Mar 9, 2017

အောင်ဘညိုကဗျာများစုစည်းမှု

အောင်ဘညိုကဗျာများ စုစည်းမှုပေါင်းချုပ်( ၇၂) ပုဒ်
=============================
မြေးအဖိုး
========
.
မြေးအဖိုးနှစ်ဦ
သစ်ပင်ကို
လွှနဲ့ တဒီးဒီးတိုက်ခွဲရဲ့
အဖိုးကတွန်း
မြေးကဆွဲ
တဒီးဒီးလွှသံဟာ
မြေးအဖိုးအတွက်
သာယာဖွယ်တေးတစ်ပုဒ်ဖြစ်ရဲ့
တေးတစ်ပုဒ်ပြီးဆုံးတဲ့အခါ
မြေးက
လောကကို အောင်နိုင်သူကြီးပမာ
ထီမထင်ကြည့်လို့
အဖိုးရဲ့
ခြေနဲ့လက်တွေက
မြေကြီးကို အမြစ်တွယ်ငြိမ်သက်နေလေရဲ့။
အောင်ဘညို
****************************************************************
တံတားမဲ့လမ်း
===========
ငါဟာ
ဂျင်နရေတာလို
ပူမှလင်းရတဲ့ကောင်ပါ . . . ။
တောက်ပတဲ့နှစ်တွေခပ်များများ
ငါတို့ နှိုက်ယူနိုင်သည်ထိ
မင်းတို့မျှော်လင့်သလို
တောင့်တမိရဲ့ . . . ။
အမေဟာ
အသက်ကြီးလေ
သားတွေအတွက် ကြောင့်ကြမှုများသလို
ငါတို့ကလည်း အသက်ကြီးလေ
ငါတို့အရေပြားတွေခမ်းခြောက်သလို
မျှော်လင့်သမျှခမ်းခြောက်ခဲ့ရ . . . ။
အစာတစ်ခုအတွက်
ကျီးကန်းတွေလို
ရေကြီးသုတ်ပြာ
အသက်ရင်းပြီးထိုးသုတ်ရ . . . ။
ငါ့ဘဝကိုပြောပြဖို့
ဇာတ်ကြီးဆယ်ဘွဲ့နဲ့ မလုံလောက်တော့ဘူး။
.
အောင်ဘညို
၂ဝဝ၃
********************************************************
အို အမေ
----------------------
ငယ်ငယ်တုန်းက
မူလတန်းကျောင်းသားဘဝ
သာဓကပဲအမေ
အတန်းထဲမှာ
ပန်းချီဆွဲတဲ့အခ
စိတ်ကူးတွေလွဲ
ဘုရားပုံတူမဆွဲနဲ့တဲ့
ဘုရားနဲ့မတူ နူတတ်သတဲ့
ဒီလိုပါပဲအမေ
အမေနဲ့မတူ နူမှာမကြောက်
မတူမှာ ကြောက်လှချည့်ရဲ့ ။ ။
အောင်ဘညို
ဧကစာမီးခိုးများ – ၁၉၉၆ မှ …
*************************************************************
တံတားပေါ်က ညနေ
--------------------------------------
စီးဆင်းသွားကြ
မြစ်နဲ့ တူရဲ့
မြစ်ထက်ကောက်ကွေ့တဲ့ မြစ်ကြီး
ငါ့ကို ချန်ထားရစ်ခဲ့ကာ
စီးဆင်းသွားခဲ့ပြီ။
နေရောင်ခြည် အတက်အကျ
အရောင်မြတို့ တဖျပ်ဖျပ်ကူးပြောင်း
ခေါင်းလောင်းသံတို့ တိုးတိတ်အက်ကွဲစွာ
တီးလုံးမဲ့ကခုန်မှုနဲ့
မြစ်မ......ရူးသွပ်အြော်မည်....
တံတားပေါ်မှာ
ငါ...
ကဗျာတစ်ပုဒ်
ရွတ်ဆိုခွင့် မပြုနိုင်မီ
ကြောက်မက်ဖွယ် အလင်းရဲ့
ဆိတ်ငြိမ်မှုနဲ့ ရပ်နေတုန်း....။
ညှီစို့အနံ့တစ်ခ
အသံတူအော်သံ
ကြားမိ
ရပ်နေတုန်း
ငါ....
တံတားပေါ်မှာ ရပ်နေတုန်း...။
ငှက်တစ်အုပ်
မြစ်ပေါ်ကို တ၀ုန်းဝုန်းဖြတ်
ရပ်နေတုန်း
ငါ
တံတားပေါ်မှာ ရပ်နေတုန်း...။
နေလုံး ဆုံးပါးသွားသည်ထ
ရပ်နေတုန်း
ငါ...
တံတားပေါ်မှာ ရပ်နေတုန်း...။
ရေတိုက်စားကျောက်ဆောင်ရဲ့
တည်ငြိမ်မှုနဲ့
ရပ်နေတုန်း
ငါ.....
တံတားပေါ်မှာ ရပ်နေတုန်း....။
ခေါ်သံတစ်ခုနဲ့
ချော့မြူမှုနဲ့
တံတားပေါ်မှာ
ငါ....
ရပ်တန့်နေခဲ့ပြီ...။ ။
အောင်ဘညို
-၁၉၉၁၊စက်တင်ဘာ၊စံပယ်ဖြူ
-၁၉၉၄ဈသြဂုတ်လ၊ရုပ်ရျင်တေးကဗျာ
-၂၀၀၀၊နိုဝင်ဘာ၊ဗြူတီ
*************************************************************
အို..စနေ
-----------------------------
ငါ့ကိုယ်ငါ အထတ်တလန့်
စမ်းကြည့်မိရဲ့
ရေခဲတုံးလို အေးစက်အရည်ပျော်မလားပဲ..။
ကိုယ်သင်းနံ့လေး မပြောနဲ့
ရုပ်ေ၇ာ စိတ်ပါ ပျောက်နေတဲ့စနေ..။
ပလက်ဖောင်းပေါ်
စက်ရုပ်ဆန်ဆန်
လူတွေ လမ်းသလားကြ
စက်ရုပ်ဆန်တဲ့ ငါ့သက်ပြင်းမောကြီးလည်း
စနေရဲ့ညနေထဲ
ပေါလောမျောလို့..။
စနေဆိုတာ
ငါတို့ကို ဒဏ်ခတ်ဖို့
ရက်သတ်မှတ်ခဲ့လေသလား
သံသယပွားမိရဲ့ စနေ..။
စနေနေ့တိုင်းဟာ
ငါ့အတွက် ပြဿနားဖြစ်ခဲ့တယ်..။
ငါ့ရဲ့မောင်းနှင်းအား
ဇာတ်ကြိုးကို ဖက်ခနဲ့ ဆောင့်ဆွဲတဲ့စနေ...။
ငါ့လည်ချောင်းထဲက
ထမင်းလုတ် ကန်ထုတ်လိုက်တဲ့ စနေ..။
အို...စနေငဲ့
မိုးများလည်း မရွာနဲ့ဦး...။
အောင်ဘညို
******************************************************
အိုစမာ
°°°°°°°°°°
အောင်ဘညို
အိုစမာ...တဲ့
မင်းနာမည်ကို
ငါ...ဘယ်လိုစာလုံးပေါင်းရမလဲ
အိုစမာ...။
မုဆိုးမရဲ့ 
မျက်ရည်နဲ့  ငိုရှိုက်သံတွေကို ဘာသာပြန်ရင်
ကဘူး လို့ အသံထွက်ပါတယ်
အိုစမာ...။
မြို့ တော် ကဘူးမှာ
အာဇာနည်မင်းအဖေရဲ့ 
သွေးသားဝိညာဉ်နဲ
မင်းရဲ့  နာမည်သစ်ကို ကမ္ပည်းထိုးခဲ့လေသလား
အိုစမာ...။
' ယောက်ျားနဲ့ မိန်းမဆိုတာ
မိုးရွာပြီးစ သက်တံကြီးရဲ့ အောက်မှာ
အတူတူပါပဲ မြေးကလေးရယ်' တဲ့ 
မင်းအဘွားရဲ့  ရဲရင့်တဲ့ပုံပြင်တွေကြား
မင်းရဲ့  ကျစ်ဆံမြီးလေး
ခေါင်းစိုက်လို့ ကျသွားပါလား
အိုစမာ...။
အလှသွေးကြွစ
မိန်းကလေးတစ်ယောက်ရဲ့  ကျစ်ဆံမြီးဟာ
ပန်းပွင့်မဟုတ်ဘူးလေ အိုစမာရဲ့ 
ပန်းအိုးထဲ
မင်းထိုးစိုက်လိုက်တဲ့ 
မင်းရဲ့  ကျစ်ဆံမြီးဟာ
မင်းရေလောင်းပေါင်းသင်ရုံနဲ့ 
ပန်းတွေပွင့်ရမယ်လို့ 
မင်းမယုံကြည်ဘူးဆိုတာ
ငါယုံကြည်ပါတယ် အိုစမာ...။
မိန်းမတွေ ပညာတတ်ခွင့်မရှိတဲ့ နေရာမှာ
မင်းအဘွား လူဖြစ်ခဲ့ တယ်
မင်းအမေ လူဖြစ်ခဲ့တယ်
မင်းလူဖြစ်ခဲ့တယ
မိန်းမဆိုတာ ခေါင်းမြီးခြုံ ၊ အိမ်တွင်းပုန်းရမယ်
ယောက်ျားနဲ့ မိန်းမဆိုတာ တန်းတူအခွင့်အရေးမရှိစေရ
လူနဲ့ တိရစ္ဆာန်လောက် ကွဲပြားရမယ်လို့ 
တင်းကျပ်တဲ့ စည်းမျဉ်းတွေအကြောင်း
မင်းအမေ မုဆိုးမဟာ
မျက်ရည်တွေ ငိုရှိုက်သံတွေနဲ့ 
ဒိုင်ယာရီရေးတယ် မဟုတ်လား အိုစမာ...။
မင်းအဘွားကိုယ်စား
မင်းအမေရဲ့ ကိုယ်စား
ကဘူးမြို့ က မုဆိုးမတွေရဲ့ ကိုယ်စား
မင်းအသွင်ပြောင်းခဲ့ရတယ် မဟုတ်လား အိုစမာ...။
သက်တံကြီးရဲ့ အောက်မှာ
မင်းဘ၀က မလှရှာပါဘူး အိုစမာ...။
ကိုရမ်ကျမ်းကို အာဂုံဆောင်ဖို့ 
သင်တန်းကျောင်းတွေတက်ဖို့ 
သူတို့ မင်းကိုခေါ်ဆောင်သွားခဲ့တယ်...။
အိုစမာ...
မင်းဟာဖူးငုံစ နှင်းပန်းလေးပါ
မင်းအကြောင်း ကဗျာရေးဖို့ 
ငါ...
ခေါင်းမီးတောက်ခဲ့ပါတယ်။ ။
၂၀၀၄ ခုနှစ် အလယ်ရိုးမ ကဗျာဆု ဆုရကဗျာ
******************************************************************
မြို့စိမ်း
==========
ကျီးကန်းတွေက
မြို့စိမ်းကို ပုတ်နှိုးရဲ့......။
အသံစိမ်းတွေကို
ခုခံဖို့ ကြိုးစားနေတဲ့
ပလပ်ဖောင်စိမ်းစိမ်းတွေ......။
စကားစိမ်းတွေကို
သယ်ဆောင်လာတဲ့ လေစိမ်းတွေ........။
အင်လျားက
တိမ်တွေကို စိမ်းသွားအောင်
ဖြားယောင်းတဲ့မြို့စိမ်းပေါ့........။
မျက်လုံးစိမ်းတေ
တင်ဆောင်လာတဲ့
ဘက်(စ်)ကားစိမ်းစိမ်းတွေက
ဟွန်းသံစိမ်းစိမ်းတွေ အသံပြုရင်း
စိမ်းစိမ်ကားကား မောင်းနှင်သွားတတ်တဲ့
မြို့စိမ်း ....။
မိုးေ၇စက်စိမ်းစိမ်းတွေက
ဦးခေါင်းစိမ်းစိမ်းပေါ် ခြွေချရင်း
စမ်းကားရက်စက်တဲ့မြို့စိမ်း.....။
ပန်းခြံစိမ်းစိမ်းတွေထဲမှာ
နံရိုးစိမ်းစိမ်းတွေကို
ခုံတန်းလျားအဖြစ် ခင်းကျင်း
ဝံ့ကြွားတတ်တဲက မြို့စိမ်း.....။
ကြက်တူရွေးစိမ်းစိမ်းတွေက
မြို့စိမ်းရဲ့ရင်အုံပေါ်
သီချင်းစိမ်းတွေ သီကျူးရင်း
မာယာကြွယ်တတ်တဲ့ မြို့စိမ်း....။
မြို့စိမ်းရဲ့အစိမ်းရောင်ရေညိပေ
ငါ လမ်းလျှောက်ခဲ့ပါတယ် ။ ။
အောင်ဘညို
စတိုင်သစ်
၂၀၀၁ ၊ရာပြည့်အထူးထုတ
**************************************************
ကျွန်တော်ရဲ့နှင်းများ
------------------------
တစ်ခါတုန်းကမှ
တို့မြို့လေးပေါ်
ဒီလို
နှင်းတွေ မဆို့မဆိုင်း မညိုမှိုင်းခဲ့ဘူး ။
စေတီပုထိုးတွေပေ
ဘုရားဝတ်ကျောင်းတွေပေါ်
တီဗွီအင်တာနာတွေပေါ်
တိုက်တာအမိုးတွေအပေါ်
သစ်ပင်ထိပ်ဖျားတွေပေါ်
နောက်ဆုံး
ပလက်ဖောင်းထက်က
ဟောဒီ ဖိနပ်သည်းကြိုးလေးတွေပေါ်ထိ
နှင်းများ...။
ခေါင်းလောင်းသံတွေကလည်း
နှင်းထဲ အေးခဲလို့။
ကျွန်တော်က နှင်းတွေကို ခံစားဆဲ
ကျွန်တော် ဘယ်မှာလဲ..။ .။
အောင်ဘညို
*****************************************************************
အချစ်နဲ့ ဘ၀ပြဿနာ
-----------------------
နေ့တာတွေက စပ်ဖျင်းဖျင်း
ကင်းဘက်စတစ်စဟာ
၄၂လမ်းရဲ့
နှုတ်ခမ်းပေါ် ထိုင်လို့..။
ဒီမှာ
မလိုင်အတုတစ်ပွဲပေးပါ
မင်းမျက်လုံးကို ငါ သောက်မယ်...။
ပျော်ရွှင်စရာ
နေ့သစ်များရဲ့စိတ်ကူး
တံခါးပေါက်များ
တံခါးမခါက်ဘဲ ပွင့်လာမယ့်နေ့ထ
အသက်ရှုအောက်လို့
စောင့်စားခဲ့ရသူပါ...။
ဝေါကနဲ
ထိုးရယ်လိုက်တဲ့ သူမရယ်သံမှာ
ရေမြောင်းများ လျှံလာသည်မှအပ
အရာရာ ဘာမှ မဖြစ်ခဲ့သလို
သူ့အတိုင်း သူရှိနေမြဲ...။
အမှန်တရားအတွက်
ငါ....
ရဲရဲကြီး မှားခဲ့ပါတယ်.
ညတစ်ညရဲ့အမှောင်
ရှောင်ဖို့ ကြိုးစားချိန်
အကြီမ်ကြိမ် နောက်ကျခဲ့ပြန်ပြီ။............
အောင်ဘညို
ရုပ်ရှင်တေးကဗျာ ၊၁၉၉၄
*****************************************************
မိုး
-------------------
ဒီလိုပါပဲ
ပေပါလှိမ့်ရတာ မောလို့ဆိုပြီး
ယပ်ကလေး ပြင်းပြင်းခတ်ကာ
ဆေးလိပ်ကို အားပါးတရ ဖွာရှိုက်လိုက်တယ်။
ပြီးတော့
ဂဟေဆော်လိုက်ပါလား
မလုံတဲ့နေရာက ဖျတ်ကျကုန်တော့တာပါပဲ...။
အောင်ဘညို
၁၉၉၃၊ရင်ခုန်ပွင့်
****************************************************************
သမ္မတကြီးတဲ့လား
------------------------------------
နံနက်ခင်း.......
လက်ဖက်ရည်ဆိုင်ရောက်တဲ့ အခါ
စားပွဲထိုးလေး က
သမ္မတကြီး ဘာသောက်မလဲ တဲ့။
အရက်ဆိုင် ရောက်တဲ့ အခါ
သူငယ်ချင်းတွေ က
သမ္မတကြီး နောက်ကျ လှချည်လား တဲ့။
မာဆတ်ရောက်တဲ့ အခါ
အနှိပ်သမလေးတွေ က
သမ္မတကြီး ညောင်းလာပြီလား တဲ့။
အိမ်ပြန်ရောက်တဲ့ အခါ
မိန်းမ က
သမီးသားတို. ရေ
နင်တို.အဖေ သမ္မတကြီး ပြန်လာပြီ တဲ့။
ကျွန်တော်တို.ရပ်ကွက်ထဲမှာ
ဗန်းစကားတစ်ခွန်း ခေတ်စားနေတယ်
ကတိမတည်တဲ့လူကို *သမ္မတကြီး* တဲ့။ ။
သမ္မတကြီး.....သမ္မတကြီး.......သမ္မတကြီး.....။
အောင်ဘညို
(၁၀-၆-၂၀၁၅ ရက်နေ.တွင် ကွယ်လွန်)
****************************************************
သြဇာသီးကဗျာ
----------------------
သူ့အသား အရသာက
နိဗ္ဗာန်ကို မေ့သွား...။
သူ့အစေ့က
သူ့အဘိဓမ္မာ
မျိုးဆက်များစွာ....။
သူ့အသီးကို ကြည့်ပြီး
အော့နှလုံးနာသူများ
သူ့အသား
သူ့အစေ့နဲ့
မိန်ရေယှက်ရေ လူဖြစ်သွား......။
အောင်ဘညို
(အကိုကဗျာဆရာမောင်ချောနွယ်သို့..)
******************************************
ဂန္တ၀င်တေး
-------------------------
နှစ်ပေါင်းများစွာ
လက်ဆင့်ကမ်းဟစ်ကြွေးခဲ့ရ
ဒီစာသား
ဒီသံစဉ်
စီးဆင်းမှုအားကောင်းခဲ့…
ကဲ သား
ဆိုကြည့်စမ်း
သီချင်းက မင်းလက်ထဲမှာ…။
အောင်ဘညို
Beauty၊ ဇူလိုင်၊ ၂၀၀၉
*********************************************************
ပြတင်းတစ်ဝက်ရဲ့ရှုမျှော်ခင်း
-----------------------------------
ဝဖီးဒုက္ခရဲ့အသီးအပွင့်တွေ
ပြဿဒါးင်မှည့်
အပင်နဲ့မမျှ
ပြွတ်နေအောင် ဝေလို့..။
အိပ်မက်နဲ့ အိတ်ထောင်ပြည့်အောင်
တစ်ညလုံးကောက်မှ
နှစ်ကိုယ်စာရတဲ့ သစ်တော်သီးကို
သူမ တစ်ဝက်ပေးခဲ့တယ်..။
အောင်ဘညို
ပိတောက်ပွင့်သစ် ၊၁၉၉၅
************************************************************
မနက်ဖြန်
===========
အဝေးပြေးကြယ်တာရာကို ငါ ရပ်ငေးခဲ့။
နေ့စေ့လစေ့
ငါ့လောင်မြိုက်မှုတွေ
သကောင့်သားတို့က
လှောင်ပြောင်ရယ်ပွဲဖွဲ့ကြ
တဖိတ်ဖိတ်တလတ်လတ
အနာဖေးတက်နေတဲ့
မေတ္တာတရားတွေ
စကြ၀ဠာထဲ လှည့်ပတ်ကြ ။
ဥဒဟိုမောင်းနှင်နေတဲ့
ငါ့စိတ်အလျဉ်
ဘယ်သူမှ မဆယ်ယူပါဘူး ။
အသံတိတ်ပေါက်ကွဲမှုအသီးအပွင့် ။
သိကြတဲ့အတိုင်း
ငါ့ဦးခေါင်းကို ငါဖွင့်
ဘယ်သူတွေ
အဆင်သင့်ဖြစ်နေမလဲ။
(အောင်ဘညို)
*******************************************************
ဆင်တူရိုးမှားတနင်္ဂနွေ
---------------------------------
အမူးသမားအန်ဖတ်တွေလား
အဖတ်လိုက် အလိပ်လိုက်
ပြန်ကျဲ လူတွေ
ပန်းခြံထဲမှာ
တိရိစ္ဆာန်ဥယျဉ်ထဲမှာ
ရုပ်ရှင်ရုံမှာ
အပေါစား စားသောက်ဆိုင်မှ
ဘက်(စ်)ကားဂိတ်မှာ...။
တစ်ဆင်ထဲ တစ်ေ၇ာင်ထဲ ဖြစ်နေတာ
အသက်မရှုတာလား
ရင်မခုန်တာလား
ငါ့မှသာ သေရာပါ့မယ့် ဒဏ်ရာနဲ့
နာတာရှည်ခဲ့ပေါ့..။ ။
အောင်ဘညို
၁၉၉၀၊ စက်တင်ဘာ
******************************************************
နေကြာပန်းများ
--------------------------
နေကိုအာရုံပြုနေတဲ့
နေကြာပန်းများ
ငါ အားကျမိခဲ့တယ် . . .။
မင်းတို့မသိတဲ့လမ်းမှာ
နေကြာပန်းတွေ ပွင့်ခဲ့တယ် . . .။
တိရစ္ဆာန်တွေခမျာ
နေကို ကျောပေး
အမြင်ဆိုးနဲ့ ကြုံရတယ် . . .။
နေကြာပန်းတွေရယ်
ငါလည်း မင်းတို့နဲ့အတူ
နေကို ရဲရင့်ရင်ဆိုင်ချင်တယ် . . . ။
အောင်ဘညို
မြန်မာသစ်မဂ္ဂဇင်း၊ မေလ၊ ၂၀၁၁
၅၀/၅၀ ကဗျာစာအုပ်မှ
*************************************************
ပင်လယ်ရဲ့အော်သံ
-----------------------------
ကြားလိုက်ရပ
အကျပေါက်များပြီ
မှင်ကျမှင်နလည်းမကောင်း
တံဆိပ်ရိုက်
စကားလုံးပွယောင်းယောင်း
တဖြေးဖြေး
နိမ့်ကျပြိုဆင်းလာပုံများ . . . ။
အခန်းဆက်အိပ်မက်အထဲက
`ဖော်မလင်´စိမ်ထားတဲ့
ဇာတ်ဝင်ခန်းအသံတွေ
ရေသေမျက်နှာပေါ်
အရှက်မဲ့
ပက်လက်မျောကြ . . . ။
ပဉ္စလက်ဆန်တဲ့
မျက်ခွက်ကြီးရဲ့အတွင်းသား ခွေးသွားစိပ်လှိုက်စား
တရိရိ
ရိရွဲစုတ်ပြဲခဲ့ . . .။
မိတ္တူစက်ထဲ
ဦးခေါင်းကြီးထိုးထိုးအပ်တတ်တဲ့
အကျင့်ဆိုး
ပိုးထိုး
အနည်ထိုင်စ
စတိုင်ကျလို့ပေါ့ . . .။
ရှူး . . . တိုး . . . တိုး
နောက်တစ်မျိုး
မရိုးနိုင်တဲ့
မုသာဝါဒ အန်ဖတ်
တပ်မက်ယုံကြည်
တွယ်ဖက်
တစ်သက်စာနောင်တမဲ့ . . .။
သံလွင်ရိပ်
ပင်လယ်အငူထိပ်
ငါရပ်နေတုန်း
ပင်လယ်လှိုင်းလုံးရဲ့အော်သံ
ကြားလိုက်ရတဲ့အခိုက်
နေ့သစ်ကို
ပြေးပွေ့ပြီးချစ်လိုက်စမ်းပအချစ်ရယ်။ ။
အောင်ဘညို
( ပိတောက်ပွင့်သစ် )
**************************************************
စိတ်ကူးရိုင်းသောနေ့တစ်နေ့
----------------------------------
ခေါင်းကိုက်ငြင်းဆန်
သန်စွမ်းဆဲ အမှန်တရားအတွက်
ငါ........မသမာခဲ့ပါဘူး။
သန့်စင်သော ရေတစ်ခွက်ဖြင့်
ပဉ္စလက်အလိမ္မာမျဉ်းကွေး
နှမျောခြင်းကို ကဲ့ယူ
ဘယ်သူအယူတိမ်းခဲ့ပါသလဲ..။
ကတိက၀တ်တွေ
နေလှမ်းပြီးစ
ငွေ့ပျံမှိုနံ့ထောင်းကနဲ
ဝေးဝေးက မိုးချုန်းသံကြားရတယ်။
ရထားတစ်စင်းခုတ်မောင်းပြီးမှ
ထထခုန်ပြရတဲ့
အမှိုက်တစ်စရဲ့ မမြင်ရတဲ့လောင်ကျွမ်းမှု
သံလမ်းရဲ့ပါစပိုက်တစ်ကို
ငှက်ဖျားနလံထ တောင်တန်းများက
ငုံ့ကြည့်လို့..
ချွတ်နင်းဝင်ေ၇ာက်လာတယ်
ရင်ထဲမှာ မီဂါတန်ဗုံးတစ်ထောင်
ဗြုံးဆို တပြိုက်တည်း ခွဲလိုက်သလို
ပြန်လှန်မေးခွန်းမထုတ်မီ
(လျပ်စီးပြက်ကနဲ ၀င်းလိုက်သလို)
မျက်နာကို ဒိုးယိုပေါက်မြင်လိုက်ရတယ်။...
အောင်ဘညို
(ဟန်သစ်၊စက်တင်ဘာ၊၁၉၉၄)
**********************************************************
သွေးပေါင်ချိန်ခြင်း
--------------------------------
ညောင်ပင်ပေါ်မှာ
ဥသြငှက်က
လေးဖြူရဲ့ “အမဲလိုက်အက”
လိုက်ဆိုတယ်။
မွန်းတည့်နေက
တဖျစ်ဖျစ် မြည်လို့
ပြတင်းပေါက်မှာ လာနားတယ်။
ဝမ်းတစ်ထွာဆိုတာ
သားရဲတွေနဲ့ တောကြီးမျက်မည်းလား
လေရိုင်းတွေနဲ့ ကန္တာရလား
ရင်လည်း မအေးဘူး
ရေလည်း မအေးဘူး
. . . . . . . . . . . .။
သကြားသာသနာတဲ့လာ
ငါတို့လူပီသအောင
ကဗျာရေးခဲ့ပါတယ်။ ။
အောင်ဘညို
မေ၊ ၂၀၀၅၊ စရဏမဂ္ဂဇင်း
၅၀/၅၀ ကဗျာစာအုပ်မှ
*********************************************************
ခေါ်သံများ
---------------
မြင့်မြတ်မှုနှုတ်ခမ်းဆီက
မြစ်ဖျားခံမွေးဖွားရာ
ခေါ်သံကို နားစွင့်မိ။
အသက်ရှုသံကို
အောက်အည်းခဲ့ရသမို့
တဒိန်းဒိန်း လေတိုးသံ
ရင်ခွဲကို ဖြတ်ခွဲနေရဲ့။
ရေဘုံဘိုင်အစုတ်က
ပျင်းရီလေးတွဲ
တစ်ပေါက်ချင်း ရေကျသံ
ငါ မခံရပ်နိုင်တော့ . . . . ။
မင်းအသံရဲ့
မိုးကုပ်စက်ဝိုင်းအနားသတ်ရာ
ကမ်းစပ်မှာ
ငါ ငေးမျှော်စောင့်စားမိသပေါ့။
အို
နာရီခုတ်မောင်းသ
ငှက်တို့အော်သံ
လမ်းမများရဲ့အံကြိတ်သံတို့
ငါ့ဆီ လူးလားလာကြ။
ငါ့ရဲ့ချိုမြိန်သော ဒုက္ခတို့ပွဲသိမ်းရာ
ငါ့ရဲ့အတောက်ပဆုံးအလင်းဆုံမှတ်မှာ
မင်းအသံ ချည်းနင်းဝင်ရောက်လာပါတော့ ။
အောင်ဘညို
**********************************************
နှင်း
---------------------
နှင်း . . . တဲ့
ဒါပေမယ့် သူမဘ၀က မီးလိုပါပဲ . . . ။
အဝေးပြေးလမ်းမကြီးပေါ်မှာ
ကားဟာ နှင်းခွဲမီးကိုဖွင့်လို့
မိုင်ကုန်မောင်းနှင်လေနေရဲ့ . . .။
အောင်ဘညို
လှိုင်းသစ်မဂ္ဂဇင်
၅၀/၅၀ ကဗျာစာအုပ်မှ
******************************************************
စာကလေး
------------------------
အတောင်ပံတွေ ညောင်းနေပြီလား
စာကလေး . . .
မင်းဘ၀က
လေဆန်မှာ လေထန်ခဲ့တယ်ဆိုတ
ငါသိပါရဲ့ စာကလေး . . .။
မင်းဘ၀က လေးမြားထက်
အစာကိုမက်တယ်ဆိုတာ
ငါသိပါရဲ့ စာကလေး . . .။
ရွာကိုပြန်လာပါ
စာကလေးရယ်
ရွာမှာ စပါးတွေ ၀င်းမှည့်နေပြီလေ . . .။
အောင်ဘညို
လှိုင်းသစ်မဂ္ဂဇင်
၅၀/၅၀ ကဗျာစာအုပ်မှ
*******************************************************
မရေးချင်တဲ့ကဗျာ
=================
အဖြူရောင် မပီသတော့တဲ့
အဖြူရောင် အင်္ကျီရဲ့ ထောင့်စွန်းလေးကို ကိုက်လို့
သူ့လက်မှာ အနာစက်ကလေးတွေနဲ
အဝေးကို ငေးနေတဲ့ ကလေး
မရေးချင်တဲ့ ကဗျာ . . .။
အောင်ဘညို
မေရဲပန်းပွင့်- ၂၀၀၉
၅၀/၅၀ ကဗျာစာအုပ်မှ
*****************************************************
ကြောင်နက်
==========
ကြွက်မခုတ်ဘူး
ဟင်းခိုးစားတယ် ကြောင်နက် . . . ။
ဧည့်သည်လာရင်
သူ့ကိုယ်လုံးနဲ့ ပွတ်ပြီး
အစာတောင်းတဲ့ ကြောင်နက် . . . ။
ညဆိုရင်
ဟင်းအိုးလှန်တယ်၊ ကြောင်အိမ်ဖွင့်တယ်
ဘယ်တော့မှ မအိပ်တဲ့ ကြောင်နက်
လုပ်စရာမရှိရင်
သူ့လက်သည်းနဲ့ ဖျာကို
တဖျင်းဖျင်းကုတ်တဲ့ကြောင်နက်။
ကြောင်ရဲ့ဥပဒေကို နားမလည်တဲ့
ကြောင်နက် . . . ။
ကြောင်နက်ဟာ
သူ့ဟိုဝှါ . . . အမြဲပူနေတဲ့
ကြောင်နက် . . .။
အောင်ဘညို
နရသိန်မဂ္ဂဇင်း၊ အောက်တိုဘာ၊ ၂၀၁၁
*******************************
လမ်း
========
အနာဂတ်ကို သွားတဲ့လမ်း
ဘယ်လမ်းက မောင်းရသလဲ . . .
အိပ်မက်ကို မီးဖွင့်ပြီး မိုင်ကုန်မောင်းခဲ့တယ် . . . ။
အောင်ဘညို
****************************************************
ရန်ကုန်
===============
ရန်ကုန်ဆိုတာ
ငါတို့ရင်ခုန်တပ်မက်တဲ့ အရပ်ပါပဲ . . . ။
ငါ့မှာ
တည်ရမယ့် ကတိတွေနဲ့
ဆောက်ရမယ့် ဘ၀တွေနဲ့
ကူးဖြတ်ရမယ့် သံသရာတွေနဲ့ . . .။
ရန်တွေ
တကယ်ပဲ ကုန်ချင်ပါတယ် . . . ။
အောင်ဘညို
ဗြူးတီးမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၆
**************************************************
ကိုယ်ရေးကိုယ်တာလွမ်းဆွတ်မှု
------------------------
သ ရေ နဲ့ကျက်ထားတဲ့
မျက်နှာနဲ့ ကောင် ပါ………။
အ မှောင်တွေ
ညနက်ထဲ ခုန်ဝင်လာသလို
ဒူးရင်းဆူးလို လောကဓံတရားတွေ
ငါ့ဘဝထဲ ခုန်ခုန် ဝင် လာ ခဲ့………။
နှလုံးခုန်သံမှာ
သွေးစိမ်းရှင် ရှင်
ကယ်တင် ရှင် ရဲ့ အ ဝေးက အော် သံ
ကိုယ့်အသားကို
ငါးဖယ်လိုခြစ်ပြီး ချို ခဲ့ ရ………။
ဒီလို
ဒုလ္လဘ လေးမှာ
ချစ်သူ မျက်နှာပေါ်
ဘယ်သူများ လ,ရဲရဲသာရဲသလဲ………။
နီးရက်နဲ့ ဝေး ဝေး နေရတဲ့
အို……………အမှန်တရား
ငါ့ရင် ထဲ ခုတ်မောင်းဝင် လာ ပါ တော့……။
အောင် ဘ ညို
စ တိုင် သစ် မဂ္ဂဇင်း၊ ၂၀၀၀
**********************************************
အဆိပ်
---------------------
ငါ့အဆုတ်ထဲမှာ
ကာဗွန်ဒိုင်အောက်ဆိုဒ်
၁၀၀%နှုန်းနဲ့ .. ။
အသီးအရွက်တွေကလည်း
အရွက်ဖျန်းဆေးတွေနဲ့၊ အသီးဖျန်းဆေးနဲ့
ပိုးသတ်ဆေးတွေ ဒင်းကြမ်းနဲ့ ... ။
ရယ်ဒီမိတ်တွေကလည်း
ဆိုးဆေးတွေ၊ မသိုးဆေးတွေ အလျှံပယ်နဲ့ ... ။
မိန်းမကလည်း
ဒီစားအုန်းဆီနဲ့
ဒီအချိုမှုန့်နဲ့
ငါသောက်နေတဲ့ ရေက
အာဆန်းနစ် နန်းချင်းနဲ့ ... ။
အသက်ကို
အသက်ရှူ ရပ်မသွားရအောင်
ဖြည်းဖြည်းဖွဖွလေး ရှူနေရတယ်။
အောင်ဘညို
******************************************
ကဗျာထဲကသူရဲကောင်း
=================
ရွာဦးကျောင်းမှ
ရေတွင်းတူးတုန်းက
မင်းမပါဘူး…။
ငါတို့လယ်တွေ ပျိုးကြဲတုန်းက
မင်းမပါဘူး…။
လွင်တီးခေါင်တွေ
သစ်ပင်စိုက်တုန်းက
မင်းမပါဘူး…။
ခုတော့ မင်းက
ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို
သခင်ဗဟိန်းနဲ့ ဂွေပဲအတူလှိမ့်ခဲ့သလို
သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို
ဟိုချီမင်းက မင်းဘကြီးလိုလို
မင်းကဗျာတွေဖတ်ရတာ
အသက်ရှူကျပ်ပြီး မနေတတ်ဘူး။
သြော်…
သြော်…
သြော်…
မင်းကဗျာတွေက ဘာလိုလို…။
ရနံ့သစ်၊ ၂၀၁၃၊ ဇူလိုင်
*******************************************
အဖြစ်အပျက်များ
================
အသက်တွေအသက်တွေ
ဖက်နဲ့ထုပ်ထားရသလား
အယူဝါဒတွေဂိုဏ်းဂဏစွဲတွေ
မဇျွိမပဋိမဋာမသိတဲ့သတ္တ၀ါတွေ
နေ့လားညလား
ခေါင်းလောင်းသံတိတ်နေတဲ့ကလေးတွေ
မီးဖွားဖို့မေ့နေတဲ့မိန်းမတွေ
ဘာသာရေးကိုမေ့နေတဲ့အဘိုးအဘွားတေ
ဘ၀ဆိုတာ
ထမင်းစားဖို့သက်သက်လား
အနာဂါတ်ကိုသွားဖို့လား
အဲဒီမေးခွန်းတွေနဲ့
အို ..ဘဂ္ဂဒက်
ငါမတွေးရက်တော့ပြီ..။ ။
အောင်ဘညို
*****************************************************
ပုဇွန်တစ်ကောင်နှင့်စကားပြောခြင်း
---------------------
ပုစွန်ဆီရောင် ကောင်းကင်အောက်မှာ
ပုစွန်တကောင်နှင့် တွေ့ခဲ့တယ်…။
ပုစွန်ရဲ့ လက်ထဲမှာ
လက်တော့ပ်ကိုင်လို့
လက်တဖက်မှာ ဟန်းဖုံးနဲ့
ပလိစ်မျက်မှန် အနက်ကြီးတပ်လို့
ပုစွန်ကပြုံးပြီးနှုတ်ဆက်တယ်
"ကောင်းသော ညနေခင်းပါ" တဲ့
ကိုယ့်လူနှင့်မတွေ့တာကြာပြီ
ဘီယာဆိုင်မှာ စကားပြောရအောင်တဲ့
ပုစွန်က ပုစွန်က ပုစွန်က….။
ဘီယာနှစ်ငုံလောက်စုပ်ပြီး
ချိစ်မြုံ့ရင်း
ပုစွန်က
နည်းပညာတွေအကြောင်း
တက်ခနိုလိုဂျီတေ
ဖရန့်စစ်ဖူကူယားမားရဲ့ ဂလိုဘယ်လိုက်ဇေးရှင်းတွေ
တော်ဖလာရဲ့ တတိယလှိုင်း
ကမ္ဘာကြီး ပူနွေးလာရတဲ့အကြောင်း
ဒီရေတောများ ပြုန်းတီးမှု
ဒေါ်လာဈေးအတက်အက
ရေနံဈေးမြင့်တက်မှု
တယောက်တည်းအပြေးပြိုင်တဲ့
ဇင်ဘာဘွေ ရွေးကောက်ပွဲရလဒ
ကရားရေလွှတ် တတွတ်တွတ်နဲ့
မမောတမ်းပြောတယ်….။
ပုစွန်က သူ့မိသားစုအကြောင်း စကားဆက်တယ်
သူ့အိမ်ရှင်မတွေရဲ့ စိန်အရောင်းအဝယ်အကြောင်း
သမီးက အော်ဇီမှာ
သားက စလုံးမှာ ကျောင်းတက်တဲ့အကြောင်း
ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသလို
မနားတမ်းပြောခဲ့တယ်….။
ပုစွန်နဲ့ လမ်းခွဲတော့
အမှတ်တမဲ့ ပုစွန်ခေါင်းကိုကြည့်မိတယ်
အလို
ပုစွန်ခေါင်းက ချေးတွေချည်းပဲ…..။
အောင်ဘညို
ရတီမဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၀၈။
**********************************************
စပ်မိစပ်ရာ
==================
ထမင်းစားတာလည်း
နိုင်ငံရေးပဲ
အိမ်ရှင်မတွေ ဈေးဖိုးမလောက်လို့ ဆဲရေးတာလည်း
နိုင်ငံရေးပဲ
ဆိုက္ကားသမား ဘီးပေါက်တာလည်း
နိုင်ငံရေးပဲ
ပဲပြုတ်သည် ခလုပ်တိုက်တာလည်
နိုင်ငံရေးပါပဲ။
ဘာတွေ လာရောင်းနေတာလဲ
မင်းအရေးအသားက သွေးဆုံးကိုင်လို့။
ဟိုလူကြီး
မကြီးမငယ်နဲ့ ခြံစည်းရိုးဘေး
ကင်းမြီးကောက်ထောင်လို့
မစင်တွင်းထဲ စောက်ထိုးကျွမ်းပြန် ကျသွားဦးမယ်။
ဒီလောကမှာ
နှာဘူးတွေ
ဂန်ဒူးတွေ
သာကူးတွေ
ကွန်တိန်နာနဲ့ အပြည့်။
တော်ပြီ
မီးမွှေးတော့
ပလိုင်းထဲက ဖားတွေ
အနံ့ထွက်နေပြီ။
အောင်ဘညို
-အမှတ် -၂- ဒီဇင်ဘာ၊ ၂၀၁၃ ကဗျာမဂ္ဂဇင်းပါ
ဤကဗျာသည် ၂၀၁၃ ခုနှစ်အတွက် ရွှေဘိုပန်းခေတ်ပေါ် ကဗျာစာပေဆုရရှိ။
********************************************************************
အချစ်တင်ဆက်မှု
===================
ငါ သောက်ပစ်လိုက်တယ
ချစ်သူမျက်နှာနဲ
စေးပျစ်ပျစ်ကမ္ဘာကြီးရဲ့
အလင်းနှစ်တွေကိုလေ
အောင်မြင်မှုအတွက
မုန့်ဟင်းခါးကို အဆစ်တောင်းသလိုမျိုး
ထောင့်မကျိုးပုံများ
သံပြိုင်မဲ့မြို့တော်ရဲ့
ညနေခင်းတွေဆီ
အပြေးအလွှားရောက်ခဲ့ပြန်ပေါ့
ညီမလေးရဲ့
သုံးရာသီဖျားနာနေတဲ့ အသံတွေ
ဟောဒီသံလမ်းပေါ်မှာ
တုန်ခါ လူးလွန့်လို့
ခဲသားနှစ်
မိုးသားအရိုင်းတွေ
မြို့တော်ရဲ့ အဆီပြန်ပါးစပ်ပေ
ရှပ်တိုက်ပြေးလွှားကြ
ဖုန်းထဲမှာ နစ်မြုပ်နေတဲ့
ညီမလေးရဲ့ အနမ်းတွေနဲ့
မှိန်ဖျော့ဖျော့မျက်လုံးတစ်စုံကို
ငါ စုပ်ယူလိုက်တယ်
ကတ္တရာလမ်းမလျာကြီး
သွားရည်တများမျာ
ဖိနပ်များကို ၀ါးနေချိန်ပေါ့
ပုပ်အဲ့အဲ့ စကားလုံးတို့
အသိန်းအသန်း
ကောင်းကင်လည်ချောင်းထဲက
အရူးအမူး အန်ချလိုက်တယ်
ဂျူးလိယက်ဖူးချစ်ရဲ့
ရွှေသားအစစ်
(ညီမလေးကို)
မောင့် ဂူစတီနာဖြစ်စေချင်တယ်
မောင်ဟာ
ကဗျာဆရာပါ အချစ်ရယ် ။
အောင်ဘညို
ရုပ်ရှင်တေးကဗျာ ၊ ဇန်န၀ါရီ ၊ ၁၉၉၁
**********************************************************
တွေးတောခြင်း
===================
အမြင့်တက်အမှည့်ရနိုး
တစ်ဘ၀လုံးတက်ခဲ့တယ်
ခန္ဓာကိုယ်တစ်ခုလုံးသွေးခြင်းခြင်းနီလို့
အို...သစ်ခုတ်သမားငဲ့
အပင်ကိုမလှဲလိုက်နဲ့ဦး... ။ ။
အောင်ဘညို
ရတီမဂ္ဂဇင်း၊ အတွဲ ၇၊ အမှတ် ၈၁၊ ဒီဇင်ဘာ၊ ၂၀၁၀
***************************************************************
လွတ်လပ်ရေး
========================
လွတ်လပ်ရေးဆိုတာ
ငါ့အဖေ
သွေးနဲ့ရေးတဲ့ကဗျာ
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...
ရဟန်းရှင်လူပြည်သူ
သွေးနဲ့မျက်ရည် အရင်းအနှီး
အချီးနှီးမဟုတ်
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ်
ညီနောင်တိုင်းရင်းသား
တပ်ထောင်တာ ဗိုလ်စု
နှလုံးသားနဲ့အရင်းပြုရတဲ့
လွတ်လပ်ရေး ...။
လွတ်လပ်ရေးဟာ
အလကားရတာမဟုတ် ...။
အောင်ဘညို
*****************************************************
ဒုတိယတန်းစားနေ့
=================
ပင်လယ်က ထွေးထုတ်လိုက်တဲ
အမှိုက်စ တစ်စပမာ
နာကျင်စွာ
ငါ ကျကျန်ခဲ့ပြီ။
ရဲရင့်ခိုင်မာ
နင်းလျှောက်လိုက်စမ်း
အပ်ဖျားထုံး
ပက်ကျိနှုတ်ခမ်းတွေပေါ်။
လိုအပ်မှုထက်
ပိုမို
နှုတ်ဆိတ်
ဆွံ့အ
အသံကြောင်ဗုံတို့ရဲ့
ထုံသံနဲ့
ဖွဲ့နွဲ့ဦးမယ်
မီးကျိုးမောင်းပျက် ၀ါကျများ။
အညွှန်းမပါတဲ့
ရက်လွန်ဆေးတစ်ခွက်
ဘာလို့ချဉ်ချင်းတပ်နေရမှာလဲ။
မီးစုန်းရဲ့
တောက်ပမှုမျိုးနဲ
လင်းလက်ချင်သူတို့ရယ်။
ဆော်ဒါမသုံးဘဲ
ပေါင်မုန့်လို
ပွယောင်းနေတဲ့လူတွေရယ်။
သားရှောသွားတဲ့
ကမ္ဘာမြေရဲ့ ငြီးတွားသံရယ်။
အရာရာအတွက်
ရာသီဥတုတချို့နဲ
စိတ်ဝမ်းကွဲနေခဲ့။
ရယ်သံတို့
ဒလိမ့်ခေါက်ကွေး ပြိုကျရာ
ရင်ခေါင်းတစ်လျောက်
တဲတဲမျင်မျင်i ရှန်သန်နေတာ
ထူတူထဲထဲ နာမကျန်းမှုသာ။ ။
အောင်ဘညို
စပယ်ဖြူ ၁၉၉၂၊ စက်တင်ဘာ
*******************************************
ဆန္ဒ
------------------
လွတ်သွားတဲ့ငါးက ပိုကြီး
မမှီတဲ့ ဘတ်စ်ကားက လူချောင်
မစားရတဲ့အသားက ပိုချို
သူများချိုးသွားတဲ့ ပန်းက ပိုမွှေး
ငါတို့ရဲ့ လူ့ဘဝတိုတိုမှာ ။
အောင်ဘညို
****************************************
မျှော်လင့်ခြင်း
----------------------------
အမြင့်တက် အမှည့်ရနိုး
တစ်ဘ၀လုံး တက်ခဲ့တယ်
ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေနဲ့
အို . . . သစ်ခုတ်သမားငဲ့
အပင်ကိုတော့ မလှဲလိုက်နဲ့ဦး . . .။ ။
အောင်ဘညို
ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၁၀
၅၀/၅၀ ကဗျာစာအုပ်မှ
*******************************************
မနက်ခင်းခါးခါး
-------------------
ပွဲတော်အပျော်
စ်မ့်ဝင်မှုနည်းနည်း
တစ်မိုးသောက်ခဲ့ပြန်ပြီ ။
ကဗျာမဆန်တဲ့စကားလုံးများ
တောက်ပရွေ့လျား
မျက်နာပေါ်
ခြေသံတစ်ချို့ ထန်ပြင်းလှချည်ရဲ့ ။
လှလှပပ လိမ္မာတတ်သိခဲ့ကြ
ခြောက်ပြစ်ကင်းစွာ အိပ်စက်ဖို့
တစ်ညအလိုမှာ
ငါ ဖျားတော့တာပဲ။
ဒီလိုချစ်ခဲ့တယ်
ညီမလေးရေ
မိုင်တွေက ရှည်လျားဝေးလံ
တစ်ချို့ သိပ်ကံကောင်းတယ်တဲ့။
အိပ်မက်ထဲ ကြားမိသလို
မိမိကိုယ်မိမိ ဖြန့်ခင်း
အိပ်ယာခင်း မျကနာနဲ့ ထလာတဲ့ငါဟာ
အလင်းကြောက်ခြင်းကို စခဲ့တာပါပဲ.။
အောင်ဘညို
********************************************
အလွမ်းရင့်ရင့်
---------------------------
ငါ သမ်းဝေပုံက
အတိုင်းအဆမရှိ နက်ရှိုင်း
နှစ်တွေ ယောင်ကိုင်းလို့
မျက်နှာသစ်လို့
နေ့တွေရဲ့ မျက်နှာမှာ
သွားများလည်း သံချေးတက်နေခဲ့
ဘရိတ်ပေါက်တဲ့ စိတ်နဲ့
တစ်နေ့တာ ထိုင်ခဲ့ပါတယ်
ငါးနက် ငါးဖွဲလေး မမိတဲ့နေ့
ဆေးပေါ့လိပ်က မီးခိုးတိတ်လို့
သြော်……
အမေရဲ့ သူရဲကောင်းကြီး
အသက်တွေကို ရေတွက်ရင်း
ရီ(ရယ်)သံတို့ ဆွံအခဲ့ပါတယ်
အောင်ဘညို
***********************************
သိကြားသာသနာ
-------------------
ငါတို့ရဲ့သိကြားသာသနာမှာ
ကြမ်းပိုးက လိပ်ဖြစ်လို့
ဖွတ်ကမိကျောင်းဖြစ်လို့ ။
မုသားစကားတွေက ရွှေရောင်ထလို့
လျှပ်ပေါ်လော်လီတွေက ရောင်းကောင်းလို
လူလိမ်က ပညာရှိယောင်ဆောင်လို့
မြေခွေးက ဥပုသ်ရက်ရှည်စောင့်လို့
ဓားပြက လမ်းဆုံလမ်းခွမှ
စတုဒီတာကျွေးလို
သားသတ်သမားက
ဘုရားတည်လို့
သြော်
ငါတို့ရဲ့ သိကြားသာသနာမှာ ။ ။
အောင်ဘညို
၂၀၁၄ ဖေဖော်ဝါရီ နရသိန် / ဘဝသစ် မဂ္ဂဇင်း
************************************************
အချစ်
-------------------
ကြောက်မက်ဖွယ်
ညနေခင်းတွေဆီက
ပန်းဦးမခြွေရသေးတဲ့
မင်းရဲ့အနမ်းကို
ကမ်းပ...။
ညင်သာစွာ
သေဆုံးခြင်းဂီတကို
ငါကိုယ်တိုင် သီကျူးခဲ့မယ်...
အောင်ဘညို
**************************************
ကျောက်ဆည်
******************
မြို့က မြစ်ကို
ကိုယ်ဝန်ဆောင်ထားရတယ် ။
တကယ်တော့
ခြေထောက်မပါတဲ့ မြစ်ကိုပဲ
မြို့က ခြံခတ်ထားခဲ့တယ်
မြို့က မြစ်ကို
ထွက်ပြေးမှာ ကြောက်လို့
ဦးနှောက် အခြောက်ခံ
စီမံခဲ့လေသလား ။
သံဝေဂမရနိုင်တဲ့
ငါတို့ရဲ့ ဘဝအမောများ
တောင်တော်ဆည်းလည်းသံက ညှို့တယ် ။
ဆင်မိုက်ကြီးလည်
ဒူးမတုပ်နိုင်တဲ့နေရာ
ငါတို့မှာ ရာစုဝက်အလွမ်းတွေနဲ့ ။
သဘာဝတရားကြီးကတော့
ရိုးရိုးသားသားပါပဲ
ကိုဓဥပဒေ ရင်ဝယ်ပိုက်လို့
အောင်ဘညို
**********************************************
အချစ်
=======
မမြင်ရတဲ့ ကြိုးတန်းပေါ်
ခုန်ဆွခုန်ဆွ အသံတို့ အော်ဟစ်
ရိုင်းစိုင်းပင်လယ် နူးညံ့ညင်သာ
ဒေါသမိုးကြိုးမုန်တိုင်း အေးစက်
မုန်ယိုဆင်က ဒူးထောက်လဲကျ
ငါ့သွေးကြောထဲမှ
မသိစိတ်ရဲ့  တပ်ဆင်မှုတွေနဲ့ 
ဗုံသံတစ်ချက်ကြားရတယ်။ ။
အောင်ဘညို
*************************************************
အင်တင်နာပေါ်က ကျီးကန်းများး
---------------------------------
ညနေခင်းရဲ့
တိုက်ခေါင်မိုး အင်တင်နာပေါ်
ဂျစ်ပစီ ကျီးကန်းများ
L.P ကဗျာ ရွတ်နေကြသလားး
အင်တင်နာပေါ်မှာ
သူတို့ခမျာ
အင်တာတိန်းမန့် မသိ
ရေအိမ်ကို မသိ
ရေခဲစိမ်ဘီယာ မသိ
PH5 Care မသိ
အဖော်တွေနဲ့ အပျော်ကို မသိ ပဂေးကြီးကို မသိ
တစ်လင်တစ်မယားစနစ်ကို မသိ...။
သူတို့သိတာ
သွေးညှီနံ့ရနေတဲ့ အသားတွဲ
ဘယ်မှာ ဝင်ဆွဲရမလဲဆိုတာ
အာသာငမ်းငမ်းမျက်လုံးများ
အင်တင်နာပေါ်က ကျီးကန်းများ. . .။ ။
/အောင်ဘညို
***********************************************
ကောလာဟလအလွမ်း
=================
ဂျာမဏီမှာ
ဟစ်တလာမရှိတော့ဘူး
အီတလီမှာ
မူဆိုလီနီ မရှိတော့ဘူး
အီရတ်မှာ
ဆက်ဒမ်ဟူစိန် မရှိတော့ဘူး
လစ်ဗျားမှာ ကဒါဖီမရှိတော့ဘူ
လွမ်းစရာကောင်းလိုက်တာ
ဒီအလွမ်းတွေက
ကောလာဟလမဟုတ်ပါဘူး
နောက်ဆိုရင်
ကမ္ဘာပေါ်မှာ အာဏာရှင်ဆိုတာ
ဒိုင်နိုစောတွေမျိုးတုံးသွားသလိ
မျိုးတုံးပျောက်ကွယ်သွားမှာပါ
အချစ်ရယ်.............။
အောင်ဘညို
*****************************************************
ပုဇွန်မှတ်တမ်း
---------------
ပုဇွန်
မင်းက ရပ်တည်မှုမဲ့
ယုံကြည်မှုမဲ့
ဘယ်လမ်းကို ရွေးမှာလဲ ........ ။
ပုဇွန်
မင်းကခုန်တယ်
ပန်းတိုင်မဲ့ခုန်မှု
ဘယ်သူက အသိအမှတ်ပြုမှာလဲ ..... ။
ပုဇွန်
မင်းခေါင်းပေါ်က ငါးတွေ
မင်းဦးနှောက်ထဲမှာ နွံတွေ
မင်းအနာဂတ်က ဘယ်လဲ
မင်းမြေပုံက
Black Hole ပါပဲ ပုဇွန်ရာ ....... ။ ။
အောင်ဘညို
မြန်မာသစ်မဂ္ဂဇင်း ၊ ၂၀၁၀
၅၀/၅၀ မှ
*************************************************
အောင်နက်ကို သတိရချက်
------------------------------
မင်းဘ၀က
လွမ်းစရာ နဲ့ နာစရာက များလှချေလား ..... ။
မင်းဟာ
ခွေးပီပီ
ခွေးပီသခဲ့ပါတယ် အောင်နက်ရာ ........ ။
မင်းဟာ
သရေပေါ်အိပ်ပြီး
သရေနားကို မစားခဲ့ဘူး ....... ။
လူတွေလို
သစ္စမမဲ့ဘူး
လမင်းကို ထိုးထိုးဟောင်တဲ့အထဲမှာ
အောင်နက် မင်းမပါဘူး ........ ။
ကျွေးတဲ့လက်ကို
ပြန်ကိုက်ဖို့ စိတ်ကူးမရှိတာ
မင်းရဲ့ သူရသတ္တိပါပဲ အောင်နက် ...... ။
မင်းလည်ပင်းက ခြူသံဟာ
အလွမ်းတွေနဲ့ သံစုံမြည်ခဲ့ပါတယ် ....... ။ ။
အောင်ဘညို
ဗြူးတီးမဂ္ဂဇင်း ၊ ၂၀၀၈
၅၀ / ၅၀ မှ
***********************************************
မယုံကြည်ဘူး..
==============
သွေးစွန်းတဲ့ လက်နဲ့ 
ရေးဆွဲတဲ့ အခြေခံဥပဒေကို
မယုံကြည်ပါဘူး။
ဘုရားသားတော်
ရဟန်း သံဃာတော်တွေ
ရက်ရက်စက်စက်သတ်ပီးမှ
ဥပုသ်စောင့် သီလယူတဲ့လူကို
မယုံကြည်ပါဘူး။
လယ်တွေအတင်းအဓမ္မသိမ်းပြီးမှ
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုတဲ
စကားလုံးကို
မယုံကြည်ပါဘူး။
မိခင်ဧရာဝတီရောင်းစားပြီးမှ
တိုင်းပြည်ချစ်တယ်ဆိုတာ
မယုံကြည်ပါဘူး။
အမျိုးကောင်းစားရေး
သံကုန်ဟစ်ပြီး
တောင်တွေဖြို သစ်တောတွေခုတ်လှ
မယုံကြည်ပါဘူး။
အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိတယ်ဆိုတာ
ဟောဒီ၂၁ ရာစုမှာ
မယုံကြည်တော့ပါဘူး။
ငါယုံတာ…
မယုံကြည်ခြင်းတွေကို
ငါယုံလိုက်တော့မယ်။
(အောင်ဘညို)
*****************************************
တိရစ္ဆာန်ဥယဉ်
------------------
တိရစ္ဆာန်တွေ လှောင်တယ်ဆိုတာ
တောရဲ့ ဥပဒေရိုက်ချိုးခြင်းပါပဲ......။
တကယ်တော့
သူတို့ဘဝ
သူတို့အလှ
ထာဝရ အကျဉ်းကျခဲ့ပြီလေ.....။
ကျားတွေ ကျားတွေ
ကြောင်ဖြစ်ခဲ့ရ
ညောင်လို့တောင် မအော်နိုင်တဲ့ဘ၀....။
တိရစ္ဆာန်တွေ
တိရစ္ဆာန်တွေ
မျိုးရိုးဗီဇကိုမေ့
ခပ်ငွေ့ငွေ့ အသက်ကိုရှူသွင်းရင်း
တစ်ကျွှန်းစံဘ၀ ရောက်ခဲ့ရပြီ....။
‪အောင်ဘညို‬
**********************************************************
ကိုယ်ရေးရာဇ၀င်
-------------------------
ကောက်ရိုးပုံစောင့်ဖူးတယ်
ဘကြီးနွားအလကားကျောင်းဖူးတယ်
ငါးပိသည်ရဲ့ခွေးကိုမောင်းဖူးတယ်
ကျွန်ဝယ်ရာအဆစ်ပါဖူးတယ်
ရှင်ကြီးဝမ်းလည်းဝင်ဖူးတယ်
ရှင်ငယ်ဝမ်းလည်းဝင်ဖူးတယ်
မောင်ပုံစောင်းမတီးတတ်တာဆန်းလား ......... ။
အောင်ဘညို
*************************************************
မင်းသားကြီး
-------------------
ဇော်ခင်ဟာ
ပေါ်ပင်မ၀တ်
ဒါပေမယ့်
ဇော်ခင်တစ်ခေတ်ဖြစ်ခဲ့တယ်။
ခုတော့ တို့လောကမှာ
ပေါ်ပင်ဝတ်ပြီး
ဇော်ခင်ဖြစ်ချင်သူတွေ များလှချည်လား။ ။
(အောင်ဘညို)
***************************************************
မယ်ဇလီပင်လမ်း
-------------------
ဒီနေ့လည်း
နိဗ္ဗာန်ကိုသွားဖို့
ခြေတစ်လှမ်း နောက်ဆုတ်ခဲ့ရတယ်။
ကိလေသာက
သားစိမ်းနံ့ထက် ပိုညှီတယ်...
သူလိုကိုယ်လိုယောက်ျားများ
စကားလုံးတွေကို
ဆေးလိပ်လိုဖွာတယ်။
စပါးကြီးမြွေမျက်လုံးတစ်ထောင်
လူယောင်ဆောင်တဲ့
သူယောင်မယ်ကို တွေ့ခဲ့တယ်။ ။
အောင်ဘညို
ဖက်ရှင်၊ မတ်၊ ၂၀၀၆
*************************************************************
ကြယ်ကြွေသံ
---------------------
ကြယ်ကြွေသံကို
မင်းကြားဖူးသလား
မုဆိုးမအိမ်ခေါင်မိုးအပေါက်တွေက
ကြယ်တွေကြွေခဲ့တာပေါ့ . . .။
ကမ္ဘာကြီးရဲ့ ရယ်မောသံအောက်မှ
ကြယ်တွေ ကမ်းပါးပြိုခဲ့ပြီ . . .။
အောင်ဘညို
လှိုင်းသစ်မဂ္ဂဇင်
၅၀/၅၀ ကဗျာစာအုပ်မှ
************************************************
သုဝဏ္ဏသျှံ
------------------
စီဒီဓာတ်ပြားပေါ်မှာ
ငါတို့နေ့တွေ ထစ်အ,နေခဲ့ . . .။
အမေမျှော်တဲ့ သားတွေ
သားကိုးမျှော်တဲ့ အမေတွေ
သုဝဏ္ဏသျှံဇာတ်
မြင့်မြတ်တဲ့နေ့တွေ
ဘယ်တော့များလဲ . . . ။
အမှောင်တွေ ပိုမှောင်လာတယ်
တံခါးခေါက်သံတွေ ပိုကျယ်လာတယ်
အမေ့မျက်လုံးတွေ ပိုကျယ်လာတယ်
အမေရေ . . . အမေ
သားလည်း တစ်နေ့ ရွှေအိုးထမ်းပြန်လာမယ် အမေ . . .။
အောင်ဘညို
မြန်မာသစ်မဂ္ဂဇင်း၊ ၂၀၁၀
၅၀/၅၀ ကဗျာစာအုပ်မှ
***************************************************
။ဗေဒါရာင်နေ့မျာ
=================
ကမ္ဘာဦးနေ့တစ်နေ့လိုပဲ
နေရာင်အသစ်
မနက်ခင်းအသစ်
လေညင်းအသစ် . . . ။
ပင်လယ်ထဲက ဗေဒါပန်းတွေဟာ
သူတို့ခေါင်းပေါ်မှာ ဗေဒါပန်းတွေပန်လို့
သီချင်းတွေက ဒီနေ့မှာ လတ်လတ်ဆတ်ဆတ်ပွင့်လို့
ဆရာဇော်ဂျီကဗျာပါပဲ
ဒီရေလှိုင်းထဲမှာ
ဗေဒါပျံ အန်ကိုခဲ
ပန်းပန်လျက်ပါပဲ . . . ။
အောင်ဘညို
ဗြူးတီးမဂ္ဂဇင်း၊ ၂၀၁၀
၅၀/၅၀ ကဗျာစာအုပ်မှ
*****************************************************
။မနူဟာ
=========
သမိုင်းများဟာ
ရွေ့လျားနေဆဲ
အို . . . ရုတ်တရက်
မနူဟာ ဘုရားဘက်ရောက်ခဲ့တယ် . . .
အနိုင်အရှုံးဆိုတ
သတ်မှတ်သူရဲ့ အတ္တစွဲလား . . .
မနူဟာဘုရားဟာ
စစ်ရှုံးသူရဲ့ သင်္ကေတလား
သံဝေဂတရား ပွားများနေဆဲ . . .
အကုသိုလ်စိတ်၊ ငယ်ထိပ်ကိုတက်
အတိတ်တွေလား
နှင်းမှုန်ကြားမှာ မနူဟာဘုရားက ပြန်ခဲ့တယ်။
(ကာတွန်း ဘီညိုတို့မိသားစု အမှတ်တရ)
အောင်ဘညို
ဗြူးတီးမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၀
၅၀/၅၀ ကဗျာစာအုပ်မှ
***************************************************
တဖျစ်ဖျစ်နှစ်များ
=============
မနက်ခင်း အသက်ရှူသံဟာလည်း
တဖျစ်ဖျစ် မြည်လို့ . . . ။
မီးတောင်တွေကလည်
တဖျစ်ဖျစ် . . . ။
မြေငလျင်ကလည်း
တဖျစ်ဖျစ် . . . ။
မုန်တိုင်းကလည်း
တဖျစ်ဖျစ် . . . ။
အရှေ့အလယ်ပိုင်းကလည်း
တဖျစ်ဖျစ် . . . ။
ငါ့ အိမ်ခေါင်မိုးကလည်း
တဖျစ်ဖျစ် . . . ။
ငါ့အစာအိမ်ကလည်း
တဖျစ်ဖျစ် . . . ။
ငါ့နံရိုးတွေကလည်း
တဖျစ်ဖျစ် . . . ။
ငါ့သွားတွေကလည်း
တဖျစ်ဖျစ် . . . ။
သြော် . . . အစိုးမရတဲ့နှစ်များ
တဖျစ်ဖျစ် မြည်သံကြားမှာ . . . ။ ။
အောင်ဘညို
Look မဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၁
၅၀/၅၀ ကဗျာစာအုပ်မှ
***************************************************
" မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိခြင်း "
===================
အိမ်ထောင်ပြုတယ်ဆိုတာ
မီးတောင်ဝမှာ အသိုက်ဆောက်ခြင်းပါပဲ။
မနက်လင်းရင် ငါ့အသိုက်ထဲ
မီးကျည်အမြဲကျတယ် ။
ငါစားနေတဲ့အရာတွေဟာ
မီးနဲ့လင်းနေတဲ့ သံတုံးသံခဲတွေပါပဲ။
ငါသောက်နေတဲ့ရေဟာ ချော်ရည်ပူတွေပဲ
လောကဓံ ၈ ပါးထဲက
အဆိုး ၄ ပါးဟာ
ငါ့အိမ်မှာ သန်းခေါင်စာရင်းဝင်ထားတယ်။
မိန်းမပါးစပ်နှုတ်သီးက
၂၄နာရီ ချော်ရည်ပူကို မှုတ်ထုတ်တယ်။
ကြက်ဥဘဲဥအိမ်ယူမလာနဲ့
မပြုက်ဘဲ ကျက်သွားမယ်။
ငရဲကြီး ၈ ထပ်မရောက်ဘူးရင်
ယုဇနဥယျာဉ် ပထမထပ်လာခဲ့
ဒါ ငါ့အိမ်ပဲ။ ။
အောင်ဘညို
****************************************
မီးခြစ်ဆံတစ်ချောင်း
===============
.
ဘဝဆိုတာ
လေကြီးမိုးကြီး
လျှပ်စီးသည်းည
စခဲ့တာပါပဲကွယ် . . . ။
အဲဒီ
မီးခြစ်ဆံတစ်ချောင်းနဲ့
မီးလင်းဖို မီးမွေးဖို့ ဆိုတာလည်း
သူကတော့
'ဥတုသုံးပါးခံပါသည်' . . . တဲ့
ဂရမ်တီတော့ ပေးထားရဲ့
နောက်ဆုံး . . .
အုန်းဆံကြိုးတစ်ချောင်းကိုတောင်
မီးကူးဖို့ဆိုတာ . . .
လက်တွေကလည်း
အရက်သမားအိုးကြီးရဲ့
လက်တွေလို . . .
ကတုန်ကရင်
တယောပြားပေါ်
ဘိုးတံကို တအိအိ တင်လိုက်သလို
မြန်မာဓါတ်ရှင်ကားထဲက
'ဒီတောင်က မကျော်နိုင်တော့ပါဘူး'
ရိုက်ချက်ကို . . .
နှစ်ယောက်သောက်ရတဲ့
လက်ဘက်ရည်ခွက်ကိုတောင်
မသထာရေစာ ရှိလိုက်တဲ့လောက
သြခလောက်ပေရဲ့ . . . ။
ထနောင်းခေါက်နဲ့
စီမံပြုလုပ်ထားတဲ့
ဓာတုရေတွေကို
အစာအိမ်သမုဒ္ဒရာကြီးထဲ
လောင်းလောင်းထည့်ရင်း
လျှာပေါ်က မြက်ရိုင်းတွေ တောထခဲ့ရ . . . ။
ထူထပ်တဲ့ မြက်ရိုင်းတွေ
ရိတ်သိမ်းဖို့
ကောင်းကင်က လခြမ်းတံစဉ်ကို
ငါးပြေမတစ်ကောင်
အစာတပ်ထားတဲ့ ငါးမျှားချိတ်ကိ
မျိုလိုက်သလို
လမင်းကို လှမ်းဟပ်ပြီး
ငါ မျိုချလိုက်ရပေါ့ . . . ။
တိမ်သား အရိုင်းတွေက
သူတို့ရဲ့ အံ့သွားတွေကြိတ်ကြ
ခြေထောက်မပါတဲ့ လေတွေက
မာရသွန်ပြေးလွှားကြ . . . ။
နောက်ဆုံး . . .
မီးခြစ်ဆံတစ်ချောင်းကို
မီးတောက်အောင် ခြစ်ဖို့ဆိုတာ
သဲထိတ်ရင်ဖို အချစ်ဇာတ်လမ်းထက
လွမ်းစရာကောင်းပါတယ် အချစ်ရယ် . . . ။
အောင်ဘညို
(ဟန်သစ်မဂ္ဂဇင်း)
**************************************************
အချစ်
=========
ကြောက်မက်ဖွယ်
ညနေခင်းတွေဆီက
ပန်းဦးမချွေရသေးတဲ့
မင်းရဲ့အနမ်းကို
ကမ်းပ . . .
ညင်သာစွာ
သေဆုံးခြင်းဂီတကို
ငါကိုယ်တိုင် သီကျူးခဲ့မယ် . . . ။
အောင်ဘညို
*******************************************************
ငါ့ခေါင်းထဲမှာ ကျီးပြိုခဲ့တယ်
====================
ဘာမှ မရေရာဘူး
လွမ်းဆွေးမှုပဲ သေချာခဲ့တယ် . . . ။
အချိန်အခါမဲ့
မိုးနှင်းတွေ
ငါ့မိန်းမ မျက်ရည်ကို
ဖြားယောင်းခဲ့တယ် . . . ။
မြေကြီးပေါ်မှာ
လူးလိမ့်နေတဲ့
ငါ့မိန်းမ နှလုံးသားကို
နှစ်သိမ့်ဖို့
ငါ . . . ဆွံ့အနေခဲ့တယ်လေ . . . ။
'သား' . . . 'သား'
'သား'
တော်လဲသံလို
ငါ
ထစ်ချုန်းအော်လိုက်တယ်
ဒါတစ်ခုပဲ ငါစွမ်းတယ် . . . ။
ငါ့ မျက်ရည်
ငါ့ သောက
ငါ့ ဗျာပါဒ
ငါ့ ပရိဒေဝ
ငါ့ မီးလျှံ
ဒါ အိပ်မက်မှ မဟုတ်တာပဲသားရယ် . . . ။
သားအတွက်
မေတ္တာကို မေတ္တာနဲ့
မီးလျှံကို မီးလျှံနဲ့
မုန်တိုင်းကို မုန်တိုင်းနဲ့
ဓါးကို ဓါးနဲ့
လှံကို လှံနဲ့
အဖေတို့ ပြေးတွေဖို့ အနေထားမှာ . . . ။
သားရဲ့ဒုလ္လဘပဲ ဝေဝါးခဲ့နေသလား
အဖေတို့ဘဝကပဲ ခါးသီးခဲ့လေသလား
သြော် . . . သားရယ် . . . ။
(၁၁ . ၃ . ၉၉ နေ့က ကွယ်လွန်သွားသော သားသား ဖိုးသားသို့)
(ရနံ့သစ်မဂ္ဂဇင်း၊ ဇွန်လ ၁၉၉၉)
အောင်ဘညို
*****************************************************
ယင်ကောင်နားဖို့ပျင်းသွားတဲ့လက်ဘက်ရည်
=======================
ညနေခင်းအမှောင်ဟ
တဖွဲဖွြဲေ<ွကကျ
မျှော်လင့်ချက်အလွမ်းများ
ဒီနေရာမှာ ပျောက်ရှခဲ့ပြန်ပြီ . . . ။
တစ်ယောက်မျက်နှာ
တစ်ယောက်မကြည့်ရ
တောင်မင်းနဲ့မြောက်မင်း
အသက်ရှူပြင်းပြင်းတွေ
လွှတ်ချလိုက်ရတဲ့
ကိုယ်တို့ သူတို့ဘဝတွေ . . . ။
''မြို့တော်ဆိုတ
ငါးကြီးကြီးမိနိုင်သလို
လှိုင်းမူးတဲ့ဒဏ်ကိုလည်း ခံ၇မှာပဲ'' . . . တဲ့
ငါ့မိတ်ဆွေ
ဒီလိုဆိုရဲ့
ငါတို့လှိုင်းများနဲ့
လူလားမြောက်ခဲ့ကြ . . . ။
ငါတို့အိမ်ပြန်လာခဲ့ကြတယ်
အစာအိမ်ရဲ့မီးသွေးငွေ့စက်ခေါင်းနဲ့
ဆာလောင်အေးခဲနေတဲ့ မဲမဲမှောင်မှောင်အိမ်ကလေးဆီ . . . ။
.
အောင်ဘညို
================================
ခရီး
======
နေက နေ့ကိုလောင်ကျွမ်းစေပြီး
လကတော့ ညကို အရည်ပျော်စေခဲ့တယ် . . . ။
အရာအားလုံးက
ပုဇင်းရင်ကွဲတွေလို
ရင်ကွဲအောင်အော်ပြီး
သေပွဲဝင်ဖို့ပဲ မဟုတ်လား . . . ။
ငါကတော့
ငါ့ နှာသီးများက
မြင်းရိုင်းကို ထိမ်းကျောင်းရင်
နုပျိုမှုကို ရိတ်သိမ်းခဲ့တယ် . . . ။
.
အောင်ဘညို
************************************************************************
ကျွန်တော့်ရဲ့နှင်းများ
===========
တစ်ခါတုန်းကမှ
တို့မြို့လေးပေါ်
ဒီလို
နှင်းတွေမဆို့ဆိုင်း မညှို့မှိုင်းခဲ့ပါဘူး။
စေတီပုထိုးတွေပေ
ဘုရားဝတ်ကျောင်းတွေပေါ်
တီဗွီအင်တာနက်တွေပေါ်
တိုက်တာအမိုးတွေပေါ်
သစ်ပင်ထိပ်ဖျားတွေပေါ်
နောက်ဆုံး
ပလက်ဖောင်းထက်က
ဟောဒီ ဖိနပ်သည်းကြိုးလေးတွေပေါ်ထိ
နှင်းများ
ခေါင်းလောင်းသံတွေကလည်း
နှင်းထဲမှာ အေးခဲလို့။
ကျွန်တော်က နှင်းတွေကိုခံစားဆဲ
ကျွန်တော်ဘယ်မှာလဲ။
အောင်ဘညို
*******************************************************
မနက်ခင်းခါးခါး
================
ပွဲတော်အပျော်
စိမ့်ဝင်မှုနည်းနည်း
တစ်မိုးသောက်ခဲ့ပြန်ပြီ။
ကဗျာမဆန်တဲ့ စကားလုံးများ
တောက်ပရွေ့လျား
မျက်နှာပေါ်
ခြေသံတစ်ချို့ ထန်ပြင်းလှချည့်ရဲ့။
လှလှပပ လိမ္မာတတ်သိခဲ့ကြ
ခြောက်ပြစ်ကင်းစွာ အိပ်စက်ဖို့
တစ်ညအလိုမှာ
ငါ ဖျားတော့တာပဲ။
ဒီလိုချစ်ခဲ့တယ်
ညီမလေးရေ
မိုင်တွေက ရှည်လျားဝေးလံ
တစ်ချို့ သိပ်ကံကောင်းတယ်တဲ့။
အိပ်မက်ထဲမှာ ကြားမိသလို
မိမိကိုယ်မိမိဖြန့်ခင်း
အိပ်ယာခင်း မျက်နှာနဲ့ထလာတဲ့ ငါဟာ
အလင်းကြောက်ခြင်းကို စခဲ့တာပါပဲ။ ။
.
အောင်ဘညို
****************************************************************
စိတ်ကူး၇ိုင်းသော နေ့တစ်နေ့
==================
ခေါင်းကိုက်ငြင်းဆန်
သန်စွမ်းဆဲအမှန်တရားအတွက်
ငါ . . . မသမာခဲ့ပါဘူး။
သန့်စင်သော ရေတစ်ခွက်ဖြင့်
ပဉ္စလက်အလိမ်မာမျဉ်းကွေး
နှမျောခြင်းများကိုကဲ့ယူ
ဘယ်သူအယူတိမ်းခဲ့ပါသလဲ။
ကတိကဝင်္တတွေ
နေလှမ်းပြီးစ
အငွေပျံမှိုနံ့ကထောင်းကနဲ
ဝေးဝေးက မိုးချုန်းသံကြားရတယ်။
ရထားတစ်စင်းခုတ်မောင်းပြီးမှ
ထထခုန်ပြရတဲ့
အမှိုက်တစ်စရဲ့ မမြင်ရတဲ့လောင်ကျွမ်းမှု
သံလမ်းရဲ့ 'ပါစပိုက်တစ်'ကိ
ငှက်ဖျားနလံထတောင်တန်းများက
ငုံ့ကြည့်လို့။
ချွတ်နင်းဝင်လာတယ်
ရင်ထဲမှာ မီဂါတန်ဗုံးတစ်ထောင်
ဗြုံးဆို တပြိုင်တည်း ခွဲလိုက်သလို
ပြန်လှန်မေးခွန်းမထုတ်မီ
(လျှပ်စီးပြက်ကနဲ ဝင်းလိုက်သလို)
မျက်နှာကို ဒိုးယိုပေါက်မြင်လိုက်ရတယ်။
အောင်ဘညို
(ဟန်သစ်၊ စက်တင်ဘာလ။ ၁၉၉၄)
********************************************************
အိမ်အပြန်
==============
ရှင်သန်ခြင်းမှာ
အဓိပ္ပါယ်ဖွဲ့ဖူးခဲ့။
တောင့်တောင့်ခဲခဲကြီးပဲ
ငါက ရပ်နေတာလား
မှတ်တိုင်က ရပ်နေတာလား
ကြားကားတဲ့
ကြားသမားကို ဆွဲတင်သွားခဲ့ပြီ။
မိုးကြီးစုံးစုံးချုပ်ထိ
ဓါတ်တိုင်တို့ အိပ်မောကျနေဆဲ
ဖယောင်းတိုင်တိုနဲ့သူမ
ငါ့ကို ထိုင်စောင့်နေပေလိမ့်။
အကြောသေ သံချောင်းတွေ
တရွတ်တိုက် ဆွဲခေါ်လာတဲ့အထိ
လရောင်လည်း ဝမ်းနည်းဖွယ်ပင်
ဟောဒီ (၃၁)ဘုံမှာ
ချစ်ခြင်း အနုပညာ ပင့်သက်
ချစ်ဇနီးလေး မိနန်းရေ
ဘဝကလွဲရင် အားလုံးဈေးကြီးပါတယ်ကွယ်။
.
အောင်ဘညို
(ရယ်စရာ၊ မေ၊ ၁၉၉၇)
***************************************************************
မရမ်းခြံ
==============
- မရေရာခြင်း တံလျှပ်တွေကြား
ဖုန်မှုန့်တွေ မြူးတူးရဲ့ . . . ။
- ငါ့ငယ်ဘဝတွေ
ပဲ့ကြွေရာအရပ်
ငါရပ်မိခဲ့ပြန်ပေါ့ . . . ။
- ငါတို့ နှလုံးခုန်သံနဲ့
ထပ်တူရှိတဲ့ မြင်းခွာသံတွေ . . . ။
- ငါတို့ အစာအိမ်နဲ့
ထပ်တူရှိတဲ့ ဆီငတ်လှည်းဝင်ရိုးသံတွေ . . . ။
- ငါတို့ ကလောင်တံနဲ့
ထပ်တူရှိတဲ့ ကျွဲချိုဖျားတွေ . . . ။
- ငါတို့ သွေးခုန်နှုန်းနဲ
ထပ်တူရှိတဲ့ ဧရာဝတီရဲ့ လှိုင်းပုတ်သံတွေ . . . ။
- ငါတို့ သက်ပြင်းနဲ့
ထပ်တူရှိတဲ့ သစ်စက်ခေါင်းတိုင်က ဥသြဆွဲသံတွေ . . . ။
- ငါတို့ အဖေလက်ရုံးနဲ့
ထပ်တူရှိတဲ့ သစ်လုံးထွားထွားတွေ . . . ။
- ငါတို့ ချက်ကြိုးနဲ့
ထပ်တူ လှဲလျောင်းသွားတဲ့ ငါတို့အိမ်တွေရှိရာ
ရင်ခုန်သံမြန်စွ
ငါပြန်လာပြီ မရမ်းခြံ . . . ။
- ဧရာဝတီရဲ့ လှိုင်းကို
သိုင်းဖက်ပြီး လူလားမြောက်ပုံကို သတိရမိရဲ့ . . . ။
- နွားလှည်းခိုစီးရင်း
ပဲစိမ်းစားဥ ခိုးစားဖူးခဲ့ . . . ။
- ကျွဲခြေရာကွက်ထဲက
ငါ့ဖန်ပေဒိုး ပြန်တွေ့ဖူးခဲ့ . . . ။
- အထက်အောက် စုန်ဆန်တဲ့
စက်တပ်မြင်းများနဲ့
ရေကူးပြိုင်ဖူးခဲ့ . . . ။
- ဧရာဝတီရဲ့ ဝမ်းဗိုက်စိမ်းစိမ်းထဲက
ငါးတွေကို ဖြားယောင်းဖူးခဲ့ . . . ။
- သစ်စက်အလုပ်သမား ကျွဲသမားများနဲ့
ချက်အရက်ပူပူကို မှုတ်သောက်ဖူးခဲ့ . . . ။
- ညနေဆည်းဆာရဲ့
အနီရောင်မြစ်ကို
ရေဆေးပန်းချီ ရေးဆွဲဖူးခဲ့ . . . ။
- ငါ
အရှင်လတ်လတ်
ဝိညာဉ်နှုတ်ခံရသလို
မရမ်းခြံကို ခံစားမိရဲ့ . . . ။
- သစ်တင်ကားတွေရဲ့
တဒီးဒီး ရုန်းသံတွေ
ပွက်ရည်တင်ထားတဲ
ထော်လာဂျီကားရဲ့
ညဉ်းညူသံ အံကြိတ်သံတွေ
- အထက်ကို ဆန်သွားတဲ့
စက်တပ်မြင်းတွေရဲ့
ဟစ်ြေ<ွကးသံတွေကြား
ငါ ရပ်ငေးမိပေါ့ . . . ။
- ငါတို့ဘကြီး တက္ကသိုလ်ဝင်း
ကျွဲသမားဘဝ ဝင်ပြီး
''ရှေ့သို့'' ဝတ္ထုရေးတဲ့ ဒီအရပ်
မရမ်းခြံရဲ့ ပြဇာတ်
အလွမ်းဇာတ်ဟာ
ဒီမှာ တစ်ခန်းရပ်ခဲ့ပြီလားကွယ် . . . ။
အောင်ဘညို
(မုခမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂ဝဝ၁)
***********************************************************
မူလအစ
==========
ဖန်ခွက်ထဲမှာ
တိမ်တွေရွေ့နေတာတွေ့ရတယ်
နဂါး၊ ဆင်၊ ဂဠုန် မဟုတ်
ငါ့ ရုပ်ပုံသဲ့သဲ့ . . . ။
ငါက မညှိခင်
ကြိုတင်လောင်ကျွမ်းခဲ့သူတစ်ဦးပါ။
လက်ပတ်နာရီတွေ
ဆေးလိပ်တို မီးခိုးငွေ့တွေ
ချစ်သူရဲ့ မျက်လုံးဟောင်းတွေ
ယင်ကောင်နားဖို့ ပျင်းသွားတဲ့ လက်ဖက်ရည်ခွက်တေ
လှည့်လည် လှည့်ပတ်နေတဲ့ ဝံပုလွေမျက်လုံးဟောင်းတွေ
အရာအားလုံးပါပဲ
နောင်တရဲ့အဘိဓါန်ပြန် မလှန်ချင်တော့ဘူး။
အသစ် အသစ်တွေ့ရှိ သူတွေရဲ့
ဘဝကို ငါမရတာ သေချာတယ်။
ငါဟာ
မြွေတစ်ကောင်လို
ကိုယ့်အမြီးကိုယ်မြိုရင်း
ဇာတ်သိမ်းခန်းကို မြင်လိုက်ရတယ် . . . . ။
အောင်ဘညို
(ရနံ့သစ်၊ စက်တင်ဘာ၊ ၁၉၉၅)
*********************************************************
အသံတူအရောင်များ
=============
ဒီနေ့လည်း
အိပ်မက်ကိုသံစူးနဲ့ ဖွင့်ခဲ့တယ်။
ထမင်းအိုးက
မိုးမလုံဘူး
မယုံကြည်တဲ့ ပုလင်းကိုဖွင့်တယ်
ပုလင်းခွံထဲက
ကျေးဇူးစကားလက်ဆောင်ရတယ်။
မနေ့က မျက်နှာမှာ
ခံစားမှုကင်းတယ်
အပြုံးတွေ ဘယ်နေ့လင်းမလဲ။
ဆည်းဆာရဲ့ အမှောင်မှာ
ငှက်ကလေးတွေ အပျံသင်တယ်
လေဟုန်ကိုတွေ့ဖို့
လေကိုဆန်ရဦးမှာပဲ။
မိုးရဲ့ အမှောင်တွေထဲမှာ
တိတ်တဆိတ် လမ်းခွဲခဲ့ကြ
တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ရ
သူငယ်ချင်းများ လမ်းဖြောင့်စေသတည်း။ . . . ။
အောင်ဘညို
(မြရေသီတာ မဂ္ဂဇင်း၊ ၂ဝဝ၃)
**************************************************************
မလိမ်မိုးမလိမ်မာနေ့ရက်များ
==================
. ဟာ . . .
ထိပြီ
ရင်ညွှန့်ကို တန်းကနဲ . . . ။
. လမင်းကိုင်းညွတ်ပြီး
ငါ့ကို နမ်းတဲ့အခိုက်
မျက်လုံးတစ်လုံးက နေဆီပေးလိုက်ရ . . . ။
. လဲလဲပြိုပြို ပျော်ရွှင်မှုများပေါ်
ခပ်ဖိန့်ဖိန့် ထိုင်နေတာ
ငါ မဟုတ်တဲ့
ငါ အစစ်ပဲပေါ့ . . . ။
. ပြီးစီးသွားကြပြီ မဟုတ်လား
ကြားနေကျ
နတ်စကားတွေ . . . ။
. ရွှေမလိုပါဘူး
ဒုတိယမြောက်ပျံသန်းရက်မှာ
အမှန်တရားရဲ့ ကိုယ်ထည်စစ်စစ်
အတွင်းသား
တောင်ပံတစ်စုံကိုသာ . . . ။
. အမေရေ
အမေ
ဟောဒီအမှန်တရားကြောင့်
ခက်ခဲရ ကူးခတ်မှုတိုင်း . . . ။
. စမ်းသပ်ဦးမယ့်
ခပ်ဖျင်းဖျင်း ဝါကျတွေ
မြစ်လို စီးခဲ့ပြီ . . . ။
. ''ဒါ ဖြစ်သင့်တယ်တဲ့''
ကံကြမ္မာရဲ့မျက်စောင်း
ဘဝတွေ တိမ်းစောင်းလှည့်ပတ်
သည်းသည်းထန်ထန်ရွာတဲ့မိုးက
ငါ့ကို ခြောက်သွေ့စေခဲ့ပြီ။ . . . ။
.
အောင်ဘညို

No comments:

Post a Comment