May 25, 2018

ညဥ့်ငှက်

"ညဉ့်ငှက်"

နင်မလိုချင်တဲ့ညကို ပစ်ထားခဲ့ပါဟာ
ဘဝမှာ အသံသာတဲ့ သီချင်းတိုင်း
သီချင်းစစ်စစ်… ဖြစ်ချင်မှ ဖြစ်တာ
မီးကကြိုးနားမှာ အသပြာတီးတိုင်းကရအောင်
မင်းက ..ပိုးဖလံလား…
ညကြိုးရုပ်ရေ…ညကြိုးရှုပ်ရင်
ဖြုတ်ရ ခက်သကွယ့်
မင့်ဘဝဆိုတာ
ဆီသည်မ လက်သုပ်ပဝါလောက်မှ
တန်ဖိုးတစ်ခုကိန်းဝပ်နေပါရဲ့လား
မီးစက်ဝိုင်းမှာ ကတဲ့ကြိုး
မီးခိုးတွေနဲ့ ညစ်ထေး
စက်ဝိုင်းတစ်ခုထဲက ပြေးလမ်း
ပန်းတိုင်မရှိဘူး ငှက်ကလေး….
အဝေး… ပြေးထွက်လိုက်စမ်းပါ
ပြင်ပမှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ပြီး
ကြည်ပြာရောင် တိမ်တိုက်တွေထဲက
ထွက်ကျလာမယ့် အိပ်မက်သစ်ပျိုးစေ့လေး
နေခြည် နွေးနွေးနဲ့ မွေးဖွားလိုက်ပေါ့
မီးရောင်စုံကြားက ပြေးထွက်ပြီး
လရောင်ကို ချစ်တတ်ပါ
မြေကမ္ဘာမှာ
မင်းဟာ….
အဖျော်ဖြေခံ စက်ရုပ်တစ်ရုပ် မဟုတ်ဘူး
ကမ္ဘာမြေအတွက် မင်းဟာ
တန်ဖိုးအရှိဆုံး
သားသည် မိခင်တစ်ယောက်ပါ ငှက်ကလေး။    ။

လင်းသျှီလ(မြစ်ခြေ)
ရတီမဂ္ဂဇင်း

No comments:

Post a Comment