''ပန်းခေတ်က လမင်း''
*****************
ငါကတော့ မြက်ဖိနပ်နဲ့
ဒါပေမယ့်
မြင်းမိုရ်တောင်ကိုလည်း လိုက်တက်ခဲ့မယ်
သွားနှင့်ကြပါ
ဟိုးမှာ့
ဘုရားသခင်ရှေ့တော်မှောက်က
အိပ်မက်တွေ ဒူးထောက်လဲကျနေတဲ့လူ
သူ့ကို ကူပါရစေဦး
ငါ့ရှင်တို့ကဘာလဲ
ငါကဘာလဲ
နာမည်တွေမြေကြီးပေါ်ပစ်ချပြီး
လှလှပပ ပြိုင်ရဲပါတယ်
တစ်နေ့တော့တွေ့ကြမယ်။
နှစ်ဖက်သွား ဓားတစ်လက်လို
ပြိုးပြက်ဝင်းဖိတ်
သုညဂူမှာလည်း ငါမှေးအိပ်ခဲ့ပြီးပြီ။
အိမ်အပြန်လမ်း
'အမေ'နဲ့တွေ့မှ နမ်းမယ့်
ငြိမ်းချမ်းနှင်းဆီ
ငါ့ရင်ဘတ်မှာ
သွေးတစ်စက်လို နီနေတယ်။
ချစ်သူလေးရေ့
မြို့တံခါးကိုဖွင့်
မီးအိမ်တို့နှင့် အတူကြိုပါ
လရောင်စက်တဝေဝေနဲ့
သင့်ရဲ့နွေရာသီမြင်းစီးခရီးသည်
'ဓူဝံ'ထက်မြင့်တဲ့ ကြယ်ကို
ခူးယူလာမှာပေါ့ကွယ် ။ ။
#တာရာမင်းဝေ
No comments:
Post a Comment