Zawgyi version
" ဧကရာဇ္ပန္းနံ႔က ေမႊးတယ္ "
=======================
#ယဥ္ယဥ္ႏု (မႏၲေလး)
ပါဘေလကာ အမိုးဖြင့္ကားေလးကို အိုရီယံတယ္ေဟာက္စ္ ေရွ႕မွာ ထိုးဆိုက္စရာ ေနရာ ရွာမေတြ႕လို႔ နီနီက မ်က္လုံးျပဴးေနတယ္။ ေရွ႕ခန္းက ဟယ္လင္က ဟိုနားဒီနားနဲ႔ လက္ညႇိဳးတထိုးထိုး လုပ္ေနတုန္း ေနာက္ခန္းက လိုက္လာတဲ့ ဘာဘရာနဲ႔ ၾကည္ၾကည္နဲ႔က အေနာက္ဘက္ ေကြ႕လိုက္ပါလားလို႔ ေအာ္လိုက္ေတာ့မွ က်ပ္ညပ္ေနတဲ့ ကားေတြၾကားကေန ၂၇ လမ္းအတိုင္း ေကြ႕ၿပီး ေတြ႕ရာသစ္ပင္မွာ ကားေလး ရပ္သြားတယ္။ ၾကည္ၾကည္နဲ႔ ဘာဘရာ ႐ႈံ႕႐ႈံ႕မဲ့မဲ့နဲ႔ ေနာက္ခန္းကေန ေက်ာ္ခြၿပီး ဆင္းၾကတယ္။ ပါးစပ္ကလည္း ပြစိပြစိနဲ႔ …
“ေကာင္မစုတ္ နီနီ၊ ပါဂ်ဲ႐ုိးေတာ့ ယူမလာဘဲ သူ႔ေယာက္်ားႀကီး ေပးလိုက္တယ္၊ ငါတို႔ ႐ႈိးပဲ့လိုက္တာ”
လို႔ ေျပာေနၾကတုန္း နီနီတို႔၊ ဟယ္လင္တို႔က သူတို႔ဝတ္ထးတဲ့ ႀကိဳးႀကီးခ်ိတ္ေတြကို ပုံက်ပ္ပန္းက် ျဖစ္ေအာင္ ျပင္ဆင္ေနၾကတုန္း ၾကည္ၾကည္က ဟက္ခနဲ ရယ္ရင္း …
“လုပ္မေနပါနဲ႔ဟာ၊ နင္တို႔ဗိုက္ပူႀကီးေတြ ဘယ္လိုဖုံးဖုံး မလွေတာ့ပါဘူး။ အသက္ပဲ ၅၀ ေက်ာ္ေနၿပီ”
လို႔ ခြပ္တာနဲ႔ ဆဲသံ ဆိုသံေတြ ဆူညံသြားတယ္။
အဲဒီလို ေနတုန္း အျဖဴေရာင္ ပန္းကေလး တစ္ပြင့္က ကားေခါင္မိုး ေပၚကို ဖ်တ္ခနဲ က်လာလို႔ ေလးေယာက္သား အာ႐ုံက ပန္းကေလးဆီ ေရာက္သြား ... “ဟယ္” ဆိုတဲ့ ေအာ္သံ ၿပိဳင္တူ ထြက္လာၿပီး ပန္းကေလးကို လုေကာက္ၾကတယ္။ ေလကေလးက တျဖဴးျဖဴး သုတ္လာေတာ့ ပန္းကေလးေတြက တျဖဳတ္ျဖဳတ္ေႂကြအက် “ဟယ္ … အေပၚမွာ ၾကည့္လိုက္စမ္း၊ ဧကရာဇ္ပင္ႀကီးေတာ့” ဆိုၿပီး ရင္ဘတ္စည္တီး အလုအယက္ ေကာက္လိုက္ၾကတာ သူငယ္ခ်င္းသား မဂၤလာေဆာင္ကို ေမ့သြားတဲ့ အထိပဲ။ ေလအေဝွ႔မွာ ေမႊးရနံ႔ေလးကလည္း တသင္းသင္းနဲ႔၊ ၾကည္ၾကည္ကေတာ့ အပင္ေပၚ ေမာ့ၾကည့္လိုက္ေတာ့ သူ႔ထုံးစံအတိုင္း ကိုင္းအဖ်ားမွာ အျဖဴေရာင္ ဆုပ္ဆုပ္ခဲခဲ အပြင့္္ေတြ ႁပြတ္သိပ္ေနရာက ေႂကြက်လုဆဲဆဲ အပြင့္ကေလးေတြကို လႈပ္ရမ္းလို႔။ အသက္ငါးဆယ္ ေက်ာ္ေနၿပီျဖစ္တဲ့ ေက်ာင္းဆရာမ ဘဝကို ၾကည္ၾကည္ ေမ့သြားတယ္။ ေျခာက္တန္းေက်ာင္းသူ ဂါဝန္ဝဲဝဲေလးနဲ႔ ၁၂ ႏွစ္သမီး ကေလးမေလး ဘဝကို ျပန္ေရာက္သြားၿပီး ဝမ္းသာအားရ ေအာ္မိတယ္။
“ေလမင္းႀကီးရယ္ တိုက္လိုက္စမ္းပါေတာ္၊ ဧကရာဇ္ပန္းေတြရယ္ ေႂကြက်၊ ေႂကြက်။ အမ်ားႀကီးေႂကြ၊ ငါတို႔ ေကာက္ခ်င္လို႔”
* * *
ၾကည္ၾကည္တို႔ ေဖေဖ ၾကည္ၾကည့္ကို ေက်ာင္းထားမယ္ လုပ္ေတာ့ မႏၲေလးၿမိဳ႕အႏွံ႔ ေက်ာင္းေတြကို ဂ်စ္ကားနဲ႔ လိုက္ၾကည့္တာတဲ့။ တစ္ဦးတည္းေသာ သမီးေလးကို ဘယ္ေက်ာင္းမွာ ထားရမလဲလို႔ေပါ့။ ၾကည္ၾကည့္ကို ထားခဲ့တဲ့ ေက်ာင္းနဲ႔ ပတ္သက္ၿပီး ၾကည္ၾကည့္ ေဖေဖက ဘယ္လိုေျပာခဲ့လဲ ဆိုေတာ့ …
“ဒီေက်ာင္းက သာသနာျပဳေက်ာင္း ဆိုေပမယ့္ နိုင္ငံျခားနာမည္ မေျပာင္းရဘူးဗ်ာ။ ျမန္မာဆန္တယ္ဗ်ာ။ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚခင္ႏုကလည္း ယဥ္ေက်းသိမ္ေမြ႕ လိုက္တာမ်ား စကားမွ တိုးတိုးေလး ေျပာတာ။ ၾကည္ၾကည့္ကို ဆရာမႀကီးလို သိမ္ေမြ႕ ေစခ်င္တာလည္း ပါ၊ အဓိကကေတာ့ ေက်ာင္းပန္းျခံနဲ႔ အျပည့္စိုက္ထားတဲ့ ဧကရာဇ္ပင္ႀကီးေတြပဲဗ်ာ။ အရိပ္ကလည္း ေအးျမေနတာပဲ။ က်ဳပ္သမီးေလး ေဆာ့ရင္ ကစားရင္ ေနမပူေတာ့ဘူးေပါ့။ ဒါေၾကာင့္ BBM မွာ ထားျဖစ္တယ္”
လို႔ ရွည္ရွည္ေဝးေဝး ရွင္းျပတတ္ပါတယ္။ ၾကည္ၾကည္ကေတာ့ ေဖေဖ့စကားထက္ ဧကရာဇ္ပင္ႀကီးေတြကို စိတ္ဝင္စားတယ္။ သီတင္းကြၽတ္ခါနီး ဆိုရင္ ဧကရာဇ္ပင္ေတြက ဖူးၾက၊ ပြင့္ၾကၿပီး ေလကေလး သုတ္လိုက္ရင္ တျဖဳတ္ျဖဳတ္ ေႂကြက်ၿပီး ေက်ာင္းသူတိုင္း အားတဲ့အခ်ိန္မွာ တကုန္းကုန္း ေကာက္ၾက၊ တျပံဳးျပံဳးနဲ႔ ေခြထိုးၾက၊ ပန္ၾက၊ ပန္းလုေကာက္လို႔ ရန္ျဖစ္ၾက၊ ျပန္ေခၚၾကနဲ႔၊ BBM ေက်ာင္းသူဘဝနဲ႔ ဧကရာဇ္ပန္းက ခြဲမရခဲ့ဘူး။
တစ္ရက္ေတာ့ ၾကည္ၾကည္ စိတ္ညစ္လက္ညစ္နဲ႔ အတန္းထဲမွာ ငိုင္ငိုင္ႀကီး ထိုင္ေနတယ္။ ေျခာက္တန္းတက္စ ေဖေဖ ဝယ္ေပးထားတဲ့ ပတ္ကား ေဖာင္တိန္ေလးက ေန႔လယ္ မုန႔္စားေက်ာင္း ဆင္းေတာ့ ကိုးတန္း၊ ဆယ္တန္းက အပ်ိဳမေတြကို တုၿပီး အက်ႌရင္ဘတ္မွာထိုးလို႔ ႐ႈိးေပးသြားမိတယ္။ ဆင္မယဥ္သာ ေလွ်ာက္ၾကတဲ့ အပ်ိဳႀကီးေတြက ညင္ညင္သာသာ သိမ္သိမ္ေမြ႕ေမြ႕မို႔ ဘာမွမျဖစ္ဘူးေလ။ ၾကည္ၾကည္တို႔ ေျခာက္တန္းဆိုတာ အတန္းျပင္ ေရာက္ကတည္းက ေဘာလုံးကြင္းကို ျဖတ္ၿပီး မုန႔္စားတန္းကို အေျပးၿပိဳင္ၾကတာ။ ေဒၚသိန္း လက္သုပ္စား၊ ဦးထြန္းၾကည္ မုန႔္ဟင္းခါးေသာက္၊ ေရခဲပလုတ္တုတ္ တစ္ဖက္ကိုကိုင္ၿပီး အတန္းထဲလည္း ျပန္ေရာက္ေရာ ရင္ဘတ္မွာ အဖုံးပဲ ကလစ္ကေလးနဲ႔ ဣေႁႏၵမပ်က္ က်န္ခဲ့တယ္။ ၾကည္လို႔ စာလုံးထိုးထားတဲ့ ေဖာင္တိန္ကေလးက ဘယ္မွာ ခုန္ခ်ေနခဲ့လဲ မသိဘူး၊ စည္းကမ္းႀကီးတဲ့ ေဖေဖက အိမ္ျပန္ေရာက္ရင္ ကြန္ပါဘူးဖြင့္စစ္လို႔ မေတြ႕ရင္ အဆူခံရေတာ့မွာမို႔ ငိုင္ေနတာ။
“ၾကည္ၾကည္ နံပါတ္ ငါးအခ်ိန္ အစ္မႀကီးေအး မဝင္ဘူးတဲ့။ ငါတို႔ ဧကရာဇ္ပန္း သြားေကာက္ရေအာင္”
ဟယ္လင္နဲ႔ နီနီက ငိုင္ေနတဲ့ ၾကည္ၾကည့္ကို အေဖာ္လာစပ္တယ္။
“မလိုက္ခ်င္ပါဘူးဟာ၊ ဧကရာဇ္ပန္းလည္း ပန္းျခံထဲမွာ မရွိပါဘူး၊ တုံးကုန္ၿပီ၊ ေနာက္ၿပီး ေက်ာင္းဆင္းတုန္းက ကေလးေတြ အကုန္ေကာက္သြားေရာေပါ့”
“မဟုတ္ဘူး၊ ဧကရာဇ္ပန္းေတြမွ ပုံလို႔၊ ဘယ္သူမွ မေကာက္တဲ့ေနရာ ငါ သိတယ္”
မစီမာ ဆီးေပါင္းစားေနတဲ့ ဘာဘရာက ဖ်တ္ခနဲ ဝင္ေျပာတယ္။
“ငါ ေဖာင္တိန္ေပ်ာက္လို႔ စိတ္ညစ္ေနတာ”
“လိုက္ခဲ့စမ္းပါဟာ၊ ဟိုဘက္ခန္းက အမာခင္ေလ အေစာႀကီး ဧကရာဇ္ပန္းေတြ ေကာက္ၿပီး ေခြထိုးပန္လို႔ ငါတို႔ကို ေက်ာသြားတာ။ အခု ျပန္ေကာက္ၿပီး ပန္ျပၾကမယ္ေလ”
ပန္းမက္တဲ့ ၾကည္ၾကည္ ႏွစ္ခါ၊ သုံးခါ မေခၚရဘဲ ပါသြားတယ္။ ဒီတစ္ခါ ဘာဘရာ ေခၚသြားတဲ့ ေနရာက သူတို႔ တစ္ခါမွ် မေရာက္ဖူးတဲ့ ႐ုံးခန္းေနာက္ဘက္နားက အပင္ခ်င္းဆိုင္ ေပါက္ေနတဲ့ ဧကရာဇ္ပင္ႀကီး သုံးပင္ေအာက္ကို ေခၚသြားတာ။ ခါတိုင္း ခရစၥမတ္ကတ္ျပား ေရာင္းတဲ့ အခါသာ ေရာက္ဖူးတာ။ အခုလို သီတင္းကြၽတ္မွာ ဧကရာဇ္ပန္းေတြ ေဖြးၿပီး အစုလိုက္ အပုံလိုက္ ျဖစ္ေနမယ္လို႔ ၾကည္ၾကည္ ဘယ္ထင္ပါ့မလဲ။ အမယ္ေလး … ေပ်ာ္လိုက္တာဟယ္ ဆိုၿပီး တငုံ႔ငုံ႔နဲ႔ ေကာက္ၾကတယ္။ ပန္းေတြက ေကာက္႐ုံမကဘဲ က်ဳံးယူရင္ေတာင္ ရနိုင္တာမို႔ စကတ္ေလးေတြ၊ ဂါဝန္ေလးေတြထဲ ထည့္လိုက္ၾကတာ၊ တစ္ထုပ္ႀကီး ျဖစ္လာၿပီး ေလာဘ မသတ္နိုင္ဘဲ ဆက္ေကာက္ ေနၾကတဲ့အခ်ိန္ …
“သမီးတို႔ လာခဲ့ၾကစမ္း ႐ုံးခန္းထဲကို”
ဆိုတဲ့ ခပ္ခ်ိဳခ်ိဳ၊ ခပ္တိုးတိုး အသံၾကားေတာ့မွ အမယ္ေလးဆိုၿပီး လန႔္ၾကည့္ ၾကည့္မိေတာ့ ေက်ာင္းအုပ္ဆရာမႀကီး အစ္မႀကီးႏုက ႐ုံးခန္း ေနာက္ေဖးေပါက္မွာ ရပ္ေနတယ္။ ေလးေယာက္စလုံး ေခါင္းေလးေတြ ငုံ႔ၿပီး ဂါဝန္ထဲမွာလည္း ပန္းေခြတစ္ထုပ္ႀကီးနဲ႔ ဂါဝန္ေလးေတြ မ,လို႔ ႐ုံးခန္းထဲကို ေၾကာက္ေၾကာက္လန႔္လန႔္ ဝင္ခဲ့ၾကတယ္။
“ပန္းေတြ ဟိုေထာင့္မွာ ပုံထားလိုက္၊ လက္ပိုက္”
ေလးေယာက္သား မ်က္ႏွာငယ္ေလးေတြနဲ႔ အစ္မႀကီးႏု ေရွ႕မွာ ရပ္ေနၾကတယ္။ အစ္မႀကီးက ထုံးစံအတိုင္း ဇင္းမယ္လုံခ်ည္ ေျခဖမိုးထိနဲ႔၊ နိုင္လြန္အက်ႌ အျဖဴနဲ႔ ဆြယ္တာ အနက္ကေလးကို လက္လွ်ဳိ မဝတ္ဘဲ ျခံဳ႐ုံ ျခံဳထားတယ္။
“သမီးတို႔ အတန္းထဲ ဆရာမ မလာလို႔”
“ပန္းေတြ ပုံေနတာပဲလို႔ ဘာဘရာက ေျပာလို႔”
“ပတ္ကားေဖာင္တိန္ေလး ေပ်ာက္သြားလို႔ စိတ္ညစ္ေနတာနဲ႔”
ၾကည္ၾကည္တို႔ ငိုမဲ့မဲ့နဲ႔ တစ္ေယာက္တစ္ခြန္း ဆင္ေျခေပးေနတာကို အစ္မႀကီးႏုက ျပံဳးၾကည့္ေနတယ္။ ၿပီးေတာ့မွ …
“ဆရာမ မလာေပမယ့္ သမီးတို႔ အခုလို စည္းကမ္းမရွိ အတန္းထဲက မထြက္ရဘူးေလ၊ စာဖတ္ေနရမယ္၊ ေနာက္ၿပီး ႐ုံးခန္းရဲ႕ အေနာက္ဘက္ကိုလည္း သမီးတို႔ မလာရဘူး။ ဆရာမေတြပဲ လာရတာ၊ သမီးတို႔ စည္းကမ္းပ်က္တယ္၊ အစ္မႀကီးက သမီးတို႔ကို ႐ုိက္လို႔ရတယ္၊ ဒါေပမယ့္ ႐ုိက္တာ ေၾကာက္တာထက္ သမီးတို႔ စည္းကမ္းကို နားလည္ၿပီး ေရွာင္တာ လိုခ်င္တယ္။ အစ္မႀကီးတို႔ ေက်ာင္းက ထြက္တဲ့ကေလးဟာ စည္းကမ္း မေဖာက္ရဘူး။ အရပ္ထဲမွာေနရင္ အရပ္စည္းကမ္း၊ အလုပ္ခြင္စည္းကမ္း လိုက္နာရမယ္၊ အခ်င္းခ်င္း သစၥာရွိရမယ္၊ တို႔ေက်ာင္းရဲ႕ ေဆာင္ပုဒ္က ဘာတဲ့လဲ”
“BE TRUE ပါ”
“ဟုတ္ပါၿပီ၊ ေဆာင္ပုဒ္က သစၥာရွိပါေစတဲ့၊ အစ္မႀကီး လက္ေတြ႕ျပမယ္၊ တို႔ေက်ာင္းက ကေလးေတြဟာ ႐ုိးသားစည္းကမ္း ရွိရာမွာ စံျပ၊ သစၥာရွိတဲ့ ေနရာမွာ စံျပ ျဖစ္ေနရမယ္၊ တစ္ေန႔တစ္ေန႔ ေကာက္ရလို႔ ကိုယ့္ပစၥည္း မဟုတ္ဘဲ မယူရဘူးဆိုတဲ့ ဆရာမေတြရဲ႕ ဆုံးမစကားေၾကာင့္ ႐ုံးခန္းကို လာအပ္ၾကတဲ့ ေဖာင္တိန္ေတြ၊ ခဲတံေတြ၊ ခဲဖ်က္ေတြ ဟိုဘက္ခန္းမွာ ရွိတယ္။ ခုနက သမီးေျပာတဲ့၊ ဘာတဲ့ ပတ္ကားေဖာင္တိန္ ဟုတ္လား၊ ဘာ အမွတ္အသားပါလဲ၊ ဘာအေရာင္လဲ”
“ၾကည္လို႔ နာမည္ ထိုးထားပါတယ္ အစ္မႀကီး၊ မီးခိုးေရာင္ပါ”
“ေကာင္းၿပီ လာ၊ တို႔ ဟိုဘက္ခန္းကို သြားရေအာင္”
အစ္မႀကီးႏု ဦးေဆာင္ၿပီး ဟိုဘက္ခန္း ဆရာမ်ား နားေနခန္းကို ေရာက္ခဲ့တယ္။ အစ္မႀကီး ေဒၚအုန္းသင္ကို မ်က္မွန္တဝင္းဝင္းနဲ႔ ေတြ႕တယ္။
“အစ္မႀကီးေရ၊ ေကာက္ရတဲ့ ေဖာင္တိန္ေတြ ထည့္တဲ့ ဗန္းေလး ျပစမ္းပါ”
အစ္မႀကီး ေဒၚအုန္းသင္ ဗန္းကေလး ယူျပေတာ့ အဲဒီထဲမွာ ၾကည္ၾကည္ရဲ႕ ပတ္ကားေဖာင္တိန္ေလးကို ေတြ႕ရေတာ့ ၾကည္ၾကည္ ဝမ္းသာလိုက္တာ၊ “ေတြ႕ၿပီ ေတြ႕ၿပီ” ဆိုၿပီး ေကာက္ယူလိုက္ေတာ့ “ေန႔လယ္ကမွ ခုနစ္တန္းက ေက်ာင္းသားတစ္ေယာက္ လာအပ္သြားတာ” လို႔ အစ္မႀကီး ေဒၚအုန္းသင္က ေျပာတယ္၊ ၾကည္ၾကည္ အစ္မႀကီးႏုကို ေမာ့ၾကည့္ေတာ့ အစ္မႀကီး ျပံဳးျပံဳးႀကီး ...
“ေတြ႕လား သမီး၊ အစ္မႀကီးတို႔ ေက်ာင္းက သစၥာရွိတယ္၊ စည္းကမ္းရွိတယ္၊ သစၥာရနံ႔နဲ႔ စည္းကမ္းရွိတဲ့ ႐ုိးသားတဲ့ ရနံ႔ဟာ သမီးတို႔ ေကာက္ခဲ့တဲ့ ဧကရာဇ္ပန္းရဲ႕ ရနံ႔ေတြလိုပါပဲ။ ေမႊးပ်ံ႕တယ္။ ေနာက္ကို စည္းကမ္း မေဖာက္ရဘူးေနာ္”
လို႔ ဆုံးမတာကို ၾကည္ၾကည္တို႔ အားရပါးရ ေခါင္းညိတ္ခဲ့ၾကၿပီး ပန္းေတြယူလို႔ အခန္းထဲကို ျပန္ေခြထိုးပန္ၾက၊ အမာခင့္ကိုလည္း ႂကြားၾက၊ သူငယ္ခ်င္းေတြ ေပ်ာ္လိုက္ၾကတာ၊ လြန္ခဲ့တဲ့ ႏွစ္ေလးဆယ္ နီးပါးကို အခုခ်က္ခ်င္း ျပန္ေရာက္သြားသလိုပဲ။ မဂၤလာေဆာင္ထဲမွာ ပတ္ကား ေဖာင္တိန္ေလး အေၾကာင္း စားျမံဳ႕ျပန္ၾကနဲ႔ ဒင္မ္ဆမ္းေတာင္ ဘယ္လိုဝင္ၿပီး ဘယ္သူေတြ ဧည့္ခံပြဲလာၾကတယ္ ဆိုတာေတာင္ မသိေတာ့ဘူး။ ေသခ်ာတာကေတာ့ လာသမွ် BBM ေက်ာင္းသား၊ ေက်ာင္းသူတိုင္းကို ဧကရာဇ္ပန္း ျပျပၿပီး ႂကြားျဖစ္တာကေတာ့ ေသခ်ာတယ္။ ငယ္မူ၊ ငယ္စိတ္ေတြ ျဖစ္ၿပီး ေပ်ာ္ေနတာနဲ႔ သူငယ္ခ်င္းေတြ ၾကံဳေတာင့္ၾကံဳခဲ ဆရာဝန္မ ျဖစ္ေနတဲ့ ဘာဘရာ၊ ေယာက္်ားစစ္ဗိုလ္ေနာက္ လိုက္ေနတဲ့ ဟယ္လင္ရယ္၊ ေက်ာင္းဆရာမ ၾကည္ၾကည္ရယ္က မခြဲခ်င္ၾကေသးဘူး ဆိုၿပီး ထိုးမုန႔္၊ လမုန႔္ အႀကီးအက်ယ္ ေရာင္းေနတဲ့ နီနီ႔အိမ္ကို အားမနာပါးမနာ မနက္စာစားဖို႔ ကားနဲ႔ လိုက္သြားၾကတယ္။
“မနက္စာကို ဆိုင္မွာ စားမလား၊ အိမ္မွာ စားမလား”
ဆိုၿပီး နီနီက ရင္ဘတ္က စိန္ေလာ့ကတ္ ၾကားထဲကို ဧကရာဇ္ပန္းေလး ထိုးလိုက္တယ္။
“အားပါး … နင့္ စိန္ေလာ့ကတ္က လွလွေခ်လားဟ၊ ဒါ အသစ္ေနာ္”
နီနီ႔ လက္ဝတ္ လက္စားေတြ အျမဲတမ္း ေတြ႕ေနတဲ့ ၾကည္ၾကည္က ေျပာေတာ့ … “ခ်စ္ခ်စ္ႀကီး လက္ေဆာင္ဟ၊ ကဲေျပာ … ဘယ္မွာ စားမွာလဲ၊ ထုံးစံအတိုင္း ေ႐ႊဘဲလား”
ဟိုသြားမယ္၊ ဒီသြားမယ္နဲ႔ သူငယ္ခ်င္းေတြ အလိုလိုက္ တစ္ၿမိဳ႕လုံး ႏွံ႔ၿပီးမွ ေဈးခ်ိဳက ထိုးမုန႔္ဆိုင္ကို ျပန္ေရာက္ေတာ့တယ္။ ဆင္းၾကဦး၊ အခ်ိဳစားမယ္ ဆိုတာနဲ႔ အားလုံး ဆင္းၾကၿပီး ဆိုင္ျပည့္ တိုးေဝွ႔ ဝယ္ေနၾကတဲ့ ေဈးဝယ္ေတြကို ၾကည့္ရင္း နီနီတို႔ စီးပြား ျဖစ္လိုက္တာလို႔ ၾကည္ၾကည္ ေတြးေနမိတယ္။
“ထိုင္ အေအးေသာက္ၾက၊ သီဟလြင္ေရ၊ အေအးဘူးေတြ ထုတ္ခဲ့ပါေဟ့၊ ဂ်ယ္လီပူတင္းေတြ ခ်ေဟ့။ သင္းသင္းကို ေခၚပါဦး၊ ထိုးမုန႔္ ပန္းကန္ေတြေကာ ေရာက္ပလား”
အိမ္ေရာက္တာနဲ႔ နီနီ အလုပ္ထဲ နစ္သြားတာ ၾကည့္ရင္း ေမာေနတယ္။ လူပ်ိဳေပါက္ သီဟလြင္ဆိုတဲ့ ကေလးနဲ႔ သင္းသင္းဆိုတဲ့ စာေရးမေလးက ဝင္လိုက္ထြက္လိုက္၊ မုန႔္ေတြခ်လိုက္၊ ၾကည္ၾကည္တို႔လည္း အလိုက္တသိ ျပန္မလို႔ သုံးေယာက္သား တိုင္ပင္ေနတုန္း …
“ဟယ္ ဒုကၡပဲ”
ဆိုတဲ့ နီနီ႔ အသံေၾကာင့္ အားလုံး လွည့္ၾကည့္လိုက္ၾကေတာ့ နီနီ ရင္ဘတ္ကို လက္နဲ႔အုပ္ထားရင္း ငိုမဲ့ငိုမဲ့နဲ႔ …
“ငါ့ စိန္ေလာ့ကတ္ႀကီး မရွိေတာ့ဘူး”
အားလုံး ဟယ္ခနဲ ျဖစ္သြားၾကတယ္။ နီနီကေတာ့ ငိုရမလို၊ ရယ္ရမလို၊ ထရမလို၊ ထိုင္ရမလိုနဲ႔ …
“ဒုကၡပဲ၊ ဒုကၡပဲ။ ကိုကို ဆူေတာ့မွာပဲ။ စိန္အလုံးခ်ည္း ၃၀ ေက်ာ္တယ္၊ သိန္းႏွစ္ဆယ္နီးပါး ေပးရတာ၊ ရန္ျဖစ္ရေတာ့မွာပဲ၊ ဘယ့္ႏွယ္ လုပ္ၾကမလဲဟင္၊ အၾကံ ေပးၾကပါဦးဟယ္”
လို႔ မ်က္ရည္စမ္းစမ္းနဲ႔ ေျပာတယ္၊ ဟယ္လင္က ေတြးေတြးဆဆနဲ႔ “ငါတို႔ ေလွ်ာက္သြား လာတာလည္း တစ္ၿမိဳ႕လုံးနီးပါး။ အိမ္မွာ ဆိုရေအာင္လည္း လူေတြက အျပည့္” လို႔ ေျပာတယ္။
“ေဗဒင္ေမးမလားဟင္” လို႔ နီနီက ေျပာေတာ့ ၾကည္ၾကည္က
“ဟာ နီနီရယ္၊ ေဗဒင္ေမးခ ထပ္ကုန္ေနပါဦးမယ္၊ ဒီေခတ္မွာ ဒီေလာက္ အဖိုးတန္တာ ဘယ္သူက ျပန္ေပးမွာလဲဟ၊ သိန္းဆယ္ခ်ီေနတာ”
“အမယ္ေလး … ဆုံးပါၿပီ၊ ဆုံးပါၿပီ” ဆိုၿပီး နီနီ ငိုေတာ့မလို ျဖစ္ေနတုန္း “အန္တီနီ” ဆိုၿပီး သီဟလြင္က အခန္းထဲ ဝင္လာတယ္။
“ဘာတုန္း သီဟလြင္၊ ဘာမွ လာမေျပာနဲ႔၊ ငါ စိတ္႐ႈပ္ေနလို႔ ဘယ္ဧည့္သည္ လာလာ မရွိဘူး ေျပာလိုက္၊ ဖုန္းလာလည္း လာမေခၚနဲ႔”
“မဟုတ္ဘူး အန္တီ၊ ဒီမွာ ၾကည့္ပါဦး”
ေျပာေျပာဆိုဆို ျဖန႔္ျပတဲ့ သီဟလြင္ရဲ႕လက္ထဲမွာ တဖိတ္ဖိတ္ တလက္လက္ ေတာက္ေနတဲ့ စိန္ေလာ့ကတ္ႀကီးကို ၾကည္ၾကည္တို႔က တအံ့တဩ ေတြ႕လိုက္ရတယ္။
“အမယ္ေလး ငါ့စိန္ေလာ့ကတ္ႀကီး ျပန္ရၿပီ၊ သီဟလြင္ နင္ ေကာက္ရတာေပါ့ ဟုတ္လား”
“ဟုတ္တယ္ အန္တီနီ၊ ေရခ်ိဳးခန္းနားမွာ ေကာက္ရတာ၊ ေတာ္ေသးတာေပါ့။ ဘယ္သူမွ မရွိဘူး။ ကြၽန္ေတာ္ လက္ေဆး ေနရင္းနဲ႔ ေတြ႕တာ”
႐ုိး႐ုိးသားသား ရွင္းျပေနတဲ့ သီဟလြင္ရဲ႕ ၾကည္လင္တဲ့ မ်က္ဝန္းေလးကို စိုက္ၾကည့္ရင္း ေက်ာင္းဆရာမ ၾကည္ၾကည္ အူယားလာတာနဲ႔ ေမးခြန္းတစ္ခုကို ဇြတ္ေမးခ်လိုက္မိတယ္။
“ေနပါဦး ကေလးရယ္၊ မင္း ေတြ႕တာ ဘယ္သူမွလည္း မသိဘဲနဲ႔ မင္း ဒီေလာက္ တန္ဖိုး တန္တာႀကီးကို ႐ုိး႐ုိးသားသား ျပန္ေပးနိုင္တယ္ေနာ္”
“ဟုတ္ကဲ့ အန္တီ၊ ကြၽန္ေတာ္တို႔႐ြာမွာ ဘုန္းႀကီးေက်ာင္း ေနတုန္းက ဘုန္းေတာ္ႀကီးက သူမ်ားပစၥည္းဆိုရင္ အပ္တို တစ္ေခ်ာင္းေတာင္ မယူရဘူး၊ ကိုယ္က်င့္တရား ေကာင္းရမယ္လို႔ ေျပာထားတာကို စြဲျမဲေနေအာင္ မွတ္မိေနလို႔ပါ အန္တီ”
သီဟလြင္ရဲ႕ စကားကို ၾကားလိုက္ရေတာ့ ၾကည္ၾကည္ စိတ္ၾကည္ႏူးလိုက္တာ၊ ႐ုိးသားျခင္းရဲ႕ သစၥာရနံ႔ဟာ ဧကရာဇ္နံ႔လိုပဲ ေမႊးတယ္ေလ။ ဧကရာဇ္ပန္းဆိုတာ တစ္ေနရာတည္း၊ တစ္ပင္တည္းကသာ ေမႊးတာ မဟုတ္ဘူး။ ျမန္မာျပည္အႏွံ႔မွာ ေပါက္သမွ် ဧကရာဇ္ပန္းတို႔မည္သည္ ေမႊးပ်ံ႕ၾကတာခ်ည္းပါလားလို႔ သူ အားလုံးကို ေျပာျပခ်င္လိုက္တာ။ ေျပာရင္းဆိုရင္း သူတို႔ ပန္ထားတဲ့ ဧကရာဇ္ပန္း ေႏြးေႏြးကေလးေတြ လက္ခုပ္ေလးႏွစ္ဖက္နဲ႔ အုပ္ယူၿပီး ႐ႈိက္နမ္း လိုက္မိတယ္။ အား … ေမႊးလိုက္တာ အသည္းထဲကို ေအးသြားတာပဲကြယ္။
ယဥ္ယဥ္ႏု (မႏၲေလး)
စတိုင္သစ္ မဂၢဇင္း။
Unicode version
" ဧကရာဇ်ပန်းနံ့က မွှေးတယ် "
=======================
#ယဉ်ယဉ်နု (မန္တလေး)
ပါဘလေကာ အမိုးဖွင့်ကားလေးကို အိုရီယံတယ်ဟောက်စ် ရှေ့မှာ ထိုးဆိုက်စရာ နေရာ ရှာမတွေ့လို့ နီနီက မျက်လုံးပြူးနေတယ်။ ရှေ့ခန်းက ဟယ်လင်က ဟိုနားဒီနားနဲ့ လက်ညှိုးတထိုးထိုး လုပ်နေတုန်း နောက်ခန်းက လိုက်လာတဲ့ ဘာဘရာနဲ့ ကြည်ကြည်နဲ့က အနောက်ဘက် ကွေ့လိုက်ပါလားလို့ အော်လိုက်တော့မှ ကျပ်ညပ်နေတဲ့ ကားတွေကြားကနေ ၂၇ လမ်းအတိုင်း ကွေ့ပြီး တွေ့ရာသစ်ပင်မှာ ကားလေး ရပ်သွားတယ်။ ကြည်ကြည်နဲ့ ဘာဘရာ ရှုံ့ရှုံ့မဲ့မဲ့နဲ့ နောက်ခန်းကနေ ကျော်ခွပြီး ဆင်းကြတယ်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ …
“ကောင်မစုတ် နီနီ၊ ပါဂျဲရိုးတော့ ယူမလာဘဲ သူ့ယောက်ျားကြီး ပေးလိုက်တယ်၊ ငါတို့ ရှိုးပဲ့လိုက်တာ”
လို့ ပြောနေကြတုန်း နီနီတို့၊ ဟယ်လင်တို့က သူတို့ဝတ်ထးတဲ့ ကြိုးကြီးချိတ်တွေကို ပုံကျပ်ပန်းကျ ဖြစ်အောင် ပြင်ဆင်နေကြတုန်း ကြည်ကြည်က ဟက်ခနဲ ရယ်ရင်း …
“လုပ်မနေပါနဲ့ဟာ၊ နင်တို့ဗိုက်ပူကြီးတွေ ဘယ်လိုဖုံးဖုံး မလှတော့ပါဘူး။ အသက်ပဲ ၅၀ ကျော်နေပြီ”
လို့ ခွပ်တာနဲ့ ဆဲသံ ဆိုသံတွေ ဆူညံသွားတယ်။
အဲဒီလို နေတုန်း အဖြူရောင် ပန်းကလေး တစ်ပွင့်က ကားခေါင်မိုး ပေါ်ကို ဖျတ်ခနဲ ကျလာလို့ လေးယောက်သား အာရုံက ပန်းကလေးဆီ ရောက်သွား ... “ဟယ်” ဆိုတဲ့ အော်သံ ပြိုင်တူ ထွက်လာပြီး ပန်းကလေးကို လုကောက်ကြတယ်။ လေကလေးက တဖြူးဖြူး သုတ်လာတော့ ပန်းကလေးတွေက တဖြုတ်ဖြုတ်ကြွေအကျ “ဟယ် … အပေါ်မှာ ကြည့်လိုက်စမ်း၊ ဧကရာဇ်ပင်ကြီးတော့” ဆိုပြီး ရင်ဘတ်စည်တီး အလုအယက် ကောက်လိုက်ကြတာ သူငယ်ချင်းသား မင်္ဂလာဆောင်ကို မေ့သွားတဲ့ အထိပဲ။ လေအဝှေ့မှာ မွှေးရနံ့လေးကလည်း တသင်းသင်းနဲ့၊ ကြည်ကြည်ကတော့ အပင်ပေါ် မော့ကြည့်လိုက်တော့ သူ့ထုံးစံအတိုင်း ကိုင်းအဖျားမှာ အဖြူရောင် ဆုပ်ဆုပ်ခဲခဲ အပွင့်တွေ ပြွတ်သိပ်နေရာက ကြွေကျလုဆဲဆဲ အပွင့်ကလေးတွေကို လှုပ်ရမ်းလို့။ အသက်ငါးဆယ် ကျော်နေပြီဖြစ်တဲ့ ကျောင်းဆရာမ ဘဝကို ကြည်ကြည် မေ့သွားတယ်။ ခြောက်တန်းကျောင်းသူ ဂါဝန်ဝဲဝဲလေးနဲ့ ၁၂ နှစ်သမီး ကလေးမလေး ဘဝကို ပြန်ရောက်သွားပြီး ဝမ်းသာအားရ အော်မိတယ်။
“လေမင်းကြီးရယ် တိုက်လိုက်စမ်းပါတော်၊ ဧကရာဇ်ပန်းတွေရယ် ကြွေကျ၊ ကြွေကျ။ အများကြီးကြွေ၊ ငါတို့ ကောက်ချင်လို့”
* * *
ကြည်ကြည်တို့ ဖေဖေ ကြည်ကြည့်ကို ကျောင်းထားမယ် လုပ်တော့ မန္တလေးမြို့အနှံ့ ကျောင်းတွေကို ဂျစ်ကားနဲ့ လိုက်ကြည့်တာတဲ့။ တစ်ဦးတည်းသော သမီးလေးကို ဘယ်ကျောင်းမှာ ထားရမလဲလို့ပေါ့။ ကြည်ကြည့်ကို ထားခဲ့တဲ့ ကျောင်းနဲ့ ပတ်သက်ပြီး ကြည်ကြည့် ဖေဖေက ဘယ်လိုပြောခဲ့လဲ ဆိုတော့ …
“ဒီကျောင်းက သာသနာပြုကျောင်း ဆိုပေမယ့် နိုင်ငံခြားနာမည် မပြောင်းရဘူးဗျာ။ မြန်မာဆန်တယ်ဗျာ။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နုကလည်း ယဉ်ကျေးသိမ်မွေ့ လိုက်တာများ စကားမှ တိုးတိုးလေး ပြောတာ။ ကြည်ကြည့်ကို ဆရာမကြီးလို သိမ်မွေ့ စေချင်တာလည်း ပါ၊ အဓိကကတော့ ကျောင်းပန်းခြံနဲ့ အပြည့်စိုက်ထားတဲ့ ဧကရာဇ်ပင်ကြီးတွေပဲဗျာ။ အရိပ်ကလည်း အေးမြနေတာပဲ။ ကျုပ်သမီးလေး ဆော့ရင် ကစားရင် နေမပူတော့ဘူးပေါ့။ ဒါကြောင့် BBM မှာ ထားဖြစ်တယ်”
လို့ ရှည်ရှည်ဝေးဝေး ရှင်းပြတတ်ပါတယ်။ ကြည်ကြည်ကတော့ ဖေဖေ့စကားထက် ဧကရာဇ်ပင်ကြီးတွေကို စိတ်ဝင်စားတယ်။ သီတင်းကျွတ်ခါနီး ဆိုရင် ဧကရာဇ်ပင်တွေက ဖူးကြ၊ ပွင့်ကြပြီး လေကလေး သုတ်လိုက်ရင် တဖြုတ်ဖြုတ် ကြွေကျပြီး ကျောင်းသူတိုင်း အားတဲ့အချိန်မှာ တကုန်းကုန်း ကောက်ကြ၊ တပြုံးပြုံးနဲ့ ခွေထိုးကြ၊ ပန်ကြ၊ ပန်းလုကောက်လို့ ရန်ဖြစ်ကြ၊ ပြန်ခေါ်ကြနဲ့၊ BBM ကျောင်းသူဘဝနဲ့ ဧကရာဇ်ပန်းက ခွဲမရခဲ့ဘူး။
တစ်ရက်တော့ ကြည်ကြည် စိတ်ညစ်လက်ညစ်နဲ့ အတန်းထဲမှာ ငိုင်ငိုင်ကြီး ထိုင်နေတယ်။ ခြောက်တန်းတက်စ ဖေဖေ ဝယ်ပေးထားတဲ့ ပတ်ကား ဖောင်တိန်လေးက နေ့လယ် မုန့်စားကျောင်း ဆင်းတော့ ကိုးတန်း၊ ဆယ်တန်းက အပျိုမတွေကို တုပြီး အကျႌရင်ဘတ်မှာထိုးလို့ ရှိုးပေးသွားမိတယ်။ ဆင်မယဉ်သာ လျှောက်ကြတဲ့ အပျိုကြီးတွေက ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့မို့ ဘာမှမဖြစ်ဘူးလေ။ ကြည်ကြည်တို့ ခြောက်တန်းဆိုတာ အတန်းပြင် ရောက်ကတည်းက ဘောလုံးကွင်းကို ဖြတ်ပြီး မုန့်စားတန်းကို အပြေးပြိုင်ကြတာ။ ဒေါ်သိန်း လက်သုပ်စား၊ ဦးထွန်းကြည် မုန့်ဟင်းခါးသောက်၊ ရေခဲပလုတ်တုတ် တစ်ဖက်ကိုကိုင်ပြီး အတန်းထဲလည်း ပြန်ရောက်ရော ရင်ဘတ်မှာ အဖုံးပဲ ကလစ်ကလေးနဲ့ ဣနြေ္ဒမပျက် ကျန်ခဲ့တယ်။ ကြည်လို့ စာလုံးထိုးထားတဲ့ ဖောင်တိန်ကလေးက ဘယ်မှာ ခုန်ချနေခဲ့လဲ မသိဘူး၊ စည်းကမ်းကြီးတဲ့ ဖေဖေက အိမ်ပြန်ရောက်ရင် ကွန်ပါဘူးဖွင့်စစ်လို့ မတွေ့ရင် အဆူခံရတော့မှာမို့ ငိုင်နေတာ။
“ကြည်ကြည် နံပါတ် ငါးအချိန် အစ်မကြီးအေး မဝင်ဘူးတဲ့။ ငါတို့ ဧကရာဇ်ပန်း သွားကောက်ရအောင်”
ဟယ်လင်နဲ့ နီနီက ငိုင်နေတဲ့ ကြည်ကြည့်ကို အဖော်လာစပ်တယ်။
“မလိုက်ချင်ပါဘူးဟာ၊ ဧကရာဇ်ပန်းလည်း ပန်းခြံထဲမှာ မရှိပါဘူး၊ တုံးကုန်ပြီ၊ နောက်ပြီး ကျောင်းဆင်းတုန်းက ကလေးတွေ အကုန်ကောက်သွားရောပေါ့”
“မဟုတ်ဘူး၊ ဧကရာဇ်ပန်းတွေမှ ပုံလို့၊ ဘယ်သူမှ မကောက်တဲ့နေရာ ငါ သိတယ်”
မစီမာ ဆီးပေါင်းစားနေတဲ့ ဘာဘရာက ဖျတ်ခနဲ ဝင်ပြောတယ်။
“ငါ ဖောင်တိန်ပျောက်လို့ စိတ်ညစ်နေတာ”
“လိုက်ခဲ့စမ်းပါဟာ၊ ဟိုဘက်ခန်းက အမာခင်လေ အစောကြီး ဧကရာဇ်ပန်းတွေ ကောက်ပြီး ခွေထိုးပန်လို့ ငါတို့ကို ကျောသွားတာ။ အခု ပြန်ကောက်ပြီး ပန်ပြကြမယ်လေ”
ပန်းမက်တဲ့ ကြည်ကြည် နှစ်ခါ၊ သုံးခါ မခေါ်ရဘဲ ပါသွားတယ်။ ဒီတစ်ခါ ဘာဘရာ ခေါ်သွားတဲ့ နေရာက သူတို့ တစ်ခါမျှ မရောက်ဖူးတဲ့ ရုံးခန်းနောက်ဘက်နားက အပင်ချင်းဆိုင် ပေါက်နေတဲ့ ဧကရာဇ်ပင်ကြီး သုံးပင်အောက်ကို ခေါ်သွားတာ။ ခါတိုင်း ခရစ္စမတ်ကတ်ပြား ရောင်းတဲ့ အခါသာ ရောက်ဖူးတာ။ အခုလို သီတင်းကျွတ်မှာ ဧကရာဇ်ပန်းတွေ ဖွေးပြီး အစုလိုက် အပုံလိုက် ဖြစ်နေမယ်လို့ ကြည်ကြည် ဘယ်ထင်ပါ့မလဲ။ အမယ်လေး … ပျော်လိုက်တာဟယ် ဆိုပြီး တငုံ့ငုံ့နဲ့ ကောက်ကြတယ်။ ပန်းတွေက ကောက်ရုံမကဘဲ ကျုံးယူရင်တောင် ရနိုင်တာမို့ စကတ်လေးတွေ၊ ဂါဝန်လေးတွေထဲ ထည့်လိုက်ကြတာ၊ တစ်ထုပ်ကြီး ဖြစ်လာပြီး လောဘ မသတ်နိုင်ဘဲ ဆက်ကောက် နေကြတဲ့အချိန် …
“သမီးတို့ လာခဲ့ကြစမ်း ရုံးခန်းထဲကို”
ဆိုတဲ့ ခပ်ချိုချို၊ ခပ်တိုးတိုး အသံကြားတော့မှ အမယ်လေးဆိုပြီး လန့်ကြည့် ကြည့်မိတော့ ကျောင်းအုပ်ဆရာမကြီး အစ်မကြီးနုက ရုံးခန်း နောက်ဖေးပေါက်မှာ ရပ်နေတယ်။ လေးယောက်စလုံး ခေါင်းလေးတွေ ငုံ့ပြီး ဂါဝန်ထဲမှာလည်း ပန်းခွေတစ်ထုပ်ကြီးနဲ့ ဂါဝန်လေးတွေ မ,လို့ ရုံးခန်းထဲကို ကြောက်ကြောက်လန့်လန့် ဝင်ခဲ့ကြတယ်။
“ပန်းတွေ ဟိုထောင့်မှာ ပုံထားလိုက်၊ လက်ပိုက်”
လေးယောက်သား မျက်နှာငယ်လေးတွေနဲ့ အစ်မကြီးနု ရှေ့မှာ ရပ်နေကြတယ်။ အစ်မကြီးက ထုံးစံအတိုင်း ဇင်းမယ်လုံချည် ခြေဖမိုးထိနဲ့၊ နိုင်လွန်အကျႌ အဖြူနဲ့ ဆွယ်တာ အနက်ကလေးကို လက်လျှို မဝတ်ဘဲ ခြုံရုံ ခြုံထားတယ်။
“သမီးတို့ အတန်းထဲ ဆရာမ မလာလို့”
“ပန်းတွေ ပုံနေတာပဲလို့ ဘာဘရာက ပြောလို့”
“ပတ်ကားဖောင်တိန်လေး ပျောက်သွားလို့ စိတ်ညစ်နေတာနဲ့”
ကြည်ကြည်တို့ ငိုမဲ့မဲ့နဲ့ တစ်ယောက်တစ်ခွန်း ဆင်ခြေပေးနေတာကို အစ်မကြီးနုက ပြုံးကြည့်နေတယ်။ ပြီးတော့မှ …
“ဆရာမ မလာပေမယ့် သမီးတို့ အခုလို စည်းကမ်းမရှိ အတန်းထဲက မထွက်ရဘူးလေ၊ စာဖတ်နေရမယ်၊ နောက်ပြီး ရုံးခန်းရဲ့ အနောက်ဘက်ကိုလည်း သမီးတို့ မလာရဘူး။ ဆရာမတွေပဲ လာရတာ၊ သမီးတို့ စည်းကမ်းပျက်တယ်၊ အစ်မကြီးက သမီးတို့ကို ရိုက်လို့ရတယ်၊ ဒါပေမယ့် ရိုက်တာ ကြောက်တာထက် သမီးတို့ စည်းကမ်းကို နားလည်ပြီး ရှောင်တာ လိုချင်တယ်။ အစ်မကြီးတို့ ကျောင်းက ထွက်တဲ့ကလေးဟာ စည်းကမ်း မဖောက်ရဘူး။ အရပ်ထဲမှာနေရင် အရပ်စည်းကမ်း၊ အလုပ်ခွင်စည်းကမ်း လိုက်နာရမယ်၊ အချင်းချင်း သစ္စာရှိရမယ်၊ တို့ကျောင်းရဲ့ ဆောင်ပုဒ်က ဘာတဲ့လဲ”
“BE TRUE ပါ”
“ဟုတ်ပါပြီ၊ ဆောင်ပုဒ်က သစ္စာရှိပါစေတဲ့၊ အစ်မကြီး လက်တွေ့ပြမယ်၊ တို့ကျောင်းက ကလေးတွေဟာ ရိုးသားစည်းကမ်း ရှိရာမှာ စံပြ၊ သစ္စာရှိတဲ့ နေရာမှာ စံပြ ဖြစ်နေရမယ်၊ တစ်နေ့တစ်နေ့ ကောက်ရလို့ ကိုယ့်ပစ္စည်း မဟုတ်ဘဲ မယူရဘူးဆိုတဲ့ ဆရာမတွေရဲ့ ဆုံးမစကားကြောင့် ရုံးခန်းကို လာအပ်ကြတဲ့ ဖောင်တိန်တွေ၊ ခဲတံတွေ၊ ခဲဖျက်တွေ ဟိုဘက်ခန်းမှာ ရှိတယ်။ ခုနက သမီးပြောတဲ့၊ ဘာတဲ့ ပတ်ကားဖောင်တိန် ဟုတ်လား၊ ဘာ အမှတ်အသားပါလဲ၊ ဘာအရောင်လဲ”
“ကြည်လို့ နာမည် ထိုးထားပါတယ် အစ်မကြီး၊ မီးခိုးရောင်ပါ”
“ကောင်းပြီ လာ၊ တို့ ဟိုဘက်ခန်းကို သွားရအောင်”
အစ်မကြီးနု ဦးဆောင်ပြီး ဟိုဘက်ခန်း ဆရာများ နားနေခန်းကို ရောက်ခဲ့တယ်။ အစ်မကြီး ဒေါ်အုန်းသင်ကို မျက်မှန်တဝင်းဝင်းနဲ့ တွေ့တယ်။
“အစ်မကြီးရေ၊ ကောက်ရတဲ့ ဖောင်တိန်တွေ ထည့်တဲ့ ဗန်းလေး ပြစမ်းပါ”
အစ်မကြီး ဒေါ်အုန်းသင် ဗန်းကလေး ယူပြတော့ အဲဒီထဲမှာ ကြည်ကြည်ရဲ့ ပတ်ကားဖောင်တိန်လေးကို တွေ့ရတော့ ကြည်ကြည် ဝမ်းသာလိုက်တာ၊ “တွေ့ပြီ တွေ့ပြီ” ဆိုပြီး ကောက်ယူလိုက်တော့ “နေ့လယ်ကမှ ခုနစ်တန်းက ကျောင်းသားတစ်ယောက် လာအပ်သွားတာ” လို့ အစ်မကြီး ဒေါ်အုန်းသင်က ပြောတယ်၊ ကြည်ကြည် အစ်မကြီးနုကို မော့ကြည့်တော့ အစ်မကြီး ပြုံးပြုံးကြီး ...
“တွေ့လား သမီး၊ အစ်မကြီးတို့ ကျောင်းက သစ္စာရှိတယ်၊ စည်းကမ်းရှိတယ်၊ သစ္စာရနံ့နဲ့ စည်းကမ်းရှိတဲ့ ရိုးသားတဲ့ ရနံ့ဟာ သမီးတို့ ကောက်ခဲ့တဲ့ ဧကရာဇ်ပန်းရဲ့ ရနံ့တွေလိုပါပဲ။ မွှေးပျံ့တယ်။ နောက်ကို စည်းကမ်း မဖောက်ရဘူးနော်”
လို့ ဆုံးမတာကို ကြည်ကြည်တို့ အားရပါးရ ခေါင်းညိတ်ခဲ့ကြပြီး ပန်းတွေယူလို့ အခန်းထဲကို ပြန်ခွေထိုးပန်ကြ၊ အမာခင့်ကိုလည်း ကြွားကြ၊ သူငယ်ချင်းတွေ ပျော်လိုက်ကြတာ၊ လွန်ခဲ့တဲ့ နှစ်လေးဆယ် နီးပါးကို အခုချက်ချင်း ပြန်ရောက်သွားသလိုပဲ။ မင်္ဂလာဆောင်ထဲမှာ ပတ်ကား ဖောင်တိန်လေး အကြောင်း စားမြုံ့ပြန်ကြနဲ့ ဒင်မ်ဆမ်းတောင် ဘယ်လိုဝင်ပြီး ဘယ်သူတွေ ဧည့်ခံပွဲလာကြတယ် ဆိုတာတောင် မသိတော့ဘူး။ သေချာတာကတော့ လာသမျှ BBM ကျောင်းသား၊ ကျောင်းသူတိုင်းကို ဧကရာဇ်ပန်း ပြပြပြီး ကြွားဖြစ်တာကတော့ သေချာတယ်။ ငယ်မူ၊ ငယ်စိတ်တွေ ဖြစ်ပြီး ပျော်နေတာနဲ့ သူငယ်ချင်းတွေ ကြုံတောင့်ကြုံခဲ ဆရာဝန်မ ဖြစ်နေတဲ့ ဘာဘရာ၊ ယောက်ျားစစ်ဗိုလ်နောက် လိုက်နေတဲ့ ဟယ်လင်ရယ်၊ ကျောင်းဆရာမ ကြည်ကြည်ရယ်က မခွဲချင်ကြသေးဘူး ဆိုပြီး ထိုးမုန့်၊ လမုန့် အကြီးအကျယ် ရောင်းနေတဲ့ နီနီ့အိမ်ကို အားမနာပါးမနာ မနက်စာစားဖို့ ကားနဲ့ လိုက်သွားကြတယ်။
“မနက်စာကို ဆိုင်မှာ စားမလား၊ အိမ်မှာ စားမလား”
ဆိုပြီး နီနီက ရင်ဘတ်က စိန်လော့ကတ် ကြားထဲကို ဧကရာဇ်ပန်းလေး ထိုးလိုက်တယ်။
“အားပါး … နင့် စိန်လော့ကတ်က လှလှချေလားဟ၊ ဒါ အသစ်နော်”
နီနီ့ လက်ဝတ် လက်စားတွေ အမြဲတမ်း တွေ့နေတဲ့ ကြည်ကြည်က ပြောတော့ … “ချစ်ချစ်ကြီး လက်ဆောင်ဟ၊ ကဲပြော … ဘယ်မှာ စားမှာလဲ၊ ထုံးစံအတိုင်း ရွှေဘဲလား”
ဟိုသွားမယ်၊ ဒီသွားမယ်နဲ့ သူငယ်ချင်းတွေ အလိုလိုက် တစ်မြို့လုံး နှံ့ပြီးမှ ဈေးချိုက ထိုးမုန့်ဆိုင်ကို ပြန်ရောက်တော့တယ်။ ဆင်းကြဦး၊ အချိုစားမယ် ဆိုတာနဲ့ အားလုံး ဆင်းကြပြီး ဆိုင်ပြည့် တိုးဝှေ့ ဝယ်နေကြတဲ့ ဈေးဝယ်တွေကို ကြည့်ရင်း နီနီတို့ စီးပွား ဖြစ်လိုက်တာလို့ ကြည်ကြည် တွေးနေမိတယ်။
“ထိုင် အအေးသောက်ကြ၊ သီဟလွင်ရေ၊ အအေးဘူးတွေ ထုတ်ခဲ့ပါဟေ့၊ ဂျယ်လီပူတင်းတွေ ချဟေ့။ သင်းသင်းကို ခေါ်ပါဦး၊ ထိုးမုန့် ပန်းကန်တွေကော ရောက်ပလား”
အိမ်ရောက်တာနဲ့ နီနီ အလုပ်ထဲ နစ်သွားတာ ကြည့်ရင်း မောနေတယ်။ လူပျိုပေါက် သီဟလွင်ဆိုတဲ့ ကလေးနဲ့ သင်းသင်းဆိုတဲ့ စာရေးမလေးက ဝင်လိုက်ထွက်လိုက်၊ မုန့်တွေချလိုက်၊ ကြည်ကြည်တို့လည်း အလိုက်တသိ ပြန်မလို့ သုံးယောက်သား တိုင်ပင်နေတုန်း …
“ဟယ် ဒုက္ခပဲ”
ဆိုတဲ့ နီနီ့ အသံကြောင့် အားလုံး လှည့်ကြည့်လိုက်ကြတော့ နီနီ ရင်ဘတ်ကို လက်နဲ့အုပ်ထားရင်း ငိုမဲ့ငိုမဲ့နဲ့ …
“ငါ့ စိန်လော့ကတ်ကြီး မရှိတော့ဘူး”
အားလုံး ဟယ်ခနဲ ဖြစ်သွားကြတယ်။ နီနီကတော့ ငိုရမလို၊ ရယ်ရမလို၊ ထရမလို၊ ထိုင်ရမလိုနဲ့ …
“ဒုက္ခပဲ၊ ဒုက္ခပဲ။ ကိုကို ဆူတော့မှာပဲ။ စိန်အလုံးချည်း ၃၀ ကျော်တယ်၊ သိန်းနှစ်ဆယ်နီးပါး ပေးရတာ၊ ရန်ဖြစ်ရတော့မှာပဲ၊ ဘယ့်နှယ် လုပ်ကြမလဲဟင်၊ အကြံ ပေးကြပါဦးဟယ်”
လို့ မျက်ရည်စမ်းစမ်းနဲ့ ပြောတယ်၊ ဟယ်လင်က တွေးတွေးဆဆနဲ့ “ငါတို့ လျှောက်သွား လာတာလည်း တစ်မြို့လုံးနီးပါး။ အိမ်မှာ ဆိုရအောင်လည်း လူတွေက အပြည့်” လို့ ပြောတယ်။
“ဗေဒင်မေးမလားဟင်” လို့ နီနီက ပြောတော့ ကြည်ကြည်က
“ဟာ နီနီရယ်၊ ဗေဒင်မေးခ ထပ်ကုန်နေပါဦးမယ်၊ ဒီခေတ်မှာ ဒီလောက် အဖိုးတန်တာ ဘယ်သူက ပြန်ပေးမှာလဲဟ၊ သိန်းဆယ်ချီနေတာ”
“အမယ်လေး … ဆုံးပါပြီ၊ ဆုံးပါပြီ” ဆိုပြီး နီနီ ငိုတော့မလို ဖြစ်နေတုန်း “အန်တီနီ” ဆိုပြီး သီဟလွင်က အခန်းထဲ ဝင်လာတယ်။
“ဘာတုန်း သီဟလွင်၊ ဘာမှ လာမပြောနဲ့၊ ငါ စိတ်ရှုပ်နေလို့ ဘယ်ဧည့်သည် လာလာ မရှိဘူး ပြောလိုက်၊ ဖုန်းလာလည်း လာမခေါ်နဲ့”
“မဟုတ်ဘူး အန်တီ၊ ဒီမှာ ကြည့်ပါဦး”
ပြောပြောဆိုဆို ဖြန့်ပြတဲ့ သီဟလွင်ရဲ့လက်ထဲမှာ တဖိတ်ဖိတ် တလက်လက် တောက်နေတဲ့ စိန်လော့ကတ်ကြီးကို ကြည်ကြည်တို့က တအံ့တဩ တွေ့လိုက်ရတယ်။
“အမယ်လေး ငါ့စိန်လော့ကတ်ကြီး ပြန်ရပြီ၊ သီဟလွင် နင် ကောက်ရတာပေါ့ ဟုတ်လား”
“ဟုတ်တယ် အန်တီနီ၊ ရေချိုးခန်းနားမှာ ကောက်ရတာ၊ တော်သေးတာပေါ့။ ဘယ်သူမှ မရှိဘူး။ ကျွန်တော် လက်ဆေး နေရင်းနဲ့ တွေ့တာ”
ရိုးရိုးသားသား ရှင်းပြနေတဲ့ သီဟလွင်ရဲ့ ကြည်လင်တဲ့ မျက်ဝန်းလေးကို စိုက်ကြည့်ရင်း ကျောင်းဆရာမ ကြည်ကြည် အူယားလာတာနဲ့ မေးခွန်းတစ်ခုကို ဇွတ်မေးချလိုက်မိတယ်။
“နေပါဦး ကလေးရယ်၊ မင်း တွေ့တာ ဘယ်သူမှလည်း မသိဘဲနဲ့ မင်း ဒီလောက် တန်ဖိုး တန်တာကြီးကို ရိုးရိုးသားသား ပြန်ပေးနိုင်တယ်နော်”
“ဟုတ်ကဲ့ အန်တီ၊ ကျွန်တော်တို့ရွာမှာ ဘုန်းကြီးကျောင်း နေတုန်းက ဘုန်းတော်ကြီးက သူများပစ္စည်းဆိုရင် အပ်တို တစ်ချောင်းတောင် မယူရဘူး၊ ကိုယ်ကျင့်တရား ကောင်းရမယ်လို့ ပြောထားတာကို စွဲမြဲနေအောင် မှတ်မိနေလို့ပါ အန်တီ”
သီဟလွင်ရဲ့ စကားကို ကြားလိုက်ရတော့ ကြည်ကြည် စိတ်ကြည်နူးလိုက်တာ၊ ရိုးသားခြင်းရဲ့ သစ္စာရနံ့ဟာ ဧကရာဇ်နံ့လိုပဲ မွှေးတယ်လေ။ ဧကရာဇ်ပန်းဆိုတာ တစ်နေရာတည်း၊ တစ်ပင်တည်းကသာ မွှေးတာ မဟုတ်ဘူး။ မြန်မာပြည်အနှံ့မှာ ပေါက်သမျှ ဧကရာဇ်ပန်းတို့မည်သည် မွှေးပျံ့ကြတာချည်းပါလားလို့ သူ အားလုံးကို ပြောပြချင်လိုက်တာ။ ပြောရင်းဆိုရင်း သူတို့ ပန်ထားတဲ့ ဧကရာဇ်ပန်း နွေးနွေးကလေးတွေ လက်ခုပ်လေးနှစ်ဖက်နဲ့ အုပ်ယူပြီး ရှိုက်နမ်း လိုက်မိတယ်။ အား … မွှေးလိုက်တာ အသည်းထဲကို အေးသွားတာပဲကွယ်။
ယဉ်ယဉ်နု (မန္တလေး)
စတိုင်သစ် မဂ္ဂဇင်း။
No comments:
Post a Comment