Mar 22, 2017

သက်ပြင်း

သက်ပြင်း

ခဏခဏ လျှောက် ရလွန်းလို့
တချို့ခလုတ်ကန်သင်းတွေဆို
ခြေဖဝါးကတောင် အလွတ်ရနေပြီ။
သန်းခေါင်ယံထက်
ညဥ့်မနက်ဘူးဆိုပေမဲ့
မှောင်တာကတော့ မှောင်တာပါပဲ။
ဘယ်တော့မှလည်း
နေသားကျမယ်မထင်ပါဘူး။
ဒါပေမဲ့
ဘဝဆိုတာကြီးကိုက
အဲဒီလို နေသားမကျခြင်းတွေကိုပဲ
နေသားကျအောင် ကြိုးစားရင်း…
အဲဒီလို ထပ်တူမကျခြင်းတွေကိုပဲ
ထပ်တူကျအောင်ကြိုးစားရင်း…
အဲဒီလို အဆင်မပြေခြင်းတွေကိုပဲ
အဆင်ပြေအောင် ကြိုးစားရင်း
လုံးချာလည်
နေထိုင်သွားရတာဆိုတော့လည်း……။
                
               ငွေဇင်ယော်ဦး( မိုးကုတ်)

No comments:

Post a Comment