အလင်းဝတ်ရုံ (ကဗျာဝေဖန်ရေးဆောင်းပါး)
(ပြိုင်မြင်းတို့ရဲ့ခွာသံ_၆)
_မောင်ယော(တာရာမင်းဝေ)
================
ရှုမျှော်ခင်း
____________
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့ အမှားထဲ
တိမ်တွေက လှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေရတယ်။
မောင်သိန်းဇော်
.
။၂ ။
ဘယ်တုန်းက ဘယ်မှာ ဖတ်ခဲ့ရတာမှန်း မမှတ်မိပါဘူး။ကဗျာကိုပဲ မှတ်မိနေတာပါ။ကဗျာက မော်ဒန်ကဗျာပါ။မောင်သိန်းဇော်ရေးတဲ့ "ရှုမျှော်ခင်း"ဆိုတဲ့ကဗျာလေးပါ။ကာရန်မပါပါဘူး။မော်ဒန်ကဗျာတွေရဲ့ထုံးစံအတိုင်း လေးဘက်လေးတန် အနားသတ်ထားတဲ့ ဘောင်( Frams)တစ်ခုထဲမှာ ကဗျာကို ထည့်မရေးပါဘူး။ကျယ်ပြန့်လင်းချင်းတဲ့ ဟင်းလင်းခွင်( Space )တစ်ခုထဲမှာပဲ ဖြန့်ချပြထားပါတယ်။
။၂ ။
ဒီကနေ့ ခေတ်သစ်သိပ္ပံပညာမှာ Telepresence ဆိုတဲ့နည်းစနစ်တစ်ရပ် ပေါ်ပေါက်နေပါတယ်။အမေရိကန် အာကာသသိပ္ပံပညာရှင်တွေက တီထွင်ထားတဲ့ အဝေးမြင်နည်းစနစ်တစ်ရပ်လို့ ဆိုပါတယ်။ အမှန်တကယ်မရောက်ဘဲ နေရာတစ်ခုကို အမှန်တကယ်ရောက်သကဲ့သို့ ခရီးထွက်လို့ရတယ်ဆိုတဲ့အကြောင်း သိရပါတယ်။
ဥပမာ_အဂါင်္ဂြိုဟ်လိုပေါ့လေ ။
စိတ်ဝင်စားစရာကောင်းပါတယ်။စက်ရုပ်နည်းပညာနဲ့ ကွန်ပြူတာအတက်ပညာတို့ ပေါင်းစပ်ပြီး တီထွင်ထားတာပါ။ ကျနော့်တို့ဆီမှာ လူသိနည်းပါသေးတယ်။သိပ္ပံနိုင်ငံတွေမှာတော့ ဒီနည်းစနစ်ဟာ ဖျော်ဖြေရေး၊ သင်ကြားရေးအသွင်သဏ္ဏန်တွေနဲ့ကို လူထုကြား အထူးသဖြင့် လူငယ်တွေကြားမှာ ပျံ့နှံ့နေပါပြီ ။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ အနေအထားအရ ကျနော်တို့ဆီမှာ အဲဒီလိုအခြေအနေမျိုးကိုေ၇ာက်ဖို့ဆိုတာ ကြာပါလိမ့်ဦးမယ်။အတော်စောင့်ရဦးမယ်။ဒါပေမယ့် ကိစ္စမရှိပါဘူး။
ခု မောင်သိန်းဇော်ကဗျာကနေတစ်ဆင့် ကျနော်တို့ မရောက်ဖူးသေးတဲ့ နေရာတစ်နေရာကို မကြုံဖူးသေးတဲ့ အနေအထားတစ်ရပ်နှင့်အတူ မျက်မှောက်ပြုကြည့်ကြဖို့ အဲဒီကဗျာလေးကို သုံးသပ်ကြည့်ရအောင်...။
ဒီအတွက် စာပေသီအိုရီတွေ၊မော်ဒန်ဝါဒတွေ မသုံးပါဘူး။အလွယ်ဆုံးနည်းကို သုံးပါမယ်။အခက်ဆုံးနည်းလမ်းဖြစ်ရင်လည်း ဖြစ်နေပါလိမ့်မယ်။ကျနော်တို့ အဲ့ကဗျာ(မောင်သိန်းဇော်_ရှုမျှော်ခင်း)ကို `စိတ်`နဲ့ပဲ ခွဲစိတ်သုံးသပ်ကြည့်ကြပါမယ်။
။ ၃ ။
.
ရှုမျှော်ခင်း
____________
အဆုံးမရှိအောင် ကျယ်ဝန်းတဲ့ အမှားထဲ
တိမ်တွေက လှလိုက်တာ
ကိုယ့်မှာ တရားနဲ့ဖြေရတယ်။
မောင်သိန်းဇော်
.
ပထမဦးဆုံးမှာ ကဗျာကို အပြင်ကနေ အရင်ကြည့်ကြပါမယ်။ကဗျာထဲမှာ သိသူ(knower) နဲ့ အသိခံရတဲ့အရာ (known)တွေ ပါဝင်ပါတယ်။ သိသူကတော့ "ကိုယ်"ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အသိခံရတဲ့အရာတွေက " အမှား / တိမ်/ တရား"ဆိုတာတွေဖြစ်ပါတယ်။အဲဒီအရာတွေဟာ သိသူရဲ့အသိထဲမှာ အဆုံးမရှိအောင် ကျယ်ဝန်းခြင်း ၊လှပခြင်း ၊ပြေပျောက်စေခြင်း...ဆိုတဲ့အခြင်းအရာတွေနဲ့အတူ သက်ဝင်ရောက်ရှိနေပါတယ်။
ဒီကဗျာဟာ ရွေ့လျားပြောင်းလဲမှုတစ်ခုဆီ ဦးတ်ာနေတယ်ဆိုတာကိုလည်း သတိပြုပါလိမ့်မယ်။ နောက်ဆုံးစာကြောင်းကြောင့်ပါပဲ။ကိုယ့်မှာ တရားနဲ့ဖြေရတယ်ဆိုတဲ့ စာသားဟာ အတော်ကို တာသွားလှပါတယ်။ကဗျာထဲမှာတင် "ကိုယ်"ဆိုတဲ့ပုဂ္ဂိုလ်ဟာ ရွေ့လျားပြောင်းလဲနေပါတယ်။
အသိပြောင်းလဲမှုကြောင့်ပါပဲ။သိသူနဲ့ အသိခံရတဲ့ အရာဝတ္ထုကြားမှာ အသိ(knowledge)ရှိနေပါတယ်။ အသိပြောင်းလဲတာနဲ့အမျှ သိသူက ပြောင်းလဲသလို အသိခံရတဲ့အရာတွေကလည်း ပြောင်းလဲသွားပါတယ်။ တရားကို မေ့နေစဉ်အမြင်နဲ့ တရားနဲ့ ဖြေယူနေစဉ်အမြင်ဟာ တူကြတော့မှာ မဟုတ်ပါဘူး။ အဲဒီနှစ်ခုကြားမှာ ရွေ့လျားပြောင်းလဲမှုတစ်ခု ရှိနေလိမ့်မယ်ဆိုတာ သတိပြုရပါလိမ့်မယ်။ကဗျာက အသက်ရှိနေပါတယ်။
.
။ ၄ ။
ခု........ကျနော်တို့ အဲ့ကဗျာရဲ့အတွင်းပိုင်းထဲကို ကိုယ်တိုင်တိုးဝင်ကြည့်ကြပါမယ်။ကဗျာထဲက "ကိုယ်"ဆိုသူရဲ့နေရာကို ကိုယ်တိုင်ဝင်ကြည့်ကြရအောင်.......
.
..............................ဆက်ရန်
No comments:
Post a Comment