Mar 22, 2017

အိမ်ငတ်နေဆဲ အိပ်မက်တွေ

“အိမ်ငတ်နေဆဲ အိပ်မက်တွေ”

"ဒိုင်း ဒိုင်း ဒိုင်း ဖိုးအောင် မင်းကိုထိသွာပြီ။ငါပစ်လိုက်တဲ့ကျည်ဆံက မင်းခြေထောက်ကို ထိသွားပြီ။မင်းသေပြီ"

တစ်ဖက်အဖွဲ့မှ တာတီး၏ အော်သံအဆုံးမှာတော့ ပုန်းအောင်နေရာ ချုံပုတ်ကလေးအတွင်းမှ သူထွက်ပေးလိုက်ရ
သည်။မထွက်ပေးလို့လည်း မဖြစ်ပေ။အခုရက်ပိုင်း လူကြီးများ၏ စကားဝိုင်းများဆီမှ မကြာခဏ ကြားနေခဲ့ရသ
ည့် စစ်ပွဲဆိုတာကြီးတွေမှာ ခြေထောက်လေးတစ်ဖက်ကို သေနတ်ထိသွားရုံ လက်ကလေးတစ်ဖက်ကို သေနတ်
မှန်သွားရုံမျှနှင့်အသက်ပါ သေဆုံးသွားနိုင်သည်လား ဆိုတာကို သူသေသေချာချာ မသိပေမယ့် ယခု သူတို့ကစား
နေခဲ့ကြသည့် စစ်တိုက်တမ်း ကစားနည်းမှာတော့ တစ်ဖက်ရန်သူမှ ဟစ်အော်ပစ်ခတ်လိုက်သည့် ပါးစပ်ကျည်ဆ
န်သည် တစ်စွန်းတစ်စ ထွက်ပေါ်နေသည့် သူတို့၏ မည်သည့်ခန္တာကိုယ် အစိတ်အပိုင်းတို့ကို ထိမှန်သွားခဲ့သည် ဖြစ်
စေ ထိမှန်ခံလိုက်ရသူသည် ငြင်းဆန်ခွင့်မရှိ သေဆုံးပေးလိုက်ရမည်သာဖြစ်သည်။
ထို့အတူပင် သေနတ်ထိမှန်သေဆုံးသွားပြီဟု ကစားဖော်များ၏ သတ်မှတ်ခြင်းကို ခံလိုက်ရသည့် သူမှာလည်း
လက်ရှိဆော့ကစားနေကြသည့် ကစားပွဲအတွင်းမှ ထွက်ခွာပေးလိုက်ရမည်ဖြစ်ကာ နောက်ထပ်ကစားပွဲအသစ်
တစ်ခု ပြန်လည်ကာမစတင်သေးသမျှ ကာလပတ်လုံး ကစားပွဲအတွင်းသို့ ပြန်လည်ပါဝင် ဆော့ကစားနိုင်ခွင့်အား
ရရှိနိုင်တော့မည် မဟုတ်ပေ။
အမှန်အတိုင်းသာ ဝန်ခံရမည်ဆိုလျှင်တော့  သူငယ်ချင်းအများစု၏ ဆန္ဒကြောင့်သာ ယခုဆော့ကစားနေကြပါေ
သာ စစ်တိုက်တမ်းကစားနည်းအား ဝင်ရောက်ကာ ဆော့ကစားနေခဲ့ရပေမယ့် သူစိတ်ထဲမှာတော့ ပျှော်ရွှင်ခြင်း
တို့က အနည်းငယ်လောက်မျှပင် ရှိမနေခဲ့ကြပေ။အဘယ်ကြောင့် ဆိုပါမူ သူတို့ ထိုကစားနည်းအား ဆော့ကစား
ကြသည့် အခါတိုင်း ထိုသို့ မကစားကြဖို့ အမြဲလိုလိုပင် တောင်းတောင်းပန်ပန် တားမြစ်တတ်သည့် သူတို့၏ ဆရ
ာမလေးသာသူတို့ထိုသို့ဆော့ကစားနေကြခြင်းကိုသိရှိမြင်တွေ့သွားခဲ့လျှင်ဆိုသည့်အသိကသူ့စိတ်တွင်အချိန်ပြ
ည့် ကြီးစိုးမင်းမူလို့ နေနေခဲ့သည် မဟုတ်ပါလား။

                                                                      [ ၂ ]
"တဒိုင်းဒိုင်း တဝုန်းဝုန်း"
မြည်ဟီးလျှက် မနက်ကတည်းက ကြားနေခဲ့ရသည့် အသံများက ယခုအချိန်ထိတိုင်အောင် ရပ်မသွားကြသေးပေ

"တိုက်ပွဲက တော်တော်ပြင်းထန်နေပုံရတယ်"
ဟု အသံများနှင့် မီးခိုးလုံးကြီးများ ထွက်ပေါ်လာနေခဲ့ရာဘက်သို့ မှန်းမျှော်ကြည့်နေခဲ့ရင်းမှ အဖေကဆိုတော့
"'ကျွန်မတို့ရွာဘက်ကိုများ ရောက်လာနေကြဦးမှာလား"
ဟု အမေက ရွာဘက်သို့ ရောက်ရှိလာမှာကို စိုးရွံ့နေသလိုလိုမျိုး ပြန်၍ဆိုသည်။တကယ်တော့ အမေစိုးရိမ်နေမိ
မည် ဆိုလျှင်လည်း စိုးရိမ်စရာပင်။ ယခု ပစ်ကြ၊ခတ်ကြ တိုက်ပွဲဖြစ်နေကြပါသ
ည် ဆိုသောနေရာသည် သူတို့၏ ရွာကလေးနှင့် အလွန်းအမင်းနီးကပ်နေခဲ့ခြင်း မရှိသော်လည်း အလွန်အမင်း
ဝေးကွာနေခဲ့ခြင်းမျိုးတော့လည်း မဟုတ်ပြန်ပေ။လာချင်လျှင် အနီးကလေးဆိုသည့် စကားလိုပင် ထိုတိုက်ပွဲသ
ည် သူတို့နေထိုင်ရာ ရွာကလေးဆီသို့လည်း အချိန်မရွေး ကူးပြောင်းရောက်ရှိလာနိုင်သည် မဟုတ်ပါလား။
တကယ်ဆိုလျှင်တော့ သူလည်းအမေစိုးရိမ်နေသလိုမျိုး စိုးရိမ်နေခဲ့မိပါသည်။စိုးရိမ်မိနေခဲ့သည်မှ အကယ်၍များ
စစ်ပွဲကြီးသာ သူတို့ရွာကလေးဆီသို့ ကူးစက်ရောက်ရှိလာခဲ့မည် ဆိုပါက သူတို့မိသားစု မည်သည့်နေရာသို့
သွားရောက် ပုန်းအောင်းနေရပါမည်လည်းဟု တွေးတောနေမိခဲ့သည်အထိ စိုးရိမ်နေမိခဲ့ခြင်း ဖြစ်ပါသည်။သူင
ယ်ချင်းများနှင့် စစ်တိုက်တမ်း ကစားကြသည့် အခါတိုင်း သူ ပုန်းအောင်းနေကြ ချုံပုတ်လေးဆီသို့ အမေနှင့်အဖေ
အား ခေါ်ဆောင်ကာ သွားရောက်ပုန်းအောင်နေရလျှင် ကောင်းမည်ဟု တွေးမိလိုက်သေးပေမယ့် သူတစ်ယော
က်တည်းအတွက်ကိုပင် လုံခြုံအောင် စွမ်းဆောင်မပေးနိုင်ခဲ့သည့် ချုံပုတ်ကလေးကသူတို့မိသားတစ်စုလုံးအတွ
က် မည်သည့်နည်းနှင့်မျှ လုံခြုံအောင် ကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ဆိုတာကိုတော့ဖြင့် သူသေချာစွာပင် သိ
နေခဲ့ပါသည်။
"အဲဒီ့စစ်ပွဲကြီးက ကျွန်တော်တို့ရွာဘက်ကို ရောက်လာမှာလားအဖေ။ရောက်လာရင်ကော ကျွန်တော်တို့်က
ဘယ်မှာသွားပုန်းနေကြမှာလဲ"
ဟု စိုးရိမ်စိတ်တို့ဖြင့် မမျိုသိပ်နိုင်တော့စွာ သူဖွင့်ထုတ်မေးတော့ အဖေ့ဆီမှ ပထမဦးစွာ သက်ပျင်းချသံ သဲ့သဲ့အား
ကြားလိုက်ရသည်။။ထို့နောက်မှာမှ
"အဲဒီ့တိုက်ပွဲကဒီကိုရောက်လာခဲ့ရင် မဟုတ်ဘူးငါ့သား။အဲဒီ့တိုက်ပွဲက မကြာခင် အဖေတို့ရွာဘက်ကို ရောက်ကို
ရောက်လာတော့မှာ။ရောက်လာခဲ့ရင် ဒီရွာကလေးမှာ အဖေတို့တတွေ ပုန်းနေကြလို့လည်း လွတ်မှာမဟုတ်ဘူး
ငါ့သား။အဲဒါကြောင့် တိုက်ပွဲက အဖေတို့ရွာကို ရောက်မလာခင် အဖေတို့ ဒီရွာကလေးကနေ အခုပဲ ရှောင်ထွက်
သွားကြရတော့မယ် ငါ့သား"
ဟု အဖေက သူ့ဆံပင်တို့ကို သူ၏ိံကြမ်းရှနေသည့် လက်ကြီးများဖြင့် ခပ်ကြမ်းကြမ်း ထိုးဖွလိုက်ရင်းမှ လေးတွဲ့စွာ
ဖြင့် ပြန်၍ဆိုသည်။အမေ့ကို ကြည့်လိုက်မိပြန်တော့ သူနှင့်အဖေတို့ ပြောဆိုနေခဲ့ကြသည့် စကားတို့ကို ကြားမေ
နခဲ့သည့်အလား စိမ်းစိုစပြုနေပြီဖြစ်သည့် သူတို့၏ ယာခင်းကလေးများကိုသာ ငေးမောကြည့်ရှုနေလေ၏။
                                                                         [ ၃ ]
"အိမ်ပြန်ချင်ပြီအဖေ။ကျွန်တော်တို့ အိမ်ကလေးဆီကို ပြန်လို့မရသေးဘူးလားအဖေ"
"ပြန်ရမှာပေါ့ သားရယ်။ပြန်ကြရတော့မှာပါ။စစ်ပွဲတွေမရှိတော့တဲ့ တစ်နေ့ သေနတ်သံတွေ ဆိတ်သုဉ်းပြီး ငြိမ်းချ
မ်းရေး ရသွားကြတဲ့တစ်နေ့ အဖေတို့အိမ်လေးဆီကို အဖေတို့ပြန်ခွင့်ရကြမှာပေါ့ သားရယ်"
ဟု လက်ထဲ၌ ကိုင်ထားသော ရေဒီယိုလေးအား ဘေးသို့ချလိုက်ရင်းမှ မိုင်းပေါင်းများစွာ မနေမနားပြေးလွှားခဲ့ရ
သူ တစ်ယောက်၏ မောပန်းနွမ်းနယ်နေပုံမျိုးဖြင့် အဖေကဖြေသည်။
"သေနတ်သံတွေ မကြားရတော့ရင် ကျွန်တော်တို့ အိမ်ကလေးရှိတဲ့ဆီကို ကျွန်တော်တို့ တကယ်ပြန်ကြရမှာလား
အဖေ။ပြီးတော့ ငြိမ်းချမ်းရေးကကော ဘယ်တော့ရမှာလဲ။ဘယ်သူတွေက ပေးမှရမှာလဲ။ဘယ်သူတွေဆီမှာ သွ
ားပြီးတောင်းရမှာလည်းအဖေ"
ဟု လဲ ပေါင်းများစွာ သိချင်စိတ်တို့ ပြင်းပြလွန်းစွာဖြင့် မနားတမ်း သူထပ်မေးမိတော့
"ဟဲ့ဟိုကောင်လေးအဖေ့ကိုစိတ်ညစ်အောင်ဘာတွေလျှောက်မေးနေတာလဲ ဒီနားကိုလာနေစမ်း"
ဟု အမေ့က အကြည့်စူးစူးတစ်ချက်အား သူ့ထံသို့ ပို့လွှတ်လိုက်ပါရင်း   သူမ၏ အနားသို့ လာရောက်နေရန် အ
မိန့်ပေးသည်။
သူမေးလိုက်မိသည့် မေးခွန်းတို့ကြောင့် အဖေစိတ်ညစ်သွားနိုင်ပါသလား။သူမသိပေ။သူသိသည်က စိတ်မထင်
လျှင် မထင်သလို လက်ပါ ပါလာတတ်သည့် အမေ့အကြောင်းကိုပင်ဖြစ်သည်။တကယ်တော့ အမေ့ကို ကြောက်
ရွံ့မိ၍သာ နှုတ်ခမ်းတွေကို တင်းတင်းစေ့ပိတ်ကာ ငြိမ်သက်နေလိုက်ရပေမယ့် သူ့စိတ်ထဲမှာတော့ ပြောပြစရာစ
ကားလုံးပေါင်း မြောက်များစွာတို့က ရှိနေခဲ့ပါသေးသည်။
သူ ကျောင်းပြန်တက်ချင်နေပြီဖြစ်ကြောင်း၊လက်ကလေးကိုပိုက် ခါးကလေးကိုညွှတ်ကွေး၍ စစ်တိုက်တမ်းကစား
နည်းအား မကစားကြဖို့ အမြဲလိုလို တားမြစ်တတ်သည့် သူတို့၏ဆရာမလေးကို နှုတ်ဆက်ချင်နေမိခဲ့ပြီဖြစ်ကြော
င်း အဖေနှင့်အမေ့အား သူပြောပြချင်ပါသေးသည်။အထူးသဖြင့် ရွက်ဖျင်တဲကလေးပေါင်း မြောက်မျ
ားစွာဖြင့် ဖွဲ့စည်းထားသည့် သည် ဒုက္ဓသည်စခန်းဟု အမည်ရှိသည့် နေရာဆီသို့ သူတို့မိသားစု စတင်ရောက်ရှိခဲ့
သည့် နေ့ကစလို့ ယနေ့အချိန်ထိ သူတစ်စက်ကလေးမှ မပျှော်ရွှင်ခဲ့ကြောင်း အဖေနှင့် အမေသိအောင် ပြောပြချင်
နေခဲ့မိသေးသည် မဟုတ်ပါလား။
                                                                               [ ၄ ]
"သား သိပ်ပြန်ချင်နေတဲ့ အဖေတို့ရဲ့ အိမ်ကလေးဆီကို အဖေတို့ ဒီနေ့ပဲ ပြန်လို့ရပြီ ငါ့သား"
ဆိုသည့် အဖေ့၏ စကားအဆုံးမှာတော့ သူ့နားကိုပင်  သူမယုံနိုင်အောင် ဖြစ်သွားမိသည်။
"အဖေ တကယ်ပြောနေတာလား အဖေ"
ဟု မယုံဝံ့ မယုံရဲသလို သူထပ်မေးတော့
"တကယ်ပြောတာပေါ့ သားရယ် အပစ်အခတ်တွေလဲ ရပ်စဲလိုက်ကြပြီ။ငြိမ်းချမ်းရေးစာချုပ်ကြီးမှာလည်း သူတို့တ
တွေ လက်မှတ်တွေ ကိုယ်စီ ကိုယ်စီ ထိုးလိုက်ကြပြီတဲ့။အခုပဲ အဖေ့ရေဒီယိုလေးထဲကနေ ကြေငြာသွားပြီ။နော
က်ဆိုရင် သေနတ်သံတွေ တိုက်ပွဲတွေကို ဘယ်တော့မှ အဖေတို့ မြင်ရ ကြားကြရတော့မှ မဟုတ်ဘူး။အဲဒါကြေ
ာင့် အခုပဲ အဖေတို့အိမ်ကလေးဆီကို အဖေတို့ ပြန်ကြရတော့မှာကွ။ဟိုမှာကြည့်ပါလား မင်းအမေတောင်မှ အ
ထုပ်အပိုးတွေ ပြင်ဆင်နေပြီ"
ဟု အဖေက ပျှော်ရွှင်မြူးထူးနေပုံဖြင့် ပြန်၍ဖြေသည်။
"ဒါဆိုကျွန်တော်တို့အိမ်ကလေးဆီကိုတစ်ကယ်ပြန်ရတော့မှာပေါ့နော်အဖေ"
ဟုပျော်ရွှင်စွာသူထပ်မေးတော့
"ဒါပေါ့သားရယ် အမေတို့တကယ်ပြန်ကြရတော့မှာပေါ့"
ဟု ဟိုးယခင်က အဖေ့အား သူမေးခွန်းတွေမေးတိုင်း အမြဲလိုလို ဝင်ရောက်တားမြစ်တတ်သည့် အမေက အထုပ်
အပိုးတို့အား ပြင်ဆင်ထုပ်ပိုးနေခဲ့ရာမှ အဖေကိုယ်စား ဝင်ရောက်ဖြေဆိုသည်။ပျော်ရွှင်လွန်းနေခဲ့ကြောင်း ဖြစ်မ
ည်ထင်၏။သူ့ရင်သည် လှိုက်၍ လှိုက်၍ ခုန်နေ၏။
                                                                              [ ၅ ]
ရုတ်တရက် အိပ်မက်ကနေ လန့်နိုးတော့ ချွေးတို့ဖြင့် သူ့တကိုယ်လုံး ရွှဲနစ်၍နေသည်။သူ့ရင်သည် လှိုက်၍ လှိုက်
၍ ခုန်နေသေးခဲ့သော်လည်း သူ့အနီးအနား၌မူ အိပ်မက်ထဲကလို သူမေးသမျှ ပြုံးရွှင်ရယ်မောစွာ ပြေးပေးနေသ
ည့် အဖေရှိမနေခဲ့သလို အထုပ်အပိုးတို့အား တက်ကြွရွှင်လန်းစွာ ပြင်ဆင်ထုပ်ပိုးနေခဲ့သည့် အမေလည်းရှိမနေ
ခဲ့ပေ။
သို့ပါသော်လည်း အဖေသည်  ယခုသူအိပ်စက်နေခဲ့ရာ ရွှေ့ပြောင်းရွက်ဖျင်တဲကလေး၏ အပြင်ဘက်တစ်နေရာ
ရာ၌ သူ့လက်ဆွဲတော် ရေဒီယိုလေး၏ ချန်နယ်လိုင်းတို့အား လွန်ခဲ့သော နှစ်များစွာအတိုင်း ချိန်ညှိနေလိမ့်မည်
ဖြစ်သလို  အမေသည်လည် အဖေ့၏ မနီးမဝေးတစ်နေရာ၌ တစ်စုံတစ်ခုခုအား တွေးတောငေးမှိုင်ကာ ထိုင်နေလိမ့်
မည်ဖြစ်ကြောင်း သူကောင်းစွာ သိရှိနေပါသည်။ထိုအတူပင် များမကြာခင် တစ်နေ့နေ့၌ သူဆယ်စုနှစ်တစ်ခုနီးပါ
း မက်နေခဲ့ရသည့် အိပ်မက်ကလေးများ အမှန်တကယ်သက်ဝင်လှုပ်ရှားလာလိမ့်မည်ဟု၍လည်း သူ ယုံကြည်နေခဲ့မိပါတော့သည်။  ။
                                                                                                                                                                                                                                            မင်းည

အတွဲ ၁ အမှတ် ၂ နေခြည်ကျောင်းမဂ္ဂဇင်း။

No comments:

Post a Comment