Mar 9, 2017

အို​အောင်​ကဗျာများစုစည်းမှု

အို​အောင်​ရဲ့ကဗျာများစုစည်းမှု​ပေါင်းချုပ်​(၁၄)ပုဒ်
=======================
နွားကျောင်းသား
===========
တ မျှော်တ ခေါ် ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ် နေ့တစ်နေ့ကို
အော်ခေါ်ကြည့်လိုက်တာ
ခ လောက်သံ ပြန်မကြားရပါ ။
အရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကြောင်းထားပေမယ့်
မိုးမကျ သေးတာမို့ ။ ။
အို​အောင်
မန်းချောင်းလ ရောင်
*********************************
နင်းကြမ်း
____________
ပျော်​တဲ့အခါ ​တေးဆိုပြီး
ငိုချင်​တဲ့အခါ
ယိုးမယ်​ဖွဲ့ကြပုံ။
.
ဆားနဲ့
သကြားနဲ့
လောကီကို
ကျကျနနမြည်းစမ်း ။
.
လူ့​ဘောင်​က မတရားအမှိုက်​ရှုပ်​တယ်
လူ့ရွာက မတရား ​ချွေးပြန်​တယ်
.
ငါတို့
ဒီလိုပဲ ​ကျောက်​ဖျာကို
သန်​လျက်​နဲ့ ထွင်းထွင်းသွားကြရုံ။..။
.
အို​အောင်
***********************************
အချစ်
______
ဒါဟာ
မြုံ​နေတဲ့အပြုံး​တွေအတွက်
တွင်းနက်​တစ်​ခုပဲ ။
ဟောသည်​ပြတင်း​ပေါက်​က
မြင်​​နေရတဲ့​ကောင်းကင်​ဟာ
မဖွင့်​ရ​သေးတဲ့ထီလက်​မှတ်​တစ်​​စောင်​လို ။
သေချာတာတစ်​ခုက
ဆွဲလက်​စငာ့ပန်းချီကားထဲမှာ
ကျိုင်း​ကောင်​​တွေမပါတာပဲ။
အခန်းကျဉ်းက​လေးရယ်
မင်း သိပါတယ်
အသက်​ရှုရတာ မဝဘူး
လေကလည်း မသန့်​ဘူး၊
ဒါ​ပေမဲ့
ကမ္ဘာ​မြေကြီးကို ရူးရူးမူးမူး ပိုဖြစ်​ရတဲ့
ထစ်​အ​နေတဲ့ ဂီတဆိုတာကလည်း
လူ့ဘဝမှာ ရှိပြန်​​သေးရဲ့
ဥပမာ_
မပွင့်​​သေးတဲ့သခွက်​​တွေကို
ရင်​တမမနဲ့ ကြည့်​​နေရတာမျိုး​ပေါ့။
.
အို​အောင်
***************************************
သံ​တော်​ဆင့်
___________
ခံတွင်းကို သန့်​ရှင်းပြီး
လောကကြီး တိုက်​ပုံအင်္ကျီမဝတ်​ခင်
ဤသို့လက်​တို့ချင်​။
.
`​ငွေတွင်း နက်​တယ်​´
သူ့​မြေကျင်း အတိုင်းအတာ
အနံတို အလျားရှည်​ခဲ့ ။
.
ကိုကို မကြညိ့ဝံ့ရှန်​သား ​ခေတ်​စားစဉ်​ကလို
ယားကျိကျိ ​လေထုမှာ မျက်​စိစားပွဲထိုင်
သက်​မများ ကျကွဲသံ အတိုင်းသား ။
.
ဆည်​ဝက ဗျိုင်းများ
သုံးခွက်​တစ်​ခွက်​တင်​ စကားလုံးများ
ဒီ​နေ့လည်းေ​နကျဲကျဲ ပူလိမ့်​ဦးမယ်​။....။
.
အို​အောင်
၁၉၉၀
********************************
အခန်းအပူချိန်
----------------
.
အသက်တစ်ရက်ကြီးဖို့
မိုးလင်းခဲ့ ။
ခက်ပါလား
ဘရားသားအင်လောရယ် ။
စစ်တွေ စစ်တွေ
စစ်တွေရဲ့ဒလိမ့်တုံးအောက်မှာ
ပြားချပ်ခဲ့ရတဲ့ ပိုလန်မြို့ကလေးမှာပေါ့ ။
အိပ်ရေးပျက်ခြင်းဟာ
ခန္ဓာကိုယ်ရဲ့ဟော်မုန်းတွေကို
အပြောင်းအလဲဖြစ်စေရဲ့
ပိုက်ဆံဟာ ဓာတ်ဆီတစ်မျိုးပဲ ။
ကျန်သေးသမျှ အားစောင့်ကြည့်ရှာ
ကံပေးမှ ငါးတစ်ကောင်မိမှာ ။
သူပြောခဲ့တာက “ ဂိုဒေါ့ ”
မနက်ဖြန်ကျိန်းသေလာမယ်တဲ့ ။
ချစ်သူတို့သက်တမ်း တိုလှ၏ ။
သို့ရာတွင် မနှင်းမြိုင်သည်
လူယုတ်မာ
မောင်တိုင်းကျော်၏ လက်တွင်
ရေတိမ်မနစ်ခဲ့ပါ
.
အိုအောင်
**************************************
ပြီးခဲ့တဲ့နှစ်
_______________
.
တနင်္ဂ​နွေပြီး​တော့ တနင်္လာ
တနင်္လာပြီး​တော့ အဂါင်္
ကားဘီးရာများစွာ
ထီလက်​မှတ်​များစွာ....။
.
သူတို့ ဘယ်​ကိုသွား​နေကြတာပါလိမ့်
သူတို့ ဘယ်​လိုအသက်​ရှင်​​နေကြတာပါလိမ့်
ငါက​ကော ဘယ်​လိုလဲ
.
အဲဒီ​နေ့​တွေ လက်​ထဲက ​ချော်​ထွက်​သွားတယ်
အဲဒီ​နေ့​တွေ ပါးစပ်​ထဲက ပြုတ်​ကျသွားတယ်
.
သူရှာ​နေတာအတွက်
သူ​သေချာခဲ့သလို
ကျုပ်​ရှာ​နေတာအတွက်
ကျုပ်​​သေချာခဲ့ပါတယ်
.
လက်​ဘက်​ရည်​တစ်​ခွက်​ပြီးတစ်​ခွက်
သမ်း​ဝေမှုတစ်​ခွက်​ပြီးတစ်​ခွက်
.
တနင်္ဂ​နွေက ကျားထိုးလို့
တနင်္လာက ဝတ္ထုဖတ်​လို့
အဂါင်္က သုံးပုံဖဲရိုက်​လို့
.
ဓားမ ဆုံးခဲ့တယ်
အသံပြာခဲ့တယ်​။
.
အိုအောင်
***********************************
ုပြီးခဲ့တဲ့နှစ်
_______________
.
နာရီများ
ငါး​ပေါက်​သံနဲ့ မှုတ်​တဲ့နှဲလို
တအီအီ။
.
ခြောက်​ပြစ်​ကင်းမနက်​ခင်း​တွေပါ
မှဲ့တစ်​​ပေါက်​မှ မစွန်းတဲ့​နေ့လယ်​ခင်း​တွေပါ
.
ခေါင်းခဲခဲ့တယ်
ဟောဟဲလိုက်​ခဲ့တယ်
နဖူးက​ချွေး ​ခြေမကျခဲ့တယ်
.
နွေဥတုက ​နွေဥတုလို
မိုးရာသီက မိုးရာသီလို
ဆောင်းဟာလည်း ​ဆောင်းလိုပါပဲ
.
ဂီတများ ၊အထုပ္ပတ္တိများ ၊အချက်​ပိုများ
အခန်းဆက်​များ ၊တွယ်​ချိတ်​များ၊ အမှိုက်​များ
.
ယောက်ျားပီပီ​ယောက်ျားလို
လေ့ကျင့်​ခဲ့တာအမှန်​။
.
မျှော​တွေ အများကြီး
ညွတ်​​တွေအများကြီး။
.
မတန်​တဆ​ပေးဝယ်​ခဲ့ရ​ပေါ့
မ​သောက်​ဘဲမူးခဲ့​ပေါ့ ။
.
အို​အောင်
***********************************
မြို့​ဟောင်း
__________
ဒီမြို့က
အလင်းနှစ်​သန်း​ပေါင်းများစွာက
ကြယ်​တစ်​လုံးလိုပဲ
အို​ဟောင်း​နေပြီ။
.
မ​ဟောင်းတာဆိုလို့်
သူပြုခဲ့တဲ့
ရှေးကုသိုလ်​​တွေရယ်
အုတ်​ရိုး​ပေါ်က
တစ်​စက်​ချင်းကျ​နေတဲ့
သုခုမ​တွေရယ်
.
ဟော...
`​သေနို​င်​ပါရိုးလား
လေဘာတီရယ်​´
အနန္ဒာဘုရားပွဲမှ
သူ ငြိမ့်​က​နေတယ်
ရှေးကလိုပဲ ။.....။
.
အို​အောင်
*************************************
အပြာေ၇ာင်​မိုးသားများ
____________________
ုမြစ်​​တွေမှာ
မြိုသိပ်​ထားတဲ့ အလွမ်း​တွေရှိသလို
ကြယ်​​တွေမှာ
ထိန်​ချန်​ထားတဲ့အနမ်း​တွေရှိတယ်​။
(နှုတ်​ခမ်း​တွေကို
နေဝင်​ရင်​ မီးငြိမ်းစရာမလို )
.
အဲဒီ
ပိန်းပိတ်​​အောင်​​မှောင်​တဲ့အလင်းထဲ
မှောင်​ချင်​တိုင်း ​မှောင်​ပ​စေ​ရော့...။
ကိုယ့်​ကိုယ်​ကိုယ်​ ဖုန်းဆက်​ကြည့်​​တော့
စာလုံး​ပေါင်းမမှားဘူး
အသံထွက်​မလွဲဘူး
.
တကယ်​တမ်းစွတ်​စိုဖို့ဆို
တစ်​ချက်​က​လေး ညို့လိုက်​ဖို့ပဲ။....။
.
အို​အောင်
(၂၀၀၂)
***********************************
ပြည်
_______
သူ့လမ်းသူ သိတယ်
သူ့လမ်းက ​သောင်​နဲ့ မလွတ်​ဘူး
သူ သွားမယ့်​မြို့က မနီးဘူး
သူ့ကမ်းမှာ ခရီးသည်​အပြည့်​ပဲ
သူ့လမ်းဟာ မျက်​စိတစ်​ဆုံးပဲ။......။
.
အို​အောင်
**************************************
မြို့
______
.
သွေး​ကြော​တွေဟ
လမ်းမကြီးငယ်​​တွေ​ပေါ့ ။
.
လမ်းမကြီးငယ်​​တွေ​ပေါ်
နေ့​စေ့လ​စေ့ကဗျာ​တွေ
ဥဒဟို​မောင်းနှင်​သွားလာလို့ ။
.
နှလုံးသားက​တော့
ပန်းခြံတစ်​ခုဖြစ်​ခဲ့ပြီး
ပန်းခြံထဲ
ဒုက္ခအရင့်​အမာ​တွေ
ဖွေး​ဖွေးလှုပ်​​အောင်​ ပွင့်​​နေကြတယ်
.
အို​အောင်
***********************************
ချစ်​ခြင်း
________
ယေဘူယျအားဖြင်
သူမနဲ့ ​ဝေးလံရတယ်​လို့ပဲ
ထားလိုက်ပာ​တော့
.
ကြက်​​ပေါင်​​စေးလို လျှာ​တွေ
တွေ့ကရာ အမိအရ ခါးယမ်းလှုပ်​ချ
.
မထင်​မှတ်​ဘဲ
ပြုတ်​ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်​ကရ မက်​​စောက်​ပုံပါပဲ။
.
ထပ်​မံချဲ့ထွင်​ရန်​ မလိုအပ်​​တော့ပါ
ကြံကြံခံ
တို့ဘယ်​လို ရှင်​သန်​​ပေါက်​​ရောက်​ကြတယ်​ဆိုတာ..။
.
အို​အောင်
ရုပ်​ရှင်​​တေးကဗျာ အတွဲ ၁၀၊အမှတ်​ ၃၃
စက်​တင်​ဘာ ၊၁၉၉၁
( ပထမဆုံးပုံနှိပ်​စာမူ)
***************************************
ဂစ်​တာသံ
__________
ဝိုင်​အရက်​နဲ့ က္ကတ္ထိယ
စိတ်​တိုင်းကျ ​သောက်​ချလိုက်​စမ်းပါ
တို့မ​သောက်​ရင်​ ဘယ်​သူ​သောက်​မလဲတဲ့။
.
ဘီစီငါး​ထောင်​​လောက်​တုန်းကလည်း
`အချစ်​´ဆိုတဲ့စကားလုံး
အားလုံးအ​ပေါ် အသာစီးရခဲ့တာပာပဲ။
.
ဟောဟိုက အာကာသထဲမှာ
ပျော်​ပွဲစားခရီးထွက်​လာမယ့်
ဂြိုဟ်​ကြီးရှစ်​လုံးနဲ့
တန်​​ဆောင်​မုန်းလရဲ့အပြုံးရှိတယ်​။
.
သီချင်းများအတွက်
အသက်​ရှင်​ကြဦးစို့ရဲ့ ။..။
.
အို​အောင်
.
၁၉၉၄
***************************************
ဆွေး​ဆွေး​မြေ့​မြေ့
______________
တိတ်​တိတ်​​နေတာကိုက
တစ်​ခုခု​ပြောသလို ထင်​ရတဲ့
နံရံ ။
.
ဘရားဒကာလိုလို
နွားပွဲစားလိုလို နာရီ​တွေနဲ့ ။
.
ကားသစ်​လဲမယ်​ဆိုတဲ့
၂ ခွဲ ၁ တင်း ​သောကြာများပဲ။
အဲဒီလို ငါ့မြင်းငါ့စိုင်း ရုပ်​ရှင်​ကို
ပျင်းပြီ။
အဲဒီလို ပို​နေမြဲကျား​နေမြဲ ဝတ္ထုကို
ညောင်းပြီ။
ဘဂ္ဂဒက်​မြို့က သူခိုးအာမက်​အ​ကြောင်းကို ​တွေးမိ
လှေ​လှော်​ရင်း တက်​ကျိုးတဲ့​ငွေစိန့်​အ​ကြောင်းလည်း ​ငေးမိ။
.
ဘာမှ​တော့ လွမ်းစရာမရှိပါဘူး
ရေဟာ ​ရေလို စီးတဲ့တရားမို့ ..တဲ့။..။
.
အို​အောင်
.
**********************************
ုပြီးခဲ့တဲ့နှစ်
ကြက်သောက်တဲ့ရေလို
နေ့တွေပါ။
ကျပျောက်တဲ့ပိုက်ဆံလို
ညတွေပါ။
ရေလိုနေ့တွေကြက်သောက်ခဲ့။
ပိုက်ဆံလိုညတွေကျပျောက်ခဲ့။
ပြန်ရှာမရတော့။ ။
အိုအောင်
၂၀၀၃

No comments:

Post a Comment