"နောင်တ"
ကျွန်တော့်ရဲ့ ဆံသနဲ့ဖန်စီတွဲဖွင့်ထားတဲ့ ဆိုင်လေးဟာ ကျွန်တော်တို့မြို့ရဲ့ အစည်ကားဆုံးနေရာတစ်ခုဖြစ်တဲ့ မြို့မဈေးကြီးနဲ့ အနီးဆုံး
နေရာမှာ တည်ရှိသလိုကျွန်တော်တို့မြို့ရဲ့ကျက်သရေဆောင်လည်းဖြစ် ကမ္ဘာကျော်အထင်ကရစေတီတော်ကြီး
တစ်ဆူလည်းဖြစ်တဲ့ (………) စေတီတော်ကြီးနဲ့လည်း မနီးလွန်း၊မဝေးလွန်းတဲ့ နေရာမှာတည်ရှိပါတယ်။အဲ
ဒါကြောင့် ကျွန်တော့်ဆိုင်လေးရဲ့ အနီးတဝိုက် ပါတ်ဝန်းကျင်ဟာ ဈေးရောင်း၊ဈေးဝယ်သူတွေ၊အနယ်နယ်အရပ်ရ
ပ်က ဘုရားဖူးလာရောက်ကြသူတွေနဲ့ အမြဲလိုလိုပဲ စည်ကားနေတတ်ပါတယ်။အဲဒီ့လိုပါပဲ လူများပြီးစည်ကားတ
တ်တဲ့ နေရာတွေရဲ့ ထုံးစံအတိုင်း တစ်နေ့တစ်နေ့မြင်နေကြရတဲ့ မြင်ကွင်းတွေကလည်း တစ်ရက်နဲ့တစ်ရက် ထ
ပ်မသွားရအောင်ကို စုံလင်လှပါတယ်။ကြားကြရတဲ့ သတင်းတွေက တစ်နေ့နဲ့တစ်နေ့ ရိုးမသွားရအောင်ကို စုံလ
င်လှပါတယ်။အဲဒီ့လိုပါပဲ လူစည်ကားရာနေရာတွေမှာ နေထိုင်သူတွေကြုံရတတ်တဲ့ ထုံးစံအတိုင်း အစဉ်လာမပျ
က် လာရောက်တောင်းရမ်းအလှုခံသူတွေရဲ့ ဒဏ်ကိုလည်းခံကြရပါတယ်။တကယ်တော့ ကျွန်တော်သုံးနှုန်းလို
က်တဲ့ ဒဏ်ဆိုတဲ့အသုံးအနှုန်းဟာ အဲဒီ့ဒဏ်ကို မခံရဘူးသူတွေအတွက် အမြင်လွဲကောင်းလွဲသွား နိုင်စရာအ
ကြောင်းရှိပေမယ့် တစ်နေ့ထက်တစ်နေ့ များသထက်များလာတဲ့ အဲဒီ့အလှုခံပုဂ္ဂိုလ်(ဒီနေရာမှာ အလှုခံဆိုတဲ့အ
သုံးအနှုန်းဟာ အဖွဲ့အစည်းတစ်ခုခု၊လူအများအကျိုးအတွက်ဆောင်ရွက်နေသူတွေကို ဆိုလိုခြင်းမဟုတ်ကြောင်
းကိုတော့သိစေချင်ပါတယ်)တွေရဲ့ ဒဏ်ကို နဖူးတွေ့၊ဒူးတွေ့ ကြုံတွေ့ဘူးတဲ့ သူတွေကတော့ ကိုယ်ချင်းစာ နားလ
ည်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
အမှန်အတိုင်းသာ ဝန်ခံရမယ်ဆိုရင်တော့ အမှန်တကယ်အကူအညီလိုအပ်နေသူတိုင်းကို မလွတ်တန်း
ကူညီပေးလှုချင်ပေမယ့် အဲဒီ့လို လှုဒါန်းနိုင်တဲ့ ဝင်ေ
ငွမျိုး ကျွန်တော်ဆီမှာ မရှိပါဘူး။အဲဒါ့ကြောင့် မနက်မိုးလင်းလို့ ဆိုင်စဖွင့်ပြီဆိုတာနဲ့ မနေ့က လက်ကျန်ငွေကို တွ
က်ချက်ပြီးဒီနေ့အလှုခံထည့်လှုမယ်ငွေတစ်ခုကိုကျွန်တော်သတ်မှတ်ပါတယ်။(အဲဒီ့ငွေအမောက်ဟာတစ်ခါတေ
လ တစ်ထောင်ဖြစ်တတ်ပေမယ့် များသောအားဖြင့်တော့ ငါးရာသာဖြစ်ပါတယ်။)င်္ပြးတော့ အလှုခံသူတစ်ဦးကို
တစ်ရာနှုန်းထားနဲ့ ပထမဦးဆုံးရောက်လာသူအလှုခံ ငါးဦးကို ပေးလှုပါတယ်။
ကျွန်တော့် သတ်မှတ်ထားတဲ့ ငွေတစ်ရပ်ကို (ဒီနေရာမှ ကျွန်တော်က တကယ်လုပ်ကိုင်စားသောက်ဖို့ခက်ခဲ့တဲ့
သူတွေကိုသာ ရွေးချယ်လှုဒါန်းဖြစ်ကြောင်း ဝန်ခံလိုပါတယ်) ပေးလှုပြီးတဲ့နောက် မည်သည့်အချိ
န်မှာ ကုန်သွားသည်ဖြစ်စေ ကျွန်တော်ရဲ့အလှုခံထည့်ဝင်မှုကို ရပ်လိုက်ပြီး နောက်ထပ်ဘယ်လို အလှုခံမျိုးပဲလာ
လာ ကျွန်တော်ခေါင်းရမ်းပါတယ် လက်ခါပါတယ် အကြွေမရှိလို့ပါလို့ပြောပြီး ထပ်မံမလှုဒါန်းလေ့မရှိတော့
ပါဘူး။ဒါဟာ ကျွန်တော်တတ်နိုင်တဲ့ဘက်က ထမ်းထားတဲ့ ကျွန်တော့်ရဲ့ နေ့စဉ်လှုဒါန်းမှုပုံစံအမှန်ပဲ ဖြစ်လို့ ကျွန်ေ
တာ့်ကိုယ်ကျွန်တော်လည်း လိပ်ပြာသန့်ခဲ့ပါတယ်။ဒါပေမယ့် အဲဒီ့နေ့ကတော့
………………………………………
မှတ်မှတ်ရရ အဲဒီ့နေ့ဟာ အများပြည်သူရုံးပိတ်ရက်တစ်ရက်ဖြစ်ပါတယ်။အများပြည်သူရုံးပိတ်ရက်တွေမှာမှ လူဝ
င်ပိုများတတ်တဲ့ ဆံသဆိုင်တွေရဲ့ထုံးစံအတိုင်း အဲဒီ့နေ့က ကျွန်တော့်ဆိုင်လေးမှာ ဆံသမယ့်သူတွေနဲ့များပြား ပြ
ည့်ကျပ်နေခဲ့ပါတယ်။အဲဒီ့လိုပါပဲ ကျွန်တော့်ဆိုင်ရှေ့လမ်းမတစ်လျှောက်မှာလည်း ရပ်ဝေးရပ်နီးက ဘုရားဖူးလာ
တဲ့သူတွေ ဈေးဝယ်လာတဲ့သူတွေနဲ့ ဘုရားဖူးလာသူတွေကို ဟစ်အော်ဆွဲဆောင်ရောင်းချနေကြတဲ့ ဘုရားပန်း
သယ်တွေရဲ့အသံတွေနဲ့ ပျားပန်းခပ်လို့ ဆိုရလောက်အောင် စည်ကားဆူညံနေခဲ့ပါတယ်။တကယ်တော့ လူများ
ပြားစည်းကားတတ်တဲ့နေရာတွေ လုပ်ကိုင်စားသောက်ရတာဟာလည်း သိပ်တော့မလွယ်လှပါဘူး။မျက်စိရှုပ်
ပါတယ်။နားရှုပ်ပါတယ်။ပြီးတော့ မျက်စိလည်းလျှင်ရပါတယ်။အထူးသဖြင့်အခုလို လူစည်ကားများပြားတတ်
တဲ့နေ့တွေမှာ ပိုပြီးသတိကြီးကြီးထားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုနေ့မျိုးတွေမှာ အချောင်သမား အ
လစ်သမားတွေရောနှောပါလာတတ်လို့ပါပဲ။ဒါပေမယ့်ဘယ်လောက်ပဲသိတိထားထားဘယ်လောက်ပဲမျက်စိလျှင်
အေ
ာင်နေနေ ဆံသဆရာလည်းကျွန်တော် ဈေးရောင်းသူလည်း ကျွန်တော်တစ်ယောက်ထဲသာရှိတဲ့ ဆိုင်လေးအတွ
က်တော့ အဲဒီ့လိုနေရက်တွေမှာ ဆိုင်ကပစ္စည်းလေးတွေထဲက တစ်ခုမဟုတ်တစ်ခုပါသွားတတ်တာပါပဲ။အဲဒီ့
နေ့ကလည်း သတိကြီးကြီးထားနေရဲ့နဲ့ ဖန်စီလက်ပတ်လေးတစ်ခုပျောက်ရှသွားကြောင်းကို ဆိုင်မှာလူပါးသွား
ပြီးတဲ့ ကျွန်တော်စစ်ဆေးတွေ့ရှိခဲ့ပါတယ်။တန်ဖိုးအားဖြင့် ဘယ်လောက်မှ မများပေမယ့်လည်း ကျွန်တော့်စိတ်ထဲ
မခံချိမခံသာနဲ့ ဒေါသတော်တော်ထွက်နေခဲ့မိပါတယ်။ဘယ်လောက်ထိအောင် ဒေါသထွက်နေမိခဲ့သလည်းဆိုရ
င် ပါးစပ်ကနေ ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေကို တရပ်စပ်ပြောဆိုနေမိတဲ့အထိကို ဒေါသအမျက်ထွက်
နေမိခဲ့ပါတယ်။အဲဒီအချိန်မှာပဲ
"အလှုခံပါတယ်ခင်ဗျာ"
ဆိုတဲ့ အသံနဲ့အတူ ကျွန်တော့်ဆိုင်ရှေ့ကို လူနှစ်ယောက်လာရပ်တာကို တွေ့လိုက်ရပါတယ်။အမှန်အတိုင်းဝန်ခံ
ရရင် အဲဒီ့လူနှစ်ယောက်ထဲက တစ်ယောက်ရဲ့မျက်နာပေါ်မှာ နေကာမျက်မှန်အမည်းကြီးတပ်ထားတာကလွဲရင်
အဲဒီ့လူနှစ်ယောက်စလုံးဆီမှာာ အလှုခံတောင်းရမ်းစားသောက်ရလောင်အောင် ချို့ယွင်းနေတဲ့ ချို့ယွင်းချက် အား
နည်းချက် တစ်စုံတစ်ရာကိုမှ ကျွန်တော် ရှာဖွေမရခဲ့ဘူး။အလှုခံ
ဆိုပေမယ့်လည်း ရေသာခိုအချောင်လိုက်နေမှန်းသိသိကြီးနဲ့တော့ အဆိပ်ပင်ကိုရေလောင်းလိုစိတ်ကတော့ ကျွ
န်တော်မှာလုံးဝမရှိပါဘူး။အဲဒါကြောင့် အလှုခံထဲ့ဝင်ဖို့ရွယ်စူးထားတဲ့ ငွေထဲမှာ နောက်ထပ်နှစ်ဦးစာ ပေးလှုဖို့ငွေ
ကျန်နေခဲ့သေးမယ့် လက်ကိုခါပြလိုက်ရင်းက
"အကြွေမရှိသေးလိုပါဗျာ"လို့ မုသားပါးပါးသုံးရင်း ကျွန်တော်ငြင်းလိုက်မိတယ်။ဒီလိုအသုံးအနှုန်းကို သုံးပြီးငြင်း
လိုက်ရတာကလည်း အဲဒီ့ပုဂ္ဂိုလ်နှစ်ဦးရဲ့အသက်ဟာ ကျွန်တော့်ထက် ငယ်လိမ့်မယ်ထင်တာကြောင့်ရယ် အများ
တကာ သုံးနှုန်းနေကြသလို "ကန်တော့ပါသေးရဲ့"ဆိုတဲ့စကားကို သုံနှုန်းဖို့ မဝံ့လို့လည်းဖြစ်ပါတယ်။(အဲဒီ့အသုံး
မျိုးကို အဲဒီ့လိုလူတွေအတွက်လည်း ဘယ်တုန်းကမှ ကျွန်တော်သုံးနှုန်းခဲ့ခြင်း မရှိခဲ့ပါဘူး။)ဒါပေမယ့် ကျွန်တော့်စ
ကားအဆုံးမှာ ပြန်ပြောလိုက်တဲ့
"အကြွေမရှိဘူးဆိုတော့ ဘာတန်မို့လိုလဲ။တစ်ထောင်တန်လား ငါးထောင်တန်လား။ပြန်အမ်းပေးမယ်လေ"
ဆိုတဲ့ အဲဒီ့လိုတွေရဲ့စကားကြောင်း ကျွန်တော့်ရဲ့ ထွက်လက်စဒေါသဟာ ဒီဂရီပိုမြင့်တက်သွားခဲ့ရပါတယ်။ဒါပေ
မယ့် ထပ်မံရောက်လာတဲ့ဆံသမယ့်သူတွေကြောင့်ကျွန်တော့်ဒေါသတွေကို အဲဒီ့လူနှစ်ယောက်အပေါ်မှာ
ပေါက်ကွဲပစ်လိုက်ဖို့တော့ အခွင့်အရေးမရခဲ့ပါဘူး။
ရောက်ရှိလာတဲ့ ဆံသမယ့်သူတွေကို ခရီးဦးကြိုပြုရင်း အဲဒီ့လူနှစ်ယောက်ကို ဥပေက္ခာပြုလိုက်ရပါတယ်။
အဲဒီ့နောက်တော့ ဆံလာသံတဲ့သူတွေကို ဆံသပေးလိုက် ဈေးဝယ်လာတဲ့သူတွေကို ဈေးရောင်းပေးလိုက်နဲ့ စော
စောက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ကျွန်တော်မေ့လျော့သွားခဲ့ရပါတယ်။
ဒါပေမယ့် ကံကြမ္မာက အကျီစား သန်ပုံရသလို ကျွန်တော့်ကိုလည်း အဲဒီ့တစ်နေ့လုံးအတွက် စိတ်ချမ်းသာစေချင်
ပုံမရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ညနေပိုင်း ဆိုင်ပိတ်သိမ်းဆည်းကာနီးစဲစဲမှာ ကျွန်တော့်ဘဝတစ်လျှောက်လုံး
ဘယ်တော့မှ မေ့ဖျောက်လို့မရနိုင်တော့မယ့် အဖြစ်အပျက်တစ်ခုကို ကျွန်တော့်အတွက် ဖန်တီးပြုလုပ်စေလွှတ်လို
က် ပါတော့တယ်။
…………………………
အဲဒီ့နေ့ညနေက ဆိုင်ပိတ်ကာနီး ပြုနေကြထုံးစံအတိုင်း ဆိုင်ထဲမှာရှိသမျှ မှန်တွေကို ကျွန်တော်ပွတ်တိုက်သန့်စ
င်နေခဲ့ပါတယမ်မှန်တွေကိုမှန်ကြည်ဆေးရေလေး အနည်းငယ်ဖြန်းလိုက် သတင်းစာစက္ကူနဲ့ပွတ်တိုက်လိုက်နဲ့ လုပ်နေတုန်း
ရုတ်တရက် မှန်ထဲမှာ ပေါ်လာတဲ့ပုံရိပ်အချိုကြောင့် လှည့်ကြည့်မိလိုက်တော့ အသက်ခြောက်ဆယ်နီးပါးလော
က်ရှိနွမ်းလျတဲ့အဝတ်အစားများနှင့် အဘွားအိုတစ်အိုးကို အသက်ခြောက်နှစ်နီးပါးလောက်ရှိမည့်
ကလေးငယ်တစ်ယောက်ကို လက်ဆွဲလျှက်
သားနဲ့ ဆိုင်ရှေ့မှာ တွေ့လိုက်ရပါတယ်။အမှန်အတိုင်း ဝန်ခံရရင် အဲဒီ့အချိန်မှာ ကျွန်တော်သတ်မှတ်ထားတဲ့ အ
လှုခံထည့်ဝင်ဖို့ ငွေတရပ်ဟာ ကုန်သွားခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့် ကလေးတွေကို သနားတတ်တဲ့ ကျွန်တော်ရဲ့
ထုံးစံအတိုင်း လုပ်လက်စအလုပ်တွေကို ရပ်ပြီး ပိုက်ဆံနှစ်ရာတန်တစ်ရွက်ကို မြေးအဘွားလို့ယူစရတဲ့
အဲဒီအဘွားတို့ကို ထွက်ပေးလိုက်မိပါတယ်။ဒါပေမယ့် အဲဒီနှစ်ရာတန်လေး ဟာ အဘွားရဲ့လက်ထဲကို ရောက်မ
သွားခဲ့သလို အဘွားမြေးလေးရဲ့လက်ထဲကိုလည်း ရောက်မသွားခဲ့ပါဘူး။ဘာဖြစ်လို့လည်း ဆိုတော့
"မဟုတ်ဘူး မဟုတ်ဘူး အဘွားတို့က သူတောင်းစားတွေမဟုတ်ပါဘူးကွယ်။မြေးလေးကို ဆံသပေးချင်လို့လာ
တာပါ။အဲဒါ လူလေးရဲ့ဆိုင်ကပိတ်တော့မယ့် အရိပ်အယောင်တွေ တွေ့နေလို့ ဝင်သင့်မဝင်သင့်ရပ်ပြီးစဉ်းစား
နေတာပါကွယ်"
ဆိုတဲ့ အဘွားရဲ့ ဝမ်းနည်းသွားဟန်နဲ့ အကြောက်အကန်ငြင်းလိုက်တဲ့ စကားတွေက ကျွန်တော်ရဲ့ လက်တွေ
ကို လက်ထဲမှာပဲ ရပ်တန့်သွားစေခဲ့လိုပါပဲ။ပြီးတော့ မစူးစမ်းမဆင်ချင်မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော်လည်း
အပြစ်တင်မိပါတယ်။တကယ်တော့ အဲဒီနေ့က ကျွန်တော့်ရဲ့မှားယွင်းမှုအတွက် အားနာစွာ ဝမ်းနည်းစိတ်မ
ကောင်းစွာနဲ့ အဘွားကို ထိုင်ကန်တော့ တောင်းပန်ခဲ့ပါတယ်။အဘွားကလည်း ခွင့်လွတ်နည်းလည်ပေးခဲ့ပါ
တယ်။ဒါပေမယ့် အဲဒီ့အဖြစ်အပျက်ကလေးကို ပြန်တွေးမိတိုင်းမစူးစမ်းမဆင်ချင် လူတစ်ယောက်ရဲ့အပေါ်ယံအ
သွင်အပြင်ကိုသာကြည့်ပြီး ဆုံးဖြတ်ခဲ့တဲ့ ကျွန်တော်ကိုယ်ကျွန်တော်တော့ ယခုထိတိုင်
ခွင့်လွတ်နိုင်ခြင်းမရှိသေးတာလဲ အမှန်ပင်ဖြစ်ပါတော့တယ်။
မင်းည
No comments:
Post a Comment