Apr 24, 2017
အဝေးလွမ်းက မြို့ကလေး
အက်​​ဆေး(၁)
___________
အဝေးလွမ်းက မြို့ကလေး
_________________​အောင်​လွန်းမြို​င်
.
                ထွန်ကြောင်းရာတွေလိုအကြောင်းလိုက် အစင်းလိုက်မရှိတဲ့ သူ့ ငယ်ဘဝတွေက ကွေ့ကောက် ဆူးပြွမ်းအရာများ ပြန်လည်တွေးကြည့်ရင် ကျေ နပ်စရာ နှစ်သက်ဖွယ်ရာ မရှိပြီ။အိမ်ဆိုတဲ့ အဆောက်အအုံ အသိုက်မြုံကလေးထဲမှာ သူတို့မိသားတစ်စုရဲ့ ဘဝလေးက နွေးနွေးထွေးထွေး ချမ်းချမ်းမြေ့မြေ့ မရှိလှ။လောကဓံရဲ့မုန်တိုင်းကြားမှာ ရိုက်ပုတ်ချက်ပြင်းတဲ့ လှိုင်းလုံးတွေကို အလူးအလဲ ရင်စည်းခံရင်း ဘဝကို ကြံ့ကြံ့ခိုင် ခဲ့ကြရသည်။သူတို့မိသားစုလေးရဲ့ ဘဝက ဥတစ်ကွဲသိုက်တစ်ပျက်နဲ့ အဖေက သူတို့မြို့ကလေးနဲ့ဝေးတဲ့မြို့တစ်မြို့မှာ တစ်နယ်စီခြားနေသော သူတို့သားအမိတစ်တွေကို အဝေးမှ အလုပ်လုပ်ရင်း ဝမ်းရေးအတွက်လှမ်းပြီး ဖြေရှင်းပေးနေရသောအချိန် အဲဒီအချိန်တွေကို ပြန်လည်တွေးကြည့်ရင် ရင်နာကြေကွဲဖွယ်ရာတွေသာ မြင်ယောင်လာမိသည်။
      ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ကားတွေထဲက  အခန်းတချို့ကို အနှေးရိုက်ချက်တွေနဲ့ တစ်ကွက်ချင်း တစ်ကွက်ချင်း ရိုက်ပြသလိုမျိုး အာရုံထဲမှာ တွေးမြင်ထင်ပေါ်လာပြန်တော့သည်။ထိုစဉ်တုန်းက ဆန်ကုန်တွေ အပြည့်အသိပ် တင်ထားတဲ့ ကုန်ကားကြီးရဲ့ နောက်မြီးက ဆန်အိတ်တွေအပေါ်မှာ အမေရယ် အစ်ကိုနှစ်ယောက်ရယ် သူရယ် ခက်ခက်ခဲခဲ ထိုင်ပြီး အဖေရှိတဲ့မြို့ကို သူတို့သားအမိတစ်တွေ လိုက်သွားခဲ့ကြသည်။သူတို့မိသားစုဘဝလေးက မတည်မငြိမ်နဲ့ တစ်ဆစ်ချိုးပြောင်းသွားသည်။တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ စကားအတိုင်းပဲပေါ့ ဆန်ကုန်တွေ အပြည့်သိပ် တင်ထားတဲ့ ကားကြီးက သူတို့မိသားစုကို တင်ဆောင်ပြီး ခရီးလမ်းကြမ်းကြမ်းတွေ အပေါ်မှာ လေးလေးတွဲ့တွဲ့ကြီး မောင်းနှင်လို့နေသည်။
      သူကတော့ ဟိုးအဝေးမှာ တရိပ်ရိပ်နဲ့ ကျန်ရစ်ခဲ့တဲ့ ကျေးလက်ဆန်ဆန် သူတို့မြို့ကလေးနဲ့ တင်ကျန်ရစ်ခဲ့တဲ့ အိပ်မက်ဟောင်းတွေ အိပ်စက်ခိုနားခဲ့ကြတဲ့ အသိုက်မြုံလေးကို တလွင့်လွင့် လွမ်းမော ငေးလို့။
       သူတို့ မိသားစုလေးကို တင်ဆောင်သွားတဲ့ ကုန်ကားကြီးက သူနဲ့ သူ့မြို့ ကလေးကို ဝေးကွာသွားအောင်ဖန်တီးပေးလိုက်တဲ့တရားခံများလားလို့ တွေးရင်း---အခုတော့ကျန်ရစ်ခဲ့တဲ့ ကျေးလက်ဆန်ဆန် သူ့မြို့ကလေးကို နေသားတကျနဲ့ မှန်းဆ လွမ်းဆလို့ နေမိပြန်သည်။
အခုလို အချိန်တွေဆိုရင်  သူ့မြို့ကလေးရဲ့အပေါ်မှာ နှင်းတွေဝေကျနေရောပေါ့။ကောက်ဦးရနံ့တွေသင်းတဲ့ သံလွင်ရောင်စပါးခင်းတွေနဲ့ မြို့ကလေး တောစိမ်း တောင်စိမ်း ကြံခင်းစိမ်းစိမ်းတွေနဲ့ အရှေ့ရှမ်းရိုးမ တောင်တန်းကြီးတွေရဲ့ ခြေရင်းမှာ အေးမြစွာ အိပ်မောကျ လို့ နေမယ့်မြို့ကလေး----တွေးရင်း တွေးရင်း မွှေးမွှေးမြမြ နဲ့ အပြာရောင် မိုးကုတ်စက်ဝိုင်းအောက်က အိနြေ္ဒရရ ရိုးသားစွာ တည်ရှိနေမယ့် သူ့မြို့ ကလေးအတွက် ဝမ်းနည်းနာကျ င်သလိုလို ဖြစ်နေသေးတော့သည်။
      ဘဝတွေရယ် ဆက်ထုံးတွေရယ် ကံစီမံရာ အလှည့်အပြောင်းတွေကြားမှာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတတ်တဲ့ အကြောင်းတွေကို တွေးရင်း သူ့ကိုယ်သူ အားငယ်ထိတ်လန့်စွာ ဖြစ်ရပြန်သည်။
      ဟုတ်တယ်- ဒါကံစီမံရာလား ဒါဘဝရဲ့ အလှည့်အပြောင်းတွေလား အဝေးဆုံးသို့  လွင့်ထွက်သွားတဲ့ အမှုံအမွှား တစ်ခုလို သူချစ်တဲ့ မြို့ကလေးကနေ လွင့်ထွက်သွားခဲ့ရပြီ။လေဟာနယ်ထဲ ရောက်ရှိသွားတဲ့ အမှိုက်တစစီပမာ သူ့မြို့ကလေးနဲ့ ဝေးကွာသွားခဲ့ရပြီ။
ဘဝတွေကို နာကျည်းစွာ ပြန်လည်တွေးမိတိုင်း သူ့ဘဝရဲ့ ကွေ့ကောက် ဆူးပြွမ်းအရာများကို လတ်ဆက်ဝင်းမှည့်နေသော သစ်သီးတစ်လုံးရဲ့ မွှေးမြမှု့မျိုးလို တစိမ့်စိမ့်နဲ့ တွေးကြည့်နေမိပြန်သည်။
       သူ့မြို့ကလေးမှာ သူရှိနေခဲ့စဉ် ငယ်ဘဝတွေက မလှပ မချောမွေ့ မမွှေးမြခဲ့ပေမယ့် ကြည်နူးလန်းဆတ်စွာ သူ့ အာရုံထဲမှာ ရှိနေကြသေးသည်။
        ပြူ  တွင်းဘူတာ အနီးက သံလမ်းဘေး လယ်ကွင်းစိမ်းစိမ်း ကြံခင်းစိမ်းစိမ်းတွေ တစ်ဝိုက်မှာ နွားကျောင်း ကျွဲ ကျောင်းခဲ့ရသော အချိန်များက လွတ်လပ်ပျော်ရွှင်စရာကောင်းသည်။ညီအစ်ကိုဝမ်းကွဲတော်သူ ဖိုးလုံးနဲ့အတူ အဘ ဦးတင်အောင်ရဲ့သား ကိုပြူံးရဲ့ နွားတွေ ကျွဲ တွေကို ကျောင်းရသည်။မနက် ၈ နာရီ ၉ နာရီလောက်မှာ ထမင်းကြမ်းကလေးစားပြီး အမေတင်ထုပ်ပေးလိုက်တဲ့ ထမင်းထုပ်ကလေးတွေကိုယ်စီနဲ့  လောက်စာနဲ့ လောက်လေးခွထည့်တဲ့ နှီးပလိုင်းကြိုးသိုင်းလေးကိုလွယ်ကာ ညီအစ်ကိုနှစ်ယောက် ကျွဲ တစ်အုပ် နွားတစ်အုပ်နဲ့အတူ တပ်ပိုး ရွာလမ်းကလေးထဲကနေ ဖြတ်မောင်းသွားကြရသည်။
      ပြူ  တွင်းရွာ၌ ပြူ တွင်းဘူတာ အနီးက စားကျ က်ကွင်း စိမ်းစိမ်းတွေဆီရောက်လို့ နွားတွေ ကျွဲ တွေ ငြိမ်ပြီး စားနေကြတယ်ဆိုရင် သူတို့ ညီအစ်ကိုနှစ်ယောက် နားခိုနေကျ  လယ်ကွင်းစပ်က ကုက္ကို ပင်ကြီးအောက်မှာ အမောဖြေကြသည်။
      အတော်လေးကြာတော့ အခြားနွားကျောင်းဖက်တွေဖြစ်တဲ့ စိုးတင့် စိုးမြင့် နဲ့ သရဲကြီးခေါ် ငသိန်းတို့ ကို တွေ့ရသည်။စိုးတင့် နဲ့ သူရဲကြီးက ဖိုးလုံးကိုခေါ်ပြီး ကြံခင်းတွေဘက်ကို ထွက်သွားကြသည်။သူနဲ့ စိုးမြင့် နှစ်ယောက်တည်း ကျန်ရစ်သည်။တအောင့်လောက်ကြာတော့ ဖိုးလုံးတို့ သုံးယောက် ပြန်ရောက်လာကြသည်။လက်ထဲမှာလဲ ကြံချောင်းတွေနဲ့ ဦးကြွားကြီး ကြံခင်းက ကြံချောင်းတွေ ခိုးပြီး ချိုးလာတာဖြစ်သည်။
        သူတို့ တစ်တွေ ကြံတွေ ဝိုင်းစုပ်ကြသည်။ကြံ တွေက ချိုလွန်းလှသည်။စကားတွေတဖွဲဖွဲပြောကြ ငြင်းကြ ခုန်ကြ နွားတွေ ကျွဲတွေ ကြည့်ကြနဲ့ နေမွန်းတည့်ချိန် ရောက်ပြီဆိုရင် သူတို့ ဝမ်းဗိုက်တွေ ဆာလောင်ကြတော့သည်။နောက်တော့ နွားကျောင်းသားတွေ ဝိုင်းပြီး ထမင်းစားကြသည်။အမေတင် ထည့်ပေးလိုက်တဲ့ ငပိဖုတ်နဲ့ ဈေးကုန်းထဲက တို့ဟူးချ ဉ်က စားလို့ကောင်းနေသည်။သူ့ဟင်းထည့်စားလိုက် ကိုယ့်ဟင်းထည့်စားလိုက်နဲ့ စားလို့ပြီးတော့ နွားတွေကျွဲတွေကို ကြည့်ကြရပြန်သေးသည်။သူတို့နွားကျောင်းသားများထဲတွင် တစ်ယောက်မှ ပလွေမပါကြပါ။လောက်လေးခွ တစ်ယောက် တစ်စင်းစီနဲ့ ငှက်ပစ်လိုက် နွားတွေ ကျွဲ တွေ အခင်းဘက်သွားရင် လှမ်းပစ်လိုက်နဲ့ ပါးစပ်ကလည်း ရွာက "ဖောင်တော်ဆွဲ" စေတီဘုရားပွဲမှာ ဟင်္သာတထွန်းရင် ဇာတ်လာကတုန်းက  ဟင်္သာတထွန်းရင် ရေးစပ်သီဆိုခဲ့တဲ့ "ဖောင်တော်ဆွဲစေတီဖွဲ့"သီချင်းကို ကျ ကျ နန အော်ဆိုရင်း ပျော်ခဲ့ ရွှင်ခဲ့ကြပါသည်။မွန်းလွဲပိုင်း အချိန်တွေကျော်ရင် "ကျေးနီ ၊ တောင်တွင်း ၊ ကျောက်ပတောင်း" အမြန်ရထားတွေ တစ်ပြီးတစ်စီး လာတတ်တာမို့ ရထားလာမဲ့ဘက်က အလံချိုးထားတာကို ကြည့်ကြရပါသည်။တောင်ဘက်ကလာမှာလား မြောက်ဘက်ကလာမှာလားဆိုတာကို အလံချိုးထားသောတိုင်ကို ကြည့်ကြပြီး ရထားလာခါနီးလျှင် သံလမ်းကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ကြပါသည်။
       ရထားလာနေတာ မမြင်ရပေမယ့် သံလမ်းကို နားနဲ့ကပ်ပြီး နားထောင်ကြည့်ရင် ရထားလာနေတဲ့ အသံကို ကြားရပါသည်။
         ရထားလာနေတာ ဝေးသေးရင် ဝေးသလို အသံကြားရပြီး နီးရင် နီးသလို အသံပြင်းပြင်းလေး ကြားရပါသည်။ရထားလာနေတာနီးနေပြီဆိုရင် သံလမ်းတွေပေါ်မှာ တက်စားနေတဲ့ နွားတွေ ကျွဲ တွေကို အောက်ပြန်မောင်းကြသည်။သံလမ်း
ပေါ်ကို နွားတွေ ကျွဲ တွေပြန်မတက်စေရန် ခပ်ဝေးဝေး ကွင်းစပ်များဆီသို့ မောင်းထားကြရသည်။ရထားတစ်စီး နှစ်စီး ဖြတ်မောင်းသွားပြီးဆိုလျှင် နွားကျောင်းသားတစ်သိုက် ပြူ တွင်းဘူတာတစ်ဝိုက်က သစ်လုံးပုံတွေပေါ်မှာ ဆော့ကစားကြတော့သည်။သူကတော့ ဆော့ကစားတာကို သိပ်မမက် နားနားနေနေ သစ်ပင်ရိပ်ကောင်းကောင်းမှာထိုင်ရင်း အရှေ့ရှမ်းရိုးမ တောင်တန်းကြီးတွေဆီ ငေးကြည့်နေမိတတ်သည်။ပြီးတော့ သူ့မျ က်စိတဆုံး လှမ်းမြင်နေရတဲ့ ရွာတွေကို လွမ်းလွမ်းမောမော ကြည့်မိပြန်သည်။
        တောင်ခြေနဲ့ မလှမ်းမကမ်း မြူ ခိုးတွေကြားက အုန်းပင်တွေစီရရီနဲ့"ငကောင်းကန်ရွာ"လေးက ငြိမ်သက်လို့နေသည်။မြောက်ဘက်ရထားသံလမ်းနဲ့ ခပ်ယွန်းယွန်းမှ ရွာတွေက အလျ င်လိုရွာ ၊ သက်ကယ်ချင်းရွာ ၊ သပြေလှ ရွာ ၊ ဟိုမှာဘက်မှာကတော့ ရွာမ ရွာ ၊ ဟိုးအရှေ့မြောက်ထောင့် တောင်တန်းအနိမ့်အမြင့်တွေကြားက စိမ့္စိမ့္ပ် ပ် နဲ့ ထုံးစေတီဖွေးဖွေးတွေ မြင်နေရတာက "ဆင်ဖြူ တောင်"အရှေ့ တောင်ဘက်က
မြူ  တွေ မသဲမကွဲ သစ်ပင်အုံ့ဆိုင်း စိမ်းညှို့တွေနဲ့ ရွာကလေးက "ချို င်းရွာ" သူ့အဖေရဲ့ဆွေမျိုးတွေရှိနေတဲ့ ရွာကလေး ၊ ဖျ တ်ကနဲ အဖေ့ကို သတိရလာပြန်သည်။အဖေက သူတို့နဲ့ ရှိမနေ မြို့ တစ်မြို့ မှာ အလုပ်လုပ်နေသည်ဟု အမေက ပြောသည်။သူ့အစ်ကို ကိုထွန်းဝေကတော့ အရီးမြမေရဲ့သား အစ်ကိုဝင်းညွန့်နဲ့ တောထဲ လိုက်သွားပြီး အတူနေသည်။အရီးမြမေ ကလည်း သူ့အစ်ကို ကိုထွန်းဝေကို သားအရင်းပမာ ချစ်ရှာပါသည်။သူ့အစ်ကို ကိုပြူး တစ်ယောက်ကတော့ ကျန်းမာရေးသိပ်မကောင်းသဖြင့် နားနားနေနေ အိမ်စောင့် အမေက မျိုးနုတ်ဆို မျိုးနုတ် ၊ ငရုတ်စွပ် ၊ သက်ကယ်ချိန်ဆိုသက်ကယ်ပစ်ရင်း အားတဲ့အချိန်တွေမှာ ရွာမရွာထဲက ဆေးလိပ်ခုံအတွက် ဆေးလိပ်လိပ်ရင်း ဘဝကို ရုန်းကန်ခဲ့ကြရပါတယ်။
       သူကတော့ ညီအစ်ကိုဝမ်းကွဲဖြစ်တဲ့ ဖိုးလုံးနဲ့အတူ နွားကျောင်းလိုက်ရင်း ကျောင်းတက်ခဲ့ရသည်။ကျောင်းပညာက ချို့ ချို့ တဲ့တဲ့နဲ့ တစ်နှစ်တစ်တန်းတောင် ပုံမှန်မအောင် နွားကျောင်းသားဖြစ်လိုက် ၊ ကျောင်းသားဖြစ်လိုက်နဲ့ အချိန်တို့က ခက်ခဲစွာ ကုန်လွန်ခဲ့လေသည်။
      နေလုံးနီနီရဲရဲက တဖြည်းဖြည်းနဲ့ အနောက်ဘက်က တပ်ပိုး ရွာကလေးအပေါ်သို့ ရောက်နေပြီ မိုးချုပ်တော့မည်။နွားတွေ ပြန်သွင်းချိန်ကို ရောက်ပြီ။သစ်လုံးပုံတွေကြားက ပြေးထွက်လာကြတဲ့ နွားကျောင်းသားတွေထဲမှာ "သူရဲခေါ်ငသိန်း"က သူ့လွယ်အိတ် ညစ်စုတ်စုတ်လေးကို ပုခုံးမှဖြု တ်ပြီး လက်ကကိုင်ကာ ဝှေ့ယမ်းပြနေသေးသည်။နွားတွေ ပြန်သွင်းချိန်ရောက်လာလို့ ပျော်ရွှင်နေကြသည်။အားလုံးရဲ့နွားတွေ ကျွဲ တွေကို မောင်းပြီး မှောင်ရီရီညနေခင်းရဲ့ တပ်ပိုးရွာထဲက လမ်းကလေးအတိုင်း  ပြန်ခဲ့ကြလေသည်။
အခုအချိန်မှာတော့ အက်ကြောင်းရာတွေဗလပွနဲ့ ၊ သူ့မြို့ ကလေးနဲ့ ဝေးကွာ ခွဲခွါခဲ့ရပြီးမှာတော့ သူ့ရဲ့အသိုက်မြုံလေးထဲက လူသားတွေနဲ့ပါ ရှင်ကွဲ သေကွဲ ကွဲခဲ့ရပြန်သည်။ကြမ်းတမ်းခက်ရော်လွန်းတဲ့ ဘဝရဲ့ခရီးရှည်ကြီးထဲမှာ အမေကရင်ကြပ်ပန်းနာသည် ဖြစ်နေခဲ့တာ ကြာပါပြီ။နာတာရှည်ရောဂါသည် အမေသည် ဘဝအမောနဲ့ ရောဂါအမောတို့ကို အဖေနဲ့အတူ ရုန်းကန်တွန်းလှန်ကာကွယ်ရင်း မရဏမင်းက အမေ့ကို ခေါ်ဆောင်သွားခဲ့သည်။
        အဖေငိုသည်။အစ်ကိုနှစ်ယောက်နွဲှ့အတူ သူငိုသည်။အားရပါးရငိုရှိုက်၍ကား မရခဲ့သောအချိန်များ ၊ သီးတင်းကျွတ်လပြည့်ကျော်(၁)ရက် ၊ အမေဆုံးတဲ့နေ့ရဲ့ နှစ်ပတ်လည်နေ့တွေရောက်လာတိုင်း ၊ သူ့အမေရဲ့ နောက်ဆုံးထွက်သက် အချိန်တွေကို သူ ပြန်လည်မြင်ယောင်ရင်း မျ က်ရည်ဝဲမိရသည်။
အမေ မရှိတော့သည့်နောက်မှာတော့ သူ့စိတ်တွေ အတည်တကျ မရှိတော့။ရောက်ရောက်ပေါက်ပေါက် ဇွတ်ထွက်သွားလာကာ လွင့်ချ င်ရာကို လွင့်နေမိတော့ပြန်သည်။
အခုတော့လည်း မြို့တော်ကြီးတစ်ခုရဲ့ ဝမ်းဗိုက်ထဲကို ရောက်ရှိလို့နေခဲ့ပြီ
မြို့ တော်ကြီးရဲ့ အစာအိမ်ကြားက တစိမ်းတရံစာကြားမှာ သူ့ဦးခေါင်းသူလုံခြုံ အောင်စီမံရင်း မိသားစုဘဝရဲ့ အဆင်မပြေခဲ့မှု့တွေနဲ့အတူသူု့မြို့ ကလေးဆီ စိတ်တို့ လေအဝှေ့မှာ လွင့်ပျံ့ ရောက်ရှိသွားပြန်တယ်။
       ချွေးသီးချွေးပေါက်တွေနဲ့ နေထိုင်ရပ်တည်နေရတဲ့ မြို့တော်ကြီးရဲ့ဝမ်းဗိုက်ထဲမှာ ဥဒဟိုပြေးလွှားနေကြတဲ့ လူနံ့တွေ့ တစ်ထောင်းထောင်းကြားမှာ မွန်းကြပ်ပူလောင်စွာ နေထိုင်ရတဲ့ မြို့ပြရဲ့ အခန်းကျ ဉ်းကလေးထဲမှာ သူ့ဘဝသူ အကျ ဉ်းချထားသလို ခံစားမိရင်း သူချ စ်တဲ့ မြို့ကလေးကို နုတ်ဖျားကနေ တိုးတိုးလေး ခေါ်ညည်းကြည့်မိသည်။
         ဟော့ဒီကမ္ဘာမြေ  အမိုးခုံးခုံးအောက်က သူ့အဖြစ်ကို မြင်ယောင်ရင်း မြို့ကလေးက သူ့ကို ဆွံ့အ စွာ ငေးကြည့်လို့နေမှာလား။
         မြို့ကလေးရေ--
         ဘဝရဲ့ အေးမြမှု့ အချို တွေ ထုတ်ပေးခဲ့တဲ့ မြို့ ကလေးရေ အခုလို အချိန်ဆို နှင်းတွေဝေကျ နေမယ့် မြို့ကလေး။
         တောစိမ်းတောင်စိမ်း ကြံခင်းစိမ်းစိမ်း ။
         အရှေ့ရှမ်းရိုးမ တောင်တန်းကြီးတွေနဲ့
         ကောက်ဦးရနံ့တွေသင်းတဲ့ သံလွင်ရောင် စပါးခင်းတွေ
         မှောင်ရီရီ ညနေခင်းရဲ့ တပ်ပိုးရွာထဲက အိမ်ပြန်ချိန်လမ်းကလေး
          အပြာရောင် မိုးကုတ်စက်ဝိုင်းအောက်က မွှေးမွှေးမြမြ မြို့ကလေးရေ----
         ဒါ ဆက်ထုံးတွေလား ၊ ဒါ ကံစီမံရာလား ၊ ဒါ ဘဝရဲ့ အက်ကြောင်းတွေလား-----ဆိုတာ
        အစိမ်းဆုံးသောမြို့ကလေးမှ တစ်ပါး ၊ ထွေပြား မဝေခွဲတတ်စွာ
        နှစ်များ ရှည်ကြာခဲ့ပြီ။ ။
              ရွှေဝတ်ရည် မဂ္ဂဇင်း ၁၉၉၇
No comments:
Post a Comment