#ခေတ်သစ်ဗိုင်းရပ်(စ်)
#ကျော်သူရ(ပခုက္ကူ)
သူငယ်ချင်းမြမောင် စိတ်တိုနေတာမြင်၍
က္ဈန်တော်အံ့သြမိသည်။အကြောင်းကား မြမောင်သည်
အတ်ာအသင့် ကိစ္စနှင့် စိတ်တိုတတ်သူမဟုတ်ပေ။အမြဲ
တမ်း ပြုံးရွှင်ရယ်မောစွာ နေတတ်သူဖြစ်သည်။ငယ်သူ
ငယ်ချင်းတစ်ယောက်ဖြစ်၍လည်း သူ့အကြောင်းပိုသိ
နိုင်တာဖြစ်သည်။
"ဘာကြောင့် စိတ်တိုနေရတာလည်းမြမောင်
ရာ . . . . ."
-လို့ က္ဈန်တော်ကမေးတော့
"သမီးအငယ်ကြောင့်ပေါ့ကွာ. . . . ."
ဟု ပြောလျှင် က္ဈန်တော်ထပ်မံ၍ အံ့သြမိပြန်သည်။
မြမောင် မှာသမီးနှစ်ယောက်ရှိသည်။သမီးနှစ်ယေက်စ
လုံး အရမ်းတော်ကြသည်။နှစ်ယောက်စလုံး ဆေးတက္က
သိုလ် ကျောင်းသူများလည်းဖြစ်ကြသည်။ဒီလောက်
တော်ပြီး လိမ္မာတဲ့သမီးတွေရှိထားတဲ့ မြမောင်လိုဖခင်
တစ်ယောက်မှာ ဒီသမီးတွေကြောင့် စိတ်တိုနေလိမ့်
မယ်လို့တော့ က္ဈန်တော်. . .နည်းနည်းလေးမှမထင်မိခဲ့
ပေ။
"နေပါဦး . . . သမီးငယ်က ဘာတွေလုပ်နေ
လို့လည်း"
"ဒီလိုကွာ . . . အကြီးမတုန်းက ဆေးတက္က
သိုလ်ကျောင်းသူတွေ စာရေးနေကြတာ နာမည်ကြီးစာ
ရေးဆရာမတွေ ဖြစ်ကုန်ပြီ။သမီးကြီးလည်း စာရေးတော့
ဆိုတော့ ငါ့ စကားနားထောင်ခဲ့တာ အခုဆို နာမည်ကြီး
စာရေးဆရာမ ဖြစ်နေပြီ။ အငယ်မကတော့ကွာ . . .
ငါ ခိုင်းသလိုကို မရဘူး"
"သြော်. . . သိပြီ. . . သိပြီ. . . မင်းကအငယ်
မကိုလည်း စာရေးခိုင်းနေပြီလား။ ဘယ်ဟုတ်မလဲ
မြမောင်ရာ. . . စာရေးဆရာမဆိုတာ ပါရမီရှိမှ ဖြစ်တာ
ကွ။ အဲ့ဒီကိစ္စဆို မင်းစိတ်ကိုလျော့ထားလိုက်တော့ကွာ"
"အငယ်မကိုတော့ စာမရေးခိုင်းပါဘူးကွာ"
"ဟေ မင်းက အဲ့ဒါဆိုဘာခိုင်းတာတုံးကွ"
မြမောင်ပြန်ပြောတဲ့ စကားလည်းကြားရော
က္ဈန်တော့်မှာ အတော့်ကို အံ့သြသွားမိသည်။နောက်. . .
တစ်ဆက်တည်း တွေးမိတာကလည်း မြမောင်ဆီမှာ
ခေတ်သစ်ဗိုင်းရပ်(စ်)တစ်မျိုး ဝင်ရောက်နေပြီဆိုတာ
က္ဈန်တော် ကောင်းကောင်းသိလိုက်ပါသည်။ကြည့်လေ
သမီးအငယ်ကို ဖခင်တစ်ယောက်မြမောင် ဖြစ်စေချင်
တဲ့ဆန္ဒက -
"အခု. . .ဆေးကျောင်းသူတွေ သီးချင်းဆို
နေကြတာ အောင်မြင်တဲ့ အဆိုတော်တွေဖြစ်နေကြပြီ။
သမီးအငယ်ကိုလည်း သီးချင်းဆိုပါဆိုတာ မဆိုဘူးတဲ့
ကွာ. . . အတော်မိုက်တဲ့ သမီး" တဲ့။ သြော်. . .ခေတ်
သစ်ဗိုင်းရပ်(စ်)တစ်မျိုး။တယ်လည်း ဆိုးသကိုးဗျ။ နော် ။
#ကျော်သူရ(ပခုက္ကူ)
ဟဒယ ဟာသမဂ္ဂဇင်း
အတွဲ ၂ - အမှတ် ၁ -
၂၀၀၆ - နိုဝင်ဘာ
No comments:
Post a Comment