နှလုံးသားမျက်နှာ
============
စိမ်းညို့တောရိပ်
တိတ်ဆိတ်ခြင်းရဲ့ ညီးတွားသံ
နက်မှောင်ရှည်လျား
အေးစက်ခြေလှမ်းများရှပ်ရှပ်
ရွာ၏ပန်းချီကားတ ချပ်ပြပွဲမှာ။
ရေနံမြေသပိတ်
အတိတ်ကိုလွမ်းစရာ
မဟာရန်ကုန်လမ်းမ များ
ခြေသံကြားမလားနားစွင့်တယ်။
ချွေးစီးမွန်းနစ်
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိုတဲ့“ဂေါ်ကီ”
ငါ့ဆီဖိတ်ခဲ့မိတာကို။
သမတရုံလှေကား
မှန်ချပ်များခြောက်လှန့်ပြ
ငါ့ကိုငါရှောင်ခဲ့ရဘူးတယ်။
နက်ဖြန်မနက်မှ
စပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သွား
ခွင့်လွှတ်ဖို့စကားဆိုမယ်။ ။
ဖော်ဝေး
============
စိမ်းညို့တောရိပ
တိတ်ဆိတ်ခြင်းရဲ
နက်မှောင်ရှည်လျ
အေးစက်ခြေလှမ်းမ
ရွာ၏ပန်းချီကားတ
ရေနံမြေသပိတ်
အတိတ်ကိုလွမ်းစရ
မဟာရန်ကုန်လမ်းမ
ခြေသံကြားမလားနာ
ချွေးစီးမွန်းနစ
အိပ်မဖြစ်တဲ့ည
ဖျက်ဆီးပစ်ဖို့
လူဖြစ်ခဲ့ရတယ်ဆိ
ငါ့ဆီဖိတ်ခဲ့မိတ
သမတရုံလှေကား
မှန်ချပ်များခြေ
ငါ့ကိုငါရှောင်ခ
နက်ဖြန်မနက်မှ
စပါယ်ဖြူတကုံးသီ
ချစ်သူဆီအရောက်သ
ခွင့်လွှတ်ဖို့စက
ဖော်ဝေး
(သစ်ရွက်အသေများ ပေါ်က ရက်စက်သောဂီတ)
***************
No comments:
Post a Comment