Zawgyi version
" ေႏြအလြမ္း "
==========
#ခင္ခင္ထူး
ရြက္ဝါေတြ ေၾကြလူးသည့္ ေႏြဦးသုိ႔ ေရာက္တုိင္း အညာက ရြာကေလးကုိ ကၽြန္မ သတိရမိေနၿမဲျဖစ္ပါသည္။ အထူးသျဖင့္ သည္ႏွစ္မွာ ေႏြဦးက ေစာသည္ထင့္။ ကၽြန္မစိတ္ထဲ ထင္တာလည္း ျဖစ္ႏုိင္ပါသည္။ ေဖေဖာ္ဝါရီလထဲမွာပင္ ကၽြန္မတုိ႔ တုိက္တန္းေရွ႕ရွိ လက္ပံပင္ႀကီး အဖူးနီနီကေလးေတြ ျပေနေလၿပီ။ ေႏြ၏ ထုံေသာရနံ႔ မျပင္းမစူးေသးေသာ္လည္း ကၽြန္မ၏ အာ႐ုံမွာေတာ့ ေႏြနံ႔တုိ႔ လႈိင္လႈိင္ထလုိ႔ လာေနသည္။ တာ႐ုိးလမ္းေပၚ ကားတစ္စင္းျဖတ္ေမာင္းသြားတုိင္း တာ႐ုိးႀကီးဆီမွ ဖုန္ေငြ႕ေတြ ေတာမီးႀကီးေလာင္သလုိ အခုိးေတြ ထသြားတတ္သည္ကုိ ကၽြန္မ ေငးေမာၾကည့္ေနမိပါသည္။ ကားေတြက မဆုံးႏုိင္ေတာ့ ဖုန္ခုိးေတြကလည္း မဆုံးႏုိင္။ ခပ္လွမ္းလွမ္းရွိ ကမ္းနားသစ္ေတာအုပ္ကေလးသည္ပင္ ေရာ္ရြက္တုိ႔ျဖင့္ ေသြ႕ေျခာက္ေနသည္။
ကၽြန္မ ငယ္စဥ္ကဆုိလွ်င္ သည္လုိ ေႏြဦးေရာက္တုိင္း ရြာကုိ ကဆုန္စုိင္း၍ ျပန္ေလ့ရွိပါသည္။ တစ္မုိးလုံး၊ တစ္ေဆာင္းလုံး ေက်ာင္းစာမ်ားျဖင့္ နပန္းလုံးခဲ့ရေလသမွ် ေႏြကုိေရာက္တုိင္း အတုိးခ်ကာ ေဆာ့ကစားခဲ့ရသည့္ ေႏြဦး ေက်ာင္းပိတ္ခ်ိန္ ဘဝေတြကုိ မေန႔တစ္ေန႔ကလုိ ျပန္လည္ျမင္ေယာင္လာမိတတ္သည္။
ေႏြကုိ ကၽြန္မတုိ႔ ပုိင္ဆုိင္သည္။ ေႏြသည္ ကၽြန္မအဖုိ႔ အေပ်ာ္ရႊင္ရဆုံး ရာသီအျဖစ္ တပ္မက္ရသည္။ ေႏြ၏ သ႐ုပ္သည္ ကၽြန္မ ႏွလုံးသားကုိ ဆဲြကုိင္ လႈပ္ရမ္းႏုိင္စြမ္းလွပါဘိ။ အထူးသျဖင့္ လြပ္လပ္က်ယ္ျပန္႔ေသာ ေက်းလက္၏ ရင္ခြင္တြင္ ကၽြန္မ တစ္ေမွးတစ္ေရး အနားယူရေသာေၾကာင့္ ေႏြကုိ ကၽြန္မခ်စ္တာလည္း ျဖစ္ႏုိင္ပါ၏။
ကၽြန္မတုိ႔ ရြာကေလးသည္ ဧရာဝတီျမစ္ကမ္းေဘးမွာဆုိေတာ့ ျမစ္ေရႀကီးခ်ိန္ (ေရႀကီးခါ) တြင္ ေရဝင္ရြာကေလးျဖစ္ပါသည္။ သီတင္းကၽြတ္လ ျမစ္ေရေတြ ေလွ်ာက်သည္ႏွင့္ ထြန္ယက္စိုက္ပ်ဳိးထားၾကေသာ သီးႏွံေပၚခ်ိန္တြင္ တစ္ေဆာင္းလုံး ေျမတြင္းမွာ တိတ္တိတ္ကေလး က်ိတ္သီးေနၾကေသာ ခုိေအာင္းထားသမွ် ေျမပဲဥကေလးမ်ားကုိ ေဖာ္ၾကၿပီ။
ေျမသီးေခၽြသည့္ ေႏြ...။
သေဘၤာဆိပ္မွ ရြာသို႔အလာ လမ္းတစ္ေလွ်ာက္လုံး စိမ္းညဳိ႕ေနေသာ ေျမပဲခင္း ခဲခဲသဲသဲ မည္းမည္းႀကီးေတြက ကၽြန္မကုိ ဆီးႀကိဳတတ္ၿမဲ ျဖစ္ပါသည္။ ေျမပဲစိုက္ေသာ ယာေျမကြက္ေတြက ရြာအျပင္မွာ ရွိသည္။ ရြာအျပင္မွာဆုိေသာ္လည္း မေဝးလွဘဲ ရြာႏွင့္ တစ္ဆက္တည္း ျဖစ္ပါသည္။ သည္လုိ သစ္ေစ့ သစ္ႏွံ စုိက္ခင္းေတြကုိ ကၽြန္မတုိ႔ဆီက “
ေတာ” ဟု ေခၚၾကသည္။ ေတာအလုပ္ ဝင္တယ္၊ ေတာအလုပ္သြားတယ္၊ ေတာအလုပ္သိမ္းၿပီ စသျဖင့္ သုံးတတ္ၾက၏။ သီးႏွံသိမ္းခ်ိန္ အခုလုိ ေႏြရာသီဆုိလွ်င္ လင္းၾကက္ မတြန္မီကပင္ ရြာကေလးက တလႈပ္လႈပ္ျဖစ္ေနၿပီ။ တစ္ေယာက္ၿပီတစ္ေယာက္ တေၾကာ္ေၾကာ္ ေခၚထူးသံေတြ၊ တဘူးဘူး တဘဲဘဲ ႏြားေအာ္သံေတြ၊ တေဂ်ာင္းေဂ်ာင္း တအီအီ လွည္းျမည္သံေတြႏွင့္ တစ္ရြာလုံး ညံလုိ႔ ေနသည္။ မုိးလင္းလွ်င္ေတာ့ က်ီးေစာင့္ ၾကက္ႏွင္ အဘုိးအဘြားမ်ားႏွင့္ ကေလးသူငယ္မ်ားမွ လြဲ၍ ရြာထဲမွာ လူမက်န္ေတာ့သေလာက္ ေျခာက္ကပ္ေနတတ္ပါသည္။ ေတာထဲက ေျမပဲခင္းေတြထဲ လူေတြ ေဖြးေဖြးလႈပ္လႈပ္။
ေတာထဲ ေျမပဲခင္းေတြမွာ ကုိယ့္တာႏွင့္ကုိယ္ ငန္းတုိက္၍ ကုန္းကုန္း႐ုန္း႐ုန္း ေျမပဲႏႈတ္ေနၾကေသာ လူေတြ အခင္းတုိင္းလုိလုိမွာ ျပည့္ေနသည္။ ေျမပဲပင္မ်ားကုိ ႏုတ္ၿပီး ပုံထားေသာ အသီးဥေတြ တန္းလန္း ေျမပဲပင္ပုံႀကီးမွာ ေတာင္ပုိ႔ေမာက္ေမာက္ႀကီးႏွင့္ တူသည္။ ေျမပဲရြက္စိမ္းစိမ္းမည္းမည္းေတြေအာက္က အျမစ္ဖြားဖြားမွာ ဥကေလးေတြက တဲြေလာင္းက်ေနတတ္သည္။ ေျမပဲပင္မ်ား ႏုတ္ၿပီးမွ ေျမပဲပုံနားမွာပဲ အရိပ္အမုိးထုိးကာ ေျမပဲဆြတ္ၾကရသည္။ တခ်ဳိ႕ကလည္း ေျမပဲပင္မ်ားကုိ တစ္ဖက္ကကိုင္ တစ္ဖက္က လိမ္ေခၽြတာမ်ဳိးျဖင့္ အသီးဆြတ္ၾကရသည္။ တခ်ဳိ႕ကလည္း ေျမပဲေတြ စဥ္မထြက္ေအာင္ ႐ုိင္ပတ္ျဖင့္ ကာ၍ တန္းေထာင္ကာ ႐ုိက္ဆြတ္ၾကပါသည္။ သီခ်င္းဆုိသံ၊ ျပဇာတ္ခင္းသံတုိ႔ျဖင့္ ၿမိဳင္ၿမိဳင္ဆုိင္ဆုိင္ ရွိလွ၏။ အေပ်ာ္မ်ားျဖင့္ ျပည့္သိပ္ေနေသာေၾကာင့္ ပင္ပန္းသည္ မထင္ၾကပါ။ ေျမပဲ တစ္ေတာင္းရလွ်င္ ေျမပဲဆြတ္သူက ေျမပဲဆြတ္ခ ႏွစ္ျပည္ျပန္ရသည္။ ကၽြန္မတုိ႔ ရြာမွာ ေျမပဲဆြတ္ခသည္ ေငြသားမဟုတ္။ ေရွးကတည္းက ရွိခဲ့သည့္ အစဥ္အလာကုိ မဖ်က္ၾက။
ကၽြန္မတုိ႔ ကေလးေတြက ေျမပဲဆြတ္ၿပီးသား အခင္းေဟာင္းေတြထဲက ကြင္းက်န္ေျမပဲ ေကာက္သင္းေကာက္ၾကသည္။ တကယ္ဆုိလွ်င္ ပဲသင္းေကာက္သည္ ျဖစ္သင့္ပါသည္။
ကၽြန္မကေတာ့ ေကာက္သင္းေကာက္ဖုိ႔ထက္ ေျမပဲသီးအစုိေတြကုိ မီးဖုတ္တမ္းကစားဖုိ႔ေလာက္သာ စိတ္ေစာေနတတ္ပါသည္။ ေတာထဲက ထင္းေျခာက္ေတြကုိ စုၿပီး ေတာထဲမွာ မီးဖုိၿပီးေတာ့ ေျမပဲသီးေတြကုိ မီးေတာက္ထဲ ပစ္ထည့္။ ေတာထဲမွာ ေျမပဲသီး အေညႇာ္နံ႔ေတြက ေညႇာ္ႀကီး သင္းႀကီးတုိက္ေနေတာ့သည္။ က်က္ေလာက္ၿပီ ထင္ေသာအခါ မီးေတြကုိ ေျမစုိင္ခဲေတြႏွင့္ တဖုန္းဖုန္း ထုၿပီး မီးသတ္ရသည္။ မည္းမည္းသည္းသည္း ေျမပဲသီး မစုိမက်က္ေတြကုိ ပူပူေလာင္ေလာင္ စားရသည့္ အရသာကုိ ကၽြန္မ မေမ့ႏုိင္။ အာသာေျပသည္လုိ႔လည္း မရွိ။ စားသေလာက္ ႀကိဳက္သည္။ ႀကိဳက္သေလာက္စားသည္။
ၿပီးေတာ့ ေျမပဲဆန္မ်ားကုိ ကၽြန္မတုိ႔ ၿခံေျမာက္ကုန္းထိပ္က ဆီဆုံမွာ ဆီႀကိတ္ၾကေသာအခါ ဆီဆုံလွည္းစီးရသည့္ အရသာကုိလည္း ကၽြန္မ မေမ့ႏုိင္ပါ။ သည္တုန္းက ဆီဆုံႀကီးထဲကုိ ေျမပဲဆန္ေတြ ေလာင္းထည့္ၿပီး ႏြားျဖင့္ လွည့္ဆဲြကာ ဆီႀကိတ္ၾကရသည္။ ခ်ားလုိ အဝုိက္လုိက္ႀကီး ေႏွးေႏွးေလးေလး ပတ္လွည့္ေနေသာ ဆီဆုံတန္းေပၚတြင္ ထုိင္၍ ဆီဆုံစီးတမ္း ကစားခဲ့ၾကသည္။ ေျမပဲဆံ မေၾက့တေၾက အဖတ္ေတြကုိ ထန္းလ်က္ႏွင့္ ဆုပ္ဆုပ္စားခဲ့ရသည့္ ေျမပဲထန္းလ်က္ဆုပ္ကုိလည္း ကၽြန္မ ႀကိဳက္ပါသည္။
“
အေမတုိ႔ ငယ္ငယ္တုန္းက အခါမေကာင္းခ်ိန္၊
ကၽြဲညီေနာင္ ေလယာဥ္ပ်ံသံၾကားရင္ ဗုံးက်င္းထဲ ဝင္ေျပးၾကရတာေအ့၊ ဗုံးက်င္းထဲ ကေလးေတြ ၿငိမ္ေအာင္လုိ႔ဆုိၿပီးေတာ့ တုိ႔အေမတုိ႔က ေျမပဲထန္းလ်က္ ဆုပ္ေပးၿပီး က်င္းထဲထည့္ထားတာ၊ စားလုိက္ရတာ ဆုိတာမ်ား ေအ၊ ပါးစပ္ကုိ အေစးေပါက္လုိ႔”
အေမက ေျမပဲထန္းလ်က္ဆုပ္ကုိ ျမင္တုိင္း ဒုတိယကမာၻစစ္ႀကီးတုန္းက သူ႔ငယ္ဘဝအေၾကာင္းကုိ တစ္ခုတ္တရ ျပန္ေျပာေနတတ္ပါသည္။ ကၽြန္မတုိ႔ေခတ္ ေရာက္လာေတာ့ စစ္ကာလ မဟုတ္ေတာ့ေသာ္လည္း ေျမပဲထန္းလ်က္ဆုပ္ကုိေတာ့ ကၽြန္မတုိ႔ရြာတြင္ အခုထိ အေစးေပါက္ေအာင္ စားေနၾကရတုန္းပဲ ျဖစ္သည္။
ေထာပတ္ပဲ၊ စြန္တာနီပဲ၊ ပဲစာဥ၊ ပဲၾကားစသည့္ ပဲပင္ေတြကုိေတာ့ ေတာထဲမွာ မဆြတ္ၾကရပါ။ ပဲပင္မ်ားကုိ အႏြယ္လုိက္ ရိတ္ၿပီး အလုံးလုိက္ အေထြးလိုက္ လွည္းျဖင့္ တုိက္ယူလာ၊ ကုိယ့္အိမ္တလင္းေျပာင္ေျပာင္မွာ ပုံၿပီး အေျခာက္ခံထားတတ္ၾကသည္။ ပဲႏြယ္မ်ားကုိ ပဲေမွာ္ေကာက္ဆြ ခက္ရင္းျဖင့္ ဆြဆြၿပီး ထက္ေအာက္လွန္ေပးကာ ႏွစ္ေနသုံးေန ေသြ႕ေနေအာင္ လွန္းၾကရသည္။ ပဲသီးေတြ ေျခာက္အက္ကဲြက်လာလွ်င္ေတာ့ တလင္းတြင္ ျဖန္႔၍ ႏြားျဖင့္ ငန္းတုိက္နယ္ၾကသည္။ ႏြားပါးစပ္တြင္ ထန္းေလွ်ာ္ျဖင့္ ျပဳလုပ္ထားေသာ စြပ္ျခင္းကေလးေတြ စြပ္ထားတတ္ၾက၏။ ပဲေမွာ္မ်ားကုိ ႏြားမ်ား ငုံ႔စားမွာ စုိးေသာေၾကာင့္ ျဖစ္သည္။ ကေလးတုန္းကေတာ့ သည္ႏြားပါးစပ္ျခင္းကေလးအေၾကာင္းကုိ ေသေသခ်ာခ်ာ စဥ္းစားမၾကည့္ခဲ့မိဖူးပါ။ သည္ပဲေမွာ္မ်ားမွာ ေရဝင္ခ်ိန္အပါအဝင္ ႏွစ္ေပါက္စာ ႏြားစာအတြက္ ျပန္သိမ္းထားတတ္ၾကေသာ္လည္း ပဲနယ္ေနစဥ္ ႏြားမ်ားကုိ အစားမခံတာကလည္း ထူးဆန္းသလုိ ခံစားရသည္။
ကၽြန္မတုိ႔ ရြာတြင္ ခုိင္းႏြားမ်ားကုိ ကိုယ္ၿခံေပါက္ႏြား အျဖစ္ တကန္တက ေမြးယူတတ္ၾကသည္။ ၿခံေပါက္ႏြားမွ ပုိအားရသည္။ သံေယာဇဥ္ ပုိႀကီးတတ္ၾကသည္။ ရြာထဲမွာ တစ္အိမ္အိမ္က ႏြားေမြးသံၾကားလွ်င္ တစ္ရြာလုံးက ဝမ္းသာေနတတ္ၾကသည္။ ႏြားကေလးဘဝကတည္းက အရိပ္တၾကည့္ၾကည့္ ေမြးျမဴလာခဲ့ရာ နဖားက်ဳိးထုိးႏုိင္သည့္ အရြယ္တြင္ ယာထဲေတာထဲ ခုိင္းၾကေစၾကေသာ္လည္း ေက်ာတသပ္သပ္၊ ရင္တသပ္သပ္၊ စုပ္တသပ္သပ္ျဖင့္ ေခ်ာ့ကာ ေမာ့ကာ ခုိင္းၾကေလ့ရွိ၏။ ႏြားဟု ဆုိေသာ္လည္း လူႏွင့္မျခား ေစာင့္ေရွာက္တတ္ၾက၏။ ႏြားတစ္ေကာင္ႏွင့္ ပတ္သက္ၿပီး ကုိယ့္အသက္ကုိ စြန္႔လႊတ္၍ ခ်စ္ခင္စုံမက္ခဲ့သည့္ သာဓကတစ္ခု ကၽြန္မတုိ႔ရြာတြင္ ရွိပါသည္။
ကၽြန္မတုိ႔ ရြာတြင္ ဧရာဝတီျမစ္ေရ အလြန္ႀကီးသည့္ ႏွစ္ကျဖစ္ပါသည္။ ခါတုိင္း ေရႀကီးခါႏွစ္မ်ားမွာ ေျခတံရွည္ အိမ္ၾကမ္းျပင္ကုိ မထိတတ္ေသာ ျမစ္ေရေတြက ထုိႏွစ္ကေတာ့ အိမ္ၾကမ္းျပင္ေတြအေပၚအထိ လွ်ံတက္လာသည္။ အိမ္ေပၚတြင္ ခုတင္မ်ား ဆင့္၍ လူေတြက ျဖစ္သလုိ ေနၾကေသာ္လည္း ႏြားမ်ား ထားစရာ ကုန္းျမင့္မရွိေတာ့သျဖင့္ အေတာ္ေဝးေသာ ေရမေရာက္သည့္ အေရွ႕ၾကည္းေတာ ရြာမ်ားသုိ႔ ႏြားမ်ား သြားထားၾကရသည္။ ကၽြန္မအစ္ကုိ ကုိဖုိးေထာင္ခမ်ာ သူ႔ခုိင္းႏြားႀကီးႏွစ္ေကာင္ကုိ ေလွျဖင့္ တစ္ေကာင္စီကဲ့ကာ ကုန္းပုိင္းက်ရာဘက္သုိ႔ ႏြားသြားပို႔စဥ္ မုိးေခ်ာင္းေတြ တအား စီးဝင္လာသည္။ ႏြားတစ္ေကာင္က ကုန္းေပၚ ေရာက္သြားေသာ္လည္း က်န္ႏြားတစ္ေကာင္ႏွင့္ ကုိဖုိးေထာင္မွာ ေလွေပၚတြင္ လူးလာဆန္ခတ္ျဖင့္ ျမဳပ္သြားေတာ့၏။ ကုိဖုိးေထာင္က ေလွကုိ လႊတ္၍ ေရကူးသြားလွ်င္ လြတ္ႏုိင္ေသာ္လည္း ႏြားႀကီး ေခ်ာင္းေရထဲ ေမ်ာပါသြားျခင္းကုိ မၾကည့္ရက္ႏုိင္သျဖင့္ မရမက လုိက္၍ ဆယ္ရွာသည္။ ေရစီးသန္သန္ စီးေၾကာင္းထဲ ေမ်ာပါသြားေသာ ႏြားကုိ အမီလုိက္ရင္း သူ႔အသက္ကုိပါ ေပးစြန္႔သြားခဲ့သည္။
"ေတာက္ ကြာ၊ ဖုိးေထာင္ရာ ျဖစ္မွ ျဖစ္ရေလျခင္းကြာ
တစ္ရြာလုံး ယူႀကံဳးမရ တသသ ေျပာက်န္ရစ္ခဲ့ၾကသည္မွာ ယေန႔အခ်ိန္အထိ ျဖစ္ပါသည္။ အေၾကာင္းတုိက္ဆုိင္တုိင္း ဖုိးေထာင္ႏွင့္ သူ႔ႏြားႀကီးကုိ အမွတ္တရ ရွိေနၾကဆဲ ျဖစ္၏။
ကၽြန္မကုိယ္တုိင္လည္း ႏြားႏွင့္ ႏွီးႏြယ္ေသာ သံေယာဇဥ္ ဇာတ္လမ္းတစ္ပုဒ္ကုိ ဝတၳဳတုိကေလး ေရးဖဲြ႕ခဲ့ဖူးပါသည္။ ကၽြန္မတုိ႔ ငယ္စဥ္က ေက်းလက္ေန ကေလးပီပီ ေန႔စဥ္ ႏြားေက်ာင္းထြက္ရသည့္ ဓေလ့ရွိပါသည္။ ႏြားေက်ာင္းရင္း ေတာထဲ ေတာင္ထဲက သရက္သီးစိမ္းေတြ ခဲျဖင့္ထုကာ ထဘီခါးပုံထဲ အသင့္ထည့္ယူလာခဲ့သည့္ ဆားျဖင့္ တုိ႔တုိ႔စားသည့္အေလ့ ရွိပါသည္။ တစ္ခါတစ္ရံ ႏႈတ္ခမ္းပတ္လည္တြင္ သရက္သီးအေစး ပူေလာင္ကာ အနာမ်ားပင္ ေပါက္လာတတ္ေသး၏။ သြားေတြလည္း က်ိမ္း၊ ေနလည္းေစာင္း၊ ႏြားေတြလည္း အစာဝၿပီဆုိလွ်င္ ကၽြန္မတုိ႔ ေတာထဲမွ ျပန္ခဲ့ၾကသည္။ ႏြားမ်ားကုိ အိမ္တန္းမေမာင္းဘဲ ရြာဆိပ္ကမ္း ဧရာဝတီ ျမစ္ဆိပ္ေသာင္ျပန္႔ကုိ ျဖတ္ကာ ႏြား ေရတုိက္ ဆင္းၾကပါသည္။ ႏြားေရေသာက္ခ်ိန္တြင္ ကၽြန္မတုိ႔က ျမစ္ႀကီးထဲ ကူးခတ္ေဆာ့ကစားၾကျပန္သည္။ ကၽြန္မ အမ်ားဆုံး ေက်ာင္းခဲ့ရသည့္ ႏြားႀကီးမွာ “ေပစိ” ဆုိေသာ ႏြားႀကီးျဖစ္၏။
ေပစိႀကီး အုိနာျဖင့္ ဆုံးေတာ့ အဘက ၿမိဳ႕မွာ ေက်ာင္းတက္ေနေသာ ကၽြန္မတုိ႔ကုိ စာေရးၿပီး လွမ္းေခၚသည္။ ေပစိႀကီး ဆုံးသံၾကားကတည္းက ကၽြန္မ ဝမ္းနည္းစြာ ငိုေၾကြးမိ၏။ ကၽြန္မ ရြာျပန္ေရာက္တုိင္း ကၽြန္မႏွင့္ ေဆာ့ေဖာ္ေဆာ့ဖက္ သူငယ္ခ်င္းတစ္ေယာက္ ဆုံး႐ႈံးသြားရသလုိ ခံစားခဲ့ရသည္။ ကႊၽန္မတို႔ ႐ြာကိုေရာက္ေတာ့ ေ
ပစိႀကီး အလံုးအထည္ျဖင့္ မရွိေတာ့ပါ။ ကားၾကက္ကာ ေနလွမ္းထားေသာ သားေရခ်ပ္ႀကီးျဖစ္သြားခဲ့ပါၿပီ။ ထုိေပစိ၏ သားေရခ်ပ္ႀကီးကုိ အဘက ဆြမ္းခံၾကြလာေသာ ဦးပဥၨင္းမ်ားကုိ ခင္းေပးတတ္ပါသည္။
"ေအာ္ ေပစိႀကီးတုိ႔မ်ား တစ္သက္လုံး ကုန္း႐ုန္းလုပ္ေကၽြးခဲ့႐ုံမကဘူး၊ ေသတဲ့ေနာက္ေတာင္ သူ႔သားေရကုိ ခင္းထုိင္ေနရေသးတယ္၊ အသုံးက်ခ်က္ေတာ့၊ ေသတာေတာင္ သားေရထုိင္ဘဝနဲ႔ ကုသုိလ္ယူရွာေသးတယ္။ ေတြ႕လား ငါ့ေျမးတုိ႔"
အဘက သူ႔အခ်စ္ေတာ္ ေပစိႀကီး၏ သားေရခ်ပ္ႀကီးကုိ ျပၿပီး ကၽြန္မတုိ႔ကုိ ဆုံးမခဲ့ဖူးေသာ စကားျဖစ္ပါသည္။
အခုလုိ ေႏြရာသီဆုိလွ်င္ ကၽြန္မ အၿမဲလြမ္းေနတတ္ခဲ့သည့္ ပုံရိပ္မ်ားတြင္ ဘုန္းႀကီးပ်ံပဲြမ်ားလည္း ပါဝင္ပါသည္။ ကၽြန္မတုိ႔ ျမင္းၿခံေျမာက္လက္ ရြာကေလးမ်ားသည္ ဘုန္းႀကီးပ်ံပဲြမ်ားကုိ သူ႔ရြာ ကုိယ့္ရြာ မခဲြျခားဘဲ တစ္နယ္လုံး သုိက္သုိက္ဝန္းဝန္း ပူေဇာ္တတ္ၾကသည္။ ထုိစဥ္က ေက်းလက္ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသည္ ေက်းလက္ပညာေရးကုိ အေထာက္အကူျပဳခဲ့ၾကေသာ တကၠသုိလ္ႀကီးမ်ားျဖစ္ခဲ့၏။ ထုိ႔ေၾကာင့္ ဆရာ ဘုန္းႀကီး ပ်ံလြန္ေတာ္မူသည့္အခါ တပည့္္တပန္းမ်ားက အားကုန္စုိက္၍ ပူေဇာ္ၾကၿမဲ။ မည္သည့္အခ်ိန္တြင္ ဆရာေတာ္ ပ်ံလြန္ေတာ္မူသည္ျဖစ္ေစ ဘုန္းႀကီးပ်ံပဲြကုိ ေႏြရာသီ ေျခခင္းလက္ခင္း သာခ်ိန္၊ သီးႏွံေပၚခ်ိန္ေရာက္မွ စည္ကားသုိက္ၿမိဳက္စြာ က်င္းပတတ္ၿမဲျဖစ္၏။
ဘုန္းႀကီးပ်ံ ကြင္းလုပ္မည့္ စိုက္ခင္းမ်ားမွ သီးႏွံမ်ားကုိ ေစာေစာသိမ္းၾကရသည္။ ပဲြရက္တြင္ ပဲငုတ္ေတြ စူးသည့္ၾကားက ျပႆာဒ္သုိင္းနင္းတာေတြ၊ ဧယဥ္က်ဴးတာေတြ ေလွ်ာက္ၾကည့္ရသည္မွာ တကယ့္ကုိ ေပ်ာ္စရာေကာင္းသည္။ တည္းေက်ာင္း (ဧည့္ခံမ႑ပ္) ႀကီးေတြကလည္း ဆယ့္ႏွစ္ေက်ာင္း၊ ဆယ့္သုံးေက်ာင္း အၿပိဳင္အဆုိင္။ ေလာ္စပီကာေတြက ရြာေပါက္ေစ့ တည္းေက်ာင္းေတြက ပြက္ပြက္ညံေအာင္ ဖြင့္ထားတတ္ၾကသည္။ ဖုန္ထူ ေနပူ အသံေတြ ဗေလာင္ဆူေနသည့္ၾကားက ေခၽြးေစးေတြျပန္ေနေသာ အနီရဲ ဝမ္းဆက္၊ ဆႏြမ္းဝါ ဝမ္းဆက္မ်ားျဖင့္ ေႏြေနပူက်ဲက်ဲမွာ ဖိတ္ဖိတ္ေတာက္ေနၾကေသာ မစာဥတုိ႔ မဂြက္ေထာ္တုိ႔တစ္ေတြကလည္း တစ္ႏွစ္ကုန္ တစ္ႏွစ္ဆန္း ေနာက္တစ္ျပန္ မေသခ်ာေသာ ဇာတ္ပဲြၾကည့္ရဖုိ႔အေရး ေန႔လယ္ေလာက္ႀကီးကတည္းက ထီးေတြ ေဆာင္းၿပီး ေနရာဦးထားတတ္ျပန္သည္။ မ်က္ႏွာေခ်မ်ားျဖင့္ ျပာႏွမ္းေနေသာ ေက်းေတာသူ လုံမမ်ား၏ မ်က္ႏွာ ထူထူၾကမ္းၾကမ္းေတြေပၚက အေပ်ာ္ေတြကုိလည္း ကၽြန္မ မေမ့ႏုိင္ပါ။
ကၽြန္မတုိ႔ ကေလးေတြက တစ္ေနကုန္ တစ္ေနခန္း ဘုန္းႀကီးပ်ံကြင္း ပူပူႀကီးထဲ ေလွ်ာက္ၾကည့္ရသည္ႏွင့္ ညတြင္ ပဲြခင္းထဲ ေခါင္းမထူႏုိင္ေတာ့။ ပဲြဦးပတ္မႀကီး ေဗထိေဆာ္ကတည္းက တခူးခူးႏွင့္ အိပ္လုိက္သည္မွာ မုိးလင္းကတၱီပါ ကားလိပ္ႀကီး ဇာတ္ခုံေပၚက်ကာ ပတ္စာခြာေတာ့မွ လူႀကီးေတြက ႐ုိက္ႏွက္ႏႈိးၾကေလသည္။ မ်က္လုံးကုိ ပြတ္၊ ထဘီကုိ စြန္ေတာင္ဆဲြကာ ကမူးကစူးႏွင့္ အိမ္ျပန္လာေတာ့ ေနေရာင္ေတာင္ စူးစူးရွရွကေလး ထုိးေနပါၿပီ။
သည္ဘက္ပုိင္းမွာ ကၽြန္မ ရြာျပန္မေရာက္တာ ႏွစ္အေတာ္ၾကာသြားခဲ့ၿပီ။ သုိ႔ေသာ္ တျမန္ႏွစ္ေႏြကေတာ့ ကၽြန္မ ရြာကုိ ေရာက္ျဖစ္ခဲ့ေသး၏။ ကၽြန္မတုိ႔ ဘႀကီး ဘုန္းႀကီး ပ်ံေတာ္မူသည့္အတြက္ ပူေဇာ္ကန္ေတာ့ရန္ ျဖစ္သည္။ သုိ႔ေသာ္ စည္စည္ကားကား သဲႀကီးခဲႀကီး ဘုန္းႀကီးပ်ံပဲြေတာ့ မဟုတ္ေတာ့ပါ။ ကၽြန္မလည္း ဆရာေတာ္ ႐ုပ္ကလပ္ကုိ ဝပ္ခ်ၿပီး သစ္ခင္းမ်ား ရွိရာေတာထဲ ထြက္ခဲ့သည္။ ငယ္ငယ္တုန္းကလုိ ကၽြန္မကုိ ဆီးႀကိဳေနမည့္ အစိမ္းေရာင္ ေျမပဲခင္းႀကီးေတြ ပဲခင္းႀကီးေတြကုိ မေတြ႕ရေတာ့ ဝမ္းနည္းသြားမိသည္။ ရိတ္သိမ္းၿပီစ အစိမ္းေဖ်ာ့ ေတာကေလးကေတာ့ ကၽြန္မကုိ စိမ္းကားမေနပါ။ ရြာထဲကုိ ျပန္ဝင္ခဲ့ေတာ့လည္း တလင္းျပန္႔ေတြထဲမွာ ဟည္းထေနသည့္ ပဲႏြယ္ပုံႀကီးေတြကုိ ကၽြန္မ မျမင္ခဲ့ရ။ ပဲသိမ္းခ်ိန္ လြန္သြားခဲ့ၿပီလား မသိ။ ကၽြန္မ ငယ္ငယ္က စီးခဲ့ဖူးသည့္ ႀကီးေတာ္တုိ႔ ၿခံေထာင့္က ဆီဆုံကုန္းထက္မွာ စီးေနက်ဆီဆုံႀကီးလည္း မရွိေတာ့ပါ။
ေႏြဦးက ကၽြန္မကို ခံစားမႈအမ်ဳိးမ်ဳိး ေပးေနက်ျဖစ္ေသာ္လည္း သည္တစ္ေခါက္ ေႏြအျပန္ကေတာ့ ပုိလုိ႔ေတာင္ လြမ္းစရာ ေကာင္းေနခဲ့သည္။ သည္ျမင္ကြင္း၊ သည္႐ႈခင္းေတြ ရွိတုန္းကလည္း လြမ္းစရာ။ မရွိေတာ့လည္း လြမ္းစရာ။
ခင္ခင္ထူး
(ပါးကြက္က်ား ဝတၳဳတိုမ်ား)
Zawgyi version
" နွေအလွမ်း "
==========
#ခင်ခင်ထူး
ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မ သတိရမိနေမြဲဖြစ်ပါသည်။ အထူးသဖြင့် သည်နှစ်မှာ နွေဦးက စောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်း ဖြစ်နိုင်ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့ တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသောရနံ့ မပြင်းမစူးသေးသော်လည်း ကျွန်မ၏ အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့ လာနေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှ ဖုန်ငွေ့တွေ တောမီးကြီးလောင်သလို အခိုးတွေ ထသွားတတ်သည်ကို ကျွန်မ ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံးနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံးနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။
ကျွန်မ ငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရလေသမျှ နွေကိုရောက်တိုင်း အတိုးချကာ ဆော့ကစားခဲ့ရသည့် နွေဦး ကျောင်းပိတ်ချိန် ဘဝတွေကို မနေ့တစ်နေ့ကလို ပြန်လည်မြင်ယောင်လာမိတတ်သည်။
နွေကို ကျွန်မတို့ ပိုင်ဆိုင်သည်။ နွေသည် ကျွန်မအဖို့ အပျော်ရွှင်ရဆုံး ရာသီအဖြစ် တပ်မက်ရသည်။ နွေ၏ သရုပ်သည် ကျွန်မ နှလုံးသားကို ဆွဲကိုင် လှုပ်ရမ်းနိုင်စွမ်းလှပါဘိ။ အထူးသဖြင့် လွပ်လပ်ကျယ်ပြန့်သော ကျေးလက်၏ ရင်ခွင်တွင် ကျွန်မ တစ်မှေးတစ်ရေး အနားယူရသောကြောင့် နွေကို ကျွန်မချစ်တာလည်း ဖြစ်နိုင်ပါ၏။
ကျွန်မတို့ ရွာကလေးသည် ဧရာဝတီမြစ်ကမ်းဘေးမှာဆိုတော့ မြစ်ရေကြီးချိန် (ရေကြီးခါ) တွင် ရေဝင်ရွာကလေးဖြစ်ပါသည်။ သီတင်းကျွတ်လ မြစ်ရေတွေ လျှောကျသည်နှင့် ထွန်ယက်စိုက်ပျိုးထားကြသော သီးနှံပေါ်ချိန်တွင် တစ်ဆောင်းလုံး မြေတွင်းမှာ တိတ်တိတ်ကလေး ကျိတ်သီးနေကြသော ခိုအောင်းထားသမျှ မြေပဲဥကလေးများကို ဖော်ကြပြီ။
မြေသီးချွေသည့် နွေ...။
သငေ်္ဘာဆိပ်မှ ရွာသို့အလာ လမ်းတစ်လျှောက်လုံး စိမ်းညို့နေသော မြေပဲခင်း ခဲခဲသဲသဲ မည်းမည်းကြီးတွေက ကျွန်မကို ဆီးကြိုတတ်မြဲ ဖြစ်ပါသည်။ မြေပဲစိုက်သော ယာမြေကွက်တွေက ရွာအပြင်မှာ ရှိသည်။ ရွာအပြင်မှာဆိုသော်လည်း မဝေးလှဘဲ ရွာနှင့် တစ်ဆက်တည်း ဖြစ်ပါသည်။ သည်လို သစ်စေ့ သစ်နှံ စိုက်ခင်းတွေကို ကျွန်မတို့ဆီက “
တော” ဟု ခေါ်ကြသည်။ တောအလုပ် ဝင်တယ်၊ တောအလုပ်သွားတယ်၊ တောအလုပ်သိမ်းပြီ စသဖြင့် သုံးတတ်ကြ၏။ သီးနှံသိမ်းချိန် အခုလို နွေရာသီဆိုလျှင် လင်းကြက် မတွန်မီကပင် ရွာကလေးက တလှုပ်လှုပ်ဖြစ်နေပြီ။ တစ်ယောက်ပြီတစ်ယောက် တကြော်ကြော် ခေါ်ထူးသံတွေ၊ တဘူးဘူး တဘဲဘဲ နွားအော်သံတွေ၊ တဂျောင်းဂျောင်း တအီအီ လှည်းမြည်သံတွေနှင့် တစ်ရွာလုံး ညံလို့ နေသည်။ မိုးလင်းလျှင်တော့ ကျီးစောင့် ကြက်နှင် အဘိုးအဘွားများနှင့် ကလေးသူငယ်များမှ လွဲ၍ ရွာထဲမှာ လူမကျန်တော့သလောက် ခြောက်ကပ်နေတတ်ပါသည်။ တောထဲက မြေပဲခင်းတွေထဲ လူတွေ ဖွေးဖွေးလှုပ်လှုပ်။
တောထဲ မြေပဲခင်းတွေမှာ ကိုယ့်တာနှင့်ကိုယ် ငန်းတိုက်၍ ကုန်းကုန်းရုန်းရုန်း မြေပဲနှုတ်နေကြသော လူတွေ အခင်းတိုင်းလိုလိုမှာ ပြည့်နေသည်။ မြေပဲပင်များကို နုတ်ပြီး ပုံထားသော အသီးဥတွေ တန်းလန်း မြေပဲပင်ပုံကြီးမှာ တောင်ပို့မောက်မောက်ကြီးနှင့် တူသည်။ မြေပဲရွက်စိမ်းစိမ်းမည်းမည်းတွေအောက်က အမြစ်ဖွားဖွားမှာ ဥကလေးတွေက တွဲလောင်းကျနေတတ်သည်။ မြေပဲပင်များ နုတ်ပြီးမှ မြေပဲပုံနားမှာပဲ အရိပ်အမိုးထိုးကာ မြေပဲဆွတ်ကြရသည်။ တချို့ကလည်း မြေပဲပင်များကို တစ်ဖက်ကကိုင် တစ်ဖက်က လိမ်ချွေတာမျိုးဖြင့် အသီးဆွတ်ကြရသည်။ တချို့ကလည်း မြေပဲတွေ စဉ်မထွက်အောင် ရိုင်ပတ်ဖြင့် ကာ၍ တန်းထောင်ကာ ရိုက်ဆွတ်ကြပါသည်။ သီချင်းဆိုသံ၊ ပြဇာတ်ခင်းသံတို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှ၏။ အပျော်များဖြင့် ပြည့်သိပ်နေသောကြောင့် ပင်ပန်းသည် မထင်ကြပါ။ မြေပဲ တစ်တောင်းရလျှင် မြေပဲဆွတ်သူက မြေပဲဆွတ်ခ နှစ်ပြည်ပြန်ရသည်။ ကျွန်မတို့ ရွာမှာ မြေပဲဆွတ်ခသည် ငွေသားမဟုတ်။ ရှေးကတည်းက ရှိခဲ့သည့် အစဉ်အလာကို မဖျက်ကြ။
ကျွန်မတို့ ကလေးတွေက မြေပဲဆွတ်ပြီးသား အခင်းဟောင်းတွေထဲက ကွင်းကျန်မြေပဲ ကောက်သင်းကောက်ကြသည်။ တကယ်ဆိုလျှင် ပဲသင်းကောက်သည် ဖြစ်သင့်ပါသည်။
ကျွန်မကတော့ ကောက်သင်းကောက်ဖို့ထက် မြေပဲသီးအစိုတွေကို မီးဖုတ်တမ်းကစားဖို့လောက်သာ စိတ်စောနေတတ်ပါသည်။ တောထဲက ထင်းခြောက်တွေကို စုပြီး တောထဲမှာ မီးဖိုပြီးတော့ မြေပဲသီးတွေကို မီးတောက်ထဲ ပစ်ထည့်။ တောထဲမှာ မြေပဲသီး အညှော်နံ့တွေက ညှော်ကြီး သင်းကြီးတိုက်နေတော့သည်။ ကျက်လောက်ပြီ ထင်သောအခါ မီးတွေကို မြေစိုင်ခဲတွေနှင့် တဖုန်းဖုန်း ထုပြီး မီးသတ်ရသည်။ မည်းမည်းသည်းသည်း မြေပဲသီး မစိုမကျက်တွေကို ပူပူလောင်လောင် စားရသည့် အရသာကို ကျွန်မ မမေ့နိုင်။ အာသာပြေသည်လို့လည်း မရှိ။ စားသလောက် ကြိုက်သည်။ ကြိုက်သလောက်စားသည်။
ပြီးတော့ မြေပဲဆန်များကို ကျွန်မတို့ ခြံမြောက်ကုန်းထိပ်က ဆီဆုံမှာ ဆီကြိတ်ကြသောအခါ ဆီဆုံလှည်းစီးရသည့် အရသာကိုလည်း ကျွန်မ မမေ့နိုင်ပါ။ သည်တုန်းက ဆီဆုံကြီးထဲကို မြေပဲဆန်တွေ လောင်းထည့်ပြီး နွားဖြင့် လှည့်ဆွဲကာ ဆီကြိတ်ကြရသည်။ ချားလို အဝိုက်လိုက်ကြီး နှေးနှေးလေးလေး ပတ်လှည့်နေသော ဆီဆုံတန်းပေါ်တွင် ထိုင်၍ ဆီဆုံစီးတမ်း ကစားခဲ့ကြသည်။ မြေပဲဆံ မကြေ့တကြေ အဖတ်တွေကို ထန်းလျက်နှင့် ဆုပ်ဆုပ်စားခဲ့ရသည့် မြေပဲထန်းလျက်ဆုပ်ကိုလည်း ကျွန်မ ကြိုက်ပါသည်။
“
အမေတို့ ငယ်ငယ်တုန်းက အခါမကောင်းချိန်၊
ကျွဲညီနောင် လေယာဉ်ပျံသံကြားရင် ဗုံးကျင်းထဲ ဝင်ပြေးကြရတာအေ့၊ ဗုံးကျင်းထဲ ကလေးတွေ ငြိမ်အောင်လို့ဆိုပြီးတော့ တို့အမေတို့က မြေပဲထန်းလျက် ဆုပ်ပေးပြီး ကျင်းထဲထည့်ထားတာ၊ စားလိုက်ရတာ ဆိုတာများ အေ၊ ပါးစပ်ကို အစေးပေါက်လို့”
အမေက မြေပဲထန်းလျက်ဆုပ်ကို မြင်တိုင်း ဒုတိယကမ္ဘာစစ်ကြီးတုန်းက သူ့ငယ်ဘဝအကြောင်းကို တစ်ခုတ်တရ ပြန်ပြောနေတတ်ပါသည်။ ကျွန်မတို့ခေတ် ရောက်လာတော့ စစ်ကာလ မဟုတ်တော့သော်လည်း မြေပဲထန်းလျက်ဆုပ်ကိုတော့ ကျွန်မတို့ရွာတွင် အခုထိ အစေးပေါက်အောင် စားနေကြရတုန်းပဲ ဖြစ်သည်။
ထောပတ်ပဲ၊ စွန်တာနီပဲ၊ ပဲစာဥ၊ ပဲကြားစသည့် ပဲပင်တွေကိုတော့ တောထဲမှာ မဆွတ်ကြရပါ။ ပဲပင်များကို အနွယ်လိုက် ရိတ်ပြီး အလုံးလိုက် အထွေးလိုက် လှည်းဖြင့် တိုက်ယူလာ၊ ကိုယ့်အိမ်တလင်းပြောင်ပြောင်မှာ ပုံပြီး အခြောက်ခံထားတတ်ကြသည်။ ပဲနွယ်များကို ပဲမှော်ကောက်ဆွ ခက်ရင်းဖြင့် ဆွဆွပြီး ထက်အောက်လှန်ပေးကာ နှစ်နေသုံးနေ သွေ့နေအောင် လှန်းကြရသည်။ ပဲသီးတွေ ခြောက်အက်ကွဲကျလာလျှင်တော့ တလင်းတွင် ဖြန့်၍ နွားဖြင့် ငန်းတိုက်နယ်ကြသည်။ နွားပါးစပ်တွင် ထန်းလျှော်ဖြင့် ပြုလုပ်ထားသော စွပ်ခြင်းကလေးတွေ စွပ်ထားတတ်ကြ၏။ ပဲမှော်များကို နွားများ ငုံ့စားမှာ စိုးသောကြောင့် ဖြစ်သည်။ ကလေးတုန်းကတော့ သည်နွားပါးစပ်ခြင်းကလေးအကြောင်းကို သေသေချာချာ စဉ်းစားမကြည့်ခဲ့မိဖူးပါ။ သည်ပဲမှော်များမှာ ရေဝင်ချိန်အပါအဝင် နှစ်ပေါက်စာ နွားစာအတွက် ပြန်သိမ်းထားတတ်ကြသော်လည်း ပဲနယ်နေစဉ် နွားများကို အစားမခံတာကလည်း ထူးဆန်းသလို ခံစားရသည်။
ကျွန်မတို့ ရွာတွင် ခိုင်းနွားများကို ကိုယ်ခြံပေါက်နွား အဖြစ် တကန်တက မွေးယူတတ်ကြသည်။ ခြံပေါက်နွားမှ ပိုအားရသည်။ သံယောဇဉ် ပိုကြီးတတ်ကြသည်။ ရွာထဲမှာ တစ်အိမ်အိမ်က နွားမွေးသံကြားလျှင် တစ်ရွာလုံးက ဝမ်းသာနေတတ်ကြသည်။ နွားကလေးဘဝကတည်းက အရိပ်တကြည့်ကြည့် မွေးမြူလာခဲ့ရာ နဖားကျိုးထိုးနိုင်သည့် အရွယ်တွင် ယာထဲတောထဲ ခိုင်းကြစေကြသော်လည်း ကျောတသပ်သပ်၊ ရင်တသပ်သပ်၊ စုပ်တသပ်သပ်ဖြင့် ချော့ကာ မော့ကာ ခိုင်းကြလေ့ရှိ၏။ နွားဟု ဆိုသော်လည်း လူနှင့်မခြား စောင့်ရှောက်တတ်ကြ၏။ နွားတစ်ကောင်နှင့် ပတ်သက်ပြီး ကိုယ့်အသက်ကို စွန့်လွှတ်၍ ချစ်ခင်စုံမက်ခဲ့သည့် သာဓကတစ်ခု ကျွန်မတို့ရွာတွင် ရှိပါသည်။
ကျွန်မတို့ ရွာတွင် ဧရာဝတီမြစ်ရေ အလွန်ကြီးသည့် နှစ်ကဖြစ်ပါသည်။ ခါတိုင်း ရေကြီးခါနှစ်များမှာ ခြေတံရှည် အိမ်ကြမ်းပြင်ကို မထိတတ်သော မြစ်ရေတွေက ထိုနှစ်ကတော့ အိမ်ကြမ်းပြင်တွေအပေါ်အထိ လျှံတက်လာသည်။ အိမ်ပေါ်တွင် ခုတင်များ ဆင့်၍ လူတွေက ဖြစ်သလို နေကြသော်လည်း နွားများ ထားစရာ ကုန်းမြင့်မရှိတော့သဖြင့် အတော်ဝေးသော ရေမရောက်သည့် အရှေ့ကြည်းတော ရွာများသို့ နွားများ သွားထားကြရသည်။ ကျွန်မအစ်ကို ကိုဖိုးထောင်ခမျာ သူ့ခိုင်းနွားကြီးနှစ်ကောင်ကို လှေဖြင့် တစ်ကောင်စီကဲ့ကာ ကုန်းပိုင်းကျရာဘက်သို့ နွားသွားပို့စဉ် မိုးချောင်းတွေ တအား စီးဝင်လာသည်။ နွားတစ်ကောင်က ကုန်းပေါ် ရောက်သွားသော်လည်း ကျန်နွားတစ်ကောင်နှင့် ကိုဖိုးထောင်မှာ လှေပေါ်တွင် လူးလာဆန်ခတ်ဖြင့် မြုပ်သွားတော့၏။ ကိုဖိုးထောင်က လှေကို လွှတ်၍ ရေကူးသွားလျှင် လွတ်နိုင်သော်လည်း နွားကြီး ချောင်းရေထဲ မျောပါသွားခြင်းကို မကြည့်ရက်နိုင်သဖြင့် မရမက လိုက်၍ ဆယ်ရှာသည်။ ရေစီးသန်သန် စီးကြောင်းထဲ မျောပါသွားသော နွားကို အမီလိုက်ရင်း သူ့အသက်ကိုပါ ပေးစွန့်သွားခဲ့သည်။
"တောက် ကွာ၊ ဖိုးထောင်ရာ ဖြစ်မှ ဖြစ်ရလေခြင်းကွာ
တစ်ရွာလုံး ယူကြုံးမရ တသသ ပြောကျန်ရစ်ခဲ့ကြသည်မှာ ယနေ့အချိန်အထိ ဖြစ်ပါသည်။ အကြောင်းတိုက်ဆိုင်တိုင်း ဖိုးထောင်နှင့် သူ့နွားကြီးကို အမှတ်တရ ရှိနေကြဆဲ ဖြစ်၏။
ကျွန်မကိုယ်တိုင်လည်း နွားနှင့် နှီးနွယ်သော သံယောဇဉ် ဇာတ်လမ်းတစ်ပုဒ်ကို ဝတ္ထုတိုကလေး ရေးဖွဲ့ခဲ့ဖူးပါသည်။ ကျွန်မတို့ ငယ်စဉ်က ကျေးလက်နေ ကလေးပီပီ နေ့စဉ် နွားကျောင်းထွက်ရသည့် ဓလေ့ရှိပါသည်။ နွားကျောင်းရင်း တောထဲ တောင်ထဲက သရက်သီးစိမ်းတွေ ခဲဖြင့်ထုကာ ထဘီခါးပုံထဲ အသင့်ထည့်ယူလာခဲ့သည့် ဆားဖြင့် တို့တို့စားသည့်အလေ့ ရှိပါသည်။ တစ်ခါတစ်ရံ နှုတ်ခမ်းပတ်လည်တွင် သရက်သီးအစေး ပူလောင်ကာ အနာများပင် ပေါက်လာတတ်သေး၏။ သွားတွေလည်း ကျိမ်း၊ နေလည်းစောင်း၊ နွားတွေလည်း အစာဝပြီဆိုလျှင် ကျွန်မတို့ တောထဲမှ ပြန်ခဲ့ကြသည်။ နွားများကို အိမ်တန်းမမောင်းဘဲ ရွာဆိပ်ကမ်း ဧရာဝတီ မြစ်ဆိပ်သောင်ပြန့်ကို ဖြတ်ကာ နွား ရေတိုက် ဆင်းကြပါသည်။ နွားရေသောက်ချိန်တွင် ကျွန်မတို့က မြစ်ကြီးထဲ ကူးခတ်ဆော့ကစားကြပြန်သည်။ ကျွန်မ အများဆုံး ကျောင်းခဲ့ရသည့် နွားကြီးမှာ “ပေစိ” ဆိုသော နွားကြီးဖြစ်၏။
ပေစိကြီး အိုနာဖြင့် ဆုံးတော့ အဘက မြို့မှာ ကျောင်းတက်နေသော ကျွန်မတို့ကို စာရေးပြီး လှမ်းခေါ်သည်။ ပေစိကြီး ဆုံးသံကြားကတည်းက ကျွန်မ ဝမ်းနည်းစွာ ငိုကြွေးမိ၏။ ကျွန်မ ရွာပြန်ရောက်တိုင်း ကျွန်မနှင့် ဆော့ဖော်ဆော့ဖက် သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရသလို ခံစားခဲ့ရသည်။ ကွျှန်မတို့ ရွာကိုရောက်တော့ ေ
ပစိကြီး အလုံးအထည်ဖြင့် မရှိတော့ပါ။ ကားကြက်ကာ နေလှမ်းထားသော သားရေချပ်ကြီးဖြစ်သွားခဲ့ပါပြီ။ ထိုပေစိ၏ သားရေချပ်ကြီးကို အဘက ဆွမ်းခံကြွလာသော ဦးပဉ္ဇင်းများကို ခင်းပေးတတ်ပါသည်။
"အော် ပေစိကြီးတို့များ တစ်သက်လုံး ကုန်းရုန်းလုပ်ကျွေးခဲ့ရုံမကဘူး၊ သေတဲ့နောက်တောင် သူ့သားရေကို ခင်းထိုင်နေရသေးတယ်၊ အသုံးကျချက်တော့၊ သေတာတောင် သားရေထိုင်ဘဝနဲ့ ကုသိုလ်ယူရှာသေးတယ်။ တွေ့လား ငါ့မြေးတို့"
အဘက သူ့အချစ်တော် ပေစိကြီး၏ သားရေချပ်ကြီးကို ပြပြီး ကျွန်မတို့ကို ဆုံးမခဲ့ဖူးသော စကားဖြစ်ပါသည်။
အခုလို နွေရာသီဆိုလျှင် ကျွန်မ အမြဲလွမ်းနေတတ်ခဲ့သည့် ပုံရိပ်များတွင် ဘုန်းကြီးပျံပွဲများလည်း ပါဝင်ပါသည်။ ကျွန်မတို့ မြင်းခြံမြောက်လက် ရွာကလေးများသည် ဘုန်းကြီးပျံပွဲများကို သူ့ရွာ ကိုယ့်ရွာ မခွဲခြားဘဲ တစ်နယ်လုံး သိုက်သိုက်ဝန်းဝန်း ပူဇော်တတ်ကြသည်။ ထိုစဉ်က ကျေးလက်ဘုန်းတော်ကြီးကျောင်းများသည် ကျေးလက်ပညာရေးကို အထောက်အကူပြုခဲ့ကြသော တက္ကသိုလ်ကြီးများဖြစ်ခဲ့၏။ ထို့ကြောင့် ဆရာ ဘုန်းကြီး ပျံလွန်တော်မူသည့်အခါ တပည့်တပန်းများက အားကုန်စိုက်၍ ပူဇော်ကြမြဲ။ မည်သည့်အချိန်တွင် ဆရာတော် ပျံလွန်တော်မူသည်ဖြစ်စေ ဘုန်းကြီးပျံပွဲကို နွေရာသီ ခြေခင်းလက်ခင်း သာချိန်၊ သီးနှံပေါ်ချိန်ရောက်မှ စည်ကားသိုက်မြိုက်စွာ ကျင်းပတတ်မြဲဖြစ်၏။
ဘုန်းကြီးပျံ ကွင်းလုပ်မည့် စိုက်ခင်းများမှ သီးနှံများကို စောစောသိမ်းကြရသည်။ ပွဲရက်တွင် ပဲငုတ်တွေ စူးသည့်ကြားက ပြဿာဒ်သိုင်းနင်းတာတွေ၊ ဧယဉ်ကျူးတာတွေ လျှောက်ကြည့်ရသည်မှာ တကယ့်ကို ပျော်စရာကောင်းသည်။ တည်းကျောင်း (ဧည့်ခံမဏ္ဍပ်) ကြီးတွေကလည်း ဆယ့်နှစ်ကျောင်း၊ ဆယ့်သုံးကျောင်း အပြိုင်အဆိုင်။ လော်စပီကာတွေက ရွာပေါက်စေ့ တည်းကျောင်းတွေက ပွက်ပွက်ညံအောင် ဖွင့်ထားတတ်ကြသည်။ ဖုန်ထူ နေပူ အသံတွေ ဗလောင်ဆူနေသည့်ကြားက ချွေးစေးတွေပြန်နေသော အနီရဲ ဝမ်းဆက်၊ ဆနွမ်းဝါ ဝမ်းဆက်များဖြင့် နွေနေပူကျဲကျဲမှာ ဖိတ်ဖိတ်တောက်နေကြသော မစာဥတို့ မဂွက်ထော်တို့တစ်တွေကလည်း တစ်နှစ်ကုန် တစ်နှစ်ဆန်း နောက်တစ်ပြန် မသေချာသော ဇာတ်ပွဲကြည့်ရဖို့အရေး နေ့လယ်လောက်ကြီးကတည်းက ထီးတွေ ဆောင်းပြီး နေရာဦးထားတတ်ပြန်သည်။ မျက်နှာချေများဖြင့် ပြာနှမ်းနေသော ကျေးတောသူ လုံမများ၏ မျက်နှာ ထူထူကြမ်းကြမ်းတွေပေါ်က အပျော်တွေကိုလည်း ကျွန်မ မမေ့နိုင်ပါ။
ကျွန်မတို့ ကလေးတွေက တစ်နေကုန် တစ်နေခန်း ဘုန်းကြီးပျံကွင်း ပူပူကြီးထဲ လျှောက်ကြည့်ရသည်နှင့် ညတွင် ပွဲခင်းထဲ ခေါင်းမထူနိုင်တော့။ ပွဲဦးပတ်မကြီး ဗေထိဆော်ကတည်းက တခူးခူးနှင့် အိပ်လိုက်သည်မှာ မိုးလင်းကတ္တီပါ ကားလိပ်ကြီး ဇာတ်ခုံပေါ်ကျကာ ပတ်စာခွာတော့မှ လူကြီးတွေက ရိုက်နှက်နှိုးကြလေသည်။ မျက်လုံးကို ပွတ်၊ ထဘီကို စွန်တောင်ဆွဲကာ ကမူးကစူးနှင့် အိမ်ပြန်လာတော့ နေရောင်တောင် စူးစူးရှရှကလေး ထိုးနေပါပြီ။
သည်ဘက်ပိုင်းမှာ ကျွန်မ ရွာပြန်မရောက်တာ နှစ်အတော်ကြာသွားခဲ့ပြီ။ သို့သော် တမြန်နှစ်နွေကတော့ ကျွန်မ ရွာကို ရောက်ဖြစ်ခဲ့သေး၏။ ကျွန်မတို့ ဘကြီး ဘုန်းကြီး ပျံတော်မူသည့်အတွက် ပူဇော်ကန်တော့ရန် ဖြစ်သည်။ သို့သော် စည်စည်ကားကား သဲကြီးခဲကြီး ဘုန်းကြီးပျံပွဲတော့ မဟုတ်တော့ပါ။ ကျွန်မလည်း ဆရာတော် ရုပ်ကလပ်ကို ဝပ်ချပြီး သစ်ခင်းများ ရှိရာတောထဲ ထွက်ခဲ့သည်။ ငယ်ငယ်တုန်းကလို ကျွန်မကို ဆီးကြိုနေမည့် အစိမ်းရောင် မြေပဲခင်းကြီးတွေ ပဲခင်းကြီးတွေကို မတွေ့ရတော့ ဝမ်းနည်းသွားမိသည်။ ရိတ်သိမ်းပြီစ အစိမ်းဖျော့ တောကလေးကတော့ ကျွန်မကို စိမ်းကားမနေပါ။ ရွာထဲကို ပြန်ဝင်ခဲ့တော့လည်း တလင်းပြန့်တွေထဲမှာ ဟည်းထနေသည့် ပဲနွယ်ပုံကြီးတွေကို ကျွန်မ မမြင်ခဲ့ရ။ ပဲသိမ်းချိန် လွန်သွားခဲ့ပြီလား မသိ။ ကျွန်မ ငယ်ငယ်က စီးခဲ့ဖူးသည့် ကြီးတော်တို့ ခြံထောင့်က ဆီဆုံကုန်းထက်မှာ စီးနေကျဆီဆုံကြီးလည်း မရှိတော့ပါ။
နွေဦးက ကျွန်မကို ခံစားမှုအမျိုးမျိုး ပေးနေကျဖြစ်သော်လည်း သည်တစ်ခေါက် နွေအပြန်ကတော့ ပိုလို့တောင် လွမ်းစရာ ကောင်းနေခဲ့သည်။ သည်မြင်ကွင်း၊ သည်ရှုခင်းတွေ ရှိတုန်းကလည်း လွမ်းစရာ။ မရှိတော့လည်း လွမ်းစရာ။
ခင်ခင်ထူး
(ပါးကွက်ကျား ဝတ္ထုတိုများ)
No comments:
Post a Comment