Zawgyi version
”မွန္တတ္ေသာသတ္ပံု" (မင္းလူ)
======================
ငယ္ငယ္က ျမန္မာစာဆရာ၊ ဆရာမေကာင္းမ်ားႏွင့္ သင္ခဲ့ရေသာေၾကာင့္လည္းေကာင္း၊ ကိုယ္တိုင္ကလည္း ၀ါသနာပါသျဖင့္ ျမန္မာစာေပဆိုင္ရာ ေဆာင္းပါးမ်ား၊ စာအုပ္မ်ားကို ဖတ္ခဲ့ေသာေၾကာင့္ လည္းေကာင္း စာေရးရာမွာ သတ္ပံုႏွင့္သဒၵါကို ဂရုစိုက္ေလ့ရွိ၏။ တတ္ႏိုင္သမွ် ဂရုစိုက္ျခင္းကိုသာ ဆိုလိုပါသည္။
သတ္ပံုဆိုတာ မွန္ေလေကာင္းေလျဖစ္ေသာ္လည္း တစ္ခါတေလက်ေတာ့ သတ္ပံုေၾကာင့္ ခြက်က်ျဖစ္ရတာေလးေတြ အခုတင္ျပမလို႔ပါ။
*
ေက်ာင္းေနကာစ၊ စာေရးတတ္ခါစအရြယ္တြင္ သန္လ်င္ၿမိဳ႕သို႔ သြားလည္ၾကသည္။ သန္လ်င္ကို 'တညင္'ဟု အသံထြက္ေခၚၾကသည္။ ၿမိဳ႕ေပၚကဆိုင္းဘုတ္ေတြမွာ 'သန္လ်င္'လို႔ ေရးသားထားတာေတြ႕ေတာ့ နားမလည္ႏိုင္ဘဲ ...
'ဟင္..တညင္ဆိုၿပီး ဘာျဖစ္လို႔ သန္လ်င္လို႔ စာလံုးေပါင္းရတာလဲ'ဟု ေမးလိုက္သည္။ အေမက ...
'သားတို႔ေက်ာင္းမွာ ေရးေတာ့အမွန္ ဖတ္ေတာ့အသံဆိုတာ သင္ရတယ္မဟုတ္လား။ ပဂိုးကို ပဲခူးလို႔ေရးရတယ္ေလ။ ဒီအတိုင္းပဲေပါ့။ တညင္ကိုလည္း သန္လ်င္လို႔ စာလံုးေပါင္းရတယ္'
ကၽြန္ေတာ္လည္း မွတ္ထားလိုက္၏။ ေနာက္ေတာ့ ေက်ာင္းမွာ သတ္ပံုေျဖရေသာအခါ ...
'ၾကက္ဖသန္လ်င္၊ ေတာကို၀င္၊ ေမာင္ရင္လာ ေလးနဲ႔ပစ္'
ဟု ေရးလိုက္သည္။ ဆရာမက ေခၚေမးေတာ့ ...
'ေရးေတာ့အမွန္၊ ဖတ္ေတာ့အသံေလ ဆရာမရဲ႕၊ တညင္ကို သန္လ်င္လို႔ စာလံုးေပါင္းရတယ္မဟုတ္လား'
ဆရာမက ရယ္ၿပီး ၾကက္ဖတညင္ဆိုတာ သန္လ်င္ၿမိဳ႕က ၾကက္ဖကို ေျပာျခင္းမဟုတ္ေၾကာင္း၊ တိန္ညင္ဟုေခၚေသာၾကက္တစ္မ်ဳိးကို ေျပာျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ၾကက္ဖတိန္ညင္ဟု ေရးရမည္ျဖစ္ေၾကာင္း ရွင္းျပရသည္။
ကၽြန္ေတာ္တို႔ဦးေလးတစ္ေယာက္ ႀကံဳခဲ့ရတာ ျပန္ေျပာျပလို႔ ၾကားဖူးသည္။
သူတို႔ငယ္ငယ္က ျမန္မာပညာရွိေတြၾကားမွာ အႀကီးအက်ယ္ သေဘာထားကြဲခဲ့ၾကသည့္ ကိစၥတစ္ခုျဖစ္ခဲ့၏။ 'ဖ'ႏွင့္ 'ဘ'ဂိုဏ္း ဘယ္ဟာမွန္သလဲ ျငင္းခံုခဲ့ၾကျခင္းျဖစ္၏။ ထိုကိစၥမွာ တျဖည္းျဖည္းႀကီးထြားလာၿပီး 'ဖ'ဂိုဏ္းက 'ေဖေဖ၊ ဖိုးဖိုး၊ စားေသာက္ဖြယ္၊ ေတာင္ဖက္ေျမာက္ဖက္' စသည္ျဖင့္ စာလံုးေပါင္းရမည္ဟု ဆိုသည္။ 'ဘ'ဂိုဏ္းက 'ေဘေဘ၊ ဘိုးဘိုး၊ စားေသာက္ဘြယ္၊ ေတာင္ဘက္ ေျမာက္ဘက္'ဟု စာလံုးေပါင္းမွ မွန္သည္ဟု ျငင္းသည္။
ဒီျပႆနာၾကားမွာ ဦးေလးက အေခ်ာင္ခံရသည္။ ေက်ာင္းမွဆရာက 'ဖ'ဂိုဏ္းသား၊ အိမ္မွာ အေဖက 'ဘ'ဂိုဏ္း၀င္၊ ဆရာသင္တဲ့အတိုင္း 'ဖ'နဲ႔ေရးလာၿပီး အိမ္ေရာက္ေတာ့ အေဖက 'ဘ'ျပင္ခိုင္းသည္။ ထိုအခါ ဆရာက သူသင္တဲ့အတိုင္း ေရးမလာရေကာင္းလားဆိုၿပီး ရိုက္သည္။ အိမ္ျပန္ေရာက္ေတာ့လည္း အေဖက သူ႕ကို ဖီဆန္ရမလားဆိုၿပီး နားရင္းအုပ္သည္။
ၾကာေတာ့ သူ သည္းမခံႏိုင္ေတာ့။ ထို႔ေၾကာင့္ တစ္ရက္မွာ သူ႕အေဖကို ခုလိုေျပာလိုက္၏။
'ေဘေဘ...လမ္းထိပ္ကဆိုင္မွာ ဘြားဘြားအတြက္ ဘေယာင္းတုိင္နဲ႔ ဘိုးဘိုးအတြက္ ဘရံုယို သြား၀ယ္လိုက္ဦးမယ္'
ဟု 'ဘ'သံေတြနဲ႔ခ်ည္း ေျပာလိုက္ရာ သူ႕အေဖက ...
'ေခြးမသား... ဒါ ငါ့ကို သက္သက္ေငါ့တာပဲ'
ဆိုၿပီး ေျခေထာက္ႏွင့္ ေဆာင့္ကန္လိုက္သျဖင့္ ေလွကားမွ ဒလိမ့္ေခါက္ေကြးက်သြားရသည္ဟု ဆို၏။
ခရီးသြားေသာအခါ လမ္းမွာ သတ္ပံုအမွားေတြကို ေတြ႕ရတတ္သည္။
'အမႈိက္မျပစ္ရ'
'ဆံေရာင္းသည္'
'ဘတၳရီျပင္သည္'
'ထၼင္းဆိုင္' စသည္ျဖင့္....
ျမန္မာစာေရးထံုးမွာ ပါဠိႏွင့္ ပါဠိသတ္ေ၀ါဟာရမ်ားမွအပ ႏွစ္လံုးဆင့္မေရးရပါ။ သို႔တိုင္ေအာင္ စာလံုးေပါင္းမွားေသာေၾကာင့္ ဆန္ဆိုင္မေရာင္းရဘူး။ ဘက္ထရီဆိုင္အလုပ္ပါးတယ္၊ ထမင္းဆိုင္ လူအ၀င္နည္းတယ္ဆိုတာမ်ဳိးေတာ့ တစ္ခါမွ မၾကားဖူးေသးပါ။
'ေရွ႕မွာ လမ္းျပင္ေနသည္၊ ေျဖးေျဖးေမာင္း' ဆိုေသာဆိုင္းဘုတ္ကိုျမင္လွ်င္ ကားသမားတိုင္း သေဘာေပါက္ပါသည္။ သတ္ပံုအမွန္အတိုင္းဆိုလွ်င္ 'ျဖည္းျဖည္းေမာင္း'ဟု ေရးရပါမည္။ သို႔ရာတြင္ ကားဆရာေတြက သတ္ပံုစာအုပ္ေဆာင္ထားေလ့မရွိသျဖင့္ ဒီကိစၥ ျပႆနာမဟုတ္ေတာ့ပါ။
(အဂၤလိပ္ဆိုေသာစကားလံုးသည္လည္း တိုက္ရိုက္အသံဖလွယ္ထားျခင္းသာျဖစ္၏။ ပါဠိႏွင့္ပတ္သက္မႈမရွိသျဖင့္ 'အင္းဂလိပ္'ဟူ၍သာ ေရးသင့္သည္။ သို႔ရာတြင္ အဂၤလိပ္ဟူ၍သာ ႏွစ္ေပါင္းမ်ားစြာ ေရးခဲ့ၾကတာ အက်င့္ပါေနေသာေၾကာင့္ အတည္လိုျဖစ္ေနပါၿပီ။ ထို႔အတူ ဆရာႀကီးဒဂုန္ေရႊမွ်ား၊ ဆရာႀကီးေရႊဒံုးဘီေအာင္၊ ဆရာႀကီးဗဂ်ီေအာင္စိုး စေသာအမည္မ်ားသည္လည္း ထင္ရွားေက်ာ္ၾကားခဲ့ၿပီး လူအမ်ား အသိအမွတ္ျပဳၿပီးသားစာလံုးေပါင္းမ်ားျဖစ္ေသာေၾကာင့္ သတ္ပံုျပင္ဖို႔ မလိုေတာ့ပါ။)
*
ပ်ားေမြးျမဴေရးဌာနမွ ထုတ္လုပ္ေသာ 'ဂ်င္းပ်ားရည္'သည္ အစာေၾက၊ ရင္ေခ်ာင္ေစျခင္း၊ အေအးမိ ႏွာေစး ေခ်ာင္းဆိုး ေပ်ာက္ေစျခင္း၊ ခြန္အားတိုးပြားေစျခင္းတို႔ေၾကာင့္ သံုးဖူးသူတိုင္း အႀကိဳက္ေတြ႕ၾကသည္။ သတ္ပံုကေတာ့ မွားေန၏။ အမွန္အတိုင္းဆိုလွ်င္ 'ခ်င္းပ်ားရည္'ဟုသာ စာလံုးေပါင္းရမည္။ သို႔ရာတြင္ 'ခ်င္းပ်ားရည္'ဆိုလွ်င္ ခ်င္းျပည္နယ္ကလာေသာ ပ်ားရည္ဟု ထင္ကုန္ၾကပါလိမ့္မည္။ ခ်င္းေတာင္ကပ်ားရည္မို႔ အစြမ္းထက္မွာပဲဆိုၿပီး ပိုေတာင္ေရာင္းေကာင္းခ်င္ ေကာင္းေနမလားမသိ။
ကၽြန္ေတာ္တို႔ 'ဇီးသီး'ဟု အသံထြက္ေခၚၾကေသာ အသီး၏သတ္ပံုအမွန္မွာ 'ဆီးသီး'ျဖစ္၏။ အညာေဒသရွိ အခ်ဳိ႕အရပ္ေတြမွာ ဆီးသီးဟု သတ္ပံုအတိုင္း အသံထြက္ေနၾကဆဲျဖစ္ေသာ္လည္း လူအမ်ားစုက 'ဇီးသီး'ဟူ၍သာ ေခၚေနၾကသည္။
'ဆီး'ဆိုသည္မွာ က်င္ငယ္ရည္ဟုလည္း အဓိပၸာယ္ရသျဖင့္ စားစရာႏွင့္ အညစ္အေၾကးစာလံုးေပါင္းတူေနေတာ့ သိပ္ေတာ့ဟန္မက်လွ။ 'ဆီးေဖ်ာ္ရည္ ေသာက္မလား၊ ဆီးျဖဴသီးေလးလို ငံုထားခ်င္တယ္'စေသာ စကားလံုးမ်ားကို ၀တၳဳထဲ ထည့္ေရးရတာ နည္းနည္းေတာ့ခြက်သည္။
ဖိုခေနာက္ကို သတ္ပံုအမွန္အတိုင္းဆိုလွ်င္ ဖိုခံုေလာက္ဟု ေရးရပါမည္။ ခုခ်ိန္မွာ ဖိုခံုေလာက္ဟုေရးလွ်င္ သိသူအေတာ္နည္းပါးလိမ့္မည္။ ဒီအတိုင္းဆို ေတာ္ေတာ္ေရႊပုပၸားသီခ်င္းကို စာႏွင့္ေရးျပလွ်င္...
'♫♪...သံုးလံုးေတာင္ထြတ္ ယွဥ္ၿပိဳင္ကာရယ္၊ ဖိုခံုေလာက္ဆိုင္ တည္ေနပါတယ္...♪♫'ဟု ေရးရပါလိမ့္မည္။ ေနာက္ေပါက္အဆိုေတာ္ေလးေတြ ျပန္ဆိုလွ်င္ ဘယ္လိုအသံထြက္ၾကမလဲမသိ။
*
ဟုိတစ္ခ်ိန္က စာေရးဆရာေတြ စာေရးၾကရာမွာ ကိုယ္သန္ရာစာလံုးေပါင္းအတိုင္း ေရးၾကသည္။ ပံုႏွိပ္တိုက္ေတြကလည္း မိမိတို႔ႏွစ္သက္ရာသတ္ပံုက်မ္းတစ္ေစာင္ေစာင္ကို လက္ကိုင္ထားၾကသည္။ စာျပင္ဆရာကလည္း သူအလုပ္လုပ္ရာ ပံုႏွိပ္တိုက္၏မူအတိုင္းျပင္သည္။ ၾသဇာရွိေသာစာေရးဆရာဆိုလွ်င္ သူေရးတဲ့အတိုင္း သတ္ပံုမျပင္ဘဲ ရိုက္ႏွိပ္ေပးတာမ်ဳိးလည္းရွိ၏။ စာအုပ္တိုက္ႀကီးမ်ားကေတာ့ အားကိုးေလာက္ေသာသတ္ပံုက်မ္းႀကီးမ်ားကိုကိုးကားၿပီး တိုက္ဆိုင္မႈအျဖစ္ သတ္မွတ္ထားၾကသည္။ စာတတ္ေပတတ္ပုဂၢိဳလ္မ်ားကို စာျပင္ဆရာအျဖစ္ခန္႔ထားၿပီး စာအက်ေပါက္ သတ္ပံုသတ္ညႊန္းစသည္တို႔ကို အလြန္ဂရုစိုက္သည္။ မေတာ္တဆအမွားအယြင္းရွိခဲ့လွ်င္လည္း စာအုပ္ေနာက္ပိုင္းမွာ အမွားျပင္ဆင္ခ်က္ထည့္ေပးသည္။ ဒီလိုစနစ္တက်ေဆာင္ရြက္ေသာ တုိက္ႀကီးမ်ားရွိသလို..
တခ်ဳိ႕စာအုပ္တိုက္၊ ပံုႏွိပ္တိုက္ေတြကေတာ့ စာျပင္ဆရာသီးျခားမရွိ၊ ႀကံဳတဲ့လူက ႀကံဳသလို၀င္ဖတ္ၿပီးျပင္သည္။ သတ္ပံုစာအုပ္ရွိေသာ္လည္း သိပ္အခက္အခဲရွိမွ လွန္ၾကည့္တတ္သည္။ မ်ားေသာအားျဖင့္ေတာ့ လက္တန္းဖတ္ၿပီး ျပင္လိုက္ၾကတာပါပဲ။ ထို႔ေၾကာင့္ စာအုပ္တစ္အုပ္တည္းမွာပင္ သတ္ပံုအမ်ဳိးမ်ဳိးျဖစ္ေနတာေတြ႕ရ၏။ (သတ္ပံုက်မ္းတစ္အုပ္လံုးကို အလြတ္ေလာက္မွတ္မိေနေသာ ၀ါရင့္စာျပင္ ဆရာႀကီးမ်ား ရွိခဲ့ဖူးတာကိုေတာ့ အသိအမွတ္ျပဳရပါမည္။)
ဘာပဲျဖစ္ျဖစ္ စာအုပ္တိုက္တစ္တိုက္ မူတစ္မ်ဳိးျဖစ္ေနတာ၊ သတ္ပံုက်မ္းေတြကလည္း အမ်ဳိးမ်ဳိးရွိတာေၾကာင့္ စံတစ္ခုသတ္မွတ္ဖို႔ လိုလာတာေတာ့အမွန္ပဲျဖစ္၏။ ေနာက္ေတာ့ ျမန္မာစာအဖြဲ႕က ျပဳစုေသာသတ္ပံုစာအုပ္ျဖစ္လာသည္။ စာအုပ္စာတမ္းရိုက္ႏွိပ္ထုတ္ေ၀သူမ်ားအေနျဖင့္ ထိုသတ္ပံုစာအုပ္ပါအတိုင္း တညီတညြတ္တည္းအသံုးျပဳၾကရသည္။
တစ္ႏိုင္ငံလံုးမွာ သတ္ပံုသတ္ညႊန္းမူတစ္မ်ဳိးတည္းျဖစ္လာေသာေၾကာင့္ ျမန္မာစာေရးထံုး စနစ္က်လာသည္။ သတ္ပံုဂိုဏ္းကြဲေတြလည္းမရွိေတာ့။ အျငင္းပြားစရာလည္းမလိုေတာ့။ ပံုႏွိပ္တိုက္ေတြကလည္း သတ္ပံုကို ပုိဂရုစိုက္လာသည္။
တစ္ခုပဲရွိ၏။ သတ္ပံုကို အတိအက်လိုက္နာရေသာအခါ ရသစာေပေရးရာမွာ တစ္ခါတစ္ခါ အဆင္မေျပတာမ်ဳိးျဖစ္တတ္သည္။ အထူးသျဖင့္ စကားလံုးတစ္လံုးဆို တစ္လံုး အလြန္ထိေရာက္တာသြားသည္။ တစ္ခါတေလ အသံထြက္တဲ့အတိုင္းေရးမွ ဖတ္ရတာ အရသာရွိသည္။
ေရွးေဟာင္းကဗ်ာတစ္ပုဒ္တြင္ မိန္းကေလးက သူ႕ခ်စ္သူကို လြမ္းလို႔ ပန္းသေျပေညာင္ေရသြန္းၿပီး ဆုေတာင္းရပံုကို လွလွပပေရးထားၿပီး အဆံုးသတ္မွာ....
'ေသာက္ေတာ္ေရအိုး
ဂၽြမ္းထိုးေကာင္ႏွယ္
အပ်ဳိျဖဴ မယ္ႏွမမွာ
ႀကံဳရတယ္ရွင္'
ဟု ေရးထားသည္။ ဂၽြမ္းထိုးေကာင္ဆိုသည္မွာ ပိုးေလာက္လန္းကို ဆိုလိုျခင္းျဖစ္၏။ သတ္ပံုအမွန္အတိုင္းဆိုလွ်င္ 'ကၽြမ္းထိုးေကာင္'ဟု ေရးရမည္။ ဂၽြမ္းထိုးေကာင္ဆိုတာေလာက္ ရင္ထဲ တိုက္ရိုက္မထိတာ ေတြ႕ရသည္။
ကၽြန္ေတာ့္၀တၳဳတစ္ပုဒ္ထဲတြင္ ေကာင္မေလးက သူ႕အေမကိုေျပာတဲ့စကား 'ျပန္မႀကိဳက္လို႔မျဖစ္ဘူး အေမရဲ႕၊ သူ႕လက္ထဲမွာ ထပိုးႀကီးတရမ္းရမ္း'နဲ႔ ဆိုတာကို သတ္ပံုအမွန္အရ 'ထမ္းပိုးႀကီး တရမ္းရမ္း'နဲ႔ဟု ေရးရေသာအခါ တစ္မ်ဳိးႀကီးျဖစ္ေနသည္။
ကၽြန္ေတာ္၏ အေစာပိုင္း၀တၳဳတစ္ပုဒ္တြင္ ေကာင္မေလးက မ်က္ႏွာေလးလွေသာ္လည္း ေျခေထာက္ကို ဂရုစိုက္ၿပီး ေဆးေၾကာျခင္းမရွိသျဖင့္ ေျခသည္းမွာ 'ဂ်ီး'ေတြကပ္ေနသည္ဟု ေရးလိုက္သည္။ 'ဂ်ီး'ကို ထိုစဥ္က သတ္ပံုအရ 'ေခ်း'ဟု ေရးရသည္။ ထို႔ေၾကာင့္ 'ေျခသည္းမွာ ေခ်းေတြ ကပ္ေနသည္'ဟူ၍ ျဖစ္သြား၏။ ထိုအခါ ကၽြန္ေတာ္ဆိုလိုသည့္အဓိပၸာယ္မေရာက္ေတာ့ဘဲ ေကာင္မေလးက ေခ်းပံု(ခ်ီးပံု)ပဲ တက္နင္းမိလာသလို ထင္စရာျဖစ္ေန၏။
ခုေနာက္ပိုင္း သတ္ပံုအရေတာ့ 'ဂ်ီး'ကို 'ေၾကး'ဟု စာလံုးေပါင္းရသည္။ ဒီလိုက်ျပန္ေတာ့လည္း....
'ဒီေကာင္မေလး ေတာ္ေတာ္ဂ်ီးမ်ားတယ္'ဟု ဆိုခ်င္လွ်င္...
'ဒီေကာင္မေလး ေတာ္ေတာ္ေၾကးမ်ားတယ္'ဟု ေရးရပါလိမ့္မည္။ ေကာင္မေလးခမ်ာ ဟိုဟာလိုလို ဒီဟာလိုလို အထင္ခံစရာအေၾကာင္းရွိေလသည္။
*
ရသစာေပေရးသူေတြဘက္က သတ္ပံုႏွင့္ပတ္သက္၍ ေစာဒကတက္စရာတစ္ခုရွိ၏။ အေထာက္အထား အကိုးအကားျပစရာ အခ်က္ကေတာ့ 'ပိုအက္တစ္လိုင္စင္'ပင္ျဖစ္ေလ၏။ ထိုလိုင္စင္မွာ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမွဴးဦးစီးဌာန(ကညန)မွ ထုတ္ေပးထားျခင္းမဟုတ္ပါ။ ဘယ္သူကမွ တရား၀င္ခ်ေပးထားေသာ လိုင္စင္လည္းမဟုတ္ပါ။ အႏုပညာဆိုင္ရာ နားလည္မႈတစ္ခုသာ ျဖစ္၏။
တိုက္ရိုက္အဓိပၸာယ္က ကဗ်ာႏွင့္ဆိုင္ေသာလုပ္ခြင့္ျဖစ္၏။ ကဗ်ာလကၤာေတြမွာ ရသေျမာက္ေရးကို ဦးစားေပးရသျဖင့္ သတ္ပံုေတြ၊ သဒၵါစည္းကမ္းေတြကို ခ်ဳိးေဖာက္ႏိုင္သည္ ဆိုေသာ အထူးအခြင့္ အေရးျဖစ္၏။ အစပိုင္းတြင္ ကဗ်ာႏွင့္သာဆိုင္ေသာ္လည္း ေနာက္ပိုင္းက်ေတာ့ တျခားရသစာေပအမ်ဳိးအစားေတြကပါ ထိုအခြင့္အေရးကို ရပိုင္ခြင့္ရွိသည္ဟု ယူဆလာၾကသည္။
တစ္ခုရွိတာက 'ပိုအက္တစ္လိုင္စင္'ဆိုသည္မွာ တကယ္လိုအပ္မွ သံုးရျခင္းျဖစ္၏။ ေနရာတကာ သေဘာရွိသံုးျပန္လွ်င္လည္း လိုင္စင္ဆိုေသာစကား၏အနက္ပြားျဖစ္ေသာ 'လုပ္ပိုင္ခြင့္ကို အလြဲသံုးစားျပဳျခင္း'ျဖစ္သြားတတ္သည္။
ကၽြန္ေတာ္တို႔လို ရသစာေပေရးသူမ်ား တစ္ခါတစ္ခါ ႀကံဳရေသာျပႆနာမွာ ခံစားမႈဘက္သို႔ အေလးကဲမိေသာအခါ ျမန္မာစာေရးထုံးကို ခ်ဳိးဖ်က္သလိုျဖစ္သြားၿပီး သတ္ပံုတို႔၊ သဒၵါစည္းကမ္းတို႔ကို အတိအက်လိုက္နာျပန္ေတာ့ ရသဘက္မွာ အားနည္းေပါ့ပ်က္သြားရျခင္းပင္ျဖစ္၏။
ျမန္မာစာေရးထံုးႏွင့္ပတ္သက္ၿပီး ဆရာၾကပ္ကေလးေရးခဲ့ဖူးသည့္စာတစ္ပုဒ္ထဲမွ အေၾကာင္းကေလးကို သြားသတိရမိ၏။ တခ်ဳိ႕က စာေရးရာမွာ အတိုေကာက္သိပ္ႀကိဳက္သည္။ 'သည္'ကို 'သွ္'ဟု ေရးသည္။ 'လည္းေကာင္း'ကို '၄င္း'ဟု ေရးသည္။ ထို႔အတူ 'ရရစ္'ဆိုသည္မွာ 'ရ'ကိုရစ္ထားျခင္းျဖစ္သည္ဆိုၿပီး 'ဆရာ'ကို 'ၾဆာ'ဟု ေရးသည္။ ဒါဆိုလွ်င္ တရားသူႀကီးကိုလည္း 'ၾတားသူႀကီး'ဟု ေရးရလိမ့္မည္။
ထို႔အတူ ဆရာက ၀ါက်တစ္ခုကို နမူနာျပၿပီး သေရာ္ထားသည္။
'ဆရာၾကပ္ကေလး၏အိမ္သို႔သြားလည္းရာ ဆရာ ခရီးထြက္ေနသျဖင့္ မေတြ႕ခဲ့ရပါ'
အထက္ပါ၀ါက်ကို အတိုေကာက္ေရးထံုးႏွင့္ ျပန္ေရးလွ်င္...
'ၾဆာၾကပ္ကေလး၏အိမ္သို႔သြားလည္ရာ ၾဆာၿခီးထြက္ေနသျဖင့္ မေတြ႕ခဲ့ရပါ'ဟူ၍ျဖစ္သြားရေလသည္။
(ေသာၾကာစာေစာင္ အယ္ဒီတာခ်ဳပ္ဆရာႀကီးအီၾကာေကြးသည္လည္း စာေပေဟာေျပာပြဲ စူပါစတားျဖစ္ေသာေၾကာင့္ စာဆိုေတာ္ရာသီေရာက္လွ်င္ မၾကာခဏ ခရီးထြက္တတ္ေၾကာင္းကို ဒီစာေရးရင္း သတိရမိပါေသးသည္။)
--------
မင္းလူ
Unicode version
”မှန်တတ်သောသတ်ပုံ" (မင်းလူ)
======================
ငယ်ငယ်က မြန်မာစာဆရာ၊ ဆရာမကောင်းများနှင့် သင်ခဲ့ရသောကြောင့်လည်းကောင်း၊ ကိုယ်တိုင်ကလည်း ဝါသနာပါသဖြင့် မြန်မာစာပေဆိုင်ရာ ဆောင်းပါးများ၊ စာအုပ်များကို ဖတ်ခဲ့သောကြောင့် လည်းကောင်း စာရေးရာမှာ သတ်ပုံနှင့်သဒ္ဒါကို ဂရုစိုက်လေ့ရှိ၏။ တတ်နိုင်သမျှ ဂရုစိုက်ခြင်းကိုသာ ဆိုလိုပါသည်။
သတ်ပုံဆိုတာ မှန်လေကောင်းလေဖြစ်သော်လည်း တစ်ခါတလေကျတော့ သတ်ပုံကြောင့် ခွကျကျဖြစ်ရတာလေးတွေ အခုတင်ပြမလို့ပါ။
*
ကျောင်းနေကာစ၊ စာရေးတတ်ခါစအရွယ်တွင် သန်လျင်မြို့သို့ သွားလည်ကြသည်။ သန်လျင်ကို 'တညင်'ဟု အသံထွက်ခေါ်ကြသည်။ မြို့ပေါ်ကဆိုင်းဘုတ်တွေမှာ 'သန်လျင်'လို့ ရေးသားထားတာတွေ့တော့ နားမလည်နိုင်ဘဲ ...
'ဟင်..တညင်ဆိုပြီး ဘာဖြစ်လို့ သန်လျင်လို့ စာလုံးပေါင်းရတာလဲ'ဟု မေးလိုက်သည်။ အမေက ...
'သားတို့ကျောင်းမှာ ရေးတော့အမှန် ဖတ်တော့အသံဆိုတာ သင်ရတယ်မဟုတ်လား။ ပဂိုးကို ပဲခူးလို့ရေးရတယ်လေ။ ဒီအတိုင်းပဲပေါ့။ တညင်ကိုလည်း သန်လျင်လို့ စာလုံးပေါင်းရတယ်'
ကျွန်တော်လည်း မှတ်ထားလိုက်၏။ နောက်တော့ ကျောင်းမှာ သတ်ပုံဖြေရသောအခါ ...
'ကြက်ဖသန်လျင်၊ တောကိုဝင်၊ မောင်ရင်လာ လေးနဲ့ပစ်'
ဟု ရေးလိုက်သည်။ ဆရာမက ခေါ်မေးတော့ ...
'ရေးတော့အမှန်၊ ဖတ်တော့အသံလေ ဆရာမရဲ့၊ တညင်ကို သန်လျင်လို့ စာလုံးပေါင်းရတယ်မဟုတ်လား'
ဆရာမက ရယ်ပြီး ကြက်ဖတညင်ဆိုတာ သန်လျင်မြို့က ကြက်ဖကို ပြောခြင်းမဟုတ်ကြောင်း၊ တိန်ညင်ဟုခေါ်သောကြက်တစ်မျိုးကို ပြောခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကြက်ဖတိန်ညင်ဟု ရေးရမည်ဖြစ်ကြောင်း ရှင်းပြရသည်။
ကျွန်တော်တို့ဦးလေးတစ်ယောက် ကြုံခဲ့ရတာ ပြန်ပြောပြလို့ ကြားဖူးသည်။
သူတို့ငယ်ငယ်က မြန်မာပညာရှိတွေကြားမှာ အကြီးအကျယ် သဘောထားကွဲခဲ့ကြသည့် ကိစ္စတစ်ခုဖြစ်ခဲ့၏။ 'ဖ'နှင့် 'ဘ'ဂိုဏ်း ဘယ်ဟာမှန်သလဲ ငြင်းခုံခဲ့ကြခြင်းဖြစ်၏။ ထိုကိစ္စမှာ တဖြည်းဖြည်းကြီးထွားလာပြီး 'ဖ'ဂိုဏ်းက 'ဖေဖေ၊ ဖိုးဖိုး၊ စားသောက်ဖွယ်၊ တောင်ဖက်မြောက်ဖက်' စသည်ဖြင့် စာလုံးပေါင်းရမည်ဟု ဆိုသည်။ 'ဘ'ဂိုဏ်းက 'ဘေဘေ၊ ဘိုးဘိုး၊ စားသောက်ဘွယ်၊ တောင်ဘက် မြောက်ဘက်'ဟု စာလုံးပေါင်းမှ မှန်သည်ဟု ငြင်းသည်။
ဒီပြဿနာကြားမှာ ဦးလေးက အချောင်ခံရသည်။ ကျောင်းမှဆရာက 'ဖ'ဂိုဏ်းသား၊ အိမ်မှာ အဖေက 'ဘ'ဂိုဏ်းဝင်၊ ဆရာသင်တဲ့အတိုင်း 'ဖ'နဲ့ရေးလာပြီး အိမ်ရောက်တော့ အဖေက 'ဘ'ပြင်ခိုင်းသည်။ ထိုအခါ ဆရာက သူသင်တဲ့အတိုင်း ရေးမလာရကောင်းလားဆိုပြီး ရိုက်သည်။ အိမ်ပြန်ရောက်တော့လည်း အဖေက သူ့ကို ဖီဆန်ရမလားဆိုပြီး နားရင်းအုပ်သည်။
ကြာတော့ သူ သည်းမခံနိုင်တော့။ ထို့ကြောင့် တစ်ရက်မှာ သူ့အဖေကို ခုလိုပြောလိုက်၏။
'ဘေဘေ...လမ်းထိပ်ကဆိုင်မှာ ဘွားဘွားအတွက် ဘယောင်းတိုင်နဲ့ ဘိုးဘိုးအတွက် ဘရုံယို သွားဝယ်လိုက်ဦးမယ်'
ဟု 'ဘ'သံတွေနဲ့ချည်း ပြောလိုက်ရာ သူ့အဖေက ...
'ခွေးမသား... ဒါ ငါ့ကို သက်သက်ငေါ့တာပဲ'
ဆိုပြီး ခြေထောက်နှင့် ဆောင့်ကန်လိုက်သဖြင့် လှေကားမှ ဒလိမ့်ခေါက်ကွေးကျသွားရသည်ဟု ဆို၏။
ခရီးသွားသောအခါ လမ်းမှာ သတ်ပုံအမှားတွေကို တွေ့ရတတ်သည်။
'အမှိုက်မပြစ်ရ'
'ဆံရောင်းသည်'
'ဘတ္ထရီပြင်သည်'
'ထ္မင်းဆိုင်' စသည်ဖြင့်....
မြန်မာစာရေးထုံးမှာ ပါဠိနှင့် ပါဠိသတ်ဝေါဟာရများမှအပ နှစ်လုံးဆင့်မရေးရပါ။ သို့တိုင်အောင် စာလုံးပေါင်းမှားသောကြောင့် ဆန်ဆိုင်မရောင်းရဘူး။ ဘက်ထရီဆိုင်အလုပ်ပါးတယ်၊ ထမင်းဆိုင် လူအဝင်နည်းတယ်ဆိုတာမျိုးတော့ တစ်ခါမှ မကြားဖူးသေးပါ။
'ရှေ့မှာ လမ်းပြင်နေသည်၊ ဖြေးဖြေးမောင်း' ဆိုသောဆိုင်းဘုတ်ကိုမြင်လျှင် ကားသမားတိုင်း သဘောပေါက်ပါသည်။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ဖြည်းဖြည်းမောင်း'ဟု ရေးရပါမည်။ သို့ရာတွင် ကားဆရာတွေက သတ်ပုံစာအုပ်ဆောင်ထားလေ့မရှိသဖြင့် ဒီကိစ္စ ပြဿနာမဟုတ်တော့ပါ။
(အင်္ဂလိပ်ဆိုသောစကားလုံးသည်လည်း တိုက်ရိုက်အသံဖလှယ်ထားခြင်းသာဖြစ်၏။ ပါဠိနှင့်ပတ်သက်မှုမရှိသဖြင့် 'အင်းဂလိပ်'ဟူ၍သာ ရေးသင့်သည်။ သို့ရာတွင် အင်္ဂလိပ်ဟူ၍သာ နှစ်ပေါင်းများစွာ ရေးခဲ့ကြတာ အကျင့်ပါနေသောကြောင့် အတည်လိုဖြစ်နေပါပြီ။ ထို့အတူ ဆရာကြီးဒဂုန်ရွှေမျှား၊ ဆရာကြီးရွှေဒုံးဘီအောင်၊ ဆရာကြီးဗဂျီအောင်စိုး စသောအမည်များသည်လည်း ထင်ရှားကျော်ကြားခဲ့ပြီး လူအများ အသိအမှတ်ပြုပြီးသားစာလုံးပေါင်းများဖြစ်သောကြောင့် သတ်ပုံပြင်ဖို့ မလိုတော့ပါ။)
*
ပျားမွေးမြူရေးဌာနမှ ထုတ်လုပ်သော 'ဂျင်းပျားရည်'သည် အစာကြေ၊ ရင်ချောင်စေခြင်း၊ အအေးမိ နှာစေး ချောင်းဆိုး ပျောက်စေခြင်း၊ ခွန်အားတိုးပွားစေခြင်းတို့ကြောင့် သုံးဖူးသူတိုင်း အကြိုက်တွေ့ကြသည်။ သတ်ပုံကတော့ မှားနေ၏။ အမှန်အတိုင်းဆိုလျှင် 'ချင်းပျားရည်'ဟုသာ စာလုံးပေါင်းရမည်။ သို့ရာတွင် 'ချင်းပျားရည်'ဆိုလျှင် ချင်းပြည်နယ်ကလာသော ပျားရည်ဟု ထင်ကုန်ကြပါလိမ့်မည်။ ချင်းတောင်ကပျားရည်မို့ အစွမ်းထက်မှာပဲဆိုပြီး ပိုတောင်ရောင်းကောင်းချင် ကောင်းနေမလားမသိ။
ကျွန်တော်တို့ 'ဇီးသီး'ဟု အသံထွက်ခေါ်ကြသော အသီး၏သတ်ပုံအမှန်မှာ 'ဆီးသီး'ဖြစ်၏။ အညာဒေသရှိ အချို့အရပ်တွေမှာ ဆီးသီးဟု သတ်ပုံအတိုင်း အသံထွက်နေကြဆဲဖြစ်သော်လည်း လူအများစုက 'ဇီးသီး'ဟူ၍သာ ခေါ်နေကြသည်။
'ဆီး'ဆိုသည်မှာ ကျင်ငယ်ရည်ဟုလည်း အဓိပ္ပာယ်ရသဖြင့် စားစရာနှင့် အညစ်အကြေးစာလုံးပေါင်းတူနေတော့ သိပ်တော့ဟန်မကျလှ။ 'ဆီးဖျော်ရည် သောက်မလား၊ ဆီးဖြူသီးလေးလို ငုံထားချင်တယ်'စသော စကားလုံးများကို ဝတ္ထုထဲ ထည့်ရေးရတာ နည်းနည်းတော့ခွကျသည်။
ဖိုခနောက်ကို သတ်ပုံအမှန်အတိုင်းဆိုလျှင် ဖိုခုံလောက်ဟု ရေးရပါမည်။ ခုချိန်မှာ ဖိုခုံလောက်ဟုရေးလျှင် သိသူအတော်နည်းပါးလိမ့်မည်။ ဒီအတိုင်းဆို တော်တော်ရွှေပုပ္ပားသီချင်းကို စာနှင့်ရေးပြလျှင်...
'♫♪...သုံးလုံးတောင်ထွတ် ယှဉ်ပြိုင်ကာရယ်၊ ဖိုခုံလောက်ဆိုင် တည်နေပါတယ်...♪♫'ဟု ရေးရပါလိမ့်မည်။ နောက်ပေါက်အဆိုတော်လေးတွေ ပြန်ဆိုလျှင် ဘယ်လိုအသံထွက်ကြမလဲမသိ။
*
ဟိုတစ်ချိန်က စာရေးဆရာတွေ စာရေးကြရာမှာ ကိုယ်သန်ရာစာလုံးပေါင်းအတိုင်း ရေးကြသည်။ ပုံနှိပ်တိုက်တွေကလည်း မိမိတို့နှစ်သက်ရာသတ်ပုံကျမ်းတစ်စောင်စောင်ကို လက်ကိုင်ထားကြသည်။ စာပြင်ဆရာကလည်း သူအလုပ်လုပ်ရာ ပုံနှိပ်တိုက်၏မူအတိုင်းပြင်သည်။ သြဇာရှိသောစာရေးဆရာဆိုလျှင် သူရေးတဲ့အတိုင်း သတ်ပုံမပြင်ဘဲ ရိုက်နှိပ်ပေးတာမျိုးလည်းရှိ၏။ စာအုပ်တိုက်ကြီးများကတော့ အားကိုးလောက်သောသတ်ပုံကျမ်းကြီးများကိုကိုးကားပြီး တိုက်ဆိုင်မှုအဖြစ် သတ်မှတ်ထားကြသည်။ စာတတ်ပေတတ်ပုဂ္ဂိုလ်များကို စာပြင်ဆရာအဖြစ်ခန့်ထားပြီး စာအကျပေါက် သတ်ပုံသတ်ညွှန်းစသည်တို့ကို အလွန်ဂရုစိုက်သည်။ မတော်တဆအမှားအယွင်းရှိခဲ့လျှင်လည်း စာအုပ်နောက်ပိုင်းမှာ အမှားပြင်ဆင်ချက်ထည့်ပေးသည်။ ဒီလိုစနစ်တကျဆောင်ရွက်သော တိုက်ကြီးများရှိသလို..
တချို့စာအုပ်တိုက်၊ ပုံနှိပ်တိုက်တွေကတော့ စာပြင်ဆရာသီးခြားမရှိ၊ ကြုံတဲ့လူက ကြုံသလိုဝင်ဖတ်ပြီးပြင်သည်။ သတ်ပုံစာအုပ်ရှိသော်လည်း သိပ်အခက်အခဲရှိမှ လှန်ကြည့်တတ်သည်။ များသောအားဖြင့်တော့ လက်တန်းဖတ်ပြီး ပြင်လိုက်ကြတာပါပဲ။ ထို့ကြောင့် စာအုပ်တစ်အုပ်တည်းမှာပင် သတ်ပုံအမျိုးမျိုးဖြစ်နေတာတွေ့ရ၏။ (သတ်ပုံကျမ်းတစ်အုပ်လုံးကို အလွတ်လောက်မှတ်မိနေသော ဝါရင့်စာပြင် ဆရာကြီးများ ရှိခဲ့ဖူးတာကိုတော့ အသိအမှတ်ပြုရပါမည်။)
ဘာပဲဖြစ်ဖြစ် စာအုပ်တိုက်တစ်တိုက် မူတစ်မျိုးဖြစ်နေတာ၊ သတ်ပုံကျမ်းတွေကလည်း အမျိုးမျိုးရှိတာကြောင့် စံတစ်ခုသတ်မှတ်ဖို့ လိုလာတာတော့အမှန်ပဲဖြစ်၏။ နောက်တော့ မြန်မာစာအဖွဲ့က ပြုစုသောသတ်ပုံစာအုပ်ဖြစ်လာသည်။ စာအုပ်စာတမ်းရိုက်နှိပ်ထုတ်ဝေသူများအနေဖြင့် ထိုသတ်ပုံစာအုပ်ပါအတိုင်း တညီတညွတ်တည်းအသုံးပြုကြရသည်။
တစ်နိုင်ငံလုံးမှာ သတ်ပုံသတ်ညွှန်းမူတစ်မျိုးတည်းဖြစ်လာသောကြောင့် မြန်မာစာရေးထုံး စနစ်ကျလာသည်။ သတ်ပုံဂိုဏ်းကွဲတွေလည်းမရှိတော့။ အငြင်းပွားစရာလည်းမလိုတော့။ ပုံနှိပ်တိုက်တွေကလည်း သတ်ပုံကို ပိုဂရုစိုက်လာသည်။
တစ်ခုပဲရှိ၏။ သတ်ပုံကို အတိအကျလိုက်နာရသောအခါ ရသစာပေရေးရာမှာ တစ်ခါတစ်ခါ အဆင်မပြေတာမျိုးဖြစ်တတ်သည်။ အထူးသဖြင့် စကားလုံးတစ်လုံးဆို တစ်လုံး အလွန်ထိရောက်တာသွားသည်။ တစ်ခါတလေ အသံထွက်တဲ့အတိုင်းရေးမှ ဖတ်ရတာ အရသာရှိသည်။
ရှေးဟောင်းကဗျာတစ်ပုဒ်တွင် မိန်းကလေးက သူ့ချစ်သူကို လွမ်းလို့ ပန်းသပြေညောင်ရေသွန်းပြီး ဆုတောင်းရပုံကို လှလှပပရေးထားပြီး အဆုံးသတ်မှာ....
'သောက်တော်ရေအိုး
ဂျွမ်းထိုးကောင်နှယ်
အပျိုဖြူ မယ်နှမမှာ
ကြုံရတယ်ရှင်'
ဟု ရေးထားသည်။ ဂျွမ်းထိုးကောင်ဆိုသည်မှာ ပိုးလောက်လန်းကို ဆိုလိုခြင်းဖြစ်၏။ သတ်ပုံအမှန်အတိုင်းဆိုလျှင် 'ကျွမ်းထိုးကောင်'ဟု ရေးရမည်။ ဂျွမ်းထိုးကောင်ဆိုတာလောက် ရင်ထဲ တိုက်ရိုက်မထိတာ တွေ့ရသည်။
ကျွန်တော့်ဝတ္ထုတစ်ပုဒ်ထဲတွင် ကောင်မလေးက သူ့အမေကိုပြောတဲ့စကား 'ပြန်မကြိုက်လို့မဖြစ်ဘူး အမေရဲ့၊ သူ့လက်ထဲမှာ ထပိုးကြီးတရမ်းရမ်း'နဲ့ ဆိုတာကို သတ်ပုံအမှန်အရ 'ထမ်းပိုးကြီး တရမ်းရမ်း'နဲ့ဟု ရေးရသောအခါ တစ်မျိုးကြီးဖြစ်နေသည်။
ကျွန်တော်၏ အစောပိုင်းဝတ္ထုတစ်ပုဒ်တွင် ကောင်မလေးက မျက်နှာလေးလှသော်လည်း ခြေထောက်ကို ဂရုစိုက်ပြီး ဆေးကြောခြင်းမရှိသဖြင့် ခြေသည်းမှာ 'ဂျီး'တွေကပ်နေသည်ဟု ရေးလိုက်သည်။ 'ဂျီး'ကို ထိုစဉ်က သတ်ပုံအရ 'ချေး'ဟု ရေးရသည်။ ထို့ကြောင့် 'ခြေသည်းမှာ ချေးတွေ ကပ်နေသည်'ဟူ၍ ဖြစ်သွား၏။ ထိုအခါ ကျွန်တော်ဆိုလိုသည့်အဓိပ္ပာယ်မရောက်တော့ဘဲ ကောင်မလေးက ချေးပုံ(ချီးပုံ)ပဲ တက်နင်းမိလာသလို ထင်စရာဖြစ်နေ၏။
ခုနောက်ပိုင်း သတ်ပုံအရတော့ 'ဂျီး'ကို 'ကြေး'ဟု စာလုံးပေါင်းရသည်။ ဒီလိုကျပြန်တော့လည်း....
'ဒီကောင်မလေး တော်တော်ဂျီးများတယ်'ဟု ဆိုချင်လျှင်...
'ဒီကောင်မလေး တော်တော်ကြေးများတယ်'ဟု ရေးရပါလိမ့်မည်။ ကောင်မလေးခမျာ ဟိုဟာလိုလို ဒီဟာလိုလို အထင်ခံစရာအကြောင်းရှိလေသည်။
*
ရသစာပေရေးသူတွေဘက်က သတ်ပုံနှင့်ပတ်သက်၍ စောဒကတက်စရာတစ်ခုရှိ၏။ အထောက်အထား အကိုးအကားပြစရာ အချက်ကတော့ 'ပိုအက်တစ်လိုင်စင်'ပင်ဖြစ်လေ၏။ ထိုလိုင်စင်မှာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာန(ကညန)မှ ထုတ်ပေးထားခြင်းမဟုတ်ပါ။ ဘယ်သူကမှ တရားဝင်ချပေးထားသော လိုင်စင်လည်းမဟုတ်ပါ။ အနုပညာဆိုင်ရာ နားလည်မှုတစ်ခုသာ ဖြစ်၏။
တိုက်ရိုက်အဓိပ္ပာယ်က ကဗျာနှင့်ဆိုင်သောလုပ်ခွင့်ဖြစ်၏။ ကဗျာလင်္ကာတွေမှာ ရသမြောက်ရေးကို ဦးစားပေးရသဖြင့် သတ်ပုံတွေ၊ သဒ္ဒါစည်းကမ်းတွေကို ချိုးဖောက်နိုင်သည် ဆိုသော အထူးအခွင့် အရေးဖြစ်၏။ အစပိုင်းတွင် ကဗျာနှင့်သာဆိုင်သော်လည်း နောက်ပိုင်းကျတော့ တခြားရသစာပေအမျိုးအစားတွေကပါ ထိုအခွင့်အရေးကို ရပိုင်ခွင့်ရှိသည်ဟု ယူဆလာကြသည်။
တစ်ခုရှိတာက 'ပိုအက်တစ်လိုင်စင်'ဆိုသည်မှာ တကယ်လိုအပ်မှ သုံးရခြင်းဖြစ်၏။ နေရာတကာ သဘောရှိသုံးပြန်လျှင်လည်း လိုင်စင်ဆိုသောစကား၏အနက်ပွားဖြစ်သော 'လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း'ဖြစ်သွားတတ်သည်။
ကျွန်တော်တို့လို ရသစာပေရေးသူများ တစ်ခါတစ်ခါ ကြုံရသောပြဿနာမှာ ခံစားမှုဘက်သို့ အလေးကဲမိသောအခါ မြန်မာစာရေးထုံးကို ချိုးဖျက်သလိုဖြစ်သွားပြီး သတ်ပုံတို့၊ သဒ္ဒါစည်းကမ်းတို့ကို အတိအကျလိုက်နာပြန်တော့ ရသဘက်မှာ အားနည်းပေါ့ပျက်သွားရခြင်းပင်ဖြစ်၏။
မြန်မာစာရေးထုံးနှင့်ပတ်သက်ပြီး ဆရာကြပ်ကလေးရေးခဲ့ဖူးသည့်စာတစ်ပုဒ်ထဲမှ အကြောင်းကလေးကို သွားသတိရမိ၏။ တချို့က စာရေးရာမှာ အတိုကောက်သိပ်ကြိုက်သည်။ 'သည်'ကို 'သှ်'ဟု ရေးသည်။ 'လည်းကောင်း'ကို '၎င်း'ဟု ရေးသည်။ ထို့အတူ 'ရရစ်'ဆိုသည်မှာ 'ရ'ကိုရစ်ထားခြင်းဖြစ်သည်ဆိုပြီး 'ဆရာ'ကို 'ဆြာ'ဟု ရေးသည်။ ဒါဆိုလျှင် တရားသူကြီးကိုလည်း 'တြားသူကြီး'ဟု ရေးရလိမ့်မည်။
ထို့အတူ ဆရာက ဝါကျတစ်ခုကို နမူနာပြပြီး သရော်ထားသည်။
'ဆရာကြပ်ကလေး၏အိမ်သို့သွားလည်းရာ ဆရာ ခရီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'
အထက်ပါဝါကျကို အတိုကောက်ရေးထုံးနှင့် ပြန်ရေးလျှင်...
'ဆြာကြပ်ကလေး၏အိမ်သို့သွားလည်ရာ ဆြာခြီးထွက်နေသဖြင့် မတွေ့ခဲ့ရပါ'ဟူ၍ဖြစ်သွားရလေသည်။
(သောကြာစာစောင် အယ်ဒီတာချုပ်ဆရာကြီးအီကြာကွေးသည်လည်း စာပေဟောပြောပွဲ စူပါစတားဖြစ်သောကြောင့် စာဆိုတော်ရာသီရောက်လျှင် မကြာခဏ ခရီးထွက်တတ်ကြောင်းကို ဒီစာရေးရင်း သတိရမိပါသေးသည်။)
--------
မင်းလူ
No comments:
Post a Comment