Apr 9, 2017

ငိုရတဲ့နေ့တွေလွန်ပါစေ

ငိုရတဲ့နေ့တွေလွန်ပါစေ
.....
     အုတ်ဂူဖြူဖြူလေးထက်၌ ရေးထိုးထားသည်
မှာ မနှင်းဖြူ အသက်(၂၁)နှစ်။ကောင်လေးတစ်
ယောက်သည် ထိုအုတ်ဂူလေးကိုဖက်၍ ဝမ်းနည်းတကြီး လာရောက်ငိုကြွေးနေသည်မှာ
သုံးလခန့်ရှိပြီဖြစ်သည်။ယခုလည်း လာရောက်
ငိုနေပြန်ပါပြီ။
     ထိုစဉ် ကောင်လေးနောက်ကျောသို့ လူတစ်
ယောက် ရောက်လာသည်။

"သားရယ်။ စိတ်မကောင်းဖြစ်တာလည်းဖြစ်ပေါ့။
ဒါပေမယ့် အချိန်က ပြန်ကုစားဖို့သင့်နေပြီ။ အခု
ဆို ကောင်မလေးဆုံးတာလည်း သုံးလတောင်ရှိနေပြီလေ။ တရားနဲ့ဖြေပေါ့သားရယ်"

"သား..ရင်နာလွန်းလို့ပါ အဖေရယ်။ သားက
အသက်တမျှ တန်ဖိုးထားခဲ့သူပါ။ အခုတော့
သားမရှိခင်ဖြစ်သွားခဲ့တာ ဒါတွေအားလုံးဟာ
အဖေ့ကြောင့်။အဖေမကောင်းခဲ့လို့"

"အဖေစိတ်မကောင်းပါဘူးကွာ။သားက
ကြိုမပြောခဲ့တော့ အဖေလည်း ဘယ်သိမလဲ။ သားခရီးမသွားခင် ဒီနေရာမှာ ဒီလိုရှိတယ်လို့  ပြောခဲ့ပါရော့လား။အခုတော့ လက်လွန်သွားတာပေါ့"

"သားက ဘယ်သူမှမသိအောင် တိတ်တိတ်လေးစီစဉ်ထားတာပါဆိုနေ။
အဖေ့ကိုပြောပြစရာလား။
အဟီး...ဟီး သွားပါပြီ။ မျှော်လင့်ခဲ့သမျှက
သဲထဲရေသွန်ဖြစ်ကုန်ပြီ"

ကောင်လေးက မျက်ရည်တွေကို အင်္ကျီနဲ့ဆွဲ
သုတ်လိုက်သည်။ နှပ်တွေကိုတော့ ရှူးခနဲနေအောင် လက်နဲ့ညှစ်ထုတ်လိုက်ပြီး ပလပ်ခနဲနေအောင် ခါထုတ်ပစ်လိုက်သည်။နှပ်တွေက သူ့အဖေပုဆိုးပေါ် အပုံလိုက်လေး သွားတင်သည်။
သူ့အဖေစိတ်တိုသွားသည်။

"တောက်! ဒီကမြင်းမသားတော့
ငါလုပ်ရင်သေတော့မယ်။ အခုထ။ မနက်ဖြန်
လာမြှုပ်မယ့် အလောင်းတွေအတွက် ကျင်းတူး
စရာရှိတာတွေ ကျန်သေးတယ်။ ကြံကြံဖန်ဖန်
ကွာ ဖုန်းဝယ်ဖို့စုထားတဲ့ပိုက်ဆံ  မြေကြီးထဲ မြှုပ်ထားရတယ်လို့။ အခုတော့ အုတ်ဂူအောက်ရောက်သွားပြီ။မှတ်ပြီလားကွ..ဟင်"

   သုဘရာဇာကောင်လေးမှာ မျက်ရည်လေးစမ်းစမ်းဖြင့်အုတ်ဂူလေးကို
သမင်လည်ပြန်ကြည့်ကာ
သူ့အဖေဂုတ်ဆွဲခေါ်ရာနောက် ဒရွတ်တိုက်ပါ
သွားလေတော့သည်။😂😂😂

နတ်စောင်း(ကျိုက်ထို)

No comments:

Post a Comment