အပိုင်း (၁)
#စုမီအောင်
#စုမီအောင်
ကုပ်ပေါ်ဝဲကျနေသည့် ဆံပင်လေးများကို တစ်ချက်သပ်ခါရင်း လက်ထဲက တဆဆ ကိုင်
ထားသည့် ဂျပန်ပြည်လုပ် ကင်နွန်တံဆိပ် အော် တိုကင်မရာလေးကို ခေတ်ငြိမ်းခန့်
တစ်ချက် နမ်း ရှိုက်လိုက်သည်။ “ကျေးဇူးရှင် လေး”ဟု တိုးတိုး ရွတ်ဆိုမိသည်အထိ
သည် ကင်မရာလေးအပေါ် သူမ ချစ်အား ပိုရသည်။ ချစ်အား ပိုရသည့် အ ကြောင်း
ရင်းကလည်း အသေအချာ ရှိခဲ့ပါသည်။
xxxxx
အခြေခံပညာ အထက်တန်းကို ဂုဏ်ထူး သုံး ဘာသာဖြင့် အောင်မြင်ခဲ့သည့် သမီးအား မိခင် ဖြစ်သူက “ဘာလိုချင်လဲ သမီး လိုချင်တာ အခုပဲ မေမေလိုက်ဝယ်ပေးမယ်” ဟုမေးရာ ခေတ်ငြိမ်း ခန့် ပျော်ရွှင်စွာထခုန်ရင်း “တကယ်နော် မေမေ” ဟု အတည်ပြုမေး လိုက်သေးသည်။ မေမေက ခေါင်းညိတ်ပြသည်။ အပျော်စိတ်ဖြင့် မေမေ့ကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး တစ်ခုတည်းသော လိုချင်သည့်ပစ်္စည်းကို ပူဆာခဲ့မိ ပါသည်။
“
ခေတ်ကို ကင်မရာတစ်လုံးလောက် ၀ယ် ပေးနော် မေမေ“
ရယ်ပြုံးနေသည့် မေမေ့မျက်နှာက တစ်မု ဟုတ်ချင်း တည်သွားသည်။ တင်းကျပ်စွာ ဖက်ပွေ့ ထားသည့် ခေတ်ငြိမ်းခန့် လက်မောင်း တွေကြား ထဲကနေ မေမေက သူ့ကိုယ်ကို မသိမသာလေး လိမ်တွန့်ရုန်းထွက်နေသည်ဟု ခေတ် ငြိမ်းခန့် ရိပ်စားမိလိုက်သည်။
အဲဒါ ဘာဖြစ်ရတာပါလိမ့်..။
ကင်မရာဝယ်ပေးဖို့ပူဆာတိုင်း မေမေ အဲ သည် လို အချိုးပြောင်းတတ်မှန်း ခေတ် ငြိမ်းခန့် သတိထားမိခဲ့ပါသည်။ အခု ဆယ်တန်း အောင် ထားသည့် အရှိန်အ၀ါလေးနဲ့ ဆိုရင်တော့ မေမေ ငြင်းမည်မဟုတ်ဟု ယုံကြည်စွာ အရဲစွန့် တောင်း မိခဲ့ခြင်းသာ။
ခေတ်ငြိမ်းခန့်၏တောင်းဆိုချက်ကို မေမေ က မသိချင်ယောင်ဆောင်ကာ “ဘာလုပ်ဖို့လဲ” ဟု ရက်ရက်စက်စက်မေးခဲ့သေးသည်။ ကင်မ ရာ တစ်လုံးစာလောက်တော့ မေမေပေးသည့် မုန့်ဘိုး တွေကို သုံးလေးလလောက် မသုံးဘဲ စုဆောင်း ကာ ခေတ်ငြိမ်းခန့် အသာလေး ၀ယ်ယူ နိုင်သားပဲ။ ဒါပေမဲ့ ခေတ်ငြိမ်းခန့်စိတ်က တစ်မျိုး။ အသေး အဖွဲ ပစ်္စည်းလေးပဲဖြစ်ဖြစ် မေမေ့ဆီက သဘော တူ ခွင့်ပြုချက် မိုင်တိုင်တွေကို ဖြတ်ပြီးမှ ရယူပိုင် ဆိုင်ချင်မိသည်ဆိုတော့ အခက်သား။
“
ဓာတ်ပုံအလှပုံ ရိုက်ချင်လို့လား၊ ခေတ် ကို မေမေ ဓာတ်ပုံစတူဒီယိုတစ်ခုမှာ သွား ရိုက်ပေး မယ်၊ အင်ဒိုးလား အောက်ဒိုးလား သမီးရိုက်ချင် သမျှ လိုက်ရိုက်ပေးမယ်၊ ခေတ်က မြန်မာပြည်မှာ မရိုက်ချင်ဘူး၊ နိုင်ငံခြားမှာ သွား ရိုက်ချင် တယ်ဆို ရင်တောင် မေမေ အမြန်ဆုံး စီစဉ်ပေးမယ်၊ ကဲ ပြော သမီးလေး ခေတ်...” တဲ့။
သိသားပဲ... တစ်ခုခုကို သဘောမတူလျှင် စကားတွေ ဟိုပြောသည်ပြောနဲ့ လမ်းလွှဲဖောင်ဖွဲ့ နေတတ်သည့် မေမေ့အကျင့်ကို ခေတ်ငြိမ်းခန့် နောကျေနေပါပြီ။ အဲဒါ မေမေ တမင်သက်သက် ကြီး ပြောနေတာပါ။ မေမေက အိပ် ချင်ယောင် ဆောင်နေတော့လည်း ခေတ်ငြိမ်းခန့်က အားနာ ပါးနာ လှုပ်နှိုးရပါတော့မည်။
မေမေ့ မျက်နှာကို တည့်တည့်ရှုရှု ကြည့် ကာ ပြတ်သားစွာ စကားဆိုရတော့သည်။
“
ဟင့်အင်း၊ ခေတ်က ဓာတ်ပုံအရိုက်ခံ ချင် တာ မဟုတ်ဘူး၊ ဓာတ်ပုံရိုက်ချင်တာ၊ သူများတွေ ကိုရိုက်ပေးချင်တာ၊ ကင်မရာသမား လုပ်ချင်တာ”
အစိမ်းရောင်မြသားခြုံလွှာထဲ တစ်ကိုယ် လုံး လျှိုဝင်ကာ မေမေက ရုတ်ခြည်းပင် အသွင် ပြောင်း သွားသည်။ စောစောလေးကပင် ချိုမြပျော့ပျောင်း မေမေ့မျက်နှာက ကျောက်သားပြင်လို မာကျော တောင့်တင်းသွားသည်။ ပြတိုက်ထဲက ပန်းပု ရုပ် တုလို မေမေကိုယ်ခန်္ဓာက တောင့်တင်း အေးစက် သွားသည်။
“
ဒီစကား ဒီနေရာမှာ ရပ်ထားခဲ့”ဟု စိမ်း စိမ်း ရဲရဲကြီး ဆိုခဲ့သေးသည်။ ပြီးတော့ ဖက် တွယ်ထား သည့် ခေတ်ငြိမ်းခန့်လက်တွေထဲက နေ ရုန်းထွက် သွားသည်။ အပျော်စိတ်ဖြင့် ပူဆာနေသည့် သမီး တစ်ယောက်လုံးကို ကျောခိုင်းကာ ပြတင်းတံခါး မှာ သွားရပ်နေသည့် မေမေ့ကို ခေတ်ငြိမ်းခန့် နား မလည် နိုင်တော့ပါ။ ခေတ် ဘာမှားသွားလို့လဲ မေမေရယ်...။
ခြံထဲဆင်းကာ ပုန်းညက်ပင်လေး အောက် မှာ ထိုင်နေမိသည်။ စိတ်ကူးထဲမှာ ဓာတ်ပုံရိုက် နေမိသည်။ ကင်မရာကိုင်မထားလည်းပဲ ဒီမျက် လုံးတွေနဲ့ ဓာတ်ပုံရိုက်ယူနိုင်သားပဲ။ ဘယ်သူ့ ကိုမှ ပြဖို့မလိုတဲ့၊ ဘယ်တော့မှ ပျောက်ပျက် မသွားနိုင် တဲ့ အသေချာဆုံး ဓာတ်ပုံတွေလေ...။
xxxxx
“
ဘယ့်နှယ့်...မိန်းကလေးဖြစ်ပြီး ဘောင်း ဘီ တလွှားလွှား၊ ကင်မရာ တကားကားနဲ့ ဓာတ်ပုံ လိုက်ရိုက်ချင်ရတယ်လို့" "မိန်းကလေးဆိုတာ လှလှပပ ၀တ်စား ဆင် ပြင်ပြီး မခို့တယို့ဟန်လေးနဲ့ ဓာတ်ပုံ အရိုက် ခံရ မှာ"
“
ဒီလို ချွေး တဒီးဒီးနဲ့ သူများကို ခါးတွေ ကိုင်း ချည့်အောင် ထိုင်ရိုက်ပေးနေရမှာ မဟုတ်ဘူး”
“
ရှင့်သမီးက ရုပ်ကလေးလည်း ရှိရဲ့သားနဲ့ ဘာလို့ သူများကို လိုက်ရိုက် နေရမှာလဲ၊ သူ့ကို ကိုယ်တိုင် မော်ဒယ်လုပ်ခိုင်းလိုက်ပါတော့လား"
အဲသည်လို ပြစ်တင်ဝေဖန် ရှုတ်ချသံတွေ ကြားမှာ မျက်ရည်တစ်လှည့်၊ အားမာန် တစ် လှည့် နဲ့ ကုပ်ကုပ်ခဲခဲ ဖြတ်သန်းခဲ့ရစဉ် ကာလတွေ က တည်းက ဒီကင်မရာလေးက တစ်ဦးတည်းသော အဖော်အဖြစ် မိမိအနားမှာ ခိုင်မာစွာရပ်တည် ပေး ခဲ့သည်။ ခေတ်ငြိမ်းခန့် ဘာတွေလုပ်ချင်သည်ကို မေမေ အပါအ၀င် မိသားစုများက နားမလည်။ နား လည်နိုင်အောင်လည်း မကြိုးစားကြ။ နားလည်မှု မပေးနိုင်ရင်တောင်မှ ပိတ်ဆို့တားမြစ်ဖို့တော့ မကောင်းဟု ခေတ်ငြိမ်း ခန့်ထင်သည်။ အခုတော့ မိသားတစ်စုလုံး တစ်ဆွေတစ်မျိုးလုံးက ဓာတ်ပုံ သမား ဖြစ်ချင် သည့် မိမိအိပ်မက်များကို တစ်စစီ ကျိုးပဲ့ ကြေမွသွားအောင် နေ့ရှိသရွေ့ အင်အားသုံး ပိတ်ပင် တားဆို့ခဲ့ကြသည်။
ဘယ်ရမလဲ၊ ခေတ်ငြိမ်းခန့်က တော်ရုံမိန်း ကလေးမှ မဟုတ်တာ။ ဘာသရေစာမှ မစား၊ ဘာ အ၀တ်အစားမှ မ၀ယ်ဘဲ ကင်မရာလေး တစ်လုံး ကို မရရအောင် ၀ယ်ခဲ့သည်။ "ဓာတ်ပုံ ရိုက်မ လား" ဟု လာလာမေးတတ်သည့် ကျောင်းထဲက ဓာတ်ပုံဆရာကြီးတွေကို ပြုံးစိစိ ပြန်ကြည့်ကာ လက်ထဲက ကင်မရာလေး ထောင်ပြရင်း "ကျွန်မ က ရိုက်ပေးချင်တာ" ဟု ပြန်ပြောတတ်သည်။ တက်္ကသိုလ် ကျောင်းဝင်းကြီးတစ်ခုလုံး က ခေတ် ငြိမ်းခန့်အတွက် ကင်မရာ လက်တည့်စမ်းရာ လေ့ ကျင့်ရေးကွင်းပြင်ကျယ်ကြီးဖြစ်ခဲ့သည်။ သစ်ပုတ် ပင်ကြီးကတော့ ခေတ်ငြိမ်းခန့်ရဲ့ ပင်တိုင်မော် ဒယ် လ်ပေါ့။ စိတ်ကူးရလျှင်ရသလို ရှုထောင့်ပေါင်းစုံ ကနေ အမျိုးမျိုးအဖုံဖုံ ရိုက်ယူသည်ကို သည် သစ် ပုတ်ပင် ကြီးက မညည်းမညူ ခံယူရှာသည်။
သူငယ်ချင်းတွေ ဓာတ်ပုံရိုက်လိုလျှင်လည်း ခေတ်ငြိမ်းခန့် စိတ်ပါလက်ပါ ရိုက်ပေးပါသည်။ သို့သော် ဓာတ်ပုံထွက်လာလျှင် လူပုံက ပိစိကွေး သေး သေးလေး ဖြစ်နေတတ်သည်ကို သူတို့က မကြိုက်ကြ။ ခေတ်ငြိမ်းခန့်ကတော့ လူပုံကို သေး ကာ ဘေးဘီက ရှုခင်းတွေကို အကျယ်ကြီး ချဲ့ယူ သည်။ ငါ့ကို မျက်နှာချည်းပဲ ရိုက်ပေးပါ ဟယ်ဟု အတွန့်တက် ပူဆာတတ်သည့် သူငယ် ချင်းတွေ ကို နည်းနည်းတော့ ခေတ်ငြိမ်းခန့် စိတ်ပျက်မိ သည်။ သို့သော် သူမအနေနှင့် ဘာကိုမရိုက်ချင်၊ ဘာကိုပဲရိုက်မည်ဟု ရွေးချယ် ပိုင်ခွင့်မရှိသေး၊ ဘာကိုမဆို အဆင်ပြေအောင်၊ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးဖို့လိုသည်ဟု ခေတ်ငြိမ်းခန့် နားလည်ထားသည်။ ၀ါသနာအရ အပျော် သက် သက်လုပ်သည်ဟု သဘောမထား ဘဲ ရေရှည် လုပ်ကိုင်မည့် အလုပ်တစ်ခုဟု သဘောထားကာ အသေအချာလုပ်ခဲ့သည်။
ကျောင်းပြီးအောင် တက်၊ ဘွဲ့တစ်ခုကို ရ အောင်ယူကာ ထိုကျောင်းထဲမှာပင် အမျိုးသမီး ဓာတ်ပုံသမားဘ၀ကို ကျေကျေနပ်နပ်ကြီး ခံယူ လိုက်သည်။
ပြက်ရယ်ပြု ပြစ်တင်ဝေဖန်ခြင်း လှိုင်း တံပိုး တွေ ဘယ်လောက်ထန်ထန် ဇွဲနပဲနဲ့ ကူးခတ်နိုင် ခဲ့၍ ယနေ့သည်အခြေအနေမျိုး ရောက်ခဲ့ပြီပဲ။
ခေတ်ငြိမ်းခန့်သည် အသုံးမပြု တော့သည် မှာ ကြာပြီဖြစ်သော လက်ထဲက အော်တိုကင် မရာ လေးကို ရည်ရွယ်ချက်မရှိ ဟိုလှည့်သည်လှည့် လုပ်ကာ ကြည့်နေမိသည်။ သည် ကင်မရာလေး ကို ကိုင်ကြည့်မိတိုင်း လွန်ခဲ့သည့်ကာလများကို စိတ်က မထင်မှတ်ဘဲ ရောက်ရောက်သွားတတ် သည်က အကျင့်စွဲ တစ်ခုလိုဖြစ်နေသည်။ ဒါကို ပြင်ရဦးမည်။ ပြီးခဲ့သည့်ကာလများကို စိတ်အ ရောက်များနေလျှင် ရှေ့ကာလဆီ မည်သို့ ခရီး ဆက်မည်လဲ။
တံခါးခေါက်သံကြားသည်။
“
မမခေတ်နဲ့ ရိုက်ချင်လို့တဲ့”
မြင့်ဇော်က မျက်မှောင် ခပ် ကုပ်ကုပ်လုပ်ကာ ပြောလာသည်။ ဇော့် မျက်နှာက သိပ်တော့ ကြည် လင်ပုံမရ။ ဘယ်ကြည်မလဲ။ သူ့ တာဝန်ပိုင်း အချိန် မှာ သူရှိနေ၏ပါလျက်နဲ့ ခေတ်ငြိမ်းခန့်နှင့် ရိုက်ချင် သည်လို့ ကပ်စတမ်မာက တောင်းဆိုလာ သည် ကိုး။ မိန်းကလေး ချောချောလေးများဆို အမျိုး သား ဓာတ်ပုံဆရာက လှသထက်လှအောင် လက် စွမ်းပြ ရိုက်ပေးချင်လှသလို ၀ါသနာရှင် မိန်းက လေးများကလည်း အမျိုးသား ဓာတ်ပုံဆရာ နှင့် သာ ဓာတ်ပုံအရိုက်ခံလိုသည်မှာ သဘာဝ တစ်ခု ပေပဲမဟုတ်လား။ ကင်မရာသမားကို မိမိ ရည်း စားအဖြစ်သဘောထားပြီး ဓာတ်ပုံ အရိုက်ခံလျှင် ဓာတ်ပုံ များ ပို၍ အသက်ဝင်တတ်သည်ကို ခု ခေတ်မိန်းကလေးများ လက်ခံ နေကြပြီ။ ဓာတ်ပုံ ဆရာက အမျိုးသားဖြစ်သည် နှင့် ရှိုးတိုးရှန့်တန့် ဖြစ်လေ့ရှိသည့် မိန်းကလေး များ ဟိုးရှေးရှေးမှာ ကျန်ခဲ့ပြီလေ။
သည် မိန်းကလေးကတော့ ထူးဆန်းလှ ပါ ဘိ။ ၀င်လာကတည်းက ခေတ်ငြိမ်းခန့်မရှိ ဘူး လား၊ ခေတ်ငြိမ်းခန့်နဲ့ပဲ ရိုက်ချင်သည်တဲ့။
“
ဘယ်သူတဲ့လဲ ဇော်”
ရေချိုးခန်း ထဲကနေ မျက်နှာသစ်ပြီး ပြန် ထွက်လာသော ခေတ်ငြိမ်းခန့်က ရေစိုသွား သည့် ဆံပင်များကိုသုတ်လျက် ဇော့်ကို လှမ်း မေးလိုက် သည်။
“
မသိဘူးဗျ၊ အသစ်တော့ အသစ်ပဲ၊ တော် တော်တော့ ချောတယ်၊ ဓာတ်ပုံစား မယ့်ရုပ်၊ ဒါပေ မဲ့ သူ့မျက်နှာက မာတယ်””
ခေတ်ငြိမ်းခန့်က တစ်ချက်ပြုံးကာ ဇော့် ပခုံး ကို လှမ်းပုတ်လျက် ပြောသည်။
“
မင်း ကင်မရာမင်းပီသလာပြီဇော်”
“
ဒါတောင်မှ ကျွန်တော်နဲ့မရိုက်ချင်ဘူး တဲ့”
“
သူ့မှာ အကြောင်းတစ်ခုရှိမယ်လို့ ကျွန်မ ထင်တယ်”
ဇော့်မျက်လုံးများကို တည့်တည့်စူးစူး စိုက် ကြည့်လျက် ခေတ်ငြိမ်းခန့် ပြောလိုက်သည်။
ဇော် ခေါင်းညိတ်သည်။ ခေတ်ငြိမ်းခန့်၏ စကားကို ထောက်ခံသည့်သဘော။
မြင့်ဇော်တွေ့ဖူးသမျှ ဓာတ်ပုံသမား တွေထဲ မှာတော့ ခေတ်ငြိမ်းခန့်က လက်ဖျားခါ လောက် သည်။ သူသိသလောက် ခေတ်ငြိမ်းခန့်သည် လူ တစ်ယောက်၏ ရုပ်ပုံလွှာကိုသာမက အတွင်း သန်္တာန် စိတ်ကိုပေါ်အောင် ရိုက်နိုင်သည့် ဓာတ်ပုံ ဆရာ။ ကင်မရာသမားရှေ့မှာ ဟန် ဆောင်ပြုံးရယ် ထားသည့် ရုပ်သွင်များထက် စိတ်ခံစားမှု အစစ် အမှန်များကို ရုတ် တရက် လှစ်ဟ ဖော်ထုတ်ပြီး ရိုက်လိုသည့် ရှားပါး ဓာတ်ပုံဆရာ။
ခမ်းနားစွာခင်းကျင်းထား သည့်ပွဲများ ဥပမာ လက်ထပ်မင်္ဂလာပွဲလို ပုံကြီးချဲ့ပြင်ဆင် ထားသည့် အခမ်းအနားမျိုးမှာ အစွမ်းကုန်ပြုံး ရယ်နေကြ သည့် လူရုပ်ပုံများကို ရိုက်ပေးရန် ခေတ်ငြိမ်းခန့် စိတ်မ၀င်စား။ ညှို့ညှို့ငင်ငင် ပြုံးလျက် ကိုယ်ခန်္ဓာ ကောက် ကြောင်း အဖု အထစ် အချိုင့်အဟိုက်များ ပေါ်သထက် ပေါ် အောင် ကိုယ်ဟန်ပြလေ့ရှိသည့် မော်ဒယ်လ်မလေးများကို ရိုက်ပေးရန် ခေတ်ငြိမ်း ခန့် စိတ် မ၀င်စား။
ခေတ်ငြိမ်းခန့် စိတ်ဝင်တစား ရိုက်လို သည် က လမ်းပေါ်က ဈေးသည်တစ်ယောက် ဖြစ်ချင် ဖြစ်မည်၊ ကူလီထမ်းနေသည့် လူတစ်ယောက် ဖြစ်ချင် ဖြစ်မည်။ ဂျာနယ်လက်ပွေ့ ရောင်းသည့် ကောင် လေးတစ်ယောက်ဖြစ်ချင်ဖြစ်မည်။ စံပယ် ပန်း ရောင်းသည့် ကလေးမလေးဖြစ်ချင်ဖြစ်မည်။ သို့သော် သတင်းဆန်ဆန် လှုပ်ရှားမှု ပုံရိပ်များ မဟုတ်သလို ဘ၀ဆန်ဆန် ရုန်းကန်မှုပုံ ရိပ်များ လည်း မဟုတ်။ လူတို့၏ မျက်နှာများကို အနီးကပ် ဖမ်းဆုပ် ဆွဲယူကာ မျက်နှာပြင်များ၏ နောက် ကွယ် အတွင်းသားထဲက ခံစားမှု အစစ်အမှန်များ ကို ပေါ်အောင် ဖော်ထုတ်ရိုက်ယူ လိုခြင်းသာ။ ပျော်ရွှင်နေသည့် လူတစ်ယောက် ဆိုလျှင်လည်း သူဘယ်လောက် ထိပျော်ရွှင်နေသလဲ.. ထိုအခိုက် အတန့်လေးမှာ ပျော်ရွှင်ခံစား နေသည့် သူ့ရင်ထဲ က ခံစားမှု အပျော်ကို အပြည့်အ၀ရအောင် ဖမ်းယူ ရိုက်ကူးလိုသည့် ဆန်္ဒများသာ ခေတ်ငြိမ်းခန့်မှာ ရှိသည်။ အလုပ် အတူတွဲလုပ်သည့် တစ်နှစ်တာ အချိန်တိုလေး အတွင်း၌ သည်အမျိုးသမီးမှာ တခြား မည်သူ နှင့်မျှ မတူသည့် အတွေးအခေါ် အယူ အဆများ သိပ်သည်းစွာ ကိန်းဝပ်လျက်ရှိ ကြောင်း မြင့်ဇော် ကောင်းစွာ သတိပြုမိခဲ့သည်။
ဓာတ်ပုံရိုက်ခြင်းအနုပညာ စိတ်ဝင်စားသူ တစ်ယောက်လိုသည်ဟု သတင်းစာတွင် ကြော် ငြာတွေ့ရာက “ခေတ်” ဓာတ်ပုံတိုက်ကို “မြင့်ဇော်” ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုနေ့ကို မြင့်ဇော်အသည်းထဲ စွဲမြဲနေအောင် အသေအချာ မှတ်မိနေခဲ့ပါသည်။
xxxxx
“
ရှင် ဒီကင်မရာနဲ့ ရိုက်တတ်လား”
သူ့ကို ပညာစမ်းပြီဟု မြင့်ဇော်သိလိုက်သည်။ ဒါလောက်တော့ အပျော့စား အလုပ်ပဲဟုတွေးကာ ခေါင်းညိတ်ပြလျက် ကင်မရာကို ပေါ့ပါးစွာ မြင့်ဇော် လှမ်း ယူ လိုက်သည်။
“
ကဲ ဓာတ်ပုံတစ်ပုံလောက် အခု ရိုက် ကြည့် ပေးပါဦး”
ကင်မရာ ပါဝါခလုတ်ကို နှိပ်လိုက်သည်။ပြတင်းပေါက်ဘက် လှည့်လျက် သူနှစ်သက်ရာ ပြင်ပ ရှုခင်းများဆီ ချိန်ရွယ်ကာ မြင်ကွင်း ရွေး ကြည့်လိုက်သည်။
“
ရှုခင်းပုံမဟုတ်ဘူးနော်.. လူပုံ၊ ရှင် ရိုက် ပေးရမှာ ကျွန်မကို”
ပြတင်းကနေမြင်ရသည်များကို ချိန်ရွယ်ကာ ခလုတ်နှိပ်ရန်ပြင်ဆင်နေသည့် မြင့်ဇော် လက်များ တုံ့ခနဲဖြစ်သွားသည်။ ကင်မရာ ကို ထိုအမျိုးသမီးဘက်ဆီသို့ ကပျာ ကသီ လှည့်ကိုင်လိုက်ရသည်။ အမျိုးသမီးက စားပွဲပေါ်က သောက်လက်စ ဖြစ်ဟန်တူသော ကော်ဖီ ခွက်ကို ယူသောက်နေသဖြင့် သူခဏ ရပ်စောင့်နေလိုက်သည်။ ကင်မရာသမားကို အား မနာ၊ ကော်ဖီခွက်ကို လက်ကမချသေးဘဲ မမက ဇိမ်ခံသောက်နေသေးသည်။
“
ရှင် ဘာလို့မရိုက်သေးတာလဲ”
ကင်မရာတဆဆလုပ်နေသည့် သူ့ကို အမျိုး သမီးက ရုတ်တရက်လှည့်မေးသည်။
“
ဟို..ဟိုလေ ခင်ဗျား အသင့်မဖြစ်သေးဘူး ထင်လို့”
အမျိုးသမီးက ကော်ဖီခွက်ကို စားပွဲပေါ် မသိ မသာ ဆောင့်ကာချလျက် စိတ်မရှည်ဟန် ပြ လာ သည်။
“
ကျွတ်..အဲဒါ ခက်တာပဲ၊ ကင်မရာရှေ့ တည့် တည့်မှာ အသင့်ဟန်လုပ်ပြနေမှ ရှင် ရိုက်ယူ တတ် မှာလား၊ ခေါင်းငုံ့ပါဦး၊ ပြုံးပါဦး၊ ရယ်ပါဦး၊ တည်ပါ ဦး၊ မော့ပါဦး၊ စောင်းပါဦး နဲ့ သူများခိုင်းတဲ့အတိုင်း လိုက်လုပ်ထားတဲ့ လုပ်ဟန်ကြီးတွေ ရိုက်မလို့ လား၊ ဒါဆိုရင်တော့ ရှင် ဘယ်တော့မှ ဓာတ်ပုံ အနုပညာသမား ဖြစ်မှာ မဟုတ်ဘူး။ ဓာတ်ပုံရိုက် တဲ့လူပဲ ဖြစ် မယ်”
လက်ကိုပိုက်ကာ မခိုးမခန့်ပုံစံဖြင့် သူ့ကို စူးစူးရဲရဲကြည့်လျက် ခပ်မာမာပြောဆိုနေသည့် အမျိုးသမီး ပုံစံက မြင်ပြင်းကတ်စရာ။ သို့သော် အတွေးဆန်းဆန်းနှင့် သူမ၏စကားလုံးများ ကို တော့ အံ့အားသင့်မှုနှင့်အတူ စိတ်ဝင်စားသွား သည်ကိုတော့ ၀န်ခံရတော့မည်။
အမျိုးသမီး တစ်ဦး၏ အထင်အမြင် သေး ဟန် ခပ်ဖိဖိအပြောမျိုး တစ်ခါမျှမကြုံဖူး သေး၍ သူ့စိတ်ထဲ တင်းခနဲဖြစ်သွားသည်။ သို့သော် လော လောဆယ် ဒီအမျိုးသမီးနှင့် ပြေလည်မှု ရချင် သည် ဆိုတော့လည်း ဆင်ခြေထပ်ပေး ရတော့ သည်။
“
ကျွန်တော်က ခင်ဗျားအသင့်မဖြစ်သေးဘူး ထင်လို့ပါ”
“
ကျွန်မလိုချင်တဲ့ ဓာတ်ပုံအနုပညာသမား က အသင့်ဖြစ်နေတဲ့ အကောင်းဆုံး အနေ အထား တွေကို အဆင်သင့် စောင့်ပြီးခလုတ်နှိပ်ဖို့ မဟုတ် ဘူး။ ကိုယ့်ဘာသာ အကောင်းဆုံးအနေ အထား ကို ရှာဖွေဖန်တီးပြီး အလှဆုံးဖြစ်အောင် ရိုက်ယူ နိုင်ရမှာ...
ကျွန်မ ဘာလှုပ်ရှားမှုမှ မပြုဘဲ အခုအနေ အထားမှာပဲ ရှင် ကျွန်မကို လှအောင် ရိုက်မပေး နိုင်ဘူးလား...””
သူ သဘောပေါက်သွားသည်။ သို့သော် သူ့ ရှေ့က သည်မမကို အလှဆုံးဖြစ်အောင် ဘယ်လို ဘယ်ပုံများ ရိုက်ရပါ့ဟုတွေးကာ နည်းနည်းတော့ ဦးနှောက်စားသွားမိသည်။
သူ့ကိုကျောခိုင်းကာ ပြတင်း ပေါက်ဆီမျက် နှာပြုပြီး လက်ပိုက်ရပ်နေသည့် အမျိုးသမီးကို သူ စေ့စေ့ စပ်စပ် ကြည့်လိုက်သည်။ နားရွက်ပေါ် အောင် တိုတိုကပ်ကပ် ရှိနေသည့် ဆံပင်တွေက ကဗျာမဆန်၊ သူမ ကိုယ် ပေါ်က ဖရိုဖရဲဝတ်စုံ မီးခိုး ရောင်တီရှပ်နှင့် ဂျင်း ဘောင်းဘီတို့ မှာလည်း အလှဆုံးကို ဖွေရှာ မရနိုင်။ မိတ်ကပ် သနပ်ခါး ဘာမှမရှိ ပြောင် တလင်းခါနေသည့် မျက်နှာပြင် မှာ တော့ အလှ တစ်ခုခု ရှိလိမ့်နိုးနိုး ...။
ဟုတ်ပြီ။ သူ့မျက်လုံးတွေထဲကို တည့် တည့် စူးစူး ရင်ဆိုင်ကြည့်ပြီး ပြောဆို တတ် သည့် ဒီ အမျိုးသမီး၏ မျက်လုံးတွေထဲမှာ အလှ တစ်စုံ တစ်ရာ တော့ ရှိကောင်းရှိနိုင်သည်။ ရုတ်တရက်ပေါ်လာသည့် စိတ်ကူးနှင့် အတူ အမျိုးသမီး၏ မျက်နှာ ရှေ့တည့်တည့် မှာ ခပ်တည် တည် နေရာဝင်ယူလိုက်သည်။ ခက်ပြီ။ ရှေ့တည့် တည့် က နေ ကင်မရာ လာချိန်ရွယ်သည်နှင့် အမျိုး သမီးက မသိသလို မျက်နှာပေး နှင့် မျက်နှာကို တစ်ဖက်သို့ စောင်းပစ်လိုက် သေးတော့..၊ သူ့စိတ် ထဲ ကသိကအောက် ဖြစ် သွားသည်။
“
ဒါနဲ့ စကားမစပ် ခင်ဗျား မှာ ရည်းစားရှိလား”
မထင်မှတ်သည့် စကားကြောင့် အမျိုးသမီး က ဇတ်ခနဲ သူ့ဘက်လှည့်အကြည့်မှာ အသင့် စောင့်နေသည့် သူ့လက်ချောင်းတွေက ကင်မရာ ခလုတ်ကို လျှပ် တစ်ပြက် နှိပ်ချလိုက်သည်။ အံ့သြသွားသည့်မျက်လုံးဝိုင်းကြီးများ..။
လက်ခနဲ တစ်ချက် သူပြုံးလျက် ကင်မရာ ကို အမျိုးသမီးလက်ထဲ ထည့်ပေးလိုက်သည်။
“
ရော့..အကောင်းဆုံးဓာတ်ပုံ ကျွန်တော် ရိုက်ပေးလိုက်ပြီ”
xxxxx
ဓာတ်ပုံ စတူဒီယို အတွင်းခန်းထဲ ၀င်လာ သည့် ခြေသံကိုကြားသည်နှင့် မြင့်ဇော်သည် လှုပ် လှုပ်ရှားရှားဖြစ်သွားသည်။ ကိုယ်နှင့်မကွာဆောင် ထားနေကျ လူလစ်တိုင်း ထုတ်ထုတ် ကြည့်နေမိ တတ်သည့် ဓာတ်ပုံလေးတစ်ပုံကို ပိုက်ဆံအိတ် အတွင်းအကန့်ထဲ မြတ်နိုးစွာ ပြန်ထည့် သိမ်းလိုက်သည်။
“
စောစောက မိန်းကလေးက ပြည့်ပြည့် တဲ့၊ နောက်လထဲမှာ မင်္ဂလာဆောင်မှာမို့ မင်္ဂလာ ပွဲ ဓာတ်ပုံတွေ အစအဆုံး ရိုက်ချင်လို့တဲ့၊ ခက် တာ က သူက ကျွန်မနဲ့ပဲ ရိုက်ချင်သတဲ့လေ””
“
ကျွန်မထက် ပိုတော်တဲ့ ဓာတ်ပုံဆရာ ရှိ တယ်.. လို့ မပြောလိုက်ဘူးလား”
““
သိပ်ပြောတာပေါ့၊ ဘယ်လိုမှ မရဘူး၊ နိုင်ငံ ခြားက ပြန်လာတာ မကြာသေးဘူးဆိုပဲ၊ သူ့ကြည့် ရတာ အရာရာကို ငွေနဲ့ခြယ်လှယ်ကြိုး ကိုင်မယ့်ပုံ။ တစ်ခုခုတော့ တစ်ခုခုပဲ၊ ကျွန်မ သံသယတောင် ၀င်လာပြီ။ သူ့ကိုမြင် ကတည်း က စိတ်တွေလည်း လေးလိုက်တာ၊ ဘယ်လို ကြီးမှန်းမသိဘူး””
ခေတ်ငြိမ်းခန့်က စိတ်ဓာတ်မာကျောပြတ် သားပုံရသော်လည်း တစ်ခါတစ်ခါ တစ်ကိုယ် ရေ စိတ်ခံစားမှုကို အဲသည်လို သူ့အား ဖွင့်ဟ တတ် သည်အထိ သူ့အပေါ် အားကိုးတကြီး ဖြစ်လာသည် ကို သူသတိပြုမိသည်။
“
မပူပါနဲ့ ကျွန်တော် ကြည့်ကြက်လုပ်ပေး လိုက်ပါ့မယ်”
သက်သာရာရစေပါတော့ဟု ပြောလိုက်မိ သည့် သူ့အားပေးစကားက သိပ်တော့ အရာ မ ရောက်နိုင်မှန်း မြင့်ဇော်သိနေပြန်သည်။
ခေတ်ငြိမ်းခန့်ကို တွေ့ပြီး နောက်ပိုင်းမှာ “အ နုပညာ ဆိုတာဟာ ဝေဒနာရဲ့စေ့ဆော်မှု ကြောင့် ဖြစ်လာတာ”ဟု မြင့်ဇော် ယုံကြည်ခဲ့ခြင်း ဖြစ် သည်။ ခုခေတ်မှာ အောင်မြင်ကျော်ကြားသူ တွေ ကတော့ "
စေတနာ"ဆိုသည့်စကားကို ဗုန်းပေါလအောကြီး ထည့်ထည့်သုံးသည်ကို သူသတိ ထားမိ သည်။ ဘယ်သူဘယ်ဝါရဲ့ဘယ်လိုအင်တာဗျူးပဲ ဖတ်ဖတ်၊ "
စေတနာနဲ့ အလုပ်လုပ်တာ”၊ “ဘာပဲ လုပ်လုပ် စေတနာပါမှ”စသဖြင့် စေတနာဆို သည့် စကားကို တွင်တွင်သုံးသူများနှင့်တော့ ခေတ်ငြိမ်း ခန့်လို အမျိုးသမီးက သဘောချင်း မတိုက်ဆိုင် နိုင်ပါ။
ခေတ်ငြိမ်းခန့် ယုံကြည်သည်က အနုပညာ သည် ခံစားချက်ကို ပုံဖော်ခြင်းသက်သက်သာ။ "
ခံစားချက်”ဆိုသည့်အရာကတော့ လူတိုင်းမှာ ရှိသည်ပဲ။ သူ့မှာလည်း ရှိသည်။ခေတ်ငြိမ်း ခန့်မှာ လည်း ရှိသည်။ လမ်းဘေးက အသုတ်စုံ ရောင်း သော မိန်းမမှာလည်း ခံစားချက်ရှိသည်။ ဒါပေမဲ့ ခံစားချက်ရှိတိုင်း အနုပညာရှင် ဖြစ် မလာနိုင်။ အဲသည် အသုတ်စုံ ရောင်းသော မိန်းမ၏ ခံစား ချက်က သာမန်ခံစားချက်မျှသာ ဖြစ်ြပီး ခေတ်ငြိမ်း ခန့် ၏ခံစားချက်ကတော့ သာမန် မဟုတ် သည့် "
အထူးခံစားချက်”။ “အထူးခံစားချက်" ဆိုတာက နည်းနည်း လေး မျှ သာ သိမြင် ထိတွေ့သော်လည်း များများ စားစားကြီး ပွန်းပဲ့ အက်ရှ နာကျင်တတ်သော သဘော ရှိ၏။ သာမန်ခံစားချက် ဆိုတာကတော့ ဘယ်လောက်ပင် များများစားစား သိမြင်ထိ တွေ့ ဦး တော့ မဆိုစလောက် ခပ်နည်းနည်းသာ ထိရှနာ ကျင်တတ်သောသဘောမျိုးကို ဆောင် သည် ဟု သူ လက်ခံထားခဲ့သည်။
မြင့်ဇော့်အမြင်မှာတော့ ခေတ်ငြိမ်းခန့် သည် သူမတူသည့် အနုပညာရှင်ဟုသာ ဆိုချင် တော့ သည်။ အဘယ်ကြောင့်မူ ခေတ်ငြိမ်းခန့်က ခပ် နည်းနည်းသာ ထိတွေ့သော်လည်း များများ စား စားကြီး ထိရှနာကျင်တတ်သောသူ ဖြစ်နေ သည် မဟုတ်လား။
အဲသည်လို များများစားစား နင့်နင့် သီးသီး ကြီး အက်ရှနာကျင်လျက်ရှိသော အထူး ခံစားမှု များကို လှပသိမ်မွေ့သွားအောင် ပြုလုပ် လိုက်ခြင်း သည်ပင် ခေတ်ငြိမ်းခန့်၏ အနုပညာဖြစ်တော့ သည် ဟု မြင့်ဇော် ယုံကြည်ထားသည်။ များ မကြာ ခင် ထိုအနုပညာ များကို တစ်ကိုယ်တော် ပြပွဲခင်း ကျင်းပြသရန်လည်း ရည်ရွယ်ထားသည်။ လူမျက် နှာပြင်တို့၏ နောက်ကွယ်က ခံစားချက်များကို ပေါ်လွင်အောင် ဖော်ထုတ် ရိုက်ကူးထားသည့် ခေတ်ငြိမ်းခန့်၏လှပသည့်ဓာတ်ပုံအနုပညာများ။ သည်အချိန်မှာ ခေတ်ငြိမ်းခန့်ကို စိတ်ညစ်ညူး စရာ တစ်စုံတစ်ခု မကြုံစေချင်မှာ သူ့ဆန်္ဒ အမှန် ပင်ဖြစ်သည်။ သို့သော် သူ့ဆန်္ဒတွေ မပြည့်ဝခဲ့ပါ။
xxxxx
““
ဒါ..ပြည့်ရဲ့ ကိုကိုပါ၊ ကိုကိုသိလား ပြည့်တို့ မင်္ဂလာပွဲမှာ မမခေတ်ကိုယ်တိုင် ရိုက်ပေးဖို့ ပြည့် ပြောထားတယ်””
ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လက်တို့သည် အချင်းချင်း ဟန်ဆောင်ထိန်းကွပ်လျက် အပြန် အလှန် မသိကျိုးကျွန်ပြုကာ နိုင်ငံကြီးသား ပီသ စွာနဲ့ပဲ နှုတ်ဆက်ခါယမ်းလိုက်မိကြသည်။ အရင် လို နွေးထွေးခြင်းမရှိသော်ငြား မထင်မှတ်သည့် ပြန်လည်တွေ့ဆုံမှုကြောင့် ဆုပ်ကိုင်ထား သည့် လက်တွေ မသိမသာ တုန်ချင်နေသည်ကို ခေတ်ငြိမ်းခန့် သတိပြုမိလိုက်သည်။
“
ဒီအနားက ဆိုင်တစ်ဆိုင်မှာ တစ်ခုခုစား ရင်း စောင့်နေမယ်၊ ပြီးရင် ဖုန်းဆက်လိုက်”ဟု ဆိုကာ ပုံပျက်ပန်းပျက် ထွက်ခွာသွားသည့် “အံ့ဘုန်းမြတ်”ကို မိန်းကလေးပြည့်ပြည့်ပင် မတား လိုက်နိုင်ခဲ့။ လည်ပြန်လိုက်ကြည့်ကာ “ကိုကို ကတော့ လုပ်ပြီ”ဟု ဖွဖွညည်းဟန်ပြုလျက် “ပြည့် တစ်ယောက်တည်းပုံတွေ ရိုက်ချင်လို့ လာခဲ့တာ” ဟု ခေတ်ငြိမ်းခန့်ဘက် လှည့်ပြော သည်။
စတူဒီယို အတွင်းခန်းထဲ ဦးဆောင်ခေါ် လာ ချိန်မှာ“ဘယ်လိုပုံလေးတွေ ရိုက်ရရင် ကောင်း မလဲ”ဟုမိန်းကလေးပြည့်ပြည့်က ရင်ခုန် တက်ကြွ နေသလောက် ခေတ်ငြိမ်းခန့်မှာ တော့ စိတ်တွေ ရှုပ်ထွေးနောက်ကျိနေတော့သည်။
“
ကြည့်ပါဦး၊ ဒါ ပြည့် ဟိုမှာရိုက်ခဲ့တဲ့ ပုံတွေ””
အလှဆုံးဟု အထင်ရှိသည့်ဓာတ်ပုံများကို မိန်းကလေးက ကြွားလုံးထုတ်ရန်သက်သက် ယူ လာပုံရသည်။ တချို့ပုံတွေက အံ့ဘုန်းမြတ် နှင့် ပူးပူးကပ်ကပ်ပွေ့ဖက်ထားသည့် အနေအထား လွန်လွန်ကဲကဲ ပုံတွေ။ သွေးရိုးသားရိုး ယူလာပြ ခြင်းမှ ဟုတ်ပါလေစ၊ မိမိနှင့် အံ့ဘုန်း မြတ်တို့၏ တစ်ချိန်က ပတ်သက်မှုကို ဒီမိန်း ကလေး သိပြီးခဲ့ လို့ပဲလား...။ ပေါ့ပေါ့ပါးပါးဟန်လုပ်ကာ ကောက် ကာ ငင်ကာ ပြောလိုက်မိသည်။

"မင်းပုံတွေက သေနေတယ်"
မိန်းကလေးက မျက်လုံးလှန်ကြည့်သည်။
မိန်းကလေးက မျက်လုံးလှန်ကြည့်သည်။
အပိုင်း ( ၂ )သို့ . . . . . .
စုမီအောင်
လငွေတာရီ -ဒီဇင်ဘာ - ၂၀၁၆
No comments:
Post a Comment