတို႔ သိပ္ေပ်ာ္ရႊင္ေက်နပ္ေနတယ္လို႔ ရွင္တို႔ထင္မွတ္ႀကသလား။ လိုခ်င္တာမရလို႔ ရရာဘဝကို လိုခ်င္ေအာင္ ဖန္တီးေနထိုင္ဂုဏ္ယူေနတယ္ဆိုရင္ေရာ ကြ်န္မတို႔မွာ အျပစ္ရွိသလား။
--------------------------------
ကြ်န္မတို႔ အေျခာက္ေလာကကလည္း အားလံုးမေကာင္းဘူး။ အခ်ိဳ႕ အတုမေတြ သိပ္ယြစကီးထႀကတယ္။ အစကတည္းက ေျပာခ်င္ဆိုခ်င္ႏွိမ္ခ်င္ေနပါတယ္ဆိုမွ ရပ္ကြက္စရိုက္ေတြ သိပ္ျပႀကတာပဲ။ ကိုယ့္အထာနဲ႔ကိုယ္မေနဘဲ အဖြဲ႔လိုက္ႀကီး ဟိုသူငယ္ ပါးစပ္သရမ္း ဒီသူငယ္ လက္သြားေဆာ့။ အိေျႏၵနဲ႔သိကၡာနဲ႔ အပြင့္မေတြပါ ေရာသိကၡာက်ရတာ။ မိမိသိမ့္ကေတာ့ တစ္စိုးတစ္စိမွမႀကိဳက္။
တစ္ေခါက္က က်ံဳးေဘးသြားသြားနန္႔ႀကတဲ႔ အေျခာက္မတစ္သိုက္ အခ်ဳပ္ထဲ ေရာက္ႀကသည္။ ပတ္ဝန္းက်င္ကို ေႏွာက္ယွက္လို႔တဲ႔။ ဒါလည္း ျဖစ္သင့္သည္။ ညေနညေန အုပ္စုလိုက္ႀကီး က်ံဳးေဘးသြား၊ လာသမွ် သူငယ္ ပါးစပ္အရသာခံ၊ ေနရာတကာ သူတို႔ခ်ည္း ဖလန္းဖလန္းထေနေတာ့ အစစ္မေတြ သူငယ္ေတြ မလာရဲေတာ့။ ရဲက အျမင္ကပ္ျပီး ဖမ္းတယ္ဆိုလား။ ကိုယ့္သမီးထဲက ႏွစ္ေကာင္ပါသြားလို႔ အခ်ဳပ္ထဲ လိုက္ထုတ္ရျပန္ေရာ။ ကိုယ္ေတြက ႏွလံုးသားႏုတယ္။ ေထာင္ေတြတန္းေတြနဲ႔ ေအးေအးေဝးေဝးေနခ်င္လို႔ သာသာယာယာအေျခာက္လုပ္ေနပါတယ္ဆိုမွ . . .။ ကိုယ့္သမီးေတြ အခ်ဳပ္ထဲ ျမင္ရတာ ရင္ထဲမခ်ိလွ။
အခ်ဳပ္ထဲမွာ ေမာ္ဒယ္ရွိဳး ေလွ်ာက္ခိုင္းတာတို႔၊ ရင္သားေပၚ ဖေယာင္းစက္ခ်တာတို႔ Rapeခံရတာမ်ိဳးေတြပါ ရွိတယ္လို႔ ျပန္ေျပာျပႀကတယ္။ ဟုတ္ေလလား မဟုတ္ေလလားေတာ့ မသိ။ မိမိသိမ့္ကေတာ့ အေတာ္ရင္နာဝမ္းနည္းမိတယ္။ ဒါေပမယ့္ ဒါကို တရားျပန္စြဲ ျပန္တိုင္ရရင္ေရာ အေျခာက္မေတြက Rapeခံရလို႔ နာစရာလားဆိုတဲ႔ အညွာတာမဲ႔စကားေတြကိုပဲ လူ႔အဖြဲ႔အစည္းဆီက ျပန္ႀကားရမယ္ဆိုတာ ႀကိဳသိေနတာပဲဟာ။ တစ္ရွက္ကႏွစ္ရွက္ မျဖစ္ေအာင္ ျငိမ္ေနလိုက္ျခင္းဟာသာ အေကာင္းဆံုးျဖစ္မွပဲေလ။
တရားဥပေဒ မစိုးမိုးမႈေအာက္မွ မိန္းမအစစ္ေတြ အဓမၼျပဳက်င့္ခံရတဲ႔ Caseေတြေတာင္ ကြင္းလံုးကြ်တ္ လြတ္ေသးတာ ကိုယ္ေတြကိစၥက အဟားခံစရာသက္သက္အျပင္ ဘာမ်ားအကာအကြယ္ရမွာမို႔လဲ။
ကိုယ့္ဘဝအစစ္အမွန္ကို ဖြင့္ထုတ္ျပသဖို႔ဆိုတာ ဘယ္ေလာက္ခက္ခဲႀကမ္းတမ္းလြန္းတဲ႔လမ္းမ်ားပါလိမ့္။ ကိုယ့္ရဲ႔ ေမြးရာပါ Identity ဟာ လူ႔အဖြဲ႔အစည္းကို ကေမာက္ကမျဖစ္ေအာင္ဖန္တီးေနသလိုမ်ိဳး ဘာလို႔မ်ား ပံုေဖာ္ရက္ႀကတာပါလိမ့္။ ေမြးရာပါ အျပစ္သားေတြလို ဆက္ဆံခံေနရႀကတာကေရာ ဘယ္လိုဝဋ္ဆိုးမ်ားပါလိမ့္။
ေယာက်္ားစစ္စစ္ မိန္းမစစ္စစ္မ်ားကို အားက်ေနသည့္ မိမိသိမ့္လို လူက သာမန္ေယာက်္ားစစ္စစ္ တစ္ေယာက္ကို ကိုယ္လိုျဖစ္လာပါေစေတာ့ရယ္လို႔ လိုင္းသြင္းဆြဲေခၚတာမ်ိဳး စိတ္ကူးႏွင့္ပင္မႀကံစည္။ အတိတ္ကံျဖစ္ျဖစ္ ဝဋ္ေႀကြးျဖစ္ျဖစ္ ေနာက္ဘဝ တစ္ခုခု ပီပီသသေတာ့ ျဖစ္ခ်င္သည္။
ခ်စ္ျခင္းေမတၱာဆိုတာကေရာ ကိုယ္တို႔ဘဝမွာ ေငြေပးဝယ္မွ စိုေတာ့မည့္ မိုးမ်ားလား။ သာမန္လူသားတိုင္း ေတာင့္တသည့္ အခ်စ္၊ ေမတၱာ၊ ဒီအရာေတြက ကိုယ္ေတြလက္ဖ်ားေငြသီးမွ ျခေသၤ႔ေခါင္းနဲ႔ မ်က္ခြက္ရိုက္ အေလ်ာ္အစားလုပ္မွ ပြင့္ဖူးေတာ့မည့္ ပန္းမ်ားလား။ တစ္ဦးက ေမတၱာ တစ္ဦးက အႀကင္နာဆိုတဲ႔ ႏူးညံ႔သိမ္ေမြ႔သည့္ ခံစားခ်က္ကမ်ားကလည္း "အမ္းကုန္းမႀကီးပါေအ"ဆိုတဲ့ ေပါ့သြမ္းဆိုးဝါးသည့္ စကားမ်ားေအာက္မွာ မွိန္ေဖ်ာ့ ေပ်ာက္ဆံုးသြားေတာ့မည္လား။
------------------------------
"ေမသိမ့္ေရ ေမသိမ့္"
ေတြးမိေတြးရာ မိုးမဆံုးေျမမဆံုးေတြးေနရာမွ သမီးတစ္သိုက္ရဲ႕ ေျပးလာသံ၊ ေခၚသံ၊ ေနာက္ျပီး ငိုသံ
"ေငြေဆာင္ရွဳတင္ ပါသြားတဲ႔ ခ်ိဳခ်ိဳနဲ႔သဲေမာင္ ေရနစ္လို႔ဆံုးျပီတဲ႕ ေမသိမ့္ေရ"
အို. . .ဘုရား. . .ဘုရား
ကြ်န္မသမီးေတြ. . . ကြ်န္မရဲ႕ ပညာသားအိမ္ထဲက ေမြးဖြားေပးခဲ႔တဲ႔ ကြ်န္မ သမီးေတြ. . . အရြယ္မတိုင္ခင္ ကံဆိုးေလျခင္း။
------------------
လူမႈကြန္ယက္ေပၚရွိ သတင္းတစ္ပုဒ္
"မိတ္ကပ္ပညာရွင္ႏွစ္ဦး ေငြေဆာင္တြင္ ေရနစ္ေသဆံုး"
မွတ္ခ်က္မ်ား
အေျခာက္မႏွစ္ေကာင္ ေရထဲသြား ဘယ္လိုရြလဲမွ မသိတာ
အေျခာ္တေကာက္ေတြ မုမု
အေျခာက္ေတြ ေသေအးေရာ၊ရွဳပ္တယ္။
မိမိသိမ့္တစ္ေယာက္ မ်က္ရည္က်ရျပန္သည္။
---------------------
ေရေဝးသုႆ န္တစ္ေနရာ
"ဟိုဘက္အသုဘက လူအေတာ္စည္တာပဲ"
"အမေလး. . .စည္မွာေပါ့။ အေျခာက္မႏွစ္ေယာက္ ေသတာေလ။ သူတို႔ခ်ည္း ေျဗာင္းေျဗာင္းသတ္ေနတာပဲ။
ေသတာေတာင္ ဖလန္းဖလန္းေတြ ထေနႀကတယ္။ သိပ္မ်က္စိေနာက္တာပဲ"
ေဘးကျဖတ္ေလွ်ာက္လာေသာ မိမိသိမ့္ကို ျမင္ေတာ့ အတင္းေျပာသူမိန္းမႏွစ္ေယာက္ စကားဘရိတ္အုပ္လိုက္ႀကသည္။ မိမိသိမ့္ အံကိုတင္းတင္းႀကိတ္မိသည္။
-----------------------
အေခါင္းဖံုးကို ပိတ္ေတာ့မည္။ သမီးႏွစ္ေယာက္က အေခါင္းထဲမွာ မိတ္ကပ္တန္ခိုးျဖင့္လွပ ပန္းေတြနဲ႔ေဝေနသည္။ ဘဝတူမိန္းမလ်ာတို႔ရဲ႕ ရႈိက္ငိုသံေတြ၊ မိဘမိတ္သဂၤဟအနည္းငယ္ရဲ႕မ်က္ရည္ေတြ. . .
ကိုယ္ေတြ တစ္ေန႔ ဒီလမ္းသြားႀကရေတာ့မည္။
အေခါင္းဖံုးကို ပိတ္ေတာ့မည္။
"ဒီတစ္ဘဝပဲ ေျခာက္ပါသမီးတို႔ေရ"
မိမိသိမ့္ရဲ႕ နာနာက်ည္းက်ည္း ဟစ္ငိုလိုက္သံက ပဲ့တင္ထပ္သြားေတာ့ေလသည္။
ပန္ ဆယ္ လို
#အဇၩတၱေကာက္ေႀကာင္း
#ဆရာမပန္ဆယ္လိုရဲ႕မွတ္ခ်က္
{ ပထမတစ္ေခါက္ Jpegနဲ႔ တင္တုန္းက
စာလံုးေသးလို႔ ဖတ္မရဘူးဆိုသူမ်ားအတြက္ပါ။
#အဇၩတၱေကာက္ေႀကာင္း ထဲက
ကြ်န္မေရးျပီး ကြ်န္မကိုယ္တိုင္ ႏွစ္သက္ခဲ႔ရတဲ႔ တစ္ပုဒ္ပါ။
Gender Issue ေတြနဲ႔ ပတ္သက္ရင္ ကြ်န္မဟာ အျမဲတမ္း ေသြးဆူေနတဲ့ကေလာင္တစ္လက္ပါပဲ။
လူလူခ်င္း ခြဲျခားတာ ႏွိမ္ခ်တာကို ကြ်န္မလက္မခံဘူး။
လိင္စံလြဲသူ (အရပ္အေခၚ အေျခာက္)မ်ားနဲ႔ ပတ္သက္ျပီး
ကြ်န္မရဲ႕ ေတြးျမင္ပံု ခံယူပံု အလံုးစံုကို
စိတ္ရွိလက္ရွိ ေပါက္ကြဲေရးခ်ထားခဲ႔တဲ႔တစ္ပုဒ္ပါ။
ကြဲလြဲႏိုင္ပါတယ္။
ကြဲလြဲျခင္းကပဲ တစ္စံုတစ္ရာကို ရရွိေစမွာပါ။
လူကိုလူလို႔မျမင္တတ္ေသးသေရြ႔
ခင္ဗ်ားတို႔ရဲ႕ လူျဖစ္မႈဟာ မျပည့္ဝေသးပါဘူး။}
Unicode version
"အရေခွံနှစ်ထပ်၊ ချစ်ခြင်းမေတ္တာ၊ စံလွဲနှလုံးသားနှင့်လူ"
=============================
#ပန်ဆယ်လို
ထိုတစ်နေ့ကို ကြိုတင်မျှော်လင့်ခဲ့ပြီးဖြစ်သော်လည်း အမှန်တကယ်ကြုံလာရသည့်အချိန်တွင် ကျွန်မအဆင်သင့်မဖြစ်ပြန်။ တစ်နေ့နေ့ နေခဲ့ရမည်ကို ကြိုသိနှင့်ခဲ့လည်း သူတကယ်တမ်းထားခဲ့ချိန်တွင် မျက်ရည်က မခိုင်ချင်။
"ကိုယ်တို့လို ဘဝတွေကို ဘယ်သူက တစ်သက်လုံးလက်တွဲချင်မှာလဲအသိမ့်ရယ်။ ခဏတာချစ်ခွင့်ရတာကိုကပဲ တစ်သက်လုံးသိမ်းထုတ်ထားချင်တဲ့ ဒဏ်ရာပါပဲ"
ဘဝတူ၊ ခံစားချက်တူ အထွန်းရဲ့စကားကမှန်နေသည်မို့ မိမိသိမ့်တစ်ယောက် ကျလုဆဲဆဲမျက်ရည်ကို ပုတ်ခါထုတ်လိုက်ရသည်။
"ငိုမနေပါနဲ့တော့ အသိမ့်ရယ်။ ကိုယ်တို့ရင်ခွင်မှာ ခိုနားပြီး ထွက်သွားကြတဲ့လူတွေ ဘယ်လောက်များပြီလဲ။ အစာဝတော့ ဌာနပြန်ကြတာပေါ့လေ။ ကိုယ်တွေသာ ကိုင်းဖျားလေးလို တဆတ်ဆတ်ခါနာပြီး ကျန်ရစ်ခဲ့ရတာ။ အသိမ့်မျက်ရည်တွေကို အထွန်းလို ကောင်မကပဲ နားလည်မှာ။ အခြားသူတွေမြင်ကြည့်။ သူငယ်ထားခဲ့လို့ ငိုနေတဲ့ အခြောက်မကြီးလို့ပဲ မြင်ကြမှာ"
ဟုတ်တယ်။ လူတွေက ရုပ်ရှင်တွေ ဗီဒီယိုတွေထဲကလို မိတ်ကပ်ဗရဗျစ် ခါးအောက်ပိုင်းစကားတွေသာ ပြောတတ်သော ယောကျ်ားမြင်ရင် ဟိုနှိုက် ဒီကိုင်နဲ့ လင်ဆာနေသော ဇာတ်ကောင်တွေထက် ဘာများပိုမြင်နိုင်ကြမှာလဲ။ ကျွန်မတို့ဟာ ယောကျ်ားခန္ဓာကိုယ်ထဲ ပိတ်မိနေတဲ့ မိန်းမတွေဆိုတာ တစ်အိမ်တက်ဆင်း လိုက်ပြောပြမနေချင်။ မိန်းမတွေလို လှချင်ပချင်တယ်။ မိန်းမတွေလို ဝတ်ချင်စားချင်တယ်။ မိန်းမတွေလို ချစ်ခင်ကြင်နာချင်တယ်။ မိန်းမတွေလို မိခင်စိတ်အပြည့်အဝ ရှိတယ်။ မိန်းမတွေလို ရှင်သန်ချင်တယ်။
ငယ်ငယ်တုန်းက မိန်းကလေးတွေနဲ့ အနေနီးစပ်လို့၊ မိန်းကလေးတွေကြား အနေများလို့ နွဲ့တဲ့တဲ့ဖြစ်သွားတာတဲ့။ ဟင့်အင်း. . .မွေးရာပါ လိင်စံလွဲစိတ်ဆိုတာ ဘယ်တွန်းအားနဲ့မှ မသက်ဆိုင်ဘူး။ ရုပ်ရှင်တွေထဲကလို မင်းသားက ခပ်နွဲ့နွဲ့၊ မင်းသမီးနဲ့အတွေ့မှာ ယောကျ်ားစိတ်ပြန်ပေါက်သွားတာတို့ ၊ ခပ်ကြမ်းကြမ်းနေရာမျိုးတွေ ပို့လိုက်ပြီး ယောကျ်ားစိတ်ပြန်ဖြစ်သွားတာတို့တွေဟာ ပြင်ပလောကမှာ သိပ်ရာခိုင်နှုန်း နည်းပါးလွန်းလှတယ်။
ကိုယ်ရွေးချယ်ခွင့်မရဘဲ ရလာတဲ့ လူ့လောကထဲ စိတ်တလွဲကြီးနဲ့ ရောက်လာရခြင်းဟာ ဘယ်လောက်ဆိုးဝါးလွန်းတဲ့ ကိစ္စရပ်လဲလို့။ မိသားစုအလယ်မှာ အပြစ်သားလို၊ ဂုဏ်သိက္ခာညှိုးနွမ်းစေသူလို ဆက်ဆံခံရတယ်။အထူးသဖြင့်အဖေ၊ စိတ်ကိုပေးတဲ့ဒဏ်ရာတွေ၊ ခပ်ကြမ်းကြမ်းကိုင်တွယ်လိုက်ရင် ကျားကျားလျားလျား ပြန်ဖြစ်လာမယ်ဆိုတဲ့အတွေးနဲ့ ရိုက်နှက်ခဲ့တဲ့အပြုအမူတွေ။
နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးတွေဟာ အဖေတို့သားသမီးဖြစ်လာရင် အဖေတို့ချစ်ကြမှာပဲ မဟုတ်ဘူးလား။
ခြေလက်အင်္ဂါမစုံတဲ့ ကလေးတွေသာ အဖေတို့သားသမီးဖြစ်လာခဲ့ရင် အဖေတို့ ချစ်ကြမှာပဲမဟုတ်ဘူးလား။
ချို့ယွင်းချက်ပါလာတဲ့ သားသမီးကို သနားချစ်နဲ့ ပိုပြီးချစ်ကြတာပဲဆိုရင် ကျွန်မတို့က ဘာလို့ခြွင်းချက်ထဲ ပါသွားရတာလဲ။
ခြေတွေလက်တွေမပါတဲ့ ကလေးငယ်တစ်ယောက်ကို
လက်လေးတွေ မပေါက်လာရကောင်းလားဆိုပြီး ရိုက်နှက်ကြလေ့ရှိလို့လား။
မွေးရာပါ လိင်စံလွဲနေသူတစ်ယောက်ရဲ့ စိတ်ကိုကျ ဘာလို့ အထပ်ထပ် ရိုက်နှက်နေရတာလဲ။
---------------------------
"ငါမွေးထားတာ ယောကျ်ားလေးကွာ။ မင်းကျမှ. . ."
ဟင့်အင်း ဖြည့်ပြောပါအဖေ။
ငါမွေးထားတာ ယောကျ်ားလေးပါ။ မိန်းမစိတ်နဲ့ ယောကျ်ားလေးဆိုတာ။
"အရင်ဘဝက သူများသားပျိုသမီးပျိုကို ပြစ်မှားစော်ကားလို့ အခုလိုဖြစ်တာ" တဲ့။ ရှေ့ဘဝတွေ နောက်ဘဝတွေ ဘာသာရေးတွေ ကျွန်မမေးခွန်းထုတ်လေ့ မရှိပါဘူး။ ဒါပေမယ့် ကျွန်မတို့ သက်သေမပြနိုင် မငြင်းဆန်နိုင်တဲ့ ရှေ့ဘဝဆိုတာကြီးကို ဆွဲထည့်ပြီး ကျွန်မတို့က ရာဇဝတ်သားတွေလို၊ အပြစ်သားတွေလို၊ လူယုတ်မာတွေလို သတ်မှတ်ခံရတာကျ . . .
ကျွန်မတို့ ကြေကွဲရတယ်။
ကျွန်မ မိတ်ကပ်သင်တန်းတက်မယ်ဆိုတဲ့နေ့က အိမ်မှာ အိမ်ခေါင်မီးလောင်သလို ပွက်ပွက်ဆူခဲ့ကြတာပေါ့။ ကျွန်မကြောင့်ပဲ ဆွေမျိုးအသိုင်းအဝိုင်းအလယ်မှာ မျက်နှာမပြရဲတော့အောင် အရှက်ရနေသလို စကားမျိုးတွေနဲ့ ကျွန်မလမ်းတွေကို ရိုက်ချိုးဖို့ ကြိုးစားကြတယ်။ ငယ်ငယ်တည်းက ဖိအားတွေနဲ့ အသားကျနေတဲ့ ကျွန်မပဲလေ။ အားလုံးကို ပုန်ကန်တော်လှန်ပြီး ကျွန်မလမ်း ကျွန်မလျှောက်ခဲ့တယ်။
စီနီယာ မိတ်ကပ်ပညာရှင်တွေဆီမှာ ထဘီကအစလျှော်ပြီး ကျိုးကျိုးနွံနွံပညာသင်တယ်။ လုပ်ငန်းခွင်မှာ စေတနာပါပါ စိတ်ပါလက်ပါ အလုပ်လုပ်တယ်။ မွေးရာပါတစ်ပန်းရှုံးနေတဲ့ဘဝမှာ သူများကခြေတစ်လှမ်း လှမ်းရင် ကျွန်မကခြေနှစ်လှမ်း လှမ်းနိုင်ကာမှ တော်ကာကျမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မထပ်ရှုံးလို့မဖြစ်ဘူးဆိုတဲ့အသိက ကျွန်မကို တွန်းအားဖြစ်စေခဲ့တယ်။ အခြောက်လောကမှာ မိမိသိမ့်ဆိုတဲ့ နာမည်တစ်လုံးရဖို့ ကျွန်မရင်းနှီးခဲ့ရတဲ့ ပင်ပန်းမှုတွေ ချွေးစက်တွေဟာ အမြဲတန်တယ်လို့ ကျွန်မနှလုံးသွင်းခဲ့တယ်။ ဘဝတူ သမီးအမြောက်အများကိုလည်း မွေးထုတ်နိုင်ခဲ့ပြီ။
မိန်းမတစ်ယောက်လို လှချင်တယ်။ မိန်းမတစ်ယောက်လို ရှင်သန်ရပ်တည်ချင်တယ်။ မျက်တောင်အတုတွေ၊ ခန္ဓာကိုယ်အတုတွေ၊ အလှအပအတုတွေ. . .
မိန်းမအစစ်နဲ့တူဖို့ ဆေးတွေအများကြီး သောက်ရတယ်။
ဟိုမုန်းဓါတ်အပြောင်းအလဲ လိမ့်နေအောင် ခံရတယ်။ နှုတ်ခမ်းမွှေးတွေ၊ ခြေသလုံးမွှေးတွေ အနာခံနှုတ်ရတယ်။
"သဘာဝအတိုင်းမှမဟုတ်တာ။ အတုက အတုပဲ" ဆိုတဲ့စကားတွေအောက် စိတ်ဓါတ်တွေ အကြိမ်ကြိမ်သေခဲ့ရတယ်။
ဟုတ်ပါတယ်။ ကျွန်မတို့က အတုပါ။ ဟော့ဒီ့မျက်တောင်တွေကလည်း အတု၊ ဟော့ဒီ့ရင်သားတွေကလည်း အတု၊ ဟော့ဒီ့တင်ပါးတွေကလည်း အတု၊ ဒါပေမယ့် နှလုံးသားကတော့ အစစ်ပဲ။ ကျွန်မတို့က ချစ်တတ်တယ်။ ကြင်နာတတ်တယ်။ ဒါပေမယ့် မိန်းမလျာတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ လိင်မှုကိစ္စဆိုတာကလွဲရင် ဘာမှ မတွေးတတ်တော့အောင် လူ့အဖွဲ့အစည်းဟာ ပုံသွင်းခံလိုက်ရပြီ။
ကျွန်မတို့ဟာ အခြားယောကျ်ားတွေလို အခြားမိန်းမတွေလို အောင်မြင်ခွင့် မရှိတော့ဘူးလား။ ရည်ရွယ်ချက်တွေ မရှိရတော့ဘူးတဲ့လား။ မနက်မိုးလင်းလာတဲ့အခါ သူ့နှဖူးလေးကို နမ်းရင်း "ယောကျ်ားရေ. . ထတော့နော်"ဆိုတဲ့ အိပ်မက်လေးကို ကျွန်မတို့မက်ခွင့် မရှိဘူးလား။ ကျွန်မပြင်ဆင်ပေးတဲ့ Breakfast လေးကို အတူတူစားရင်း မျက်လုံးချင်ဆုံ ရယ်မောခွင့်ကို ကျွန်မမှာ စိတ်ကူးယဉ်ခွင့် မရှိတော့ဘူးတဲ့လား။
ရယ်ရတယ်။
ကျွန်မတို့က ခန္ဓာကိုယ်အတု၊ နှလုံးသား အစစ်တွေနဲ့
ကျွန်မတို့ပြန်ရလိုက်တာက ခန္ဓာကိုယ်အစစ်၊ နှလုံးသား အတုတွေနဲ့။
သိပ်နာကျည်းစရာ ကောင်းလွန်းလှတယ်။
"မိန်းမလျာဘဝ သိန်းတစ်ရာမက တန်တယ်ရှင့်" ဆိုတဲ့ အဖြစ်ညစ်ကျယ်စကားလေးကို ကြည့်ပြီး ဒီဘဝမှာ ကျွန်မတို့ သိပ်ပျော်ရွှင်ကျေနပ်နေတယ်လို့ ရှင်တို့ထင်မှတ်ကြသလား။ လိုချင်တာမရလို့ ရရာဘဝကို လိုချင်အောင် ဖန်တီးနေထိုင်ဂုဏ်ယူနေတယ်ဆိုရင်ရော ကျွန်မတို့မှာ အပြစ်ရှိသလား။
--------------------------------
ကျွန်မတို့ အခြောက်လောကကလည်း အားလုံးမကောင်းဘူး။ အချို့ အတုမတွေ သိပ်ယွစကီးထကြတယ်။ အစကတည်းက ပြောချင်ဆိုချင်နှိမ်ချင်နေပါတယ်ဆိုမှ ရပ်ကွက်စရိုက်တွေ သိပ်ပြကြတာပဲ။ ကိုယ့်အထာနဲ့ကိုယ်မနေဘဲ အဖွဲ့လိုက်ကြီး ဟိုသူငယ် ပါးစပ်သရမ်း ဒီသူငယ် လက်သွားဆော့။ အိနြေ္ဒနဲ့သိက္ခာနဲ့ အပွင့်မတွေပါ ရောသိက္ခာကျရတာ။ မိမိသိမ့်ကတော့ တစ်စိုးတစ်စိမှမကြိုက်။
တစ်ခေါက်က ကျုံးဘေးသွားသွားနန့်ကြတဲ့ အခြောက်မတစ်သိုက် အချုပ်ထဲ ရောက်ကြသည်။ ပတ်ဝန်းကျင်ကို နှောက်ယှက်လို့တဲ့။ ဒါလည်း ဖြစ်သင့်သည်။ ညနေညနေ အုပ်စုလိုက်ကြီး ကျုံးဘေးသွား၊ လာသမျှ သူငယ် ပါးစပ်အရသာခံ၊ နေရာတကာ သူတို့ချည်း ဖလန်းဖလန်းထနေတော့ အစစ်မတွေ သူငယ်တွေ မလာရဲတော့။ ရဲက အမြင်ကပ်ပြီး ဖမ်းတယ်ဆိုလား။ ကိုယ့်သမီးထဲက နှစ်ကောင်ပါသွားလို့ အချုပ်ထဲ လိုက်ထုတ်ရပြန်ရော။ ကိုယ်တွေက နှလုံးသားနုတယ်။ ထောင်တွေတန်းတွေနဲ့ အေးအေးဝေးဝေးနေချင်လို့ သာသာယာယာအခြောက်လုပ်နေပါတယ်ဆိုမှ . . .။ ကိုယ့်သမီးတွေ အချုပ်ထဲ မြင်ရတာ ရင်ထဲမချိလှ။
အချုပ်ထဲမှာ မော်ဒယ်ရှိုး လျှောက်ခိုင်းတာတို့၊ ရင်သားပေါ် ဖယောင်းစက်ချတာတို့ Rapeခံရတာမျိုးတွေပါ ရှိတယ်လို့ ပြန်ပြောပြကြတယ်။ ဟုတ်လေလား မဟုတ်လေလားတော့ မသိ။ မိမိသိမ့်ကတော့ အတော်ရင်နာဝမ်းနည်းမိတယ်။ ဒါပေမယ့် ဒါကို တရားပြန်စွဲ ပြန်တိုင်ရရင်ရော အခြောက်မတွေက Rapeခံရလို့ နာစရာလားဆိုတဲ့ အညှာတာမဲ့စကားတွေကိုပဲ လူ့အဖွဲ့အစည်းဆီက ပြန်ကြားရမယ်ဆိုတာ ကြိုသိနေတာပဲဟာ။ တစ်ရှက်ကနှစ်ရှက် မဖြစ်အောင် ငြိမ်နေလိုက်ခြင်းဟာသာ အကောင်းဆုံးဖြစ်မှပဲလေ။
တရားဥပဒေ မစိုးမိုးမှုအောက်မှ မိန်းမအစစ်တွေ အဓမ္မပြုကျင့်ခံရတဲ့ Caseတွေတောင် ကွင်းလုံးကျွတ် လွတ်သေးတာ ကိုယ်တွေကိစ္စက အဟားခံစရာသက်သက်အပြင် ဘာများအကာအကွယ်ရမှာမို့လဲ။
ကိုယ့်ဘဝအစစ်အမှန်ကို ဖွင့်ထုတ်ပြသဖို့ဆိုတာ ဘယ်လောက်ခက်ခဲကြမ်းတမ်းလွန်းတဲ့လမ်းများပါလိမ့်။ ကိုယ့်ရဲ့ မွေးရာပါ Identity ဟာ လူ့အဖွဲ့အစည်းကို ကမောက်ကမဖြစ်အောင်ဖန်တီးနေသလိုမျိုး ဘာလို့များ ပုံဖော်ရက်ကြတာပါလိမ့်။ မွေးရာပါ အပြစ်သားတွေလို ဆက်ဆံခံနေရကြတာကရော ဘယ်လိုဝဋ်ဆိုးများပါလိမ့်။
ယောကျ်ားစစ်စစ် မိန်းမစစ်စစ်များကို အားကျနေသည့် မိမိသိမ့်လို လူက သာမန်ယောကျ်ားစစ်စစ် တစ်ယောက်ကို ကိုယ်လိုဖြစ်လာပါစေတော့ရယ်လို့ လိုင်းသွင်းဆွဲခေါ်တာမျိုး စိတ်ကူးနှင့်ပင်မကြံစည်။ အတိတ်ကံဖြစ်ဖြစ် ဝဋ်ကြွေးဖြစ်ဖြစ် နောက်ဘဝ တစ်ခုခု ပီပီသသတော့ ဖြစ်ချင်သည်။
ချစ်ခြင်းမေတ္တာဆိုတာကရော ကိုယ်တို့ဘဝမှာ ငွေပေးဝယ်မှ စိုတော့မည့် မိုးများလား။ သာမန်လူသားတိုင်း တောင့်တသည့် အချစ်၊ မေတ္တာ၊ ဒီအရာတွေက ကိုယ်တွေလက်ဖျားငွေသီးမှ ခြငေ်္သ့ခေါင်းနဲ့ မျက်ခွက်ရိုက် အလျော်အစားလုပ်မှ ပွင့်ဖူးတော့မည့် ပန်းများလား။ တစ်ဦးက မေတ္တာ တစ်ဦးက အကြင်နာဆိုတဲ့ နူးညံ့သိမ်မွေ့သည့် ခံစားချက်ကများကလည်း "အမ်းကုန်းမကြီးပါအေ"ဆိုတဲ့ ပေါ့သွမ်းဆိုးဝါးသည့် စကားများအောက်မှာ မှိန်ဖျော့ ပျောက်ဆုံးသွားတော့မည်လား။
------------------------------
"မေသိမ့်ရေ မေသိမ့်"
တွေးမိတွေးရာ မိုးမဆုံးမြေမဆုံးတွေးနေရာမှ သမီးတစ်သိုက်ရဲ့ ပြေးလာသံ၊ ခေါ်သံ၊ နောက်ပြီး ငိုသံ
"ငွေဆောင်ရှုတင် ပါသွားတဲ့ ချိုချိုနဲ့သဲမောင် ရေနစ်လို့ဆုံးပြီတဲ့ မေသိမ့်ရေ"
အို. . .ဘုရား. . .ဘုရား
ကျွန်မသမီးတွေ. . . ကျွန်မရဲ့ ပညာသားအိမ်ထဲက မွေးဖွားပေးခဲ့တဲ့ ကျွန်မ သမီးတွေ. . . အရွယ်မတိုင်ခင် ကံဆိုးလေခြင်း။
------------------
လူမှုကွန်ယက်ပေါ်ရှိ သတင်းတစ်ပုဒ်
"မိတ်ကပ်ပညာရှင်နှစ်ဦး ငွေဆောင်တွင် ရေနစ်သေဆုံး"
မှတ်ချက်များ
အခြောက်မနှစ်ကောင် ရေထဲသွား ဘယ်လိုရွလဲမှ မသိတာ
အခြော်တကောက်တွေ မုမု
အခြောက်တွေ သေအေးရော၊ရှုပ်တယ်။
မိမိသိမ့်တစ်ယောက် မျက်ရည်ကျရပြန်သည်။
---------------------
ရေဝေးသုဿ န်တစ်နေရာ
"ဟိုဘက်အသုဘက လူအတော်စည်တာပဲ"
"အမလေး. . .စည်မှာပေါ့။ အခြောက်မနှစ်ယောက် သေတာလေ။ သူတို့ချည်း ဗြောင်းဗြောင်းသတ်နေတာပဲ။
သေတာတောင် ဖလန်းဖလန်းတွေ ထနေကြတယ်။ သိပ်မျက်စိနောက်တာပဲ"
ဘေးကဖြတ်လျှောက်လာသော မိမိသိမ့်ကို မြင်တော့ အတင်းပြောသူမိန်းမနှစ်ယောက် စကားဘရိတ်အုပ်လိုက်ကြသည်။ မိမိသိမ့် အံကိုတင်းတင်းကြိတ်မိသည်။
-----------------------
အခေါင်းဖုံးကို ပိတ်တော့မည်။ သမီးနှစ်ယောက်က အခေါင်းထဲမှာ မိတ်ကပ်တန်ခိုးဖြင့်လှပ ပန်းတွေနဲ့ဝေနေသည်။ ဘဝတူမိန်းမလျာတို့ရဲ့ ရှိုက်ငိုသံတွေ၊ မိဘမိတ်သင်္ဂဟအနည်းငယ်ရဲ့မျက်ရည်တွေ. . .
ကိုယ်တွေ တစ်နေ့ ဒီလမ်းသွားကြရတော့မည်။
အခေါင်းဖုံးကို ပိတ်တော့မည်။
"ဒီတစ်ဘဝပဲ ခြောက်ပါသမီးတို့ရေ"
မိမိသိမ့်ရဲ့ နာနာကျည်းကျည်း ဟစ်ငိုလိုက်သံက ပဲ့တင်ထပ်သွားတော့လေသည်။
ပန် ဆယ် လို
#အဇ္ဈတ္တကောက်ကြောင်း
#ဆရာမပန်ဆယ်လိုရဲ့မှတ်ချက်
{ ပထမတစ်ခေါက် Jpegနဲ့ တင်တုန်းက
စာလုံးသေးလို့ ဖတ်မရဘူးဆိုသူများအတွက်ပါ။
#အဇ္ဈတ္တကောက်ကြောင်း ထဲက
ကျွန်မရေးပြီး ကျွန်မကိုယ်တိုင် နှစ်သက်ခဲ့ရတဲ့ တစ်ပုဒ်ပါ။
Gender Issue တွေနဲ့ ပတ်သက်ရင် ကျွန်မဟာ အမြဲတမ်း သွေးဆူနေတဲ့ကလောင်တစ်လက်ပါပဲ။
လူလူချင်း ခွဲခြားတာ နှိမ်ချတာကို ကျွန်မလက်မခံဘူး။
လိင်စံလွဲသူ (အရပ်အခေါ် အခြောက်)များနဲ့ ပတ်သက်ပြီး
ကျွန်မရဲ့ တွေးမြင်ပုံ ခံယူပုံ အလုံးစုံကို
စိတ်ရှိလက်ရှိ ပေါက်ကွဲရေးချထားခဲ့တဲ့တစ်ပုဒ်ပါ။
ကွဲလွဲနိုင်ပါတယ်။
ကွဲလွဲခြင်းကပဲ တစ်စုံတစ်ရာကို ရရှိစေမှာပါ။
လူကိုလူလို့မမြင်တတ်သေးသရွေ့
ခင်ဗျားတို့ရဲ့ လူဖြစ်မှုဟာ မပြည့်ဝသေးပါဘူး။}
No comments:
Post a Comment